Pages

Saturday, January 7, 2012

နိုင်ငံရေးအကျဉ်းသားများ အရေးတကြီးလွတ်ဖို့ လိုအပ်နေပါပြီ။ အစိုးရ၏ သံသယနှင့် စိုးရိမ်မှုများကို ပြေလည်စေရန် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ကောင်းမွန် သင့်လျော်သော နည်းလမ်းများရှာမည်....

ဓမ္မဘေရီဆရာတော် "မကျေနပ်တာတွေကို လျော့ပြီးတော့ ကျေနပ်စရာတွေကို စဉ်းစားပြီး ယူရမယ်၊ အဲဒါကိုတောင်းပြီးယူမလား၊ လုပ်ပြီးယူမလား"၊ "အိုမင်းမစွမ်းကြီးတွေမို့လို့ ထောင်ထဲက လွှတ်လိုက်တာ၊ တကယ်လုပ်နိုင်တဲ့ လူတွေကျတော့ တယောက်မှ မလွှတ်ဘူး"
ဆရာကြီး ဒဂုန်တာရာ   "1990 ခုနှစ်က ရွေးကောက်ပွဲ ကိစ္စကိုသူတို့ အသိအမှတ်မပြုလို့ မရဘူးကွ"
သခင်ချန်ထွန်း "ဥပဒေချိုးဖောက်ထားတဲ့ သူတွေနဲ့ တတန်းထဲထားပြီး သတ်မှတ်ထားတာဟာ မဖြစ်သင့်ဘူး"ဓားပြတိုက်လို့ ခိုးလို့ အဖမ်းခံရတာ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်လို့ အဖမ်းခံရတာ"
ဦးလှရွှေ "နိုင်ငံရေးအကျဉ်းသားက out of order/ out of law ပေါ့ကွာ၊ သူတို့လုပ်ချင်သလိုလုပ်နေတာ"
နိုင်ငံရေး အကျဉ်းသားများ အရေးတကြီးလွတ်ဖို့ လိုအပ်နေပါပြီ။ အစိုးရ၏ သံသယနှင့် စိုးရိမ်မှုများကို ပြေလည်စေရန် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ကောင်းမွန်သင့်လျော်သော နည်းလမ်းများရှာမည်...

နိုင်ငံရေး အကျဉ်းသားဟောင်းများက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် သင့်လျော်ကောင်းမွန်သောနည်းလမ်း များကိုရှာရန်အတွက် ရန်ကုန်မြို့တွင်ရှိသော ဓမ္မဘေရီဆရာတော်၊ ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်ကြသော သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဆရာကြီးဒဂုန်တာရာ၊ ဗကသ ဥက္ကဌ ဦးလှရွှေ တို့ထံသို့ ယနေ့( ၆-၁-၂၀၁၂) နေ့တွင်သွားရောက် တွေ့ဆုံကာ အကြံဥာဏ်များ တောင်းခံခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ခဲ့သော (၁/၂၀၁၂) လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအား ကြိုဆိုချင်ပါသော်လည်း ထိုအမိန့် ကြေညာချက်ကို ကြားသိရပြီးသောအခါ ကြိုဆိုရန် ခက်ခဲပြီး လွန်စွာပင် စိတ်ပျက်ရပါသည်။

အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားခြင်း ခံနေရသော ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့သည် အမိမြန်မာပြည် ကောင်းကျိုးကို အုတ်တချပ်သဲတပွင့် ပါဝင်ဆောင်ရွက်ရန် လိုလားကြသော သူများဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိအောင် ထင်ရှားပါသည်။ ထိုသို့ ဆောင်ရွက်လိုသော ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးတို့အား အကျဉ်းထောင်တွင်း မလွှတ် ပေးနိုင်လောက်အောင် နိုင်ငံတော်အစိုးရ၏ အစိုးရိမ်ကြီးမှု၊ သံသယကြီးမားနေမှုများကို ပြေလည်အောင် ဖြေရှင်းနိုင်သော နည်းလမ်းများကို ဆရာတော်နှင့်တကွ ၀ါရင့်နိုင်ငံရေးသမားကြီးများ တို့ထံသို့ သွားရောက် ဆွေးနွေး အဖြေရှာခဲ့ကြပါသည်။

ဒီမိုကရေစီအစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရတစ်ဖွဲ့အဖြစ် သက်သေပြနိုင်ရန် အကောင်းဆုံးသော နည်းလမ်းမှာ နိုင်ငံတော်မှ အစိုးရအဆက်ဆက် ဖမ်းဆီးထားသော ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးတို့ကို အမြန်ဆုံးလွှတ်ပေးသော နည်းလမ်းဖြင့် သက်သေပြရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု နိုင်ငံရေး  အကျဉ်းသားဟောင်းများ အားလုံးမှ ယုံကြည်ပါသည်။ 
(Red Star Burmaအား ကျေးဇူးတင်ပါသည်)

5 comments:

  1. လွှတ်ဖူး ~~~~လွှတ်ဖူးလို့ဆိုနေမှဘဲ"""""

    ReplyDelete
  2. လွှတ် ဆို လွှတ် နော် ဒါပဲ

    ReplyDelete
  3. တခုအကြံ ရလို့ ပါ ။ ကျောင်းသားခေါင်းဆောင်တွေ ကို ချမှတ်ထားတဲ့ ပြစ်မှု နင့် တထေရာထည်း ကို လက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ နိုင်ငံရေးခေါင်းဆောင်များမှ ပုံစံတူ ပြုလုပ်ပြီး ဗွီဒီယိုမှတ်တမ်းရိုက်ပြီး...ဟောဒီမှာ ကျနော်တို့ကိုလဲ သူတို့ လိုပဲ တပုံစံထ ( အီးမှု )ဲကျူးလွန်ထားပါပြီဗျာ..ကျနော်တို့ ကိုလဲ သူတို့ လို တပြေးညီထဲ..အပြစ်ဒါဏ်ချမှတ်ပေးပါရန် တရားရုံး ရဲစခမ်းတွေမှာ တပြိုင်ထဲလျှောက်ထားလိုက်ကြပါ ။

    ဘာမထီ



    ကျောင်းသားတွေကိုချ မှတ်ထားတာက ( အီးမှု ) ပါ ။

    ReplyDelete
  4. အခုပြသနာမှာ...နစ်ဘက်ညှီနိုင်းဖို့ လိုနေပါတယ် ။ ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ခေါင်းဆောင်တွေအနေနင့် ယခုအစိုးရသွားနေတဲ့ ပုံသဏ္ဍန် ကို လက်ခံပြီး ယခုအစိုးရသက်တမ်းမှာ( ၄-နစ်ပေါ့ ) နိုင်ငံရေးအရ ဆူပူအောင်မလှုံ့ ဆော်ဘဲ စိတ်ရှည်ရှည်နေပေးနိုင်မလားကိုလည်း မေးမြန်းပြီး သူတို့ သဘောထားကို ရယူဖို့ လိုပါသေးတယ် ။

    နောက်ဆုံးဗျာ ပူးပေါင်းပြီး အပြုသဘောကူညီနိုင်တာတွေ ကူညီဖို့ အထိ စဉ်းစားစေချင်ပါတယ် ။ အစိုးရကို ကူညီတာတောင် ကောင်းမလာ တိုးတက်မလာရင် အဲဒီကျတော့မှ တစ်မျိုးထပ်စဉ်းစားကြရတာပေါ့ဗျာ ။

    ကျောင်းသားခေါင်းတွေကလက်ခံတယ် ဆိုရင် အပြင်ကလူတွေကလဲ အာမခံချက်ပေးပြီး အစိုးရကိုတင်ပြသင့်ပါတယ် ။

    ဒီလိုအားလုံးက ၀န်ခံ ကတိပေးလာပြီ အာမခံချက်ပေးလာတာကိုမှ အစိုးရက မယုံရင် ကျုပ်တို့ ကလဲ အစိုးရကို ဆက်ယုံကြည်နေတာ ကိုပြန်လည်သုံးသပ်ရပါတော့မယ် ။

    ဘာမထီ

    ReplyDelete
  5. နိုင် ငံရေးလုပ် တယ် ဆိုတာ ကိုယ်ကြိုးမ ကြည့်ပဲ လုပ်တဲလူကိုပဲအသိအမှက်ပြုရမှာပေါ်ပင် လုပ်ပြီးတော့ နိုင် ငံရေးလုပ်တာပါ နိုင် ငံရေးသမားလိုမခေါ်ဘူး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။