ယခုဒလမြို့တော် စီမံကိန်းအား တရုတ်နဲ့ ပူပေါင်းလုပ်ဆောင်မယ်လို့ သတင်းထွက်နေတဲ့ စီမံကိန်းပြပုံစံ..
ဒလမြို့ တော်ကြီး စီမံကိန်း တတိယပိုင်း
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အထက်မှာ ဒလမြို့တော်ကြီး တိုးချဲ့တဲ့အခါ ဒလဘက်ခြမ်း မြို့နယ်အားလုံး ကော့မှုး/ ကွမ်းခြံကုန်း/ လက်ခုပ်ကုန်း/ ကျိုက်ထော်/ တွံတေး ရှိသမျှ အားလုံးအထိကို တိုးချဲ့ရပါမယ်ဆိုတော့ လယ်သမားတွေရဲ့ လယ်ယာမြေတွေ ဧကပေါင်း များစွာ အသိမ်းခံရမှာပါ လယ်တစ်ဧကကို ဥပမာ သိန်းနှစ်ဆယ် လျော်ကြေးပေးပါဦး အစိုးရကပြန်ပြီး လူနေအိမ် တိုက်ဆောက်ဖို့ ရာင်းရင်နေရာအလိုက် တစ်ဧကကို သိန်းပေါင်း သောင်းချီရမှာပါ။ လုပ်ငန်းလိုပ်ဖို့ ချပေးရင်လဲ အဆင်ပြေပြေ တစ်ဧကကို ရာနဲ့ချီရမှာပါ။ အဲဒီတော့ မိမိလယ်သမားတွေကို သက်သက်ညှာညှာ မျှမျှတတလေး လူကြီးလူကောင်း စိတ်ဓါတ်လေးတော့ ထားပေးပါမှ ကံတရားရဲ့ ပံ့ပိုးမှု ပြည့်ပြည့်၀၀ရပြီး မြို့တော် စီမံကိန်းကြီး အဆင်ပြေ အောင်မြင်ပါမယ်။ ကံတရားကို ထည့်မစဉ်းစားရင်တော့ တိုင်းပြည်လဲနာမယ် ဒီမြို့တော်ကြီးဟာလဲ မင်္ဂလာကင်းမဲ့သော မတရားမှုနဲ့ အုတ်မြစ်ချလိုက်တဲ့ မြို့တော်ကြီး ဖြစ်သွားမယ်ဆိုရင် ဒါဟာပြန်ပြုပြင်လို့ ရကောင်းတဲ့ အရာမဟုတ်ပါဘူး။
ဆရာတော်ကြီးများကလည်း လူကြီးမင်းများကို ကံတရားရှုဒေါင့်ကနေ ကြိုကြိုတင်တင်လေး ဟောထားပေးရန် ဒီဆောင်းပါးပေါ်ကနေ လျှောက်ထား အပ်ပါသည်ဘုရား။ မြို့တော်ကြီးဟာ တိုင်းပြည်ကို ကိုယ်စားပြုမဲ့ အောင်မြေလို မင်္ဂလာတရား ကျက်သရေအပေါင်း ခညောင်းနေရန် အလွန်ပင် အရေးကြီးလှပါတယ်။ အခါရက်လဲ အလွန်စေ့စေ့စပ်စပ် ရွေးချယ်ရန် လိုအပ်လှပါတယ်။
မြို့တော်ကြီးဟာ ဒလမှာတင် ကွက်ကွက်လေး တည်မှာမဟုတ်ပါဘူး။ နိုင်ငံတကာအဆင့်မှီ လေယာဉ်ကွင်းကြီးဟာလဲ ရန်ကုန်မှာ တည်လို့မရပါဘူး။ န.၀.တ.လက်ထက် ဗိုလ်ခင်ညွှန့် လက်ညိုးထိုးခဲ့တဲ့ ပဲခူးဘက်က လေယာဉ်ကွင်းဟာလဲ အလွန်ခရီးလမ်း ဝေးလှပါတယ်။ ဒလဘက်မှာ တည်ဆောက်လိုက်ရင် အလွန်အချက်အခြာကျပြီး စီးပွားလည်ပတ်မှုကို အကောင်းဆုံးပံ့ပိုးမှု (Optimum Efficient) ရစေပါမယ်။ လေယဉ်ပြေးလမ်း နှစ်ခုလုပ်ထားပြီ.. နှစ်များမကြာမှီမှာ နောက်ထပ်ပြေးလမ်း သုံးခု၊ လေးခုအထိ တိုးချဲ့နိုင်ရန် နေရာ ရာထားရန် လိုလာပါမယ်။
ဒလမြို့တော်ကြီး ဆောက်လိုက်တာနဲ့ ဒလမြို့တော်နဲ့ နယ်ဒေသများရဲ့ ဆက်သွယ်ရေး လမ်းကြောင်းများဟာ ရန်ကုန်နှင့် နယ်ဒေသများ ဆက်သွယ်ရေး လမ်းကြောင်းနဲ့ လုံးဝ ကွဲလွှဲသွားပါမယ်။ ဥပမာပေးရရင် အခု ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ သွားနေတဲ့ ရေကြောင်း သင်္ဘောလမ်းကြောင်းဟာ အခုလက်ရှိ ရန်ကုန်ကို လာရသလို တိုးမြစ်ကနေ အထက်ပြန်ဆန်ပြီး တွံတေးတူးမြောင်းကို ဖြတ်နေရတာမျိုး မရှိတော့ဘဲ ကျိုက်ထော် သိုမဟုတ် ကွမ်းခြံကုန်းတို့ဟာ ပြည်တွင်း သင်္ဘောဆိပ်ကမ်းတွေ ဖြစ်လာပါမယ်။ ရေကြောင်း ခရီးသွားရချိန်တွေ ကျုံ့သွားပါမယ်။ သင်္ဘောဆိပ်တွေကလဲ အခုရန်ကုန်မှာလို သင်္ဘောတစ်စီးနဲ့ တစ်စီးထပ်ကပ်ရပ် နေစရာမလိုအောင် သင်္ဘောဆိပ်တွေ အများကြီးထားလာနိုင်ပါမယ် ။ အဲဒီလိုထားနိုင်ပြီ ဆိုတာနဲ့တင် ကွမ်ဘေယာကြီးတွေနဲ့ (Conveyors) ကုန်အတင်အချ ကရိန်းတွေနဲ့ကုန်အတင်အချ သင်္ဘောအမျိုးအစားတွေ ပါလုပ်ထားရင် ကုန်ကျစားရိတ်သက်သာ မြန်ဆန် လုပ်အားသက်သာတဲ့ နည်းစနစ်တွေနဲ့ ကမ္ဘာကို ရင်ဘောင်တန်း လာနိုင်ပါမယ်။ ဆိပ်ကမ်းရှားပါးလို့ အခုရန်ကုန်မှာဆို ဆိပ်ကမ်းဆိုရင် အကောင်ကြီး နိုင်သမျှကြီးကြီးတို့သာ ရနိုင်သော အရာဖြစ်နေတာတွေ ပျောက်သွားရင် ၀န်ဆောင်မှု သက်သက်သာသာ ဖြစ်လာပါမယ်။ ၀န်ဆောင်မှု လျှော့ချနိုင်ရင် ကုန်ဈေးနှုန်း ကျလာပါမယ်။
