Pages

Thursday, January 26, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပါကစ္စတန်သမ္မတAsif Ali Zardariမှ ဘာနာဇီယာဘူတို ဒီမိုကရေစီဆု ချီးမြှင့်

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့  ဒီကနေ့ ၂၅ရက်နေ့က် ပါကစ္စတန်သမ္မတAsif Ali Zardariမှ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် အနစ်နာခံ တိုက်ပွဲဝင်ခဲ့မှုအား ဂုဏ်ပြုသည့်အနေဖြင့် ဘာနာဇီယာဘူတို ဒီမိုကရေစီဆုအား  ချီးမြှင့်ပေးအပ်ခဲ့ပါတယ်..။
 ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်းရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား  ပါကစ္စတန်သမ္မတAsif Ali Zardariနှင့် သားဖြစ်သူနဲ့ သမီးဖြစ်သူပါ အတူလိုက်ပါ လာရောက်တွေ့ဆုံခဲ့ပါသည်။
 ယနေ့ရရှိတဲ့ ဆုတံဆိပ်ဟာ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့တဲ့ နိုင်ငံတကာဆုများအနက် ဒုတိယမြောက် ကိုယ်တိုင် ရယူလက်ခဲ့တဲ့ ဆုတံဆိပ်ဖြစ်ပါတယ်..။ အဆိုပါ ဆုတံဆိပ်ဟာ ၂၀၀၇ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံရပြီး ကွယ်လွန်သွားခဲ့တဲ့ ပါကစ္စတန် အမျိုးသမီးဝန်ကြီးချုပ် ဘာနာဇီယာဘူတို အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတံဆိပ်ဖြစ်ပြီး ပထမဦးဆုံး ဆုတံဆိပ်ကိုတော့ ၂၀၀၈ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါတယ်..။ ယခုလာရောက် တွေ့ဆုံတဲ့ ပါကစ္စတန်သမ္မတAsif Ali Zardariဟာ ကွယ်လွန်သူ ဝန်ကြီးချုပ် ဘာနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်ပါတယ်။
ဓာတ်ပုံများ Getty Images,AP, Reuters
ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၅ရက်နေ့ကလည်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာခဲ့တဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain Juppeမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ The Legion of Honor ဆုအား နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက် မဆုတ်မနှစ် တိုက်ပွဲဝင်ခဲ့တဲ့ Commander တိုက်ပွဲဝင် သူရဲကောင်းဆုအား ပေးအပ်ခဲ့ပါတယ်။

3 comments:

  1. ကျောက်ဖြူမြို့ခံ တစ်ဦး ဖွင့်ဟ ပြောကြားချက်
    ကျောက်ဖြူက မြေလွတ်နေရာတွေကို ဗိုလ်ချုပ်တွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ နာမည်တွေနဲ့ ဂရမ်မြေ ဖေါက်ဖို့ကြိုးစားနေကြတယ်။ အယင်က အများပြည်သူတွေ လူတွေအနားယူ အပန်းဖြေ လမ်းလျှောက်တဲ့ နေရာတွေ၊ အခုလည်း မြန်မာ့ ဂိုးလ်ဒင်း ဂရောင်းကုမ္ပဏီ ( MGC) ကဗိုလ်ချုပ် တစ်ဦးနာမည်နဲ့ ဖေါ်ထုတ်နေတယ်။ အဲဒီနေရာကို ဗိုလ်ချုပ် တစ်ဦးက နာမည် ဖေါက်ပြီး မြန်မာ့ ဂိုးလ်ဒင်းဂရောင်းကုမ္ပဏီက မြေကွက် ဖေါ်ထုတ်နေတယ်။ ရမ်းဗြဲကျွန်း တကျွန်းလုံးမှာ နာမည် လိုက်ဖေါက်နေတယ်။ ။ မြို့ပြင် မှာရှိတဲ့ နေရာတွေကို ဗိုလ်ချုပ်တွေ အားလုံး ဖေါက်ထားပြီ။
် ရခိုင်တိုင်းမှူး၊ ပြည်ထဲရေး ၀န်ကြီးလည်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် မောင်ဦး ။ သူမိန်းမ ဒေါ် ညွန့်ညွန့်ဦး နာမည်နဲ့ ကျောက်ဖြူနဲ့ ငါးမိုင် ပတ်ဝန်းကျင်မှာ ရှိတဲ့ ဂုံးချိန်ရွာနားမှာရှိတဲ့ သမ၀ါယမပိုင် အုန်းခင်းတခင်းကို ကျပ် ၂၅ သိန်းနဲ့ အယူ ပြပြီးတော့ ဒေ၀ူး ကိုရီးယားကုမ္ပကို သိန်း ၄၅၀ နဲ့ မနှစ်က ရောင်းပစ်တယ်။ အဲဒါမျိုးတွေ ရှိပါတယ်။ သိန်း ၄၅၀ ဆိုတာက ကျပ်ပါ။ ဒေါ်လာ မဟုတ်ပါဘူး။ မနှစ်က အဲဒီငွေကို သူတို့ မိသားစု လာယူတယ်။ ကျောက်ဖြူ ရဲရိပ်သာမှာတည်းပြီး ငွေကို လက်ခံယူသွားတယ်။

