"ဓာတ်ပုံ Reuters"
ပြည်သူ့အတွက် အမေ ပင်ပန်းမှုတွေ ပြေပျောက်ပါစေ... အသက်ရာကျော် ရှည်ပါစေ..
(ဒီမိုဝေယံ)
(ဒီမိုဝေယံ)
ဒီနေတော့ တနေကုန်တနေခန်း အမေစုရဲ့ ထားဝယ်ခရီးစဉ် ဓာတ်ပုံလေးတွေ ဖေ့စ်ဘွတ်မှာ တင်ရင်း ပုံတွေကြည့်လိုက် ထားဝယ်သူ၊ ထားဝယ်သားတွေရဲ့ အုတ်အော်သောင်းနင်း ကြိုဆိုကြပုံတွေကို မြင်ကြည့်ပြီး လွန်ခဲ့တဲ့ ကိုးနှစ်လောက်က အမေစုရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ဒီပဲယင်း အဖြစ်အပျက် မှတ်တမ်းတွေကို သွားသတိယနေမိတယ်...။
ထိုစဉ်က နအဖထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ရဲ့ သမိုင်းစာမျက်နှာ ဖွင့်လှစ်လိုက်ပြီ ဆိုပြီး.. ခွင့်ပြုချက်နဲ့ တရားဝင် သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ယနေ့ခရီးစဉ် ကွာဟချက်တွေပါ...။ ၂၀၀၃ခုနှစ် ဒီပဲယင်း ဖြစ်စဉ်တုန်းကတော့ ဒီလိုအင်တာနက်ခေတ်ကြီး မဟုတ်တော့ နေ့စဉ်သတင်းတွေကို ရေဒီယိုကနားထောင် နေရင်းနဲ့ စိတ်တထင့်ထင့် နားထောင်ခဲ့ရတာပါ..။ ဒီလို မီဒီယာတွေလည်း အားမကောင်းသေး၊ တနေ့တနေ့ အကြောက်တရားတွေ ကြားထဲက လူထုရဲ့ တနေ့တခြား ထောက်ခံလာမှုတွေကို ထိုစဉ်က ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ နအဖစစ်အုပ်က အကွက်ကျကျနဲ့ လူမဆန်စွာ ခြေမှုန်းချင်း ခံလိုက်ရတာပါ..။
ဒီနေ့ဒီအချိန် ထူးခြားချက်ကတော့ IT ခေတ်ကြီးမှာ သတင်းတွေ မြန်မြန်ဆန်ဆန်နဲ့ အင်တာနက်ပေါ်မှာ ချက်ချင်း ဆိုသလို မြင်တွေ့နေရတာပါ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကလည်း အရင်ကအတိုင်း အပြောင်းအလဲ မရှိပဲ ပိုလို့တောင် တိုးလာသလို ပါတီတရားဝင် ရပ်တည်ခွင့် ရရှိနေတဲ့ အနေအထားမှာ ထားဝယ်လူထု ထောက်ခံကြိုဆိုမှု ကတော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပါ..။ တအိမ်တယောက် မထွက်မနေရ အတင်းအကြပ် ဆင့်ခေါ်ထားခြင်းလည်းမရှိသလို ဆီပေးမယ်၊ ဆန်ပေးမယ်၊ လမ်းခင်းပေးမယ်..၊ ဆင်ဖမ်းပေးမယ်၊ မြင်းဖမ်းပေးမယ်.. ဇလီဖာတုံး သွားကြားထိုးပေးမယ်စတဲ့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ အပြောအဆိုတွေ အပေးအယူတွေနဲ့ စည်းရုံးထားတာတွေ မပါပဲ များပြားလှတဲ့ လူပင်လယ်ကြီးကြားမှာ အမေစုကို ကြိုဆိုနေကြတာ မြင်တွေ့နေရတာပါ...။
ထားဝယ်ဒေသခံလူထုရဲ့ ထောက်ခံမှု ဓာတ်ပုံလေးတွေကို ပီတိဖြစ်ကြည်နှူးစွာ တပုံပြီးတပုံ ဖေ့စ်ဘွတ်မှာ တင်ပေးနေရင်းက ထားဝယ်ကနေ ရေဖြူ၊ လောင်းလုံ စတဲ့ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး မောင်းမကန် အမေစုရဲ့နွမ်းလှ ပင်ပန်းနေတဲ့ကြားထဲက လူထုကို မိန့်ခွန်းပြောနေတဲ့ ပုံကိုတွေ့လိုက်ရတော့ ရင်ဆို့မတက် ခံစားလိုက်ရသလို အမေစု ကျန်းမာရေး၊ လုံခြုရေး အတွက်လည်း အင်မတန်မှ စိုးရိမ်စိတ် ဖြစ်ခဲ့ရပါတယ်..