အခုကျနော်တို့ သွားနေတဲ့ လုပ်သားနဲ့ ပိုကုန်းရုံးနေတာ ချန်ထားခဲ့ရပါတော့မယ်။ ဆိပ်ကမ်းရှားပါးမှု ပယ်ဖျက်ရပါမယ်။ မြေပုံထဲမှာ သေသေခြာခြာကြည့်လိုက်ပါ။ ရန်ကုန်မှာ ပုဂ္ဂလိက လုပ်နိုင်တာ ကြည့်မြင်တိုင်မှာ နေရာကွက်ကွက်ကလေး။ အကောင်ကြီးတွေသာ ပိုင်ဆိုင်ပါတယ်။ ဒလဘက်ဆိုရင် အဲဒီနေရာတွေထက် အဆ ပေါင်း ၅၀-လောက်ကို ဆိပ်ကမ်းတွေ ပေါ်ထွက်လာပါမယ်။ ဒီလိုပါဘဲ ရန်ကုန်မှာ ပင်လယ်ကူး သင်္ဘောက အခုတိုးချဲ့ဖို့ စိတ်ကူးထားတာတောင် ၁၂-စီးခန့်သာ ကပ်နိုင်ပါမယ်။ ဒလဘက်မှာ အစီး-၅၀ ကပ်ချင်လား ရတယ်။ အစီးတရာကပ်ချင်လား ရတယ်။ ပင်လယ်ကမ်းစပ်မှာတင် တံတာကြီး ထိုးကပ်ချင်သေးလား ရတယ်။ တိုးမြစ်ဘက်မှာ ကပ်ချင်သေးလား ရတယ်။ နေရာတွေမှ အများကြီး။ ပြီးတိုးမြစ်က ရေစူးနက်တယ်။ ကြိုက်သလိုချဲ့လို့ ရသွားပါပြီ။ သင်္ဘောဆိပ်နေရာ အတွက်တော့ ရန်ကုန်က ဒလကို ယှဉ်ဖို့ဆိုတာ စိတ်တောင်မကူးနဲ့လို့ ပြောနိုင်တဲ့အထိ ကွာခြားပါတယ်။
သင်္ဘောဆိပ်မှာတင် မယှဉ်နိုင်ရုံမက ခရီးအချိန်ကျုံ့သွားတာလဲ အတော်ကို ကွာခြားသွားပါတယ်။ ဒလဘက်ပြောင်းရင် စီိးပွားရေး အကျိုးသက်ရောက်မှုတွေ ပိုမိုကောင်းမွန်လာတာတွေ့ ကြရပါမယ်။ ဥပမာ ဂဏန်းအရှင်တွေ တင်ပို့ရာမှာ ပိုမိုမြန်ဆန်သလို ဂဏန်းမွေးကန်တွေဟာ လေယာဉ်ကွင်းနဲ့ လက်တကမ်းမှာ ရှိနေပါပြီ။ ဧရာဝတီတိုင်းက ငါးတွေဟာ နေ့တ၀က်ဆိုရင် ရန်ကုန်ကို သင်္ဘာနဲ့ ရောက်နေပါပြီ။ တနည်း ဥပမာ ဘိုကလေးကနေ အခုဆိုသင်္ဘောက နေ့လည် ၁၁-နာရီထွက်မှ ရန်ကုန်ကို မနက်ရန်ကုန်ကို ရောက်တာပါ။ သင်္ဘောမောင်းချိန် - ၁၅-နာရီပါ။ ဒလ ဘက်ဆိုရင် ဘိုကလေးကနေ သင်္ဘောလမ်းနဲ့ လာတယ် ဘဲထားပါ။ ညနေ ၇.၀၀-နာရီိလောက်ထွက်ရင်ကို မနက်မလင်းခင် မြို့ တော်ကို ရောက်နေပါပြီ။ သင်္ဘောမောင်းချိန် ..၅-နာရီမက တိုသွားပါမယ်။ ဘိုကလေးမှာ သင်္ဘောပေါ်ကို ကုန်တွေ တနေကုန် တင်ချလို့ ရနေပါတယ်။ ကျိုက်ထော်ရောက်ရင် မြို့တော်ရောက်နေပြီလေ။ ကားလမ်းနဲ့ကတော့ ရွှတ်ဆိုရောက်နေပါပြီ။
လေယဉ်ကွင်းမှာလဲ ယှဉ်ဖို့နေနေသာသာ အခုရန်ကုန်လေယဉ်ကွင်းက ၁၉၇၄-ကပေါ်ခဲ့တဲ့ ဘိုးရင်း-၇၄၇ တွေတောင် မဆင်းနိုင်သေးပါဘူး။ နောက်ပေါ်တဲ့ အဲယားဘတ် ၃၈၀-ဧရာမကြီးမျိုးကတော့ ဝေလာဝေးပါ။ ဒါလဲ ယှဉ်ဖို့စိတ်တောင် မကူးနဲ့ပါဘဲ။ ပြေးလမ်း နှစ်သုံးးခု ဆိုတာလဲ မလုပ်နိုင်ပါဘူး။ ရန်ကုန်လေယဉ်ကွင်းက ၁၉၅၉ နှစ်က တည်ဆောက်ခဲ့တာပါ။ အရှေ့တောင်အာရှမှာ အဲဒီအချိန်က အကြီးဆုံး လေယဉ်ကွင်းကြီးပါ။ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကလက်ကျန်ပါ။ အခုတော့ အသေးဆုံး အဖြစ်ကျန်ခဲ့ပါတယ်။ ဟိုတုန်းက မြန်မာတွေ ပြည်ပခရီးထွက်ကြပေါ့။ အဲဒီအချိန်က ဘယ်သူမှာ ပြည်ပသွားနေဖို့ထိုင်ဖို့ သိပ်စိတ်မကူး ကြသေးပါဘူး ကိုယ့်နိုင်ငံက တိုးတက်နေတာကိုး။ အခုလိုကျွန်အလုပ်တွေ သွားလုပ်လို့ကတော့ မိတ်ဆွေတွေက အဖက်တောင် လုပ်ကြမှာမဟုတ်ပါဘူး။ အခုတော့ ကျွန်ခံပြီးပို့လာမဲ့ ပိုက်ဆံလေးကို ပြည်တွင်းမှာ ကျန်ရစ်သူမိသားစုတွေက လည်လေးဆန့် တမျှော်မျှော် နေကြရတာပါ။
ဒီကျွန်အလုပ်လို့ သုံးလိုက်ရတဲ့ အသုံးလေးနဲ့ ပတ်သက်ပြီ တရက်တင်ပြပါဦးမယ်။ အခုတော့ ဒလမြို့တော် ဆက်ရေးပါမယ်။
တခါ သံလျှင် ဘက်နဲ့က ပထမပိုင်းမှာ ကူးတို့နဲ့ဆက်သွယ်ပြီး မရှေးမနှောင်းမှာ မြေအောက်လှိုင်ခေါင်း ဖေါက်လိုက်ရင် မြို့တော်ရဲ့ အကျယ်အ၀န်းဟာ ဧရာမကြီးကျယ် ပြောသွားပါပြီ။ သံလျှင်ကနေ လေယာဉ်ကွင်းနဲ့ ဧရာဝတီ သင်္ဘောဆိပ်တွေကို လာရင် နာရီဝက် တစ်နာရီဆို ရောက်နေပါပြီ။ စက်မှုဇုံတွေ တခုနဲ့ တခုက လေယာဉ်ကွင်း သင်္ဘောဆိပ်တွေနဲ့ သွားရတာလွယ်ကူ သက်သာ မြန်ဆန်နေရာမှာ ရန်ကုန်နဲ့ ယှဉ်စရာ မလိုအောင် ကွာခြားသွားပါပြီ။ သန်လျှင်- ဒလ ကူးတို့နဲ့က ရန်ကုန်-ဒလ လိုတော့ လုံခြုံစိတ်ချရမှု နည်းပါတယ်။ လေတိုက်တဲ့ လမ်းကြောင်းကို ကန့်လန့် ဖြတ်ကူးရတာရယ် ပင်လယ်ပေါက် လေတိုက်နှုန်းက တဒင်္ဂအတွင်း ရုတ်တရက် ပြောင်းတတ်တာတွေက အင်မတန် အန္တရယ်များပါတယ်။