    ရခိုင်တိုင်းမှူးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ဝင်းမြင့်တို့ ဒုတိုင်းမှူး ဖြစ်သွားတဲ့ သီဟ သူရ မောင်နီတို့လည်း ကျောက်ဖြူက နေရာကောင်းတွေ ဖြစ်တဲ့ မင်းပြင်ရွာမှာ လယ်တွေနဲ့ ဥယျာဉ်ခြံမြေတွေကို သိမ်းပြီး သူတို့ မိန်းမတွေ နာမည်နဲ့ လန ၃၉ ဖေါက်ထားတယ်။ ကျောက်ဖြူမြို့နယ်မှာ လန ၃၉ မဖေါက်ဘဲ ထားတဲ့ အများပြည်သူပိုင် မြေလွှတ်တွေ အများကြီးရှိခဲ့တယ်။ ဒါတွေကို သူတို့ နာမည် ဖေါက်နေကြတာပေါ့ဗျာ။
    မြေဂရမ်နာမည်ခံပြီး လုပ်နေတဲ့ နေရာမှာ ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှမင်းလည်း ပါတယ်။ အဲအခု လေယာဉ်ကွင်းနားမှာ မြေကွက်ဖေါ်နေတာက ဗိုလ်ချုပ်ကြီး လှမင်း ဖြစ်တယ်။ သူက မြန်မာဂိုးလ်ဒင်း ဂရောင်းကုမ္ပဏီကို စပွန်ဆာ ပေးပြီးတော့ လုပ်ကိုင်နေတာ ဖြစ်တယ်။ မြေကွက် ဖေါ်ထုတ်ပီးရင် နောက်ဆို ဗိုလ်ချုပ်ကြီး လှမင်းဆီက ၀ယ်ဖို့ ဖြစ်တယ်။ အဲသလို နာမည်ခံတဲ့ အတွက် ဗိုလ်ချုပ်ကြီး လှမင်းက ဘာမှ အိတ်က စိုက်စရာ မရှိဘဲ သိန်း လေးငါးရာ ရသွားမယ်။ ကုမ္ပဏီ ကလည်း ဗိုလ်ချုပ်ကြီးဆီက ၀ယ်ထားတာ ဆိုတော့ ဘယ်သူမှလည်း မပြောရဲတော့ဘူး။ စစ်လည်း မစစ်ဆေးရဲတော့ဘူး။ အဲဒီသဘောပါ။ ။ အဲဒီလို ကျောက်ဖြူမြို့မှာ အထက်က ဆင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေက မြေကွက်တွေကို လူတွေပိုင်ဆိုင်မှု မရှိသေးရင်၊ လန ၃၉ မပေါက် သေးရင် အဲဒီ မြေကွက်တွေကို နာမည်ခံပြီးတော့ ပြန်လို့ရောင်းစားတဲ့ အကျင့်တွေ ဖြစ်နေပါတယ်။ တကွက် ရောင်းစားရင် သိန်း ၄၀၀ နဲ့ ၅၀၀ လောက်ရပါတယ်။

