Pages

Wednesday, January 25, 2012

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်များကြောင့် ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအခမ်းအနား..

မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့  ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်များကြောင့်  ထောင်မှ ပြန်လည်လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူရဲ့ ဈာပနအခမ်းအနားသို့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ် ဗကသ ဥက္ကဋ္ဌကိုကျော်ကိုကိုနဲ့ ကျောင်းသားခေါင်းဆောင်များ၊ ဒေါ်နော်အုံးလှနဲ့ အဂါင်္ဆုတောင်း အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ တက်ရောက်ဂုဏ်ပြု လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်..။
 ကိုသက်နွယ်(ခ)ကိုညိမ်းလူအတွက် မထက်ထက်ဦးဝေ(ရွှေပြည်သာမြို့နယ်) အမျိုးသမီးအဖွဲ့ရဲ့ ကဗျာ..
 ခွပ်ဒေါင်းအလံတင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်..
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့  မျိုးဆက်သစ် ဗကသကျောင်းသား ခေါင်းဆောင်များမှ ဂုဏ်ပြုခဲ့ကြပါတယ်..။
၂၀၀၂ခုနှစ်က မိမိကိုယ်တိုင် ကျူးလွန်ခြင်းမရှိပဲ မတရားဖမ်းဆီး၊ လူမဆန်စွာ အနှိပ်စက်ခံရပြီး ထောင်တွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကောင်းရာ သုဂတိလားပါစေ..။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ..

3 comments:

  1. (
    ခေါင်းစဉ်ကို နှိပ်ပြီး Comment မှာ ဖတ်ပါ။ )


    ပြည်သူ့မျက်ရည်နဲ့ ခြေမဆေးကြပါနဲ့

    ( "သမိုင်းတရားခံများကို အလွန် ရွံရှာ မုန်းတီး နာကျည်းသော ပြည်သူတဦး၏ ခံစားချက်" ...
    ပါတဲ့။)


    ရေကြည်အိုင် လို စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့လို့ သေသွားသူတွေ၊ လူစဉ်မမီ ဖြစ်သွားသူတွေ၊ ရူးသွားသူတွေ ရေတွက်လို့တောင် မရပါဘူး။

    ဒီအဖြစ်ဆိုးတွေဟာ သမိုင်းမှန်တွေပါ။
    ဒီအဖြစ်ဆိုးတွေကို ညွန်ကြားခဲ့တဲ့ ခင်ညွန့် နဲ့ လုပ်ဆောင်ခဲ့တဲ့ ထောက်လှမ်းရေးတွေဟာ သမိုင်းတရားခံတွေပါ။

    အဲဒီ သမိုင်းမှန်ကို ဖျောက်ဖျက်လို့ မရပါဘူး။

    အဆိပ်ပင် ခင်ညွန့်ကို ရေမလောင်းကြပါနဲ့။

    သူခိုး ခင်ညွန့်ကို ဓါးရိုး မကမ်းကြပါနဲ့။

    ကျားသေ ခင်ညွန့်ကို အသက်မသွင်းကြပါနဲ့။

    ပြည်ဖျက်တရားခံ ခင်ညွန့်ရဲ့ ခြေထောက်ကို ပြည်သူ့မျက်ရည်နဲ့ မဆေးပေးကြပါနဲ့။

    ReplyDelete
  2. ကျေးဇူးပြုပြီးတော.သမိုင်းကြောင်းကိုအပြစ်မတင်ကြပါနဲ.။အမေစုနဲ.ကိုမင်းကိုနိုင်တို.တိုင်းပြည်နဲ.လူမျိုးအတွက်အစွမ်းကုန်ဆောင်ရွက်ပေးနေပါတယ်။

    ReplyDelete
  3. သမိုင်းကြောင်းကို အပြစ်တင်တာမဟုတ်ဘူး အပေါ်ကကောင်ေ၇ ။ မင်း ပထွေးဦးခင်ညွန့်ကို မကောင်းတာတွေ ပြောနေတာ

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။