ဒလဘက်ကိုမြန်မြန်ပြောင်းနိုင်လေ နိုင်ငံတကာတိုက်ရိုက် ရင်းနှီိးမြုပ်နှံမှုတွေ (Foreign Direct Investment -FDI)တွေ မြန်မြန်ဝင်လာပါမယ်။ အစိုးရကသာ ပထမဥိးဆုံး ၀င်လာသူတွေကို မြေဧရိယာ ဆိုင်းငံ့ကာလ တခုထားပေးတာမျိုး ဈေးသက်သက်သာသာ ချပေးတာမျိုး Early Bird Incentives တွေကမ်းလှမ်းလိုက်ရင် လာကြပါမယ်။ အစုလိုက်အပြုံလိုက် ၀င်လာကြပါမယ်။ တခါ အမေရိကန်ကလဲ လာမဲ့ ၂၀၁၂ မှာ စီးပွားရေး ပိတ်ဆို့ထားတာ ပြန်ရုတ်သိမ်းရန် တာဆူနေပါပြီ။ ထိုနည်းအတူ ဥရာပကတော့ နောက်နစ်တွေမှာ သက်တမ်း ထပ်တိုးရန် အစီအစဉ်မရှိတော့ လောက်ဖြစ်နေပါပြီ။ ကျနော်တို့ အစိုးရကသာ ပြင်ပြင်ဆင်ဆင် လုပ်ထားဘို့ လိုနေပါပြီ။ အခုဆို ထိုင်းနိုင်ငံက လုပ်ငန်းတွေ မြန်မာဘက်ကို ပြောင်းဖို့ လေ့လာနေကြပါပြီ။ ထိုင်းနိုင်ငံမှာ အခုလို ရာသီဥတု ဖေါက်ပြန်မှုကြောင့် လာမဲ့နှစ်တွေမှာ ရေထပ်ကြီး နိုင်ချေတွေ များနေတာ တချက် ထိုင်းနိုင်ငံမှာနိုင်ငံရေး နစ်ခြမ်းကွဲနေတာနဲ့ ဂယက်နဲ့ မြန်မာပြည်ဘက် ပြောင်းဖို့ လုပ်နေကြပါပြီ။ ဒီလိုအချိန်မှာ အစိုးရက ခြေလှမ်းကျဲကျဲလေး လှမ်းပြီး ဒလဘက်မှာ ချပေးလိုက်.. တံတားလဲ ထိုးလိုက်ရင် ဘာပြောကောင်းမလဲ ထိုင်းတွေ မျက်လုံး ပြူးထွက်သွားပါမယ်။
အဲဒီလိုအချိန်မှာ နိုင်ငံတော်က ၀င်လာတဲ့ ရင်းနှီးမြုပ်နံမှုတွေကို နွေးနွေးထွေးထွေး ကြိုဆိုမယ် လာဘ်ပေးလာဘ်ယူမှုတွေ အရေးယူပေးမယ် ဆိုရင် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်လာရင် အာလုံးနေ့ချင်း ညချင်း ပြောင်းပြီးတိုးတက်လာပါမယ်။ သင်္ဘောဆိပ်ကမ်းတွေကလဲ သင်္ဘောကြီးတွေ ရောက်တာနဲ့ ဆိုက်ကပ် ကုန်အတင်အချကလဲ ထိုင်း၊ မလေးရှားလို ရောက်တာနဲ့ ပြန်ထွက်အောင် လုပ်ပေးနိုင်ရင် ကမ္ဘာကို ကျနော်တို့ ယှဉ်နိုင်လာပါမယ်။
တခါ ကြွားဝါတယ်။ ကိုယ့်ကို အထင်ကြီးလွန်တယ်လဲ မထင်ကြပါနဲ့။ ကျနော်အခု ပြည်ပနိုင်ငံတခုမှာ ပင်လယ်ရေလှိုင်း (Sea Waves)။ ပင်လယ်အောက်ကြမ်းပြင် ရေစီးကြောင်းကြီးများ (Under Water Sea Currents)။ ဒီရေအတက်အကျ (Tidal Surge)။ မြစ်များ ချောင်းများရှိ ရေစီးကြောင်းများ (Rivers and Creeks Currents)ကနေ လျှပ်စစ်ထုတ်လုပ်တဲ့ နည်းပညာမူပိုင်မှု (INTELLECTUAL PROPERTY PATENT) တင်နေပါတယ်။ ပထမအဆင့် ကျနော်နည်းပညာနဲ့ ပုံစံတူ နည်းပညာမူပိုင် ရှိပြီးသား ရှိ/မရှိ ရှာဖွေစစ်ဆေးတဲ့ အဆင့် ပြီးနေပါပြီ။ ကျနော့်ရှေ့မှာ ကျနော်တွေ့ ရှိထားတဲ့နည်းနဲ့ ပုံစံတူမရှိသေးပါဘူး။ မကြာခင် ကျနော့်နည်းပညာကို မူပိုင်လျှောက် ရပါတော့မယ်။ နိုင်ငံတကာ မူပိုင်လုပ်ရမှာပါ (INTERNATIONAL PATENT)။ မူပိုင်လုပ်ဖို့က လျှောက်လွှာတင်ပြီး မူပိုင်ခွင့်ကျဖို့ အချိန်အတော်လေး ကြာတတ်ပါတယ် ။
ဒါပေမဲ့ မူပိုင်ရုံးက ကျနော့်နည်းကို လက်ခံလိုက်ရင် ကျနော်က သုတေသန လို့အကြောင်းပြပြီး လုပ်ငန်းတွေ စတင်လို့ရပါပြီ။ လူငယ်လေးတွေ လူလတ်တွေ တီထွင်ကြံဆတာ ၀ါသနာပါသူတွေ ကိုဖိတ်ခေါ်ပါတယ်။ ကမ္ဘာမှာ မြန်မာဆိုတာ အစွမ်းပြခွင့်က လက်တကမ်းမှာပါ။ အခုနေ ကျနော့်နည်း (Drawings) ကိုဆွဲပြလိုက်ရင် ခင်ဗျားတို့အားလုံး (အားလုံးနော်) ဟာဟုတ်တာပေါ့ ပြောယူစေရပါမယ်။ ကျနော်ဟာ ပထမက မြန်မာနိုင်ငံမှာံ ဒီရေ အတက်အကျကနေ ရေအားလျှပ်စစ်ထုတ်လို့ ရတာကို ၁၉၉၁- ခုနှစ်က စတင်တွေ့ရှိတာပါ။ ကျနော်ညီဝမ်းကွဲ တစ်ယောက် (အဖွဲ့ချုပ်လူငယ်) အဖမ်းခံရတော့ ကျနော်က ပြေးရပုန်းရတော့ ဘိုကလေးဘက် လယ်တဲလေးတခုမှာ သွားပုန်းနေရတုန်းက ပျင်းကလဲပျင်း ဘယ်မှလဲမထွက်ရဲ အားအားရှိ ငါးမျှားနေရာကနေ တရက်မြင်လာပါတယ်။
အဲဒါကို ညီအကို အင်ဂျင်နီယာတွေ သူငယ်ချင်း အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပါတယ်။ သူတို့လဲ မထုတ်တတ်ကြဘူး။ ရေစီးအားမှာ စွမ်းအင်တွေရှိနေတာကို သူတို့က လက်ခံကြတယ်။ စွမ်းအင်တွေကို ပြောင်းယူ နိုင်တာကတော့ သူတို့လဲ လက်ခံကြတယ်။ ထုတ်လုပ်နိုင်ဖို့ စဉ်းစားမရကြဘူး။ ကျနော် ထောင်ကျတော့ အားအားရှိတိုင်း ထိုင်စဉ်းစားတယ်။ ရှေးခေတ်ဟောင်း သင်္ဘောဟောင်းကြီးတွေက ဒလက်ကြီးတွေ သုံးပြီးစိတ်ကူးနဲ့ ပုံဖေါ်ကြည့်တယ်။ စုံနေတာဘဲ... ပေါ်မလာပါဘူး။ နောက်ဆုံးတော့ မထင်မှတ်တဲ့ လုပ်အားပေးလေးတခု လုပ်ရင်း အရာတခုကို သွားတွေ့မိရာနေ.. EUREKA လို့အာခီမီးဒီးလို အော်မိရပါတော့တယ်။