    ရမ်းဗြဲကျွန်း တကျွန်းလုံးမှာ ကောင်းဖို့နေရာတွေ၊ သူများနိုင်ငံက ၀ယ်ဖို့ကောင်းတဲ့နေရာတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ကြိုက်ဖို့နေရာတွေကို သူတို့က အင်တာနက် ဂိုးဂဲလ်က ကြည့်ပြီး ယူနေတာ ဖြစ်တယ်။ အဲဒီနေရာတွေကို ချက်ချင်း လန ၃၉ ဖေါက်ပစ်ပြီးတော့ အဆင့်ဆင့် ရောင်းစား နေကြတယ်။ ပထမတော့ ဗိုလ်ချုပ်ကြီးတွေ နာမည်ယူပြီးတော့ ရောင်းစားတယ်။ ကျောက်ဖြူမှာ ပင်လယ်ကမ်းခြေတွေဟာ ဒေသခံ ပြည်သူတွေ လက်ထဲမှာ တခုလည်း မရှိပြီ။ နေရာကောင်းတွေဖြစ်တဲ့ ဂေါက်ကွင်းနား၊ လေယာဉ်ကွင်းနားနဲ့ ပင်လယ်ကမ်းခြေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို သူတို့ ဗိုလ်ချုပ်တွေ နာမည်ခံထား ကြပြီးပြီ။ ရမ်းဗြဲ၊ ဇင်ချောင်း၊ ကျောက်ဖြူ၊ မင်းပြင် အဲဒီ နေရာတွေလည်း ပင်လယ် ကမ်းခြေတွေပါ။ အဲဒီနေရာတွေလည်း အားလုံး ဗိုလ်ချုပ်တွေ နာမည်နဲ့ နာမည် ဖေါက်ထားတယ်လို့ သိရတယ်။ အဲဒီနေရာတွေဟာ ကျောက်ဖြူနဲ့ ၁၀ မိုင် ၁၅ မိုင်၊ မိုင် ၂၀၊ ၂၅ မိုင်ကွာတဲ့နေရာတွေဟာ အားလုံးပင်လယ်ကမ်းခြေတွေ ဖြစ်ပါတယ်။ အဲဒါတွေဟာ အယင်က ရွာသူရွာသားတွေ ပိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ရွာသူ ရွာသားတွေမှာ တရားဝင် ပိုင်ဆိုင်မှုကို မြေစာရင်းဌာနမှာ လပ ၃၉ လုပ်လို့မရှိကြဘူ။ အဲဒီလို ရွာသားတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ ဘုံမြေတွေကို သူတို့နာမည်တွေ ဖေါက်နေကြပါတယ်။ အခုလို နာမည်ဖေါက်ပြီး ရောင်းစား နေကြတော့ မြေကွက်ဈေးတွေလည်း တက်လာပါတယ်။ မြို့ထဲမှာ အယင်တုန်းက သိန်းတစ်ရာ တန်တဲ့ နေရာတွေဟာ အခု သိန်း ၅၀၀၊ ၆၀၀ အထိ ဖြစ်လာပါတယ်။ ဒေသခံ တချို့ကလည်း ပိုက်ဆံလိုတော့ ရောင်းကြတာပါဘဲ။ ၀ယ်တဲ့ အထဲမှာလည်း မိုးကုတ်ကဆင်းလာတဲ့ တရုတ်သူဌေးတွေလည်း ပါတယ်ဗျာ။

    (ပြီး)
    တနိုင်ငံလုံးမှာ ဒီလိုပဲလုပ်ခဲ့ကြ ။ လုပ်နေကြတာပါ

    ReplyDelete
  2. (
    ခေါင်းစဉ်ကို click လုပ်ပြီး ဖတ်ပါ။)

    "တွေ့ဆုံ ဆွေးနွေးရေးက လာတဲ့ အသီးအပွင့်တွေ" ဆိုတဲ့ ပို့စ် ခေါင်းစဉ်ရဲ့ အောက် ကပ်ရက် စာကြောင်းက အပြာရောင် စာသား အဖြစ် ပေါ်နေတဲ့ "Comments" ကို click လုပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။


    ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် သတင်းစာ အင်တာဗျူး
    (ပထမပိုင်း + ဒုတိယပိုင်း အပြည့်အစုံ)

    (1) အင်တာဗျူး ပထမပိုင်း ရဲ့ ခေါင်းစဉ် က -
    "နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော် ကြိုးစားပမ်းစား လုပ်ရမယ် (၁) မှ (၄)" ဖြစ်ပါတယ်။

    (2) အင်တာဗျူး ဒုတိယပိုင်း ရဲ့ ခေါင်းစဉ် က -
    "လက်ရှိ ဖွဲ့စည်းပုံကို လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဖို့ ကျမတို့ NLD ပါတီက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ (၁) မှ (၆)" ဖြစ်ပါတယ်။

    ReplyDelete
  3. A Very Gracious and Glorious Figure in International Democratization!

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။