Pages

Tuesday, January 3, 2012

လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေးအကျဉ်းသမားများ မလွတ်သေး...

ရုပ်သံ (BURMA VJ MEDIA) အရှင်ထာဝရဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်..။

လွတ်ငြိမ်းချမ်းသာခွင့် ပေးသော်လည်း နိုင်ငံရေးအကျဉ်းသမားများ မလွတ်သေး

(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမ္မတဦးသိန်းစိန်၏ အမိန်ကြေငြာစာ အမှတ်၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် တစ်ကျွန်း (နှစ်အကန့်အသက်မရှိ) သို့လည်းကောင်း၊ ထောင်ဒဏ်နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ်၃၀သို့ လည်းကောင်း၊ ထောင်ဒဏ်နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများဖြစ်သော MRTV ၊ MRTV- 4 တို့တွင်ယနေ့ ညနေ ၄နာရီ ၂၀မိနစ်က ထုတ်လွှင့် ကြေငြာသွားသည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ထုတ်ပြန်လိုက်သည့် အတွက် နိုင်ငံရေး အကျဉ်းသမားများ လုံးဝလွတ်မြောက်ဖွယ် မရှိနိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုများထံမှ သိရသည်။
ပေးပို့သူ.. ဇော်တူး

၁၂လက်မ တပေ၊ ၃ပေ ၁ကိုက် ကြံ့ဖွတ် အစိုးရလို့ မှတ်ချက်ပြုပါရစေ..။ ၁၂လက်မကို ၁ပေသို့ပြောင်း၊ ၃ပေကို ၁ကိုက်သို့ ပြောင်းဆိုပြီး အမိန့်ထုတ်လေသလားပဲ။ ပြည်သူတွေရဲ့ မျှော်လင့်ချက်လေးတွေကို မျက်ကွယ်ပြုလေသလား၊ ကိုယ်ချင်းစာစိတ် ကင်းမဲ့သလား၊ ဘာလားဆိုတာတော့ မကြာခင် အဖြေပေါ်မှာပါ..။ ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာစမြဲပါ..။

3 comments:

  1. မြင့်သန်းJanuary 3, 2012 at 3:53 PM

    ဆရာနေ၀င်းမောင် တယောက် နိင်ငံရေး အကျဉ်းသား အပါအ၀င် အခြားအကြောင်းအရာ အတော်များများကို သိရှိလိုက်ရပြီးချိန်မှာ ငါတော့အသုံးချခံရပီ ငါပါဝိုင်းလိမ်သလိုဖြစ်ပီ ရယ်လို. စိတ်မကောင်ုကီးစွာဖြစ်ပြီး ကွယ်လွန်သွားရပါတယ်။
    space ကျဉ်းကျဉ်းလေးကနေ ရအောင်ရွေ.ယူမယ်၊ အခုတော့ တကယ်ရွေ.နေူပီ ရယ်လို. ယုံကည်ူပီးကာမှ .... အားလုံးအလိမ်မှန်း သိလို. အသက်ပါ ပေးလိုက်တာလား ဆရာရယ်
    ချဉ်းကပ်ပုံ ကွဲပေမယ့် ကောင်းစေချင် ပြောင်းစေချင်တာ ဆရာ့စိတ်ရင်း ဆိုတာသိပါတယ် ... ဆရာတယောက် ကောင်းရာမွန်ရာ ရောက်မှာပါ

    ReplyDelete
  2. စစ်တပ်ကသေနပ်၇ှိမှကြောက်တာ။အပ်တိုတစ်ချောင်းတောင်မ၇ှိတဲ့ပြည်သူတွေကိုလူလို့တောင်မထင်ဘူး။မြို့လယ်ခေါင်မှာမောင်းပြန်သေနပ်တွေနဲ့ပြစ်သက်တာသာကြည့်။ပြည်သူတွေမှာသာလက်နက်၇ှိ၇င်ဘာမှတောင်းဆိုစ၇ာမလိုဘူး။အောင်သောင်းတို့ပန်ဆိုင်းကိုလက်အုပ်ချီပြီးသွား၇သလို NLD
    ၇ုးံခန်းကိုဗိုလ်၇ှပ်တွေလာလွန်းလို့ဗွက်တောင်ပေါက်အုးံမယ်။

    ReplyDelete
  3. ဒီစစ်ဗိုလ်တွေ.ဘယ်တုံးက
    တည်တည်တံ့တံ့စကားပြောဘူးလို့လဲ.
    လိမ်စားညာစားလုပ်စာနေတာ.အံတိုနေပီ.
    လွတ်ပေးပါလိမ့်မယ်.ကမ္ဘာလဆန်းတစ်ရက်တနေ့ကျရင်.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။