Pages

Wednesday, January 18, 2012

ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ ၁)

ရွှေညဝါဆရာတော်..၊ ကိုမင်းကိုနိုင်၊ မနီလာသိန်း၊ မမာမာဦး
မနီလာသိန်း

 အမှန်တရားအတွက် ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လာပြီ...
ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များရဲ့ ပုံရိပ်တွေပါ...။ အမှန်တရားအတွက် ပြတ်ပြတ်သားသား ရပ်တည်ကြမယ့် ကျွန်တော်တို့ရဲ့ နောင်တော်များပါ။

ယနေ့ရောက်ရှိလာတဲ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ.. 
ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မမီးမီး၊ မနီလာသိန်း၊ မမာမာဦး၊ ကိုစိုးထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဇော်ရဲဝင်း၊ ကိုခင်မောင်ကြည်၊ ကိုဆန်နီ၊ ကိုတွက်ကီ(အမေရိကား)၊ ဇော်ထက်ကိုကို၊ ကိုကြီးသန်း၊ ကိုမင်းသူရိန်၊ ကိုအောင်သူ၊ ကိုဇေယျ၊ ကိုဇော်ဇော်မင်း၊ မဌေးဌေးဝင်း၊ မစန်းစန်းမော်။

ဓာတ်ပုံ ဒီမိုဝေယံ.. ဆက်လက်ဖော်ပြပေးပါမယ်....။

3 comments:

  1. ဘာမှမပြောပလောက်တဲ့ပြသနာလေးကို
    ပုံကြီးချဲ့နေတာဟာ.
    ကလိန်ကကျစ်..အစိုးရကကျားကွက်တစ်ကွက်ထွင်လိုက်တာဖြစ်လိမ့်မယ်
    ဘာသာရေးနဲ့ တစ်ဖက်လည့်.မကျေနပ်မူ့တွေဖန်တီးပီး.လူထုကိုဆွပေးနေတာပါ.
    ၈၈ကျောင်းသားများ.သတိနဲ့ဆောင်ရွက်ကြပါ..

    ReplyDelete
  2. မြန်မာရဲ့သဘာဝလို့ဆိုမလား “တူ တူရေ” ..လို့များဆိုလိုက်ရင်..နောက်က “ ၀ါး ”လို့သံပြိုင်လိုက် တတ်ကြတယ်၊ စီးနဲ့ဝါးနဲ့လိုက်တာကောင်းပါတယ်၊ ဒါပေမယ့် အခြေနေမှန်မသိတဲ့ဖြစ်ရပ်တွေကို စီးချက်ဝါးချက်မသိတဲ့ အနေအထားမျိုးနဲ့တော့ လုပ်ဆောင်တာ လိုက်လျှောတာ မကောင်းပါဘူး။
    အကြံပေးပါရစေ... အကောင်းဆုံးဆောင်ရွက် အသေအချာစိစစ်ပါ...

    အားလုံးပျော်ရွှင် လွတ်လပ်နိုင်ကြပါစေ....

    ReplyDelete
  3. ရွှေကျောင်းပျော်January 19, 2012 at 2:23 PM

    အာဏာရှင်စနစ်ဟောင်းကို ဖက်တွယ်နေသူတွေက သူတို့ရနေတဲ့ အခွင့်ထူးတွေကို လက်မလွှတ်ချင်ဘူး။ဒီမိုကရေစီအရွေ့မှာ ဘာသာရေးခေါင်းဆောင်ချင်း အိုးမဲသုတ်ပြီး တိုက်ပေးတဲ့နည်းဗျူတာကို ချပြီး လုပ်နေတယ်ထင်တယ်။ မကောင်းဆိုးဝါး ကိုသန်းရွှေ မသေသေးဘူးဆိုတာလဲ သတိရှိကြပါ။ ရွှေည၀ါကို ဒီကျောင်းမှ မထားချင်တာလဲ အသေချာပါ။အချက်အချာကျတဲ့ ဒီကျောင်းကို မဟနတွေ မျက်စိကျနေတာလဲ တွင်း ၂ တင်ဦး မသေမီထဲကပါ။ အဲဒီအချိန်က သိမ်းဘို့ ကြိုးစားဘူးပါတယ်။ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။