ဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ(ဝီရသူ ဆရာတော်ဘုရား)ရဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့၊ သာကေတမြို့နယ်မှာ ယခုလက်ရှိဖြစ်ပျက်နေတဲ့၊ ဇိနမာရ်အောင်ဘုရားကြီးရဲ့ အဖြစ်အပျက်ကိုလည်း သာကေတသား တယောက်အနေနဲ့ အမှန်ကို သိသင့်တယ်ထင်လို့ တင်ပြလိုက်ရပါတယ်။
န.ဝ.တ စစ်အစိုးရလက်ထက်က တရားဝင်ချထားပေးတဲ့ ဘုရားမြေကို ဘုရားနဲ့ ကပ်လျက် (ကျောက်ချောင်းကျောင်း)မှ ဆရာတော်က မြို့နယ်သံဃာ့နာယက၊ တိုင်းသံဃနာယက၊ နိုင်ငံတော် သံဃာ့မဟာနာယကတို့ကို လာဘ်ထိုးပြီး ဘုရားမြေကို မပေးလိုတဲ့ မူလဂေါပကကို ပြောင်းသွားစေခဲ့ပါတယ်။ ဘုရားမြေကို လူသာမန်ဖြစ်သော ဂေါပကများက စောင့်ရှောက်ကြပြီး ဘုရားသားတော် ရဟန်းက မတရားရယူထားပါတယ်။ ယခုဘုရားမြေကို ကျောင်းကမြေခိုးယူကာ လမ်းဖေါက်ရန် စီစဉ်နေကြပါတယ်။
ဂေါပကအဖွဲ့ ဟောင်းများကလည်း သူတို့နဲ့မဆိုင်၍ ထင်ပါရဲ့ ဘယ်သူမှ ပြောဆိုတားမြစ်မဲ့သူ မရှိဘဲဖြစ်နေပါတယ်။ မြို့လူထုက ဘယ်တိုင်ရမှန်း မသိဖြစ်နေချိန်မှာ ဆရာတော်ဝီရသူရေးတဲ့  စာကို ဖတ်ကြည့်လိုက်မှ နိုင်ငံတော်မှာ တာဝန်ရှိတဲ့ လူကြီးမင်းများ ကိုယ်တိုင်နဲ့ မဟနဆရာတော်ကြီများရဲ့ သာသနာအပေါ် လေးစားမှုကို သိရှိရပါတယ်။ ယခုလဲသာကေတမြို့နယ်မှ ဇိနမာရ်အောင် ဘုရားမြေကို ဘယ်လိုဆောင်ရွက်နေကြတယ်ဆိုတာဆင်းကြည့်စေချင်ပါတယ်။ အမှန်အတိုင်း ဖြစ်သင့်တယ်လို့ အားလုံးပြည်သူများကို သိစေချင်လို့ တင်ပြပေးတာပါ။
အများတည်ထားတဲ့ ဘုရားဆိုတော့ မြို့သူမြို့သားတိုင်း တာဝန်ရှိတယ်လို့ ယုံကြည်မိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဘယ်ဟာ အမှန်တရားလည်းဆိုတာတော့ စစ်ဆေးကြည့်ရင် အမှန်ကို သိနိုင်ပါတယ်။ မီတာရုံးကိုသွားတိုင်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဘုရားမြေကို ဘုရားသားတော် သံဃာကခိုးယူတာကို ဘုရားသားတော် မဟနများက လာဘ်လာဘယူပြီး ကာကွယ်ပေးလိုက်ခြင်းဟာ အင်မတန် အရုပ်ဆိုးပါတယ်။ သံဃာတော်အားလုံးနဲ့ ဆိုင်ပါတယ်။ ဘုရားသားတော်မှန်ရင် ကြည့်မနေသင့်ပါဘူး။ ဘုရားတပည့်တော်ဟာ အစိုးရ၀န်ထမ်းတဦးပါ။ အမှန်အတိုင်းဖြစ်အောင် စုံစမ်းပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဆရာတော်ဝီရသူကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ ဆရာတော်ရဲ့ အမှန်ကိုပြောရဲတဲ့ သတ္တိကြောင့် တပည့်တော် စာရေးလိုက်တာပါ။ ဆရာတော်တရားလည်း နားထောင်ချင်ပါတယ်။
ဝန်ထမ်းတဦး။ ။

I think something is wrong. In fact, the precinct of pagoda unexpectedly extended into about ten feet wide area of the monastery's precinct. It may be about 300 feet long by 10 feet wide area. Actually, the precinct of the monastery was designated in the era of Myanmar monarch. The monastery is about 130 years old. The precinct of the pagoda was designated in the time of Prime Minister U Nu during the parliamentary democracy era. Everybody can adjust the comment of a service personnel.
