Pages

Sunday, January 29, 2012

ပြီးခဲ့တဲ့ ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုငြိမ်းလူ ဈာပနအတွက် ဂျပန်နိုင်ငံရောက် စေတနာရှင် (၃)ဦးရဲ့အလှူ...

 ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ၉ရက်အကြာ မှာကျဆုံးသွားခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအတွက် ဂျပန်နိုင်ငံရောက် စေတနာရှင်(၃)ဦးမှ ဈာပန အကူငွေ ငွေကျပ်(၂)သိန်းအား ကိုငြိမ်းလူ၏ အမဖြစ်သူ ဒေါ်မာလာနွယ်အား မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်..
မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
ကိုသက်နွယ်(ခ)ကိုငြိမ်းလူဈာပနမှ အမဖြစ်သူ ဒေါ်မာလာနွယ် ပြောတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူအကြောင်း....(Burma VJ ရုပ်သံ)
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့  ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။
ကိုသက်နွယ်(ခ)ကိုငြိမ်းလူ၏ ၁၃ရက်နေ့က လွတ်ဝရမ်း သာမန်လွတ်ရက် ၂၀၉၃ခုနှစ်ထိ ချမှတ်ခဲ့ပြီး ရောဂါကျွမ်းချိန်မှာ ပြန်လွတ်ပေးခဲ့ပါတယ်...။

ကိုသက်နွယ်(ခ)ကိုငြိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ပုံအကြောင်း.
(ကိုငယ်ရဲ့ ကွန်မာန့်ပါ)
ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။

5 comments:

  1. one day we will ..........khin nyunt.

    ReplyDelete
  2. Khin Nyunt: Ngar Loe Mar Thar Gyi!

    Sein Shin & Ba Nyunt's Bad Gene to destroy Burma! Shit!

    ReplyDelete
  3. military intelligence unit 12January 29, 2012 at 9:34 AM

    khin nyunt and his intelligence and special branch are very very bad.they do like this for ever.what should we do ?

    ReplyDelete
  4. we decide oneday we must get rid of khin nyunt and his generations.

    ReplyDelete
  5. သတိထား သန်းရွေနဲ့ ခင်ညွန့်ရေ မင်းတို့ရဲ့ နေ၀င်ချိန်က ဒီမိုကရေစီ နိုင်ငံတော်စစ်စစ်သာဖြစ်နေခဲ့မယ်ဆိုရင် မင်းတို့ဟာ (အထူးသဖြင့် မင်းတို့နှစ်ကောင်ဟာ) ကိုဖာသာကို လမ်းထလျှောက်ပြီးသင်းချိုင်းသွားသေရလိမ့်မယ်ထင်တယ်နော်။။။။။။။။။။။။။။။။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။