Pages

Friday, December 30, 2011

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ (သတင်း၊ ဓာတ်ပုံ)

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြီးမှူးကျင်းပတဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ MCC ဝင်းအတွင်း ကျင်းပပြုလုပ် နေတာဖြစ်ပါတယ်။ အဆိုပါ တေးဂီတဖျော်ဖြေပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ ပရိသတ်တွေအများအပြား လာရောက် အားပေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ Burma VJ Media
http://www.burmavjmedia.net/?p=3347

3 comments:

  1. လူထုခေါင်းဆောင် ဆို တာ လူထု အကျိုးတွေ ကို စွမ်းစွမ်းတမံ လူထု နဲ့ အတူနေပြီး လူထုရှေ့က နေ
    အမြဲတမ်း လူထု အကျိုးကို ဆောင်ရွက်နေတာ ဆိုတာ လူတိုင်းအသိပါ လူထု ဆန္ဒ အမြန်ပြည့်ဝပါစေ။
    စက်တင်ဘာဦးနေမိန္ဒ ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. အော် ညီညွတ်မှုရဲ့ အကျိုးကျေးဇူးဆိုတာ ဒါပါပဲလေ... ညီညွတ်မှုကို တကယ်လိုလားတယ်ဆိုရင် ညီညွတ်မှု ရနိုင်တဲ့ လုပ်ငန်း လုပ်ဆောင်မှုများနဲ့သာ သက်သေပြသင့်တာပါ... လူထုလူတန်းစားပေါင်းစုံ ပါဝင်ပြီး အားလုံး စည်းလုံး ညီညွတ်နိုင်မယ့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးကို နောက်ထပ် များစွာ မြင်တွေ့လိုပါတယ်...
    လူထုခေါင်းဆောင်ဆိုတာ လူထုအတွက်ကိုပဲ ဦးစားပေးတယ်ဆိုတာ ဒါပါပဲ...။ တိုင်းပြည်အတွက်ဆိုပြီး ဟစ် နေပေမဲ့ အားလုံး မျက်ရည်ကျစေမယ့် လုပ်ငန်းတွေနဲ့ မှောင်ရိပ်ခို လုပ်နေကြတာဟာ အတ္တစစ်စစ် လူဆိုးညစ် တွေရဲ့ လုပ်ရပ်ပါ..။ တိုင်းရင်းသားညီအကို အားလုံး တကယ်ညီညွတ်ချင်တယ်ဆိုရင် တကယ်ညီညွတ်စေမယ့် အနီးကပ် လက်တွဲပြီး လုပ်ဆောင်မှုများကသာ ညီညွတ်မှုကို ရစေမှာပါ....
    တိုင်းရင်းသားဒေသများ ငြိမ်းချမ်းတိုးတက်ပြီး ပျော်ရွှင်နိုင်ကြပါစေ...

    ReplyDelete
  3. ချိုတူးဇော် လုပ်ကြံနေသည် သတိထာပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။