ReplyDeleteI was born in Thakayta in 1969. I am real Thakaytian. My parents have been living in Thakayta from 1966 to date.
Thanks.
tta
ငါ့တူ
ReplyDeleteမင်းက၁၉၆၉ခုနှစ်မှာမွေးတာဆိုတော့၁၉၅၈-၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရကမြေအားလုံးကိုသိမ်းယူပြီးမြို့အကွက်ပြန်ချပေးခဲ့တာမသိဘူးထင်တယ်။အစိုးရကသာသနာမြေ
လူနေအိမ်များအတွက်ပါပေ(၄၀ ၆၀)တွေကိုချပေးခဲ့တယ်လေ။ကျောက်ချောင်းကျောင်းကနှစ်၁၀၀ကျော်ပြီဆိုပေမဲ့ဂရန်လုံးဝမရှိဘူးငါ့တူရေ။ဒါကြောင့်ဘုန်းကြီးကကျူးကျော်
မြေမှာနေသလိုဖြစ်နေတာပေါ့။ငါ့တူကအသက်(၁၁)နှစ်လောက်ပဲရှိသေးတာဆိုတော့ဘယ်သိဦးမလဲ။ဂေါပကနဲ့ဘုန်းကြီးမြေအငြင်းပွားနေကြတာမဟုတ်ဘူးနော်။ဘုန်းကြီး
ကဘုရားမြေကိုလုနေတာဆိုတာငါ့တူလေးကိုသေသေချာချာသိစေချင်ပါတယ်။ငါ့တူကသာကေတသားအစစ်ဆိုရင်ငါ့တူရဲ့ချွေးနည်းစာနဲ့ဇိနမာရ်အောင်ဘုရားကြီးကို
တည်တော့လှူဖူးမှာပေါ့နော်။အခုကဂေါပကရဲ့ဘုရားမဟုတ်ဘူးငါ့တူရေ။အဒေါ်တို့ဘုရားကွ။
သကေတမြို့သူစစ်စစ်အဒေါ်
ငါ့တူ
ReplyDeleteမင်းက၁၉၆၉ခုနှစ်မှာမွေးတာဆိုတော့၁၉၅၈-၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရကမြေအားလုံးကိုသိမ်းယူပြီးမြို့အကွက်ပြန်ချပေးခဲ့တာမသိဘူးထင်တယ်။အစိုးရက
သာသနာမြေလူနေအိမ်များအတွက်ပါပေ(၄၀ ၆၀)တွေကိုချပေးခဲ့တယ်လေ။
ကျောက်ချောင်းကျောင်းကနှစ်၁၀၀ကျော်ပြီဆိုပေမဲ့ဂရန်လုံးဝမရှိဘူးငါ့တူရေ။ဒါကြောင့်ဘုန်းကြီးက
ကျူးကျော်မြေမှာနေသလိုဖြစ်နေတာပေါ့။ငါ့တူကအသက်(၁၁)နှစ်လောက်ပဲရှိသေးတာဆိုတော့ဘယ်သိဦးမလဲ။ဂေါပကနဲ့ဘုန်းကြီးမြေအငြင်းပွားနေကြတာမဟုတ်ဘူးနော်။
ဘုန်းကြီးကဘုရားမြေကိုလုနေတာဆိုတာငါ့တူလေးကိုသေသေချာချာသိစေချင်ပါတယ်။
ငါ့တူကသာကေတသားအစစ်ဆိုရင်ငါ့တူရဲ့ချွေးနည်းစာနဲ့ဇိနမာရ်အောင်ဘုရားကြီးကို
တည်တော့လှူဖူးမှာပေါ့နော်။အခုကဂေါပကရဲ့ဘုရားမဟုတ်ဘူးငါ့တူရေ။အဒေါ်တို့ဘုရားကွ။
သကေတမြို့သူစစ်စစ်အဒေါ်
Thank you for your thorough clarification. I am sorry for my mistake.
ReplyDelete