Pages

Sunday, January 22, 2012

သမ္မတကြီးဦးသိန်းစိန်ထံ ရွှေညဝါဆရာတော်ကြီး၏ ဝန်ခံကတိလက်မှတ်အတွက် ပြန်လည်ပြင်ဆင်ပေးရန် တောင်းပန်စာလွှာအား သဘောတူထောက်ခံခြင်း လက်မှတ်လွှာ ရေးထိုးပေးပါရန်...

လျှောက်လွှာ ဖိုင်ဆိုဒ်ကြီး ဒေါင်းလုပ်ရယူရန်... http://www.mediafire.com/i/?rezl48si8d84z0m
သမ္မတကြီးဦးသိန်းစိန်ထံ ရွှေညဝါဆရာတော်ဘုရား၏ ဝန်ခံကတိလက်မှတ်အတွက် ပြန်လည်ပြင်ဆင်မှု ပေးရန် တောင်းပန်စာလွှာအား သဘောတူ လက်မှတ်များ ရေးထိုး ကောက်ခံပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်...။
ရွှေညဝါဆရာတော်ကြီး၏ မှတ်သားဖွယ် အဆိုအမိန့်များ....


3 comments:

  1. ဘာမှပြဿနာမဖြစ်ချင်လို့ ငြိမ်းချမ်းစွာထွတ်မယ်လေးဘာလေးနဲ့ တကယ်ထွတ်ရတော့မည့်အခါကျ ဟိုအသနားခံစာတင် ဒီအသနားခံစာတင် လုပ်နေတာက ကိုယ့်အရည်အချင်းကို မယုံသလိုဖြစ်နေတယ်၊ ကိုယ့်သာသနာအလုပ် ကိုယ်လုပ်နေတာမှန်ရင် အဲဒီလောက်ထိ လူညံ့တွေလုပ်သလို ရှက်ဖွယ်အလုပ်တွေ လိုက်လုပ်စရာမလိုပါဘူး၊ ရွှေည၀ါက နိုင်/ကျဉ်းတွေ၊ ရွှေဝါရောင်တွေ၊ မီဒီယာတွေ နေရာပြောင်းသွားရင် လိုက်မလာကြမှာများကြောက်နေတာလား အင်တာမဗျူးရတော့ လူတွေကို ကိုယ့်ခံစားချက်တွေ ပေါက်ကွဲပြမရတော့မှာ စိုးနေတာလား၊ သူများကျောင်းနေတာပဲ ကျေကျေနပ်နပ်ထွတ်ပေးလိုက်စမ်းပါ၊ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး၊ ရွှေည၀ါတပါးတည်းနဲ့တော့ တိုင်းပြည်လဲ ဘာမှမဖြစ်သလို သာသနာလည်းဘာမှမဖြစ်ပါဘူး၊ စာကားလုံးတွေသာ ကြီးနေတာပါ ဒီလိုပြဿနာမျိုးတွေ နေရာတိုင်းမှာ အပြည့်ရှိတယ်၊

    ReplyDelete
  2. မောင်မှန်..." ရွှေညဝါတစ်ပါးထဲနဲ့တော့ တိုင်းပြည်လဲ ဘာမှမဖြစ်သလို " လို့တော့ မပြောပါနဲ့။ မြန်မာ့လွတ်လပ်ရေးဟာ ဦးဝိစာရတစ်ပါးထဲကြောင့် ရတာမဟုတ်ပေမယ့်
    တစ်စိတ်တစ်ဒေသတော့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လဲ ဦးဝိစာရကျောက်တိုင်တို့ အင်းစိန်ထောင်ထဲကစေတီတို့ဟာ ယနေ့တိုင် အထင်ကရရှိနေတာပါ။
    တစ်ဦးတစ်ယောက်ထဲနဲ့ဖြစ်တယ်ဆိုတာ အာဏာရှင်ဝါဒပါ။
    နိုင်ငံရေးဘဲဖြစ်ဖြစ် ၊ ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေးဘဲဖြစ်ဖြစ် Team Work တို့
    Manpower တို့လိုပါတယ်။ ဒီမိုကရေစီဆိုတာလည်း အားလုံးက ကိုယ့်ကိုယ်ကို
    ထိန်းကြောင်းသွားရတယ့် စနစ်ပါ။ တစ်ယောက်ထဲဆိုရင် ဒီမိုကရေစီ မဟုတ်ပါဘူး။
    မောင်မှန်က uniform ဝတ်နဲ့ပြည်သူတွေကို အနိုင်ကျင့်ခွင့် လိုင်စင်ရထားသူလား ၊
    ဒါမှမဟုတ်ရင်တော့ စစ်အစိုးရရဲ့ နှစ်နှစ်ဆယ်ကျော် အတွင်း မှိုင်းတိုက်ခံထားရတဲ့ သနားစရာ
    သတ္တဝါတစ်ကောင်လား တစ်ခုခုပါဘဲ။
    မောင်မှန် နောင်မှန်နိုင်ပါစေ။

    ReplyDelete
  3. ရွှေည၀ါရဲ့ စွန်လွတ်မှုက ဝေဿရာ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်စု၊ မင်းကိုနိုင်၊ ၀ီရသူတို့နဲ့စာရင် ဘာစာမှ မဖွဲ့လောက်ပါဘူး။ ပြောတော့ လာခေါ်ရင် လိုက်ဘို့ အသင့်ဘဲ၊ လူမျိုးဘာသာ အတွက်ဆို စွန့်လွတ်ရဲတယ် ဘာညာနဲ့ တကယ်တမ်း မြေဧက ၃၀လောက်ကျယ်ဝန်းတဲ့ သာဓုကထွက်ရမယ်လဲ ဆိုရော ဟိုသနားခံစာတင်၊ ဒီသနားခံစာတင်နဲ့၊ ကျနော်တို့တွေက အရှင်ရဲ့ စွန့်လွတ်မှု၊ သတ္တိ ဒါတွေကို ဘယ်လို ယုံကြည်ရမှာလဲ။ အလုပ်တခုကို ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ပြီးရင် ရဲရဲဝံ့ဝံ ရှေ့ဆက်စမ်းပါ။
    ဘယ်ဒကာ/မ ဘယ်တပည့်တွေရဲ့ တောင်းပန်မှုတွေကြောင့် ဟိုစာတင် ဒီစာတင် လုပ်နေတာ မကောင်းပါဘူး။ အဓိကတော့ ကိုယ်လုပ်တာ ကိုယ်နဲ့သာ ဆိုင်တာပါ။ ရွှေည၀ါဆရာတော် ကိုယ်စိတ်၂ပါး ကျန်းမာစွာနှင့် လောက ဓမ္မ၂ဖြာသော အလုပ်ကို အေးချမ်းစွာ ထမ်းဆောင်နိုင်ပါစေ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။