။ ယခုရက်ပိုင်းအတွင်း များပြားလှတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များနဲ့ တွေ့ဆုံရ၊ ပါတီရုံးခန်းဖွင့်ပွဲများ၊ အခမ်းအနားမျိုးစုံ၊ အစည်းအဝေးမျိုးစုံကြားထဲက ပြည်သူတွေထံ ကိုယ်တိုင် မရောက်အရောက်သွားပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းတွေ အတွက်ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးနေရတာပါ..။ နှစ်ပေါင်းများစွာ အကျဉ်းကျခံရ..၊ သားတွေနဲ့ခွဲခွာ နှစ်ပေါင်းများစွာ စတေးခံပြီး တိုင်းပြည်အရေးအတွက် လွတ်မြောက်လာပြီး ကတည်းက နေ့မအား၊ ညမအား လုပ်ဆောင်ပေးနေရတာပါ..။ အမေစုကို အပြစ်ပြောလိုသူတွေ လွတ်လပ်စွာ အမြင်ကွဲပြားခွင့်ရှိပေမယ့်... ယခုဖြစ်ပေါ်လာတဲ့ တိုင်းပြည်မှာ တကြိမ်တခါမှ မြင်တွေ့ရဘူးခြင်း မရှိတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ သူ့ဘာသာသူ မိုးပေါ်က ကျလာတာမဟုတ်သလို လက်ရှိအစိုးရရဲ့ စေတနာတွေ ကောင်းမှုကြောင့်လည်း မဟုတ်ပါဘူး။
အပေးအယူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေက ထွက်ပေါ်လာတဲ့ ရလာဒ်ကောင်းတွေပါ..။ တခြားအကြောင်းတွေ တခုမှ ပြန်လည် ဖြေရှင်းချက် မပေးလိုပေမယ့် အဖွဲ့ချုပ်မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲ ဝင်တာကို အမြင်မကြည်လင်သူတွေ အနေနဲ့ အဖွဲ့ချုပ်သာ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် ယခုမြင်တွေ့နေရတဲ့ ပြည်သူလူထုရဲ့ မြင်ကွင်းတွေ အိပ်မက်တောင် မမက်နိုင်သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆိုတာဟာလည်း ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေဦးမှာ...။ ယခုဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ အနိမ့်ဆုံးအနေနဲ့ တရားဝင်ပါတီတခု ဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံနိုင်သလို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ရောင်းချ၊ ဝန့်ဝန့်ကြွားကြွား ချိတ်ဆွဲ၊ သွားလာနိုင်ခွင့်တွေ ရရှိဖို့ ဆိုတာ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး..။ ဖိနှိပ်ချုပ်ချယ်မှုတွေ အောက်မှာ ပြည်သူတွေအကြား နိုင်ငံရေး နိုးကြားတက်ကြွမှု ဆိုတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာတာဟာလည်း အထက်ပါ အချက်တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်..။
လက်ရှိမြန်မာ့သမိုင်းမှာ မကြုံစဘူးရှိလည်း မရှိဘူးတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ နေ့စဉ်ရက်ဆက် တရားဝင် လာရောက်အလည်ပတ် ရောက်ရှိပြီး မြန်မာ့အရေး အဖြေရှာနေတာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သလို လက်ရှိ အစိုးအရအနေနဲ့လည်း ကတိကဝက်တွေပေးပြီး နောက်ကြောင်း ပြန်မလှည့်ဘို့ လုပ်ဆောင်နေကြရတာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြောင့်ပါ..။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာကအဆက်မပြတ် မီးမှောင်းထိုး စောင့်ကြည့်နေရတာလို့ ဆိုရင်လွန်အံ့မထင်ပါ...။ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင်ဆိုတဲ့ အနေအထားလေးကို နည်းနည်းလောက် စဉ်းစားကြည့်ကြပါဗျာ..။ သားတကွဲ၊ ခင်ပွန်းတကွဲ.. နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊ အသက်အန္တရာယ်က လုပ်ကြံ့ခံရပြီး သီသီလေး လွတ်မြောက်လာရတဲ့ မုဆိုးမတစ်ဦးရဲ့ ဘဝကို အပြစ်ပြောလိုသူတွေ နည်းနည်းလေး ကိုယ်ချင်းစာကြည့်ကြပါဗျာ...။
အများပြည်သူအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံ တိုက်ပွဲဝင်နေတဲ့ အမေစုကို အရင်ကလည်း ထောက်ခံသလို၊ ယခုလည်း ထောက်ခံပါတယ်.. နောင်လည်း ထောက်ခံမှာပါ..။ ဒီလိုထောက်ခံမှုအတွက် တစုံတခုသော အကြောင်းကြောင်းကြောင့် မှားယွင်း ခဲ့ရင်တောင် ကျွန်တော်အနေနဲ့ ကိုယ့်ယုံကြည်ချက်၊ ဆုံးဖြတ်ချက်အတွက် မည်သည့်အခါမှ နောင်တရမှာ မဟုတ်ပါဘူး..။
အထက်က ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူကြားက အမေစုရဲ့ ဓာတ်ပုံလေးတွေကို စိတ်မကောင်းစွာ ခံစားမိရင်းက ပြည်သူ့အတွက် အမေ ပင်ပန်းတာတွေ ပြေပျောက်ပါစေ..။ အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် အမေ..။
ထိုစဉ်က နအဖထောက်လှမ်းရေး ဗိုလ်ခင်ညွန့်တို့ရဲ့ သမိုင်းစာမျက်နှာ ဖွင့်လှစ်လိုက်ပြီ ဆိုပြီး.. ခွင့်ပြုချက်နဲ့ တရားဝင် သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ယနေ့ခရီးစဉ် ကွာဟချက်တွေပါ...။ ၂၀၀၃ခုနှစ် ဒီပဲယင်း ဖြစ်စဉ်တုန်းကတော့ ဒီလိုအင်တာနက်ခေတ်ကြီး မဟုတ်တော့ နေ့စဉ်သတင်းတွေကို ရေဒီယိုကနားထောင် နေရင်းနဲ့ စိတ်တထင့်ထင့် နားထောင်ခဲ့ရတာပါ..။ ဒီလို မီဒီယာတွေလည်း အားမကောင်းသေး၊ တနေ့တနေ့ အကြောက်တရားတွေ ကြားထဲက လူထုရဲ့ တနေ့တခြား ထောက်ခံလာမှုတွေကို ထိုစဉ်က ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ နအဖစစ်အုပ်က အကွက်ကျကျနဲ့ လူမဆန်စွာ ခြေမှုန်းချင်း ခံလိုက်ရတာပါ..။
ဒီနေ့ဒီအချိန် ထူးခြားချက်ကတော့ IT ခေတ်ကြီးမှာ သတင်းတွေ မြန်မြန်ဆန်ဆန်နဲ့ အင်တာနက်ပေါ်မှာ ချက်ချင်း ဆိုသလို မြင်တွေ့နေရတာပါ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကလည်း အရင်ကအတိုင်း အပြောင်းအလဲ မရှိပဲ ပိုလို့တောင် တိုးလာသလို ပါတီတရားဝင် ရပ်တည်ခွင့် ရရှိနေတဲ့ အနေအထားမှာ ထားဝယ်လူထု ထောက်ခံကြိုဆိုမှု ကတော့ အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကားပါ..။ တအိမ်တယောက် မထွက်မနေရ အတင်းအကြပ် ဆင့်ခေါ်ထားခြင်းလည်းမရှိသလို ဆီပေးမယ်၊ ဆန်ပေးမယ်၊ လမ်းခင်းပေးမယ်..၊ ဆင်ဖမ်းပေးမယ်၊ မြင်းဖမ်းပေးမယ်.. ဇလီဖာတုံး သွားကြားထိုးပေးမယ်စတဲ့ အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ အပြောအဆိုတွေ အပေးအယူတွေနဲ့ စည်းရုံးထားတာတွေ မပါပဲ များပြားလှတဲ့ လူပင်လယ်ကြီးကြားမှာ အမေစုကို ကြိုဆိုနေကြတာ မြင်တွေ့နေရတာပါ...။