ကျနော် အလွန်ကို အားရ၀မ်းသာ မိသွားပါတယ်။ ကနေ့ကမ္ဘာကြီး ပူနွေးနေမှုကို ကျနော့်တွေ့ရှိချက်က ကုစားနိုင်ပါတော့မယ်။ ပစ္စဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာလို့ ပင်လယ်ရေအောက် မြုပ်ခါနီးကျွန်းစုလေးတွေ KIRIBATI ISLANDS.. MALDIVES လေးတွေကို ကယ်တင်ခွင့် ကြုံရပါတော့မယ်။
ရီစရာလေးပါ။ ကျနော့်အဖိုးက ရှေးခေတ် Irrawaddy Flottila ဧရာဝတီရေကြောင်း ပို့ဆောင်ရေး ကုမ္မဏီရဲ့ အထက်မြန်မာနိုင်ငံ ကိုယ်စားလှယ်ပါ။ Mr. Alfred Mackenzie ခေါ်ပါတယ်။ Scott လူမျိုးပါ။ ဒီဧရာဝတီ သင်္ဘောကြီးတွေ အားလုံးစုစုပေါင်း အစီးရေ-၁၂၀၀- ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြည်တွင်း ရေကြောင်းသွား သဘောင်္လိုင်းကြီး အဖြစ် စံချိန်တင်ထားပါတယ်။ အဲဒီသင်္ဘောကြီးတွေ သယ်ယူပေးမှုကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာဆန်တန်ချိန် - ၃-သန်းအထိ တင်ပို့နိုင်ခဲ့တာပါ။
မွန်သူဌေးကြီး ဦးနာအောက်တို့နဲ့ ပြိုင်ခဲ့တဲ့ကုမ္မဏီိပေါ့။ အဲဒီသင်္ဘောကြီးတွေရဲ့ ဒလက်အဟောင်း တွေနဲ့ ကြံဆ ကြည့်နေမိပါတယ်။ ပေါ်မလာဘူး။ ကျနော်ဟာ စက်မှုနဲ့ သိပ္ပံပညာရှင် မဟုတ်ဘဲ ဘာလို့ဒီလို စွမ်းအင်နည်းပညာကို တွေ့ရှိရပါသလဲ ဆိုတာကို နောက်ဆောင်းပါးမှာ အကျယ်တ၀င့် ရှင်းပြပါမယ်။ လူငယ်လေးတွေကို အထူးအထူး မျှဝေချင်ပါတယ်။ စောင့်ပြီး ဖတ်စေချင်ပါတယ်။ မြန်မာအချင်းချင်း လက်ဆင့်ကမ်း မျှဝေပေးဖို့လဲ ပန်ကြားပါတယ်။ ကံအကြောင်း တရားကြောင့် တွေိ့ရှိလာရတာပါ ။
အဲဒီတော့ ကျနော်တွေ့ ရှိထားတဲ့ နည်းပညာနဲ့ ဒလပတ်ဝန်းကျင် မြစ်ကြီးတွေ ချောင်းလက်တက်တွေ ကနေ ရေစီးအားနဲ့ လျှပ်စစ်တွေ အများကြီးထုတ်ပြီး စက်မှုလုပ်ငန်းတွေ မြန်မာပြည်ထဲ လှိမ့်ဝင်လာစေရပါမယ်။ ၂၄-နာရီမီးအားအပြည့် ဈေးပေါပေါ သုံးနိုင်စေရပါမယ်။ မြန်မာနိုင်ငံသား အများစုကိုလဲ ဘဏ်ကြီးတွေကနေ ငွေချေးထုတ်ပေးအောင် ကျနော် ကုမ္ပဏီက ညှိနိုင်းပြီး ရှယ်ယာအဖြစ် ထည့်ဝင်ကြစေပြီး မိသားစုတိုင်း အပိုဝင်ငွေတွေ ဖန်တီးပေးပါမယ်ခင်ဗျာ။ ချမ်းသာသူလူစုထဲ လက်ဝါးကြီး အုပ်နေမယ့် စိးပွားမျိုး ဖြစ်မသွားအောင် ကျနော်ကြံဆောင် နေပါတယ်။ ကျနော်တို့ မြန်မာတွေ လူအများစုချမ်းသာမှ တိုင်းပြည် စီးပွားတွေ တခုအပေါ်တခု မှီခိုပြီး ဆင့်ပွားဆင့်ပွား တိုးတက်လာပါမယ်။ တတိုင်းတပြည်လုံး တိုးတက်လာမှာပါ။ တိုင်းပြည် သယံဇာတကရမဲ့ အမြတ်အစွန်းကို ကျနော်တဦးထဲ လက်ဝါးကြီး အုပ်ထားချင်ရင်လဲ ရပါတယ်။ မလုပ်ကောင်းတဲ့ အရာပါ။ တိုင်းပြည်သယံဇာတ ကရတဲ့ စီးပွားကို ပြည်သူအားလုံး ခွဲဝေယူကြတာ အကောင်းဆုံးလို့ဘဲ မြင်ပါတယ် ။
ကျနော့်အတွက်က ကျနော့်မူပိုင်ကို နိုင်ငံခြား တိုင်းပြည်တွေကို ရောင်းရတာနဲ့တင် မြန်မာပြည်ကနေ ယူနေစရာ မလိုတော့ပါဘူး။ စွမ်းအင်ဘဲဗျာ။ ကြိုက်သလို တောင်းလို့ရနိုင်တဲ့ ပညာပါ။ မတောင်းပါဘူး။ မတရားချမ်းသာလဲ ဒီလောက်ဘဲ စားကြရတာပါ။ နင်းကန်စားရင် အဆီပိတ် သေမှာဘဲလေ။ ကျနော့်မှာ မတော်လောဘ လုံးဝမရှိပါ။
ဧရာဝတီတိုင်း တခုလုံး.. တတိုင်းတပြည်လုံးကနေ ထွက်လာမဲ့ လျှပ်စစ်တွေမှ နည်းနည်းမဟုတ်ဘူး။ ဘာရေကာတာမှလဲ လုပ်နေစရာမလိုဘူး။ ကုန်ကျစားရိတ်လဲ နည်းတယ်။ ထိန်းသိမ်းမှုလေးနဲနဲ လုပ်နေတာနဲ့တင် အမြဲတမ်း လျှပ်စစ်တွေ ထွက်နေပါမယ်။ ဘဏ်ကြီးတွေကနေ ငွေချေးပေးပြီး မိသားစုတွေ အတွက် တခါရင်းထားလိုက် ဆွေစဉ်မျိုးဆက် ထိုင်စားပေတော့။ အခု ဘရူနိုင်းနိုင်ငံလို ကျနော်တို့ မြန်မာတွေ ဆေးကုမလား ဖရီး ကျောင်းတက်မလား ဖရီး မီတာခတောင် ယူနစ် အတိုင်းအတာတခုအထိ (ဥပမာ-ယူနစ် ၁၀၀-ပေါ့) ဖရီးပေးနိုင်တဲ့အထိ ဖြစ်လာပါမယ်။ ပိုတဲ့ လျှပ်စစ်ထိုင်းဘက် ထုတ်ရောင်းဦးမလား။ ဘင်္ဂလာဒေရှ့်ဘက် ထုတ်ရောင်းမလား ကမ္ဘာတည်သမျှ ရောင်းပေတော့။
