Pages

Saturday, December 3, 2011

ငိုကျော်ဆန်း ကို စိန်ခေါ်သူများ

ယနေ့အမေစုနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ
ငိုကျော်ဆန်းကို ရဲရဲကြီးစိန်ခေါ်သူများ
 ဖွတ်နှင့် အတူပြေး၍ ဒေါင်းနှင့်အတူ အမှီပြန်လိုက်မည့် ဘိတ်မြို့အထိ သွားရောက်ပြီး ကြံ့ဖွတ်ပါတီအမတ် ယုဇနဦးဋ္ဌေးမြင့်အား မဲပေးခဲ့ကြောင်း ဗြောင်ကြေငြာခဲ့သည့်... ဒေါင်းယောင်ဆောင်သော ဖွတ်မိုး...
အပြောင်းအလဲတွေက မြန်ဆန်လွန်းလိုက်တာ... ရုပ်ရှင်ကြည့်နေရသလိုပါပဲ..။

ဓာတ်ပုံ ပေးပို့လာသူအား ကျေးဇူးတင်ပါသည်..။
ဒီမိုဝေယံ

32 comments:

  1. ဒီဓါတ်ပုံကြည့်ရတာကိုကကြက်သရေတုန်းတာ ကမ်းကုန်ရော ။

    ReplyDelete
  2. ငိုကျော်ဆန်း စိန်ခေါ်သူတွေတော့ ဒီနေရာကနေဦးညွှတ်လိုက်ပါတယ် ခင်ဗျား

    ReplyDelete
  3. လွင်မိုးခြံခုန် ကုမ္ပဏီလိမီတက်မှ ခြံခုန်လှေကားများ အထူးဈေးနှုန်းနဲ့
    ရောင်းချပေးနေပါသည်။

    ReplyDelete
  4. အုပ်စိုးကြီးDecember 4, 2011 at 12:30 AM

    အစကဘာတွေဖြစ်ခဲ့ပါစေ တစ်ကပြန်စကြမယ် ပူးပေါင်းမှု့ဟာအင်အားပါ

    ReplyDelete
  5. လွင်မိုး....မှန်ပြောင်း ၊ သာကူး လာ????? ဘာပဲဖြင့်ဖြင့် အားလုံးအခုချိန်မှာ စုစည်းမူ ဒေါ်စုကိုဝန်းရံကြတာ ၀မ်းသာပါတယ်

    ReplyDelete
  6. လွင်မိုးကို ဂဠုန်ဦးစော နေရာက သရုပ်ဆောင်ဖို့ အဆိုတင်သွင်းပါတယ်

    ReplyDelete
  7. အခုမှ ရုပ်ရှင်မင်းသား ၊မင်းသမီးဆိုတာကိုသဘောသေသေချာချာပေါက်တော့တယ်ဗျာ၊
    အမ အရင်အခြေအနေတုန်းက၀န်းရံပေးခဲ့တဲ့ သရုပ်ဆောင်တွေ၊ အငြိမ့်လောက က လူရွှင်တော်ဦးပါပါလေးတိုညီနောင့်တွေကိုလဲမမေ့သင့်ပါဘူး၊သူတို့ကိုတော့ဘယ်နေရာမှာထိုင်ဖို့နေ၇ာချထားတယ်မသိဘူး ။

    ReplyDelete
  8. လွင်မိုး ,ခင်ရွှေ.ဇော်ဇော် .တေဇ အားလုံး သာရာကူး ဆိတ်ဂွေးစေ့ သိုက်တူးသမားတွေ စစ်အစိုးရဓားရိုး ဒလံတွေဖြစ်တယ်။