ထားဝယ်ဒေသခံလူထုရဲ့ ထောက်ခံမှု ဓာတ်ပုံလေးတွေကို ပီတိဖြစ်ကြည်နှူးစွာ တပုံပြီးတပုံ ဖေ့စ်ဘွတ်မှာ တင်ပေးနေရင်းက ထားဝယ်ကနေ ရေဖြူ၊ လောင်းလုံ စတဲ့ခရီးစဉ်တွေ သွားရောက်ခဲ့ပြီး မောင်းမကန် အမေစုရဲ့နွမ်းလှ ပင်ပန်းနေတဲ့ကြားထဲက လူထုကို မိန့်ခွန်းပြောနေတဲ့ ပုံကိုတွေ့လိုက်ရတော့ ရင်ဆို့မတက် ခံစားလိုက်ရသလို အမေစု ကျန်းမာရေး၊ လုံခြုရေး အတွက်လည်း အင်မတန်မှ စိုးရိမ်စိတ် ဖြစ်ခဲ့ရပါတယ်..။ ယခုရက်ပိုင်းအတွင်း များပြားလှတဲ့ နိုင်ငံတကာမှ ဧည့်သည်တော်များနဲ့ တွေ့ဆုံရ၊ ပါတီရုံးခန်းဖွင့်ပွဲများ၊ အခမ်းအနားမျိုးစုံ၊ အစည်းအဝေးမျိုးစုံကြားထဲက ပြည်သူတွေထံ ကိုယ်တိုင် မရောက်အရောက်သွားပြီး ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းတွေ အတွက်ပင်ပင်ပန်းပန်း လုပ်ဆောင်ပေးနေရတာပါ..။ နှစ်ပေါင်းများစွာ အကျဉ်းကျခံရ..၊ သားတွေနဲ့ခွဲခွာ နှစ်ပေါင်းများစွာ စတေးခံပြီး တိုင်းပြည်အရေးအတွက် လွတ်မြောက်လာပြီး ကတည်းက နေ့မအား၊ ညမအား လုပ်ဆောင်ပေးနေရတာပါ..။ အမေစုကို အပြစ်ပြောလိုသူတွေ လွတ်လပ်စွာ အမြင်ကွဲပြားခွင့်ရှိပေမယ့်... ယခုဖြစ်ပေါ်လာတဲ့ တိုင်းပြည်မှာ တကြိမ်တခါမှ မြင်တွေ့ရဘူးခြင်း မရှိတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ သူ့ဘာသာသူ မိုးပေါ်က ကျလာတာမဟုတ်သလို လက်ရှိအစိုးရရဲ့ စေတနာတွေ ကောင်းမှုကြောင့်လည်း မဟုတ်ပါဘူး။
အပေးအယူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေက ထွက်ပေါ်လာတဲ့ ရလာဒ်ကောင်းတွေပါ..။ တခြားအကြောင်းတွေ တခုမှ ပြန်လည် ဖြေရှင်းချက် မပေးလိုပေမယ့် အဖွဲ့ချုပ်မှတ်ပုံတင်တာ၊ ရွေးကောက်ပွဲ ဝင်တာကို အမြင်မကြည်လင်သူတွေ အနေနဲ့ အဖွဲ့ချုပ်သာ ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် ယခုမြင်တွေ့နေရတဲ့ ပြည်သူလူထုရဲ့ မြင်ကွင်းတွေ အိပ်မက်တောင် မမက်နိုင်သလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆိုတာဟာလည်း ရွှေပြည်တော် မျှော်လေတိုင်းဝေး ဖြစ်နေဦးမှာ...။ ယခုဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခင်းအကျင်းတွေဟာ အနိမ့်ဆုံးအနေနဲ့ တရားဝင်ပါတီတခု ဖြစ်လာပြီ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့လည်း အဖွဲ့ချုပ် အဖွဲ့ဝင်တွေအပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံနိုင်သလို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ရောင်းချ၊ ဝန့်ဝန့်ကြွားကြွား ချိတ်ဆွဲ၊ သွားလာနိုင်ခွင့်တွေ ရရှိဖို့ ဆိုတာ ဖြစ်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး..။ ဖိနှိပ်ချုပ်ချယ်မှုတွေ အောက်မှာ ပြည်သူတွေအကြား နိုင်ငံရေး နိုးကြားတက်ကြွမှု ဆိုတဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာတာဟာလည်း အထက်ပါ အချက်တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်..။