သဘာဝဓါတ်ငွေလို ကုန်ခမ်းသွားစရာ မရှိတော့ပါဘူး။ အန္တာရယ်လဲ မဖြစ်စေနိင်ပါဘူး။ သဘာဝဓါတ်ငွေ့တွေ အများကြီး ထုတ်လိုက်ရင် မြေလွှာအောက် ဖိအားတွေ ပြောင်းသွားရင် ငလျှင်ဖြစ်စေဖို့ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ရေကနေ လျှပ်စစ်ထုတ်လိုက်တာနဲ့ သဘာဝဓါတ်ငွေ့ ဈေးနှုန်း ရေနံစိမ်းဈေးနှုန်းတွေ ထိုးကျသွားပါမယ်။
ကျနော့်နိုင်ငံရေးက အုပ်ချုပ်မှုကို တစက်ကလေးမှ ထဲ့မစဉ်းစား ထားခဲ့ဘူးပါဘူး။ ကျနော်က တော်လှန်ရေးသမား သက်သက်။ ငယ်ငယ်ကထဲက မိဘကိုလဲ ဂလန်ကဆန် ပြန်ပြောလို့ အိမ်မှာ အတီးအခံရဆုံး။ မိသားစု ၇-ယောက်ရှိတာ ကျန်လူတွေအတွက် ကြိမ်တစ်ချောင်းထားတယ်။ ကျနော့်အတွက်က ကျနော့်နံမည်လေး ထိုးထားပြီး စပယ်ရှယ် တစ်ချောင်း လုပ်ထားတယ်။ ဟို၆-ယောက်အတွက် ကြိမ်က တလနေလို့ တခါမထုတ်ရဘူး။ ကျနော်ကြိမ်က ခနခန ထုတ်ရတော့ ကြိုးလို့ အစားလဲရတာခနခန။ ကျောင်းထုတ်ခံရ။ အမေက ကျနော်ကို မိုးဇာဗျောကြီး (စစ်ကိုင်း) လို့ခေါ်တယ်။ အတီးမခံရရင် မနေတတ်ဘူး။ တီးပေးမှနေသာ ထိုင်သာရှိသူလေ။ ရီစရာလေးပါ။ ကျနော်မွေးတော့ အသက်မရှုဘူး။ မွေးရတာလဲ အမေမှာ မသေရုံတမယ်။ ခေါင်းကြီးတော့ အမေမွေးရ အခက်ဆုံးသား။ ဆရာမတွေ ပါးစပ်တေ့မှုတ်တယ် မရှုဘူး။ နဲနဲလေးပြာစ ပြုလာတော့ ဆရာမကြီးက ကျောပြင်ကို ဖျန်းကနဲ လက်ဝါးနဲ့ တီးလိုက်မှဝါး- ဆိုပြီးငိုလာတယ်။ မေမေက ပြောနေကြ ဒီကောင်က မွေးစကကို တီးပေးမှ ရှုသာချောင်သာ ရှိတဲ့အကောင်။ ကျနော့်ဘ၀က ပထမဆုံး အသက်ရှုတာက အတီးလေးနဲ့ စလာတဲ့အကောင်။ တီးပေးမှ နေသာထိုင်သာရှိတဲ့ အကောင်ဆိုတာ မေမေကပြောနေကြ။
တော်လှန်ရေးသမား သက်သက်။ တော်လှန်ရတာလဲ စိတ်ပန်းလှပါပြီ။ အခုဆို ငွေတွေလဲ သောက်သောက်လဲ ကုန်လှပါပြီ။ လခရရင် နောက်နေ့ လက်ထဲ ဆယ်ပုံတပုံ မကျန်တော့ဘူး။ ရထားခ ကားခလေး တွက်ကြည့်ချန်။ ပိုတာပို့တာဘဲ။ အကြွေးဆွဲပို့တာက ရှိသေးတယ်။ အခုအပြုသဘော ဘက်လှမ်းနေတာ အားရပါတယ်။ ကြိုဆိုပါတယ်။ တိုက်ရတာ တကယ်တော့ မိုက်ရူးရဲလို့သာ စိတ်မနိုင်လို့ ထလုပ်မိတာ။ လုပ်တုံးကတော့ ပူထူနေတာ ကြောက်ရမှန်းမသိဘူး။ ပြန်တွေးကြည့်ရင် ကြောက်မိတယဗျာ။
ကျနော့်နိုင်ငံရေးက ကိုကျော်ဟိန်းကြီးက ကိုကျော်သူကြီးကို ပြောသလို.. (ဆယ်နှစ် ဆယ်နှစ်) ဆယ်နှစ်နေရင် ထိုင်းကိုကျော်တက် ပြအောင်လုပ်ချင်တယ်။ လုပ်နိုင်တယ်လို့ မြင်နေတယ်။ ဘန်ကောက်သွားရင် ဗီဇာ မတောင်းရတဲ့နေ့ မကြာခင်ပေါ်လာပြီး ဘန်ကောက်လေဆိပ် မလေးရှား လေဆိပ်တွေမှာ ကျနော်တို့ မြန်မာတွေ ပတ်ပိုစ့် နီနီလေးကို ရော့ ဒီမှာဆိုပြီး ကိုင်ပေါက်ပြနိုင်တဲ့ ခေတ်ရောက်ဖို့ပါဘဲ။ အဲဒီလို ကိုင်ပေါက်ပြနိုင်ရင် ကျနော်သေပျော်ပြီ။ မကြာစေရတော့ပါဘူး။ မကြာခင် သူတို့က မြန်မာတွေကို ဗီဇာလျှောက်ခိုင်းရင် သူတို့ကိုလဲ ပြန်လျှောက်အောင် ညစ်ထားပြပါမယ်။ ရှိုးမန်းနီးပြခိုင်းရင် သူတို့ကိုလဲ ပြန်ပြခိုင်းတာ လုပ်နိုင်တဲ့တနေ့  ရောက်စေရပါမယ်။
ထပ်ပြောပါမယ်။ ကိုကျော်ဟိန်းစကား အပြတ်ယူသုံးပြီဗျာ... ဆယ်နှစ် ဆယ်နှစ်ဟေ့ မင်းတို့ ယိုးဒယာတွေ ပြေးထားနှင့်...... ဆယ်နှစ် ဆယ်နှစ် ..အလောင်းမင်းတရားကြီးမြို့ သား လာပြီကွ။ မှီအောင်လုပ်ပြပါမယ်။ အရေးထဲ ကျနော်က အလောင်းမင်းတရားကြီး နန်းတော်ရဲ့ ကျုံးကမ်းစပ်မှာ မွေးတယ်။ မွေးရက်ကလဲ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြီး စတင်တဲ့နေ့နှင့် အယုဒ္ဓယမြို့ကို မြန်မာတွေ အောင်နိုင်တော်မူတဲ့နေ့။ ဒါကြောင့် ကျနော်က ကြုံးဝါးရတာ အရသာရှိလို့ပါ။ တကယ်လဲ မှီစေရမယ်ဗျာ။
တခုရှိတယ်။ ကျုပ်တို့ရေစီးကနေ လျှပ်စစ်ထုတ်သလို သူတို့လဲ လိုက်ထုတ်နိုင်ပါမယ်။ ဒါပေမဲ့ ရေမြေသဘာဝ မတူတော့ ကျုပ်တို့လောက် သူတို့မရနိုင်ပါဘူး။ ကျုပ်တို့ဆီက ၀ယ်နေရပါမယ်။ အခုထားဝယ် ရေနက်ဆိပ်ကမ်းကိုလဲ အများကြီး ရောင်းချပေးနိုင်ပါတယ်။ အခုသူတို့ နိုင်တီးဝမ်တီး နည်း ကျောက်မီးသွေး စက်ရုံဆောက်စရာ မလိုပါဘူး။ ကျနော်တို့ ရောင်းပေးနိုင်ပါပြီ။ တသက်လုံး ထိုင်ရောင်းပေတော့။ ကျနော်တို့ မြန်မာတွေ သူဌေးဖြစ်ကြရပါတော့မယ်။ မမြင်သေးတော့ ပြောရင် ယုံဖို့ခက်နေကြပါမယ်။ သံသယတွေ ခေါက်ထားဘဲ ပြောပါရစေ။
၁၉၈၆ လောက်က ကျနော်က သောက်ရေသန့်ရောင်းဖို့ ညီအကိုတွေ မိတ်ဆွေတွေနဲ့ လုပ်ငန်းအရင်းအနှီး စပ်လုပ်ဖို့ လျှောက်စပ်တော့ ကျနော့်ဆွေမျိုး တွေလည်းပါတယ်။ အားလုံးမှ အားလုံးဗျာ ကိုလှိုင်မြင့်ကတော့ သိပ်မဟုတ်တော့ဘူး ယဉ်ယဉ်လေး ဖေါက်စပြုနေပြီ ပြောကြတာပါဗျာ။ နောက်တော့ ရေသန့် ပုလင်းတွေ ပေါ်လာတော့မှ ကိုလှိုင်မြင့် ကြိုမြင်တာကို ရှင်းပြတာတောင် ငါတို့က မမြင်တာလို့ ၀န်ခံကြပါတယ်။
နောက် ရန်ကုန်မြစ်ပေါက်က သဲတွေကို သောင်တူးစက်တွေနဲ့ တူးပြီး ဒလကိုမြေဖို့တာရယ် စင်ကာပူကို ရောင်းတာလုပ်လိုက်ရင် တချက်ခုတ် နှစ်ချက်ပြတ်ပါ။ တခါ မြစ်ရေစီးကြောင်းကို ချိုးပေးရင် (Training ) လုပ်ပေးလိုက်ရင် ပင်လယ်အပေါက်ဝ ရေစူးနက်လာပါမယ်။ အဲဒါဆိုတန်ချိန် -၃၀၀၀၀- ထက်သင်္ဘောကြီးတွေ အချိန်မရွေး ၀င်ထွက်လာနိုင်ပါမယ်။ အခုလက်ရှိဆိုရင် တန်-၁၂၀၀၀- တွေတောင် ပင်လယ်ရေထရက် ( လပြည့်ကျော်ရက်များနှင့် လကွယ်လွန်ရက်) လေးတွေလောက်သာ ၀င်ထွက်နိုင်တာ စီးပွားရေးမှာ အနှောက်အယှက် ဖြစ်ပါတယ်။ တခါ ဧရာဝတီမြစ်ထဲကနေ အထက်ပိုင်း (ညောင်တုန်း-အထက်နားကနေ ပန်လှိုင်မြစ်ထဲ)ကို၎င်း (အဖျောက် အထက်နားလေးကနေ) မြစ်မခချောင်း ထဲကို၎င်း ဧရာဝတီမြစ်ရေတွေ ဖေါက်သွင်းယူလိုက်ရင် ရန်ကုန်မြစ်ရေဟာ ကြည်လင်လာပြီး ရေစီးအား ကောင်းလာလို့ မြစ်ပေါက်က သောင်တွေကို တွန်းဖယ်သွားစေပါမယ်။ ရေစူးနက်လာပါမယ်။
ပန်းလှိုင်ချောင်းထဲကနေ ရေပြွန်ကြီးတွေနဲ့ ဒလမြို့တော်ကို ရေသန့်ပေးဝေနိုင်ပါတယ်။ မြို့တော်မှာလဲ အင်ယားကန်လို ဧရာမကန်ကြိးတွေလုပ် အပျော်ရေလွှာ လျှောစီးတာတွေ လဲလုပ် မြို့တော်အလည်မှာ ရေကန်ကြီးတွေရှိနေတော့ ရာသီဥတုလဲ သင့်တင့်မျှတ မီးရေးဖြစ်ရင်လဲ ရေကလက်တကမ်း။ သောက်သုံးရေ အစုံဖြည့်ဆည်းနိုင်ပါတယ်။
(ဆက်လက်) ပို့ပါမည်။ ရှေ့အပတ်မှာ ရန်ကုန်ကတိုက်တွေဟာ ငလျှင်ဒါဏ်မခံနိုင်လို့ ဒလကိုမြန်မြန် အကာင်အထည်ဖေါ် သင့်တာတင်ပြပါမယ်။ ရန်ကုန်မှာသာ ငလျှင် ရစ်ချက်တာ စကေး..၆.၀ အထက်လှုပ်လိုက်ရင် တမြို့ လုံးသိန်းချီ သေသွားနိုင်ပါတယ်။
အားလုံးကို လေးစားလျှက်
သိပ် သဘောကျတယ်ဗျာ။ ထိုင်းကို ကျော်အောင်လုပ်ဖို့  ရာ မခက်လှတော့ ပါဘူး။ ပါတ်စပို့  အနီလေးတွေ ပြလိုက်တိုင်း ရှဲခနဲ ဖြစ်သွားကြမယ့် ဘ၀ ကို ရောက်ချင်လှပါပြီ။
ReplyDeleteစက်မှုလုပ်ငန်းတွေလည်ပတ်ပို့အတွက်အဓိက စွမ်းအင်ကတော့ လျှပ်စစ်ပဲ.. အဲဒါဟာ ဖောဖောသီသီရလို့ကတော့ အာရှမှာ ဘယ်နိုင်ငံကိုမှမြန်မာက မှုစရာမလိုတော့ဘူး..သံသယတစ်ချက်ရှိနေတာက..တကယ်ရော အဲလိုတစ်ကယ်လုပ်နိုင်တဲ့ လုပ်နိုင်မယ်ဆိုရင်လဲ မြန်မာအစိုးရက ဒီလို အသစ်ကပြန်စဆောက်ရမယ့် ဧရာမ စီမံကိန်းကြီးကို တာဝန်ခံလုပ်ရဲတဲ့ သတ္တိရှိပါ့မလား.. အဲဒီလုပ်ငန်းစတင်ဖို့အတွက် အကောင်အထည်ဖော်ရမှာ ငွေစွမ်းအားအရင်းအမြစ် လူစွမ်းအားအရင်းအမြစ်ဘယ်လောက်လိုမှာလဲ. တကယ့်ကျွမ်းကျင်လုပ်သားကော အလုံအလောက်ရနိုင်ပါ့မလား. ဘယ်နှနှစ်အတွင်းမှာ အခြေခံအဆောက်အဦး infrastructure ကိုရုပ်လုံးပေါ်အောင်လုပ်နိုင်မှာလဲ စွမ်းအင်ထုတ်ဖို့အတွက် ရေလှိုင်းကထုတ်တာတော့ဟုတ်ပြီ. ၂ ဖက်လည်ပတ်နိုင်ပြီး လျှပ်စစ်ထွက်တဲ့ generators တွေ ဒီရေအတက်အကျနဲ့ လေတိုက်နှုန်း ရေလုံးဝင်ရောက်နိုင်မှု ( water column တွေဆီကို ) ကိုရောသေသေချာချာတွက်ချက်ထားပြီးလား လိုအပ်တဲ့ လျှပ်စစ်ထုတ်နိုင်တဲ့ တန်ဆာပလာ တွေကို နိုင်ငံကြီးတွေဆီ အော်ဒါမှာရင် အချိန်ဘယ်လောက်ကြာမှ ဒီပစ္စည်းတွေကို လက်ဝယ်ရရှိမှာပါလဲ. ချုပ်ပြောရရင် capital investment နဲ့ တကယ်လုပ်ဖို့အခွင့်အလမ်းနဲ့ဖြစ်နိုင်ချေရှိမရှိ ဆိုတာပဲ တကယ်သိချင်နေမိတယ်.