    ReplyDelete
  9. စီးပွါးရေးသမားတွေက နိုင်ငံရေးရေချိန်အလိုက် လိုက်လျောညီထွေပြောင်းမှ စီးပွားရေးအဆောက်အဦတွေတည်မြဲမှာလေ.. ကုမ္ပဏီ အသင်းအဖွဲ့တစ်ခုကို အုပ်ချုပ်လုပ်ကိုင်တာလဲ နိုင်ငံ့အသေးတကာ့ အသေးဆုံးလေးကို စီမံအုပ်ချုပ်ရတာနဲ့အတူတူပဲ သံတမန်အရေးအရာမကျွမ်းရင် မားကတ်တင်း အလုပ်မဖြစ်တဲ့သဘောလိုပေါ့.. သာကူးလုပ်တယ်လို့တော့ အရမ်းကြီးစွပ်စွဲဖို့ခက်တယ်. ဒေါ်စုတောင် နိုင်ငံရေးရေချိန်ကို လိုက်ပြီး ပြောင်းသာပြင်သာ မူဝါဒ လို့ပြောနေသေးတာပဲ.. ပြည်သူထဲက ပြည်သူသာဖြစ်တဲ့ သရုပ်ဆောင်တွေအနေနဲ့ကတော့ ပြောင်းလဲရတာ အပြစ်တင်ဖို့ခက်တယ်။ စကားတစ်ခုကြားဖူးတယ် ( ပြောင်းလဲချိန်တန်လို့မှ မပြောင်းလဲရင် မျိုးတုန်းသွားလိမ့်မယ်ဆိုတာလေ ) Who moves my cheese ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖူးရင် တဖက်သားကို လွယ်လွယ်အပြစ်မြင်တာ လျော့နည်းလိမ့်မယ် လို့ထင်တယ်.

    ReplyDelete
  10. တို့မြန်မာတွေမညီညွတ်ခဲ့လို့ ၁၉၄၈ - ၂၀၁၁ ထိမြော့နေအောင်ခံစားခဲ့ပြီးပြီ။ စည်းလုံးညီညွတ်ရေးပျက်စေ မဲ့စကားတွေရှောင်ကြရအောင်စို့လား။ ကျွန်တော်တို့လဲကျွန်ဘဝကလွတ်ပြီး အိမ်ပြန်ကြရပါစေပေါ့ဗျာ။

    ReplyDelete
  11. အဆိုတော် ကိုတင်လှိုင်၊ ခင်ညွန့်ရီ၊ မန္တလေး လူရွှင်တော် ပါပါလေးတို့အဖွဲ့ တို့ကိုလည်း မမေ့ပါနဲ့။

    ReplyDelete
  12. Who moves my cheese
    http://www.magnacad.com/Printables/WhoMovedMyCheese.pdf

    ReplyDelete
  13. လွင်မိုးဆိတ်လစိ

    ReplyDelete
  14. Lwin Moe should play "The Whistleblower Ba Nyunt" in this movie. That is more appropriate.

    ReplyDelete
  15. stupid LWIN MOE...He is dangerous person...Double head snake LWIN MOE...

    ReplyDelete
  16. အမေရိကန် အနေနဲ့ သူ့ နဲ့ စစ်တိုက်ခဲ့ရတဲ့ ဂျပန်ကို စီးပွားရေးတောင့်တင်း လာအောင် လုပ်မပေးခဲ့ရင် သူ နှင့် ယခုလို မဟာမိတ် မဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောင်းလဲမူတွေ လုပ်လာတဲ့ အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ရဲ့  မြန်မာပြည်ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ အတိတ်ကို ပုံကြီးချဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် အပုတ်ချ နာကျဉ်းနေလို့  မည်သူမျှ အကျိုးမရှိပါ။ လူတိုင်းမှာ လူ့အခွင့်အရေး အရ သူကြိုက်နှစ် သက်ရာ ရွေးချယ်ပိုင်ခွင့် ရှိပါသည်။

    ReplyDelete
  17. လွင်မိုးကိုယ်စား ရှက်ပါ၏။ သူမှ မရှက်တတ်တာ.........ဟဲ ဟဲ။

    ReplyDelete
  18. ကျော်ဆန်းကိုမကြောက်လို့လာတာမဟုတ်ဘူး။ လွှတ်လို့လာရတာ ဆိုတာလဲ နားလည်ကြဦး။ ဒီလူတွေလား ။ မကြောက်မှာ ။ အာဏာရလက်ရှိအာဏာရှိတဲ့လူတွေ လုပ်ခိုင်းတာ သွားခိုင်းတာ ၇ိုက်ခိုင်းတာ အကုန်လုပ်တာပဲ။ ခုလဲ ဒေါ်စုက အာဏာလက်၇ှိနဲ့ ပေါင်းလို့ လာရဲတာပေါ့။ သိပ်အထင်မကြီးကြနဲ့။

