Pages

Wednesday, January 25, 2012

ပဲခူးမြို့မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ဂုဏ်ပြုပွဲ အခမ်းအနား... (သတင်း၊ ဓာတ်ပုံ)

ပဲခူးရွှေမောဓော ဘုရားမှာ ဘုရားဝတ်ပြုစဉ်
ပဲခူးမြို့သူ မြို့သားများမှ  လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ 
(နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ ကြံ့ဖွံ့အစိုးရပြောတဲ့ ပြစ်မှုကျူးလွန်သူများ)အား ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုနေစဉ်...
ယနေ့ ၂၄ရက်နေ့ နံနက်၉နာရီက ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ၆၀ကျော်နှင့် တွေ့ဆုံပွဲ အခမ်းအနားအား ပဲခူးတိုင်း Grand Social Food Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်..။ အဆိုပါအခမ်းအနားသို့ ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည် လွတ်မြောက်လာကြတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကိုကြီး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မနိုဗယ်အေး၊ မမာမာဦး၊ စမ်းချောင်း ကိုကိုကြီး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်များ၊ ကျော်ကိုကို ဒီငြိမ်းလင်း၊ စည်သူမောင် အစရှိသည့် မျိုးဆက်သစ် ဗကသ လူငယ်ခေါင်းဆောင်များပဲခူးမြို့ အဖွဲ့ချုပ်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများ၊ ပဲခူးမြို့ခံများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါတယ်..။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ အမှာစကားများ ပြောကြားခဲ့ပါတယ်..။ ပဲခူးတိုင်း ၈၈မျိုးဆက်ကျောင်းသား/ ကျောင်းသူများနှင့် ပဲခူးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါပြီး နေ့လည် ၁၁နာရီကျော်မှာ ပြီးဆုံးခဲ့ပါတယ်..။
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ မျိုးဆက်သစ် ဗကသ လူငယ်ခေါင်းဆောင်များ
ဒေါက်တာစိုးမြင့်သန်း (စာရေးဆရာအောင်ထိပ်)၏ ဂုဏ်ပြု အမှာစကား..
သတင်း၊ ဓာတ်ပုံ .... ဒီမိုဝေယံ၊ ခမိခဆဲ..

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။