Pages

Saturday, December 31, 2011

ပြိုင်ပွဲ... ကဗျာရှင် (ဆရာနေရဲနီ)

ပြိုင်ပွဲ
ကဗျာရှင် ဆရာနေရဲနီ
ကလေးနှစ်ယောက် ပန်းချီဆွဲပြိုင်ကြသည်။
တစ်ယောက်သော ကလေးက
အနက်ရောင် အောက်ခံပြားပေါ်
အလယ်နားလောက်တွင် ဆေးနီတစက် တို့ထား၏။
အောက်ခြေတွင် လမိုက်ည သန်းခေါင်ယံတွင် 
ကပ္ပလီကျွဲစီး၍ ဆေးလိပ်ဖွာနေသည်ဟု
ပန်းချီကားကို အမည်ပေးထား၏။
တစ်ယောက်သော ကလေးကလည်း အားကျမခံ
အဖြူရောင် အောက်ခံပြားပေါ်
အလယ် နားလောက်တွင်
ဆေးနီခပ်သေးသေး တစ်ကြောင်းဆွဲထား၏။
အောက်ခြေတွင် မိုးအုံ့သောနေ့တွင် 
ဆင်ပေါ်မှာ တရုပ်မ ငုတ်တုတ် ထိုင်နေသည်ဟု
အမည်တပ်ထား၏။
တစ်ယောက်က မေးသည်။
တရုပ်မက အဝတ်မပါဘူးလား မပါဘူး။ 
ဆံပင်တွေကကော
တကိုယ်လုံး ရိတ်ထားတယ်။
ဆင်ကကော နေပြည်တော်က 
ဘဒ္ဒဝတီဆင်မ ဟူသတည်း။

ခရစ်နှစ် ၂၀၁၂ နှစ်ဦးမှာ ရွှင်မြူးနိုင်ကြပါစေ။
နေရဲနီ

ဟာသအနေနှင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

2 comments:

  1. ကောင်းတယ် ကောင်းတယ်။
    စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူ အနိုင်ရဖူးလဲ)

    ReplyDelete
  2. ဟင်း))))))နားမလည်ဘူး။ ညံ့တယ်။ ၇ှင်းပြကြပါ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။