    ReplyDelete
  19. မ၇ှက်တတ်ကြဘူးနော်

    ReplyDelete
  20. ဝင်လာသူကိုကြိုဆိုပါ၊မဝင်သေးသူကိုထပ်ခေါ်ပါ၊ထွက်သွားသူကိုလဲပြန်လာ
    အောင်လုပ်ပါ၊အခုထိဘာမှမရသေး၊ဘာမှမလုပ်ရသေး၊မပြီးခင်ဗမာမမြင်စေနဲ့၊

    ReplyDelete
  21. လွင်မိုး ဂဠုန်ဦးစော နေရာက သရုပ်ဆောင်ခဲ့ရင်.
    ကြိုးပေးတဲ့အခန်းရိုက်ရင်းနဲ့.တစ်ခါတည်းအပီးကြိုးဂွင်းစွတ်.
    သတ်လိုက်ရင်.အေးရောပေါ့..

    ReplyDelete
  22. Lwin Moe, he can act like murder who killed General Aung San and the other people.

    ReplyDelete
  23. Lwin Moe is selfish.

    ReplyDelete
  24. ဂျိမ်းစဘွန်းDecember 5, 2011 at 1:56 AM

    ကောင်းတယ် ကြိုက်တယ် ကြိုဆိုတယ်... မကောင်းရင် မကောင်းဘူးလို့ ဝေဘန်ရဲသလို ကောင်းလာရင်လဲ ကောင်းတယ်လို့ ကြိုဆိုရဲမှ သူရဲကောင်းပဲ ... ကောင်းတာ မှန်တာ လုပ်တာကို ထောက်ခံရဲ ဝန်းရံရဲ ပူးပေါင်းရဲမှ အများအကျိုးကိုလဲ လိုလားသူ ဖြစ်မှာပါ... ဘယ်သူမှ အမြဲတမ်း ကောင်းနေတာ မရှိသလို ဘယ်သူမှလဲ အမြဲတမ်း မကောင်းနေကြတာ မဟုတ်ပါဘူး... အများက လက်ခံလို့ လုပ်နေတာကို က,ဖျက် ယ,ဖျက် လိုက်လုပ်နေသူများသာပဲ လူမိုက်စစ်စစ်ပါ...အားလုံးကောင်းစေချင်ရင် အားလုံး ပါဝင် ပူးပေါင်းနိုင်မှ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မယ်...

    ReplyDelete
  25. အောင်မြင်December 5, 2011 at 7:02 AM

    ခွေးမြီးကောက်ကကျည်တောက်စွပ်ရင်ခဏဘဲရမယ်။ စိတ်ရင်းစေတနာရင်း မမှန်တဲ့ကောင်မျိုးတွေ မပါလေကောင်းလေဘဲ။လူများတိုင်းကောင်းရအောင် စတိတ်ရှိုးတို့၊ဇာတ်ပွဲတို့ ရုံသွင်းစားတာမှမဟုတ်တာ။ ဒေါ်စုနေအိမ်အကျယ်ချုပ်ဘ၀မှာ ဒီလိုကောင်မျိုးတွေ ခွေးတကောင်ကြောင်တမြီးမှ အိမ်အနားတောင်လာရဲ သီရဲတာမဟုတ်ဘူး။ ပေါ်လစီကားတွေအပြိုင်အဆိုင်ရိုက် စစ်ဖိနပ်လျှာနဲ့လျက်ပြီး တဘို့တည်းကြည့်တတ်တဲ့ ကောင်တွေ။ ဘာမှအကျိုးပြုတဲ့ကောင်တွေမဟုတ်ဘူး။ အလကား ဆန်ကုန်မြေလေးတွေ။ အဲဒီကောင်မျိုးတွေမပါလေကောင်းလေဘဲ။