လက်ရှိမြန်မာ့သမိုင်းမှာ မကြုံစဘူးရှိလည်း မရှိဘူးတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ နေ့စဉ်ရက်ဆက် တရားဝင် လာရောက်အလည်ပတ် ရောက်ရှိပြီး မြန်မာ့အရေး အဖြေရှာနေတာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သလို လက်ရှိ အစိုးအရအနေနဲ့လည်း ကတိကဝက်တွေပေးပြီး နောက်ကြောင်း ပြန်မလှည့်ဘို့ လုပ်ဆောင်နေကြရတာလည်း ကျွန်တော်တို့ ခေါင်းဆောင်ကြောင့်ပါ..။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့နိုင်ငံရေးကို ကမ္ဘာကအဆက်မပြတ် မီးမှောင်းထိုး စောင့်ကြည့်နေရတာလို့ ဆိုရင်လွန်အံ့မထင်ပါ...။ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင်ဆိုတဲ့ အနေအထားလေးကို နည်းနည်းလောက် စဉ်းစားကြည့်ကြပါဗျာ..။ သားတကွဲ၊ ခင်ပွန်းတကွဲ.. နှစ်ပေါင်းများစွာ အကျဉ်းကျခံ၊ အသက်အန္တရာယ်က လုပ်ကြံ့ခံရပြီး သီသီလေး လွတ်မြောက်လာရတဲ့ မုဆိုးမတစ်ဦးရဲ့ ဘဝကို အပြစ်ပြောလိုသူတွေ နည်းနည်းလေး ကိုယ်ချင်းစာကြည့်ကြပါဗျာ...။
ဓာတ်ပုံ Getty Images
အပေါ်က ပင်ပန်းနွမ်းနယ်နေတဲ့ အမေစုရဲ့ ဓာတ်ပုံကို ကြည့်ပြီး ခံစားချက်နဲ့ ရေးမိတာပါ..။ အမေစု ကိုယ့်အတွက် ကိုယ့်ကိုယ်ကျိုးအတွက် လုပ်နေတာ မဟုတ်ပါဘူး တိုင်းပြည်အတွက် အများပြည်သူ ကောင်းစားရေးအတွက် လုပ်နေတာပါ..။အထက်က ပင်ပန်းနွမ်းနယ်နေတဲ့ ပြည်သူကြားက အမေစုရဲ့ ဓာတ်ပုံလေးတွေကို စိတ်မကောင်းစွာ ခံစားမိရင်းက ပြည်သူ့အတွက် အမေ ပင်ပန်းတာတွေ ပြေပျောက်ပါစေ..။ အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် အမေ..။
ဒီမိုဝေယံ

ရင်စို့မတတ် ခံစားရပါတယ်
ReplyDeleteတခေတ်မှာ တယောက် ဆိုရအောင် .... ဒီလိုမျိုး ပေါ်ထွက်နိုင်ဖို့ ဆိုတာ အင်မတန် ခဲယဉ်းလှပါတယ် ...
ReplyDeleteငါတို့ မြန်မာနိုင်ငံဝယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်တဲ့ ...
ဗိုလ်ချုပ်ကိုယ်တိုင် မွေးဖွါးသန့်စင်ပေးခဲ့တဲ့ ဗိုလ်ချုပ်ရင်သွေးဖြစ်ရုံမက ...
တကမ္ဘာလုံးက လေးစားခဲ့တဲ့ ... ခေါင်းဆောင်ကောင်း တယောက်ရဲ့ အရည်အချင်း အပြည့်အစုံရှိတဲ့ ....
ထူးချွန်ထက်မြက်တဲ့ ... စွန့်လွှတ်အနစ်နာခံ ပေးဆပ်ရဲတဲ့ ....
ဒီလိုခေါင်းဆောင်ကို ထာဝရလေးစား နေမှာပါ ...
ကိုးကွယ်လွန်းတယ်လို့ ပြောကြတဲ့သူတွေကို တခုပဲ ပြောလိုက်မယ် ....
ကိုးကွယ်လောက်တဲ့ အရည်အချင်းရှိနေလို့ ကိုးကွယ်ကြတာ ဘာများထူးဆန်းလို့လဲလို့ ...
တုနှိုင်းလို့မရတဲ့ .... သမိုင်းမှာ ... တယောက်ဆိုရင် တယောက် ဆိုလောက်တဲ့
ဒီလို ခေါင်းဆောင်ကိုမှ လူတွေက ယုံကြည်လေးစား တန်ဘိုးထား ကိုးကွယ်တာဟာ
မထူးဆန်းပါ ... အမေလို့ လူတိုင်း ရင်ထဲကခေါ်ကြတာပါ ကြောက်လို့ ငြိုငြင်မှာစိုးလို့
ခေါ်ခိုင်းကြလို့ မဟုတ်ပါ ... မြန်မာ့ဒီမိုကရေစီရဲ့ လမ်းပြရှေ့ဆောင် မိခင် ...
ခေါင်းဆောင်တောင်မှ ပါတီခေါင်းဆောင် အဖြစ်သာမက
လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် အဖြစ် သမိုