Pages

Sunday, January 29, 2012

(၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်၏ အိမ်အပြန်ခရီးအား နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များမှ ကြိုဆိုပို့ဆောင် ပေးခဲ့ပါတယ်...

၂၀၀၆ခုနှစ်   လောင်စာဆီဈေးနှုန်း ကျဆင်းရေးလှုပ်ရှားမှုနဲ့ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကြီးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး တိမ်းရှောင် လှုပ်ရှားခဲ့တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်အား လုပ်ဖော်ကိုင်ဘက် ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များနဲ့ မျိုးဆက်သစ် ဗကသ ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အဖွဲ့ဝင်များမှ ယနေ့ နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်..။
၂၀၀၆ခုနှစ် သြဂုတ်လကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေကြားက ထွက်ပြေး တိမ်းရှောင်နေခဲ့ရပြီး (၈၈)မျိုးဆက် ကျောင်းသားများ ကိုယ်စား မီဒီယာမှာ မကြာခဏ ပေါ်ထွက်လာလေ့ရှိတဲ့ ကိုထွန်းမြင့်အောင်ဟာ ၆နှစ်ကြာ ခွဲခွါခဲ့ရတဲ့ မိဘနှစ်ပါးနဲ့ ယနေ့ ပြန်လည် တွေ့ဆုံခဲ့ရပါတယ်..။
သတင်း.. ဓာတ်ပုံ၊ ဒီမိုဝေယံ၊ ခမိခဆဲ

2 comments:

  1. ခင်ညွန့်.မင်းအဲ့ဒီခံစားချက်တွေသိပါသလား..

    ReplyDelete
  2. အောင်မြင့်January 30, 2012 at 1:57 AM

    အရမ်းဝမ်းသာပါတယ်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။