ReplyDeleteI hope, your dream come through soon. Good luck!!
ReplyDeleteစိတ်ကူးယဉ်ဇတ်လမ်းကြီးလိုပဲ ကောင်းပါတယ်
ReplyDeleteဖတ်ရတာ အားရလိုက်တာ ဗျာ....... ဆက်ရေးပါ အုံး လို့.... စောင့် ဖတ်ရတာ လဲ အမောပါပဲ
ReplyDeleteဟုတ်ကဲယစိတ်ကူးကိုသဘောကျတယ်ဗျာ..စိတ်ကူးအတိုင်းအကောင်အထည်ဖော်နိုင်ပါစေ..ကြိုဆိုပါတယ်
ReplyDeleteအန်ကယ် billy ရဲ့ ဆောင်းပါ ကို ဖတ်ရတာ အားရတယ်ဗျာ အန်ကယ် ရဲ့ စီမံကိန်းအတိုင်း လုပ်နိုင်ရင် မကြာခင် ကျွန်တော်တို့  နိုင်ငံသူများကို ယဉ်နိုင်တော့မှာပါ ခေါင်းဆောင်ကြီးတွေ အမြင်ကြယ်ကြယ်နဲ့ လက်ခံ ဖို့ ပဲ လိုတယ် ဆက်ရေးပါခင်ဗျာ စောင့်ဖတ်နေပါတယ် Merry Christmas and Happy New Year to Uncle Billy.
ReplyDeleteကျနော်မှာလုပ်ပိုင်ခွင့်များရှိလို့ ကတော့ ဇော်မင်းကြီးကိုဖြုတ်ပြီးဆရာ့ကို စက်မှု (၁) ၀န်ကြီး ခန့်လိုက်ပြီ။ :)
ReplyDeleteမှားလို့  လျှပ်စ်ဝန်ကြီးလို့ ပြောတာပါ။
ReplyDeleteနိုင်ငံတကာမှာ မူပိုင်ခွင့်တင်ဖို့က မလွယ်ပါဘူး။ မှတ်ပုံတင်ထားတဲ့ နိုင်ငံမှာ အမှန်တကယ် လုပ်ကိုင်ခြင်းမရှိရင် Cancellation Action လျှောက်လို့ရပါတယ်။ ပြီးတော့ နိုင်ငံတနိုင်ငံချင်းဆီမှာ Trademark ကို ထိန်းသိမ်းခ၊ မူပိုင်ခွင့်ကို တရားစွဲခတွေ အရမ်းဈေးကြီးပါတယ်။ ကျနော်ကိုယ်တိုင် Global LLP တွေနဲ့ မူပိုင်ခွင့်လုပ်နေတဲ့ ရှေ့နေတယောက်မို့ ပြောပြပါတာ။ လုပ်မယ်ဆိုရင်လည်း တတ်နိုင်တဲ့ ဘက်က ကူညီပါ့မယ်။
ReplyDeleteဆရာ့လို ပညာရှင်တွေပြည်တော်ပြန်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် ပါဝင်စေချင်ပါသည်။(ငါတတ်ထားသော ပညာသည် ငါ့တိုင်းပြည်အတွက်သာ ဖြစ်ရမည်။)
ReplyDeletenot a good article, but just a sweet dream
ReplyDeleteနံပတ်စဉ် ( ၁၀ ) က စာရေးသူ ကမ်းလှမ်းလာတဲ့ မူပိုင်ခွင့် ကိစ္စ အထူးဝမ်းသာစွာ အကူအညီ တကယ်ကိုလိုပါကြောင်းခင်ဗျာ ။ ပထမဥိးဆုံးက အော်ဇီမှာ မူပိုင်တင်တာ ပထမအဆင့်က ကိုယ့်ထက်အရင်ဦးပြီးလုပ်ထားသူ ရှိမရှိ ကိုယ့်ရဲ့ ပုံစံကို သူတို့ကိုပြ ပေးပြီး အစစ်ခိုင်းရတာပါ ။ စစ်ဆေးခတင် ကအများကြီး။ ဒေါ်လာ-၄၀၀၀- တောင်းပါတယ် ။ ခက်တာက ကျနော့် ပုံ( Drawing ) ပေးလိုက်ရင် ခင်ဗျားအရင်ဒီပုံစံ ရှိနေပြီပြောပြီး အခေါက်ခံလိုက်ရမှာပါ ။ ပုံမပြဘဲ သဘောထားလောက်ပြောပြတာကို သူတို့ ကလက်မခံဘူး ။
ReplyDeleteနောက်အာဆီယံနိုင်ငံ နစ်ခုကိုစုံစမ်းတော့ တခုက ပုံ မပြရဘဲ ရှာပေးမယ်သဘောတူလို့ ရှားပေးထားတာ ။ ဈေးလဲသက်သာပါတယ် ။
ကျနော်က ဖြစ်နိုင်ရင် ကိုယ့်နိုင်ကနေ ဘဲလုပ်ချင်ပါတယ် ။ ကမ္ဘညာမှာ မြန်မာ ဆိုတာ ပြချင်ပါတယ် ။ အစိုးရကလဲ ကမ္ဘာသိ ကြေငြာလိုက်ရင် တခြားသူများ အငြင်းပွားလို့ မရတော့ပါဘူး ။
ကျနော့်  ပုံစံကို ခိုးအယူမခံရရေးက နံပတ်တစ်ဖြစ်နေပါတယ် ။ မြန်မာနိုင်ငံကနေ နိုင်ငံတကာမူပိုင်လုပ်လို့ ရနိုင် မရနိုင် နဲ့  ဘယ်လိုကူညီနိုင်မယ် ကို ကျေးဇူးပြု ကူညီပေးပါခင်ဗျာ ။ ခင်ဗျားရဲ့ မေးလဲ သိချင်ပါတယ် ။ ကိုဒီမို ဆီကို ပို့ ပေးပါခင်ဗျာ ။ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံကနေဘဲ မူပိုင်တင်ချင်ပါတယ် ။
လေးစားစွာဖြင့်
လှိုင်မြင့်
နံပတ်နစ်က ဆွေးနွေးချက်လေးကို လေးစားပါတယ် ။ တိုင်းပြည်အတွက် ဦးထိပ်ထားသုံးသပ်တာကိုလေးစားပါတယ် ။ ကျနော့်တွေ့ ရှိချက်က ရင်းနှီးမြုပ်နံမှု အရင်းအနှီးနည်းတဲ့ ဒီဇိုင်းပါ ။ ပုံစံကို မိသားစုထဲက အင်္ဂျနီယာ ကိုပြထားပြီးပါပြီ ။ မူပိုင်တင်ပြီးမှသာ ပြသလို့ ရမှာမို့ ပါ ။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မရှိသလောက်ပါ ။
