Pages

Tuesday, January 31, 2012

လုပ်ရက်ပါပေ့ မမရယ် (ကဗျာရှင် နေရဲနီ)

ဗိုလ်ခင်ညွန့်နှင့် Hot News အယ်ဒီတာချုပ် မမ

လုပ်ရက်ပါပေ့ မမရယ်
(ကဗျာရှင် နေရဲနီ)

လုပ်ရက်ပါပေ့ မမရယ်။
မနှိုင်းကောင်းမနှိုင်းရာ
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ
အမေစုနဲ့ ဒီလူကိုများ နှိုင်းရက်ပါပေ့။

မနှိုင်းသင့် မနှိုင်းထိုက်
စလေဦးပုညစကားနဲ့များ အငှားယူပြီးပြောရရင်
နတ်သုဒ္ဓာနဲ့ မစင်ဘင်ပုပ်
သာသနာကို အရှိန်အ၀ါနဲ့ ဟန်လုပ်ပြီးကြည်ညိုခဲ့တဲ့ပုဂ္ဂိုလ်
သီတဂူဆရာတော်ကြီးကိုပင် မဟာပါသာဏလိုဏ်ဂူမှာ
ကုလားထိုင်ပေါ်ကနေ ၀တ်ကျေတန်းကျေ ဂါရ၀ပြုခဲ့တဲ့သူ။

မနှိုင်းအပ်မနှိုင်းရာ
အတိုင်းထက်အလွန် အမေစုနဲ့ ဒီလူဆိုတာ
တံခွန်နဲ့ မြေဇာပင်
(ကျော်စောခြင်းအရာ)
မိုးကြိုးနဲ့ အီးသံ
(ကမ္ဘာ့အလယ် ထည်ဝါခြင်းအရာ)
သူရိန်နေမင်းနဲ့ မီးကျီးခဲ
( ပညာအရာ)
ဟင်္သာနှင့် လင်းတ
(တင့်တယ်ခြင်းအရာ)
ဇာမဏီဥဒေါင်းနှင့် ကျီးကန်း
( သတ္တိအရာ)
စာမရီသားမင်းနှင့် ၀ံပုလွေ
(ကိုယ်ကျင့် သီလအရာ)
ကေသရာခြင်္သေ့မင်းနှင့် တောခွေး
(လုံ့လအရာ)
နံ့သာဆီနဲ့ အီး
(ပြည်သူ့မေတ္တာကို ခံယူသည့်အရာ)
အရာရာမှာ ကွာခြားပါသည်။

တူညီသောမေတ္တာ အပြုံးပန်းများ ရယ်လို့
ပြောရက်ပါပေ့ မမရယ်
အပေါ်ယံကြည့်ရင် ပြုံးတာချင်းတူရင် တူမယ်
ပြုံးရတဲ့ အကြောင်းရင်းချင်း မတူနိုင်ပါဘူး။
အရှိန်အ၀ါ တန်ခိုးထွားစဉ်က
တိုင်းပြည်နဲ့ ပြည်သူကို ဦးထိပ်မထားဘဲ
ကိုယ့်မွေးရာ ကိုယ့်ရပ် ကိုယ့်ရွာလောက်ကိုဘဲ
ဒေသစွဲနဲ့အကျိုးပြုခဲ့လို့
အဲဒီဒေသက လူတွေကလည်း သူတို့ရပ်ရွာ
သူ့ကြောင့် ကောင်းစားခဲ့လို့
နှစ်ဦးနှစ်ဘက် အတ္တကိုယ်စီနဲ့ ပြုံးနေကြတာ။

အမေစုနဲ့ ပြည်သူတွေရဲ့အပြုံး
အမေစုမှာပြည်သူကလွဲပြီး
ဒေသစွဲ ၀ါဒစွဲ ပုဂ္ဂိုလ်စွဲ ဘာအစွဲမှမရှိ အားလုံးအသိ
ပြည်သူနဲ့အမေစု
အမေစုနဲ့ပြည်သူ အစဉ်ထာဝရ တပြေးညီ
ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တဲ့
အမေစုရဲ့မေတ္တာကရုဏာ အပြုံး
ပြည်သူကလည်း အမေစုအပေါ်မှာ တန်ပြန်ထားတဲ့ မေတ္တာအပြုံး
အဲဒီအပြုံးတွေက ဖြူစင်တယ်
သန့်ရှင်းတယ် အပြစ်ကင်းတယ်။