    ReplyDelete
  26. အောင်မြင်December 5, 2011 at 11:37 PM

    အစ်ကိုတို့...ဦးညွန့်ဝင်းအတွက်လည်းတနေရာလောက်ပေးကြပါဦး။ သူကနိုင်ငံတော်ကိုသိပ်ချစ်တာ။ ကျွန်တော်မျက်မြင်ကိုယ်တွေ့ တခုပြောပြချင်ပါတယ်။ ၈၈ တံတားဖြူမှာပစ်ကြခတ်ကြတော့ ကျွန်တော်တို့လည်းခြေဦးတည့်ရာထွက်ပြေးရင်း တွေ့တဲ့အိမ်တွေ၊ခြံတွေထဲဝင်ပုန်းကြတာ... ကျောင်းသားတွေကိုအိမ်တိုင်းနီးပါးလက်ခံကြပါတယ်။ အဲ...ဦးညွန့်ဝင်းခြံထဲဝင်ပုန်းမိတဲ့ကလေးတွေကတော့ ကံမကောင်းကြရှာဘူး။ ၅ ယောက်လား၊ ၆ ယောက်လား မသိဘူး၊လုံထိန်းကိုဖုန်းဆက်ခေါ်ပြီးအားလုံးကို လုံထိန်းလက်ထဲအပ်လိုက်တယ်။ အဲဒီကျောင်းသားအုပ်စုထဲမှာ အဖြူအစိမ်းဝတ်ထားတဲ့ ကျောင်းသားလေး ၃ ယောက်ပါတယ်။

    ReplyDelete
  27. လွင်မိုးလည်းလူသားပါ။ သူလုပ်ချင်ရင်သူ့သဘောပါ။ သူ့ရဲ့ Rights ပါ။ လက်ခံသူကလည်းလက်ခံတာလက်မခံတာသူ့သဘောပါ။ ရှင်းရှင်းပြောရင် Mind your own business. ဘာလို့ သူများကိုဝေဖန်ကြမှာလဲ။ အကုသိုလ်များပါတယ်။

    ReplyDelete
  28. မိမိဝမ်းစာရေးမို့ န၊ဝ၊တ ရဲ့ဝါဒဖြန့်ရုပ်ရှင်တွေရိုက်ကြရတာပါတဲ့။
    ဒါဆို မိမိသာမက ရင်နင့်အောင်ချစ်ရပါသော သားသမီး၊ဇနီးမရား
    မိသားစုစားဝတ်နေရေး ဘဝအပျက်ခံပြီး ယုံကြည် ချက်အတွက်
    စွန့်လွှတ်ခဲ့သူများ အတွက် ခင်ဗျားတို့ဘယ်လိုပေးဆပ်ကြမှာလဲ?
    အထူးသဖြင့် အရှက်တရားမဲ့တဲ့ ''လွင်မိုး''

    ReplyDelete
  29. အပြောင်းအလဲကို လက်ခံကြပါလေ..ကြိုဆိုပါတယ် ကိုလွင်မိုး..(နောက်ထပ်တော့ မမှားပါနဲ့တော့ )

    ReplyDelete
  30. တကယ်တောနိုင်ငံရေးမှာတစ်ဖက်အင်အားကက
ိုယ့်ဖက်ပါတာဝမ်းသာရမှာပါ အမြင်ကျယ်ကျယ်ထားကြပါ အဓိကရန်သူကိုမြင်အောင်ကြည့်ကြပါ

    ReplyDelete
  31. ကို အောင်မြင် ပြောတာ သဘောကျတယ် လို့ ပဲ ပြောချင်တယ် လူများတိုင်း ပွဲစည်တာ မဟုတ်ဘူး လူများပြီးရော ဆိုပြီး သာကူးတွေ ချည်း နေရာပေးနေလို့ကတော့ ငါတို့လိုချင်တဲ့ အပြောင်းအလဲဆိုတာ ဘာလဲ၊

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။