ReplyDeleteနောက်တခုက မြန်မာပြည်မှာတင် စက်ပိုင်းဆိုင်ရာတွေ လုပ်ယူနိုင်ပါတယ်။ နိုင်ငံခြားက မှာစရာမလိုသလို နိုင်ငံခြားမှာကို ဒီအိုင်ဒီယာ နဲ့ ဆင်ဆင်တူတာကိုမရှိသေးပါ ။ အခု ဆစ်ဒနီ-နဲ့ ကီလို ၁၂၀-ဝေးတဲ့ မြန်မာနိုင်ငံကကျောင်းသားတွေ အတော်များများ လာတက်နေတဲ့ Wollongong အနီးက ဒီရေ ကို အခြေခံထုတ်တဲ့ နည်းပညာ အရင်းအနှိးတွေက အင်မတန်များပြီး လက်တွေ့ များများ ရနိုင်တဲ့အချိန်က နည်းနေပါတယ် ။
ကျနော့်နည်းက မြန်မာအင်္ဂျနီယာတွေ ကောင်းကောင်းလုပ်နိုင်ပါတယ် ။ ဂျင်နရေတာ အပိုင်း တော့ နည်းပညာ နိုင်ငံခြားက ယူဖို့လိုမယ်ထင်ပါတယ် ။
နောက်တခုက ရေလှိုင်းကနေ ထုတ်တာက အချိန်ပြည့်ရေလှိုင်းမရနိုင်တာ တချက်နဲ့  ရေလှိုင်းပြင်းထန် ပြန်ရင်လဲ အခက်အခဲရှိတာမို့  ဒါက နောက်ဆုံး Last resort ပါ ။ အဓိက မထားပါဘူး ။
မြန်မာပြည်အတွက် အဓိက ထားနိုင်တာက ဒီရေအတက် / အကျ နင့် မြစ် / ချောင်းများက ရေစီးကြောင်းတွေနဲ့ နေရာပေါင်းများစွာမှာ ထုတ်ယူနိုင်တာပါ ။
အားလုံးဗျာ တိုင်းပြည်အတွက် ဦးထိပ်ထားစဉ်းစား ကြပါ လို့  ။ အကြံဥာဏ်တွေ တခုမဟုတ်တခု တွေ့ လာပါမယ် ။ ဦးဏှောက်အလေ့အကျင့်ပါဘဲ ။ ကဗျာ ဆရာခေါင်းက ကဗျာထွက်သလို သီချင်းရေးဆရာက သီချင်းထွက်သလိုပါဘဲ ။ လိမ်မဲ့သူကလဲ လိမ်ဖို့ ဂွင်ထွက်တာပါ ။
ကျနော်က နိုင်ငံသား အားလုံးကို ကိုယ်စီကိုယ်စီ တသက်တာ ပုံမှန်ဝင်ငွေလေး ဆောင်ကျဉ်းပေးနိုင်မဲ့  စံနစ်လေးဖေါ်ဆောင်ပေးချင်တာပါ ။ ကျနော်စိတ်ကူးသလိုသာ အစိုးရက လုပ်ခွင့်ပေးခဲ့မယ်ဆိုရင် ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ လူတိုင်း ပုံမှန်ဝင်ငွေရနေတဲ့ စံနစ်ဖြစ်ပြီး ကမ္ဘာမှာ မြန်မာဆိုတာ မြေကြီးက ရွှေသီးတဲ့  နိုင်ငံသားတွေဆိုပြီး မော်ကြည့်တဲ့ ခေတ် ရောက်နိုင်ပါတယ် ။ စိတ်ကူးယဉ်မဟုတ်ပါဘူး ။ တိုင်းသူပြည်သားတွေအပေါ် ထားတဲ့ စေတနာ က စကားပြောတာပါ ။
စေတနာ က စကားပြောပါမယ် ။
လေးစားလျှက်
လှိုင်မြင့်
စာဖတ်ပြီး အရမ်းကို အားရမိပါတယ်။ ထိုင်းကို ဆယ်စုနှစ်အတွင်းယှဉ်နိုင်ချင်ပါတယ်။ ပြည်သူတစ်ယောက်ရဲ့ သဘောထားပါ။ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာပြည်ကြီးကောင်းစားဖို့ အစိုးရကလည်း ပညာရှိဖြစ်လို့ ပြည်သူတွေအပေါ်စေတနာထားပြီးအားလုံးပါဝင်လုပ်ဆောင်မယ်ဆိုရင် မမှီနိုင်စရာမရှိပါဘူး။ ရေခံမြေခံကောင်းပြီးသားပါ။
ReplyDeleteကျန်းမာ၊ ပျော်ရွှင် အောင်မြင်ပါစေ ဆရာ။
ReplyDeleteဆရာ့ဆောင်းပါးတွေကို စောင့်မျှော်အားပေးနေသလို၊ ဆရာ့ မျှော်လင့်ရင်ခုန်သံတွေ အမြန်ဆုံးနိုးထ အောင်မြင်ပါစေလို့ လည်း ဆုတောင်းပေးနေပါတယ်ခင်ဗျာ။
လေးစားလျှက်
This comment has been removed by the author.
ReplyDeleteDear Uncle Billy,
ReplyDeleteI am proud of you and appreciate for your love to our people and our country. Could you please add last updated status of international patent of your technology?
Best regards,
Than Chaung
ီဆရာရေ
ReplyDeleteဆရာပြောတဲ့ ရေအားလျှပ်စစ်ကိစ္စကတော့ စိတ်ဝင်စားစရာပါဘဲခင်ဗျာ။ ကျွှန်တော်ကတော့ ရေယာဉ်ဗိသုကာ ကျောင်းသားတစ်ဦးပါ။ မူပိုင်ခွင့်တင်မယ်ဆိုရင်တော့ ဆရာ့ drawing ကို မဖြစ်မနေပြရလိမ့်မယ်လို့ ထင်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ လုပ်ပေးမယ်ဆိုရင်တော့ အမှန်မဖြစ်နိုင်ဘူးထင်ပါတယ်။
ဖြစ်နိုင်ရင်တော့ prototype လေးလုပ်ပြီး model basin တစ်ခုခုမှာ အရင်စမ်းကြည့်သင့်ပါသည်။ အောင်မြင်ပါစေခင်ဗျာ။