Pages

Wednesday, January 18, 2012

၁၈ရက်နေ့ ညနေ(၅)နာရီမှာ ရွှေညဝါဆရာတော်ကြီးအား ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ သွားရောက် ဖူးမျှော်တွေ့ဆုံမည်...

ဘန်ကောက်မှ ပြန်လည်ကြွရောက်လာသော ရွှေညဝါဆရာတော်နှင့် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် သာဓုပရိယတ္တိ စာသင်တိုက် (ရန်ကုန် ဗုဒ္ဓတက္ကသိုလ်) အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား ယနေ့ညနေ(၅)နာရီ၌ ပြီးခဲ့တဲ့ သောကြာနေ့က ပြန်လည် အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ သွားရောက် တွေ့ဆုံဖူးမျှော် ဂါရဝပြုကြမည် ဖြစ်ကြောင်း သိရှိရပါသည်..။

လာမည့် ၁၉ရက်နေ့ ကြာသာပတေးနေ့မှာတော့ တိုင်းသံဃမဟာနာယကမှ ရွှေညဝါဆရာတော်ကြီးအား ရွှေတိဂုံ အရှေ့ဘက်မုခ် ဗဟန်းကြားတောရလမ်းရှိ ရန်ကုန်တိုင်း သံဃမဟာနာယကရုံးသို့ ခြိမ်းခြောက်စာ ဆန်ဆန် ဖိတ်ခေါ်ထားပြီး အဆိုပါနေ့မှာ ရွှေညဝါဆရာတော်အား အမိန့်ချမှတ်မည်ဟု အများက ခန့်မှန်းပြောဆိုနေကြသည်..။

သတင်း.. ဒီမိုဝေယံ
အဆိုပါနေ့၌ အမှန်တရားအတွက် အောက်ပါ တိုက်တွန်း နှိုးဆော်ချက်ကိုလည်း လက်ခံရရှိထားပါတယ်..
ဗုဒ္ဓသာသနာတော်အတွက် ရွှေည၀ါဆရာတော်ကို ကူညီကြ

လွတ်လပ်ခွင့်ကို လိုလားသူများ၊ နိုင်ငံရေးနိုးကြား တက်ကြွသူများနှင့် ဗုဒ္ဓဘာသာဝင်များခင်ဗျာ ရွှေည၀ါဆရာတော်ကို အရေးယူရန် အမိန့်ချမှတ်မည့် (၁၉-၁-၂၀၁၂) ကြာသာပတေးနေ့ မွန်းလွဲ ၁ နာရီတွင်း ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်းသံဃာ့နာယက ရုံးရှေ့သို့ လာရောက်ကြ၍ ဆရာတော်ဖက်မှ ထောက်ခံ အားပေးကြပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။ ဆရာတော် ဦးပညာသီဟအား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရေစက်ချ သြ၀ါဒဟောကြား သည်ကို ပုံကြီးချဲ၍ သာဓုကျောင်းတိုက်မှဖယ်ရှားရန် သံဃာ့မဟာနာယကအဖွဲ့မှ စီစဉ်နေခြင်းဖြစ်ပါသည်။ ဆရာတော်၏ အမှန်တရားလုပ်ရပ်အတွက် ကူညီကြပါခင်ဗျာ၊

ကျေးဇူးတင်စွာဖြင့်
ကြယ်နီ
ပြီးခဲ့တဲ့ သောကြာနေ့က အသနားခံစာအား ပယ်ချစာ..

7 comments:

  1. မတရားတာကိုလက်ပိုက်ကြည့်မနေကြနဲ့ဟေ့
    မနက်ဖြန်ညနေ ကျောင်းသားခေါင်ဆောင်တွေနဲ့အတူ ငါတို့လဲလာမယ်
    ဆရာတော်ကြီးကိုဝန်းရံကြစို့
    ဒီလိုမတရားမှုကိုလုံးဝလက်မခံဘူး။

    ReplyDelete
  2. ထေရ၀ါဒ သာသနာကို တိုက်ဖျက်နေတဲ့ လုပ်ရပ်အား တို့တတွေအားလုံး ရွှေညဝါ ဆရာတော်ဘုရားဘက်မှ ဝိုင်းဝန်း ကူညီဋ္ဌကပါစို့။

    ReplyDelete
  3. အခုလိုအချိန်အခါ အခုလိုခေတ်ကြီးထဲမှာ ပိတ်ဆို့တာ တားဆီးတာ ဆိုတဲ့အရာတွေ မရှိသင့်တော့ပါဘူး ဆရာတော်ကြီးကလည်း သူတတ်စွမ်းသလောက်နဲ့ နိုင်ငံတွက်၊ အများအတွက်၊ မတရားမှုတွေအတွက် စတဲ့အရာတွေကို သူ့ရင်ထဲက ခံစားချက်အတိုင်း ပြောဟောတာပဲလေ ဒါကို အပြစ်ယူရင်တော့ မှားတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒီလိုပြောရတာလည်း ကျွန်တော့်ရဲ့ဥာဏ်မှီသလောက်ပြောတာပါ။ ကျွန်တော့်ရင်ထဲမှာ နားလည်မိတာတော့ ဘုရားသားတော်ဖြစ်ပေမဲ့လည်း၊ ၀ိနည်းတွေနဲ့ သွေဖီနေပေမဲ့လည်း နိုင်ငံအတွက် တိုင်းပြည်အတွက် ပြည်သူလူထုအတွက် တကယ့်ရေးရင်ဆိုင်ကြရပြီဆိုရင် ဘုရားသားတော်တင်မဟုတ်ပါဘူး (ကန်တော့နော်အရှင်ဘုရား)၊ သူတောင်းစားတွေတောင် မခံစားနိုင်ကြဘူးဆိုတာ ဆိုင်ရာ လူတွေ၊ ဆရာတော်ကြီးတွေ သိစေချင်ပါတယ်ဗျာ။

    ReplyDelete
  4. Be careful. I think there is cruel underlying why they do such an action exactly at the time of political prisoner's release. Please consider thoroughly, calmly and seriously.

    ReplyDelete
  5. စဉ်းစား ချင့်ချိန်ပြီး ပြောကြ ဆိုကြ လုပ်ကြ ကိုင်ကြ...။

    ReplyDelete
  6. မဟန ဆိုတာနေဝင်းဖန်တီးထားခဲ့တဲ့..အာဏာရှင်
    ဘုန်းကြီးအဖွဲ့အစည်းတစ်ခုပဲ.တိုင်းသူပြည်သားများအတွက်
    ဘာတစ်ခုမှ.အားကိုးအားထားစရာမရှိ.အာဏာရှင်တွေကိုသာ
    အထောက်အပံ့ပေး..အာဏာရှင်တွေပေးတာယူ.စီးဇိမ်ယစ်မူးနေသော
    ဘုန်ကြီးများသာဖြစ်တယ်..အာဏာရှင်တွေ.လူသတ်.ဘုန်းကြီးသတ်
    သာသနာစော်ကားနေတုံးက.ဘာတစ်ခုမှဝင်ပြောတာမတွေ့ရ..
    အာဏာရှင်သန်းရွှေအလိုကျ.တေမိ.ဝဇီပိတ်ကျင့်နေကြတဲ့..
    ဘုန်းကြီးတွေပဲ..
    အမြန်ဆုံးဖျက်ပြစ်လိုက်တာအကောင်းဆုံးပဲ.

    ReplyDelete
  7. သာဓုကျောင်းတိုက်ကို မဟနပိုင်ကျောင်းလို့ပြောရအောက်လောင် ဘယ်သူပေးထားလို့လဲ သာသနာမှာလဲ
    လူဆိုး သူခိုးတွေနဲပါလား။။။ ဘာပဲပြောပြော ရွှေညဝါဆရာတော်ကိုတော့ အများထက်လေးစား
    ကြည်ညိုမိပါတယ်။ ပညာတတ်ပါတယ်ဆိုတဲ့ ဘုန်းကြီးတွေ မဟနဆိုတဲ့ပုဂ္ဂိုလ်တွေက အများအတွက်
    ဘာမှမပြောရဲ မဆိုရဲတဲ့အချိန်မှာ ရွှေညဝါဆရာတော် ထုတ်ပြောလိုက်တာဟာ တကယ့်မြန်မာ့ရဟန်းတော်
    ပီသလွန်းပါတယ်.. ထောက်ခံအားပေးနေမှာပါဆရာတော်ဘုရား.....
    မောင်အောင်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။