Hot News ဂျာနယ်ပါ မမရဲ့ဆောင်းပါးကို
ယထာဘူတကျကျ ပရမတ္ထအမြင်နဲ့
အတ္တကင်းစွာ ဖတ်ပါသော်လည်း
တချိန်တခါက အဖေတူသားတွေ
ကျေးဇူးခံ ကျေးဇူးစားရှိခဲ့လို့
ခုချိန်မှာ သတင်းသမား တစ်ယောက်အနေနဲ့
အမေစု အရိပ်ကိုမှီခိုပြီး
အဆိပ်ကုန် အစွယ်ကျိုးနေတဲ့ မြွေပွေးကို
လူရှေ့သူရှေ့ အတင်းများ တွန်းပို့ နေတာလား။
ဗိုလ်ခင်ညွန့်ခေတ်ကောင်းစဉ်က ဇေကမ္ဘာခင်ရွှေမှ ဤသို့..

ဟိုအရင်က အမြင့်စံရစဉ်
အာဏာနဲ့ အရှိန်အ၀ါကို အလွဲသုံးစားပြုပြီး
လက်သင့်ရာ ဆွမ်းလောင်းခဲ့လို့
သူ့ကြောင့်ကောင်းစားခဲ့တဲ့ အတ္တသမားတွေ
ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကိုစားမြုံ့ပြန်ပြီး
သူ့အပေါ်မှာ ပြန်မျှော်လင့်နေကြသလို
သူ့ကြောင့်ဘဝပျက်ပြီး ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း
အမုန်းတရားနဲ့ မတန်လို့
သူ့အကြောင်းပြောဖို့ရာ
ပါးစပ်ပင် မဟချင်။

နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေသာရှိ၏။
သူနဲ့ ပတ်သက်သမျှ အရာရာကို
ဥပေက္ခာပြုဖို့ ကြိုးစားနေတဲ့အချိန်
အနာတွေက မကျက်သေး
ဒဏ်ရာတွေက နာကောင်းတုန်း
ပြန်စဉ်းစားရင် အဖြစ်တွေကမနေ့ တနေ့ကလိုဘဲ။
ဒီလိုပြောခဲ့တာမှ မကြာသေး။

မေတ္တာသုတ်တော်ကို အကြိမ်ကြိမ် အခါခါရွတ်
ဒီဃာဝုသုတ္တန်လာ ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့
တရားဒေသနာကို အဖန်ဖန် အထပ်ထပ် ဘာဝနာပွား
အနန္တသူရိယအမတ်ရဲ့ အမျက်ဖြေ လင်္ကာထုံးကိုနှလုံးမူ၍
ဒီလူ့ မျက်နှာကို စေ့စေ့ကြည်ပါသော်လည်း
အမေစုနှင့် နှိုင်းယှဉ်ချက်က
ပြည်သူ့မေတ္တာ အလေးချိန်ခွင် မညီညာ၍
ကျက်သရေတုံး လိုက်ပုံများ
စကြာဝဠာအနန္တ ကမ္ဘာအနန္တပါဘဲ။

နေရဲနီ

23 comments:

  1. တကယ်ကို လက်ရာပြောင်မြောက်တဲ့ကဗျာပါဆရာ

    ReplyDelete
  2. khin nyunt is real dictator .He was wearing military uniform when he was voting in 1990 .Other generals were wearing ordinary suit when they were voting in 1990 except khin nyunt.

