Pages

Wednesday, December 28, 2011

UK သံတမာန် Mr. Joe Fisher၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ်...

UK သံတမာန်Mr. Joe Fisher၏ ကော့မှူးသို့ စက်ဘီးစီး ခရီးစဉ်

ဗြိတိသျှ သံရုံးမှ ဒုတိယအတွင်းဝန် Mr. Joe Fisher သည် ( ၂၇.၁၂ .၁၁ ) အင်္ဂါနေ့  မနက် (၆) နာရီက စက်ဘီးဖြစ် ရန်ကုန်မြို့ မှ စတင်ထွက်ခွါပြီး ကော့မှူးမြို့ သို့ မနက် (၁၁း ၃၀) နာရီမှာ ချောမောစွာ
ရောက်ရှိခဲ့ပါတယ်။

ကော့မှူးမြို့ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပညာရေးကွန်ယက်မှ လူငယ်များနှင့် အမေ့အလင်းရောင် ပညာဒါနကျောင်းမှ ကလေးငယ်များမှ ၀မ်းမြောက်စွာကြိုဆို ခဲ့ကြပါတယ်။ အဖွဲ့ ချုပ်ပညာရေးကွန်ယက်မှ ဖွင့်လှစ် သင်ကြားပေးနေသော အမေ့အလင်းရောင် ပညာဒါန ကျောင်းလေးကိုလည်း သွားရောက် လေ့လာပြီး ကလေးငယ်များ၊ ဆရာဆရာမများနဲ့  ရင်းနှီးစွာ တွေဆုံနှုတ်ဆက် စကားပြောခဲ့ကြပါတယ်။

သူ့ခရီးစဉ်ရဲ့  အဓိကရည်ရွယ်ချက်ကတော့
(၁) အဖွဲ့ ချုပ်ပညာရေး ကွန်ယက်မှ လုပ်ဆောင်နေသည့် ပညာရေးလုပ်ငန်းများကိုလေ့လာရန်။
(၂) ဒလနှင့် ကော့မှူးဒေသရှိ လူနေမူ ဘ၀အခြေအနေကို လေ့လာရန်။
(၃) သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူများလိုက်ပါဆောင်နိုင်စေရန်။ ဟုသိရှိရပါတယ်။

ကော့မှူးမြို့ ဆံတော်ရှင်ဆုတောင်းပြည့်စေတီတော်နှင့် ဘုရားကြီးဆရာတော်တို့ ကိုလည်းသွားရောက်ဖူး
မျော်ခဲ့ပြီး ကော့မှူးဒေသ လူနေမူဘ၀ ၀ါးယက်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း လေ့လာ
သွားခဲ့ပါတယ်။ Mr. Joe Fisher ဟာ မွန်းလွဲ (၃း၃၀) နာရီမှ ကော့မှူးမြို့ အဖွဲ့ချုပ်ဝင်များအား နှုတ်ဆက်ပြီး
ရန်ကုန်သို့ ပြန်လည် ထွက်ခွါသွားခဲ့ပါတယ်။

ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ
သတင်း၊ ဓာတ်ပုံများအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်။။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။