    ReplyDelete
  3. (
    ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


    ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post ရော၊ post အောက်က comments တွေ၊ စာညွန့်တွေ ရော မြန်မာပြည်သူ အားလုံး သိသင့်တဲ့ အကြောင်းအချက်တွေပါ။
    ခင်ညွန့်အကြောင်း သမိုင်းမှန် အချက်အလက်တွေချည်းပါပဲ။



    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပုံကို ဓာတ်ပုံတွေထဲမှာ မြင်ရတာ အရမ်း ဝမ်းသာအားရ ပီတိဖြာမိပါတယ်။ ဒီပုံတွေကို မြန်မြန်ဆန်ဆန် တင်ပေးတဲ့ ဘလော့ဂါတွေ၊ FB က မိတ်ဆွေတွေကို အထူး ကျေးဇူးတင်ပါတယ်။

    ၂၉-၁-၁၂ ရက်နေ့ Internet မှာ တက်လာတဲ့ ၂၉-၁-၁၂၊ ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် ဓာတ်ပုံတွေကို ကြည့်ရင်း Hot News Journal က ဓာတ်ပုံတွေကို ပြန်သတိရတယ်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘယ်လိုမှ နှိုင်းယှဉ်စရာ မလိုတဲ့၊ နှိုင်းယှဉ်လို့ မရတဲ့ ပြည်ဖျက်တရားခံ ခင်ညွန့် ကို Hot News အယ်ဒီတာချုပ် မမ က မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ပြထားတာကို ပြန်သတိရတာပါ။

    ဒါနဲ့ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ post အောက်က comments တွေ၊ ဆောင်းပါးတွေ၊ စာညွန့်တွေ ကို ပြန်ဖတ်ကြည့်မိတယ်။ ဖတ်ရင်းနဲ့ ဒေါ်စု နဲ့ နံ့သာဆီ နဲ့ အီး လို ကွာခြားတဲ့ ခင်ညွန့် ရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာတယ်။

    အဲဒီလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်ညွန့် ဆိုတာ ဥဒေါင်းနှင့် ကျီးကန်း၊ ခြင်္သေ့မင်းနှင့် တောခွေး၊ နံ့သာဆီ နဲ့ အီး လို မနှိုင်းအပ်မနှိုင်းရာ ကွာခြားလွန်းမက ကွာခြားတာကို Hot News က မမ က နှိုင်းယှဉ်ပြလို့ ပြည်သူတွေရဲ့ ရင်ထဲမှာ ယမ်းပုံမီးကျ ခံစားနေရတာကို ခံစားနေရတာကို ဆရာ နေရဲနီ က အင်မတန် ပြောင်မြောက်စွာ စပ်ဆိုပေးတာဟာ ပြည်သူ အစစ်အမှန်တွေရဲ့ ခံစားချက်ကို ထိထိမိမိ ဖော်ထုတ်ပြသလိုက်တာပါ။ အဲဒီ ကဗျာ မွေးဖွားလာစေတဲ့ ဆရာ နေရဲနီ ကိုရော၊ ဆရာ နေရဲနီ ကို အားပေးတိုက်တွန်းတဲ့ ကိုဒီမိုဝေယံ ကိုရော အထူး လေးစား ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. MIU26(military intelligence Unit ,No 26)January 31, 2012 at 6:54 AM

    khin nyunt've recommended for general khin mg than to become commander in cheif in rangoon division from commander in chief No (77).General khin mg than is father of "Ma Ma"

    ReplyDelete
  5. (
    ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


    "ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ" post ရော၊ post အောက်က comments တွေရော မြန်မာတိုင်း လေ့လာပြီး ပေါ့ပျက်ပျက် သဘောမထားဘဲ အလေးအနက် မှတ်သားထားသင့်ပါတယ်။



    အဲဒီ post နဲ့ comments တွေမှာ ရေးထားတဲ့ မြေခွေး ခင်ညွန့် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။

    အခုဆိုရင် မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူး ခင်ညွန့်ရဲ့ အယုတ်တမာ လုပ်ရပ်တွေကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်တဲ့ လူတွေ ရှိနေပါတယ်။ တချိန်ထဲမှာပဲ စစ်အုပ်စု နဲ့ ခင်ညွန့်ရဲ့ ဒလံတွေက မမှန်မကန် ဝါဒဖြန့်နေတာတွေ ရှိနေပါတယ်။

    "သမိုင်းတရားခံ" ခင်ညွန့် ကို "သမိုင်းတရားခံ" လို့ ပြတ်ပြတ်သားသား မြင်ဖို့ အရေးကြီးပါတယ်။ ခင်ညွန့်ရဲ့ ဒလံတွေက မမှန်မကန် ဝါဒဖြန့်နေတာကို ပြည်သူတွေ နားမယောင်သွားအောင်လို့ ဒါကို အလေးအနက်ထားပြီး ပြောရတာပါ။

    ReplyDelete
  6. Very ugly scenario to sit and pray :An attitude and behavior that bred Dictatorship Saut Kyint in Burma.

    Shame! Saut Yan Shame!

    ReplyDelete
  7. What a shame to Chief Editor of Hot Journal Ma Ma, daughter of corrupted ex-general Khin Mg Than, in future of your journal or other journals, never never publish this criminal Khin Nyunt picture or your picture praying to him(KN), such kind of publishing will mis-leading our young Burmese generations & the whole Burmese people.

    ReplyDelete
  8. Thank you so much for writing this poem sayar. I really like your poem. This is what I am really wanted to read. I was really disgusting to see his photo and article regarding about him at Journal.
    Our people should not forget what he did last times. Now he has no power. That’s why he said he support to Daw Aung San Suu Kyi When he released. Should we forgive him for these words? No way! He must confess what he did last times. Do you think he dares to say openly to Media?

    ReplyDelete
  9. ဆရာနေရဲနီရဲ့ ကဗျာကို အရမ်းအားရကျေနပ်ပါတယ် ကောင်းလွန်းလို့ ဘယ်လိုနှိုင်းရမှန်းတောင်မသိပါဘူး။

    ဒီကဗျာလေးသာ မြန်မာပြည်တွင်း ပြန့်နှံ့သွားရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ ။

    မြေခွေးကို ယဲုံသူငယ်မျက်နှာဖုံးတပ်ပြီး လူထုအတွင်းကို ပြန်လည်အသက်သွင်းရင် နောက်ထပ်(၂၃) ထပ်ပြီး

    ကျွန်သက်ရှည်မှာ ဆိုးကြောက်မိပါတယ်..... ။

    ReplyDelete
  10. This Photo is GanDaWin photo. Historical.

    Please download and keep it - everyone .

    May I give the good name for this photo '

    " The Crawler - Mademoiselle MaMa '.

    It might attract high price in 50 years time onwards.

    ReplyDelete
  11. hot news အယ်ဒီတာချုပ် မမ ကလဲ ခင်ညွန့်ကိုအမွှန်းတင်နေတာ ဆိုတော့ သူလဲတချိန်က ခင်ညွန့်နဲ့ မကင်းမကင်း ဖြစ်ခဲ့လို့နေမှာဗျို့ ဒီလူ့ငနွားခင်ညွန့်ကိုများ နေ၇ာပေးကြည့်လိုက် ငါးပါးမကဘူး ဆယ်ပါးပါမှောက်သွားမယ်

    ReplyDelete
  12. (
    ခေါင်းစဉ်ကို click လုပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


    လူသတ်ကောင် ခင်ညွန့် ၏ အမိန့်အရ လူသတ်ပြီး အလောင်းဖျောက်မှု

    ("ခင်ညွန့် video ပို့စ်" အောက်က ကွန်မန့် မှာ ဖတ်ပါ။)

    ReplyDelete
  13. လေးစားပါတယ်..ဆရာနေရဲနီ။ တကယ့်ကို လက်ရာပြောင်မြောက်တဲ့ ကဗျာလေးပါ...ထိထိမိမိရှိတယ်ဗျာ...

    ReplyDelete
  14. saya nay ye ni,
    I am really appriciate your poem that is real voice of people in our country.
    Thanks a lot

    ReplyDelete
  15. Very nice,,
    How about Myanmar Express site???
    May be Under army government control?

    kmhtoo

    ReplyDelete
  16. Someone tell me that woman is not a daughter of retired general Khin Maung Than.

    Phoenix

    ReplyDelete
  17. kakahlan(MaMa Nyunt)February 1, 2012 at 1:12 PM

    It is very important that ,people not to allow khin nyunt to participate in political field.Because of khin nyunt name is (Monday+Tuesday).Suu Kyi name is (Tuesday+Monday) .So Suu Kyi and khin nyunt are (ket kin).

    So ,before military government is calling Daw Aung San Suu Kyi as "Suu Kyi"

    They want to destroy DASSK by using khin nyunt, but khin nyunt only was destroyed .

    ReplyDelete
  18. အခုလို သတင်းသမားတွေကို လွတ်လပ်ခွင့်ပေးလာတဲ့ အခါကာလမှာ မိမိ၇ဲ့ အေ၇းအသားဟာ သူများကို တမင်သက်သက် နစ်နာစေအောင် သတင်းမှားဖြန့်တာမျိုးမဖြစ်အောင် journalists များက တာဝန်ယူကြ၇ ပါမယ်။ စာဖတ်သူများကလည်း အမြင်ကျယ် သဘောထားကြီးဖို့ အများကြီး လိုပါသေးတယ်။ Freedom of expression ကို အားလုံးက လေးစားမှ သတင်းသမားများလည်း သတင်းစုံ ၇ှထောင့်စုံက ၇ဲ၇ဲဝန့်ဝန့်ေ၇းလာကြမှာပေါ့။ မမ၇ဲ့ သတ္တိက journalist ပီသတယ်လို့ မြင်တယ်။ We can all agree to disagree.

    ReplyDelete
  19. မမ ဆိုတဲ့မိန်းမ က သူအဖေရဲ့မတရားလာဒ်စားထားတဲ့ငွေတွေကို ငွေမဲကိုငွေဖြူလုပ်စရာမရှိလို့ မဂ္ဂဇင်းထုပ်၊ဂျာနယ်ထုပ်နေတာ။
    နောက် ဒီလုပ်ငန်းက မော်ဒယ်ဘွိုင်းလေးတွေ ၊ဂျာနယ်လစ်ကောင်လေးတွေနဲ့လဲ အပျင်းပြေ ဟိုတယ်တက်လို့ရတယ်လေ။
    သူဝါသနာနဲ့အကုန်ကိုက်ညီနေတာကိုး။
    ဦးခင်ညွန့်ကသူတို့အဖေရဲ့ ကျေးဇူးရှင်လေ၊ဒါကြောင့် အတင်းစင်တင်ပွဲထုပ်ဖော်ပြပြီး လူအထင်ကြီးမလားလုပ်နေတာ။အလကားမိန်းမ

    ReplyDelete
  20. သမိုင်းဆိုတာ ဖျက်ဖို့ခက်တယ်လေ...

    ReplyDelete
  21. myanmar express site ဟာမြန်မာစစ်ခွေးမျိုးဆက် ရုရှားကျောင်းသားများလို့ယူဆရပါတယ်ခင်ဗျား။
    သိက္ခာမရှိဘဲရေးချင်ရာရေးတင်ချင်ရာတင် ဝါဒဖြန့်တဲ့ site တခုသာဖြစ်ပါတယ်။ တွေ့တဲ့ပုံများတင်ပြီး ရေးချင်ရာရေးတဲ့အတွက်ကြောင့်လည်း အချို့ကာယကံရှင်များမှာ မဆိုင်ဘဲများစွာသိက္ခာကျရပါတယ်။ cyber law များကိုလည်းချိုးဖောက်နေပါတယ်။ ထို site ပပျောက်ရေးအတွက် တတ်ကျွမ်းသည့်နည်းပညာရှင်များ တတ်စွမ်းသမျှကြိုးစားပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

    ReplyDelete
  22. Very good poem.

    Anyone please reply here for information about hot news journal. I would like to know their website or facebook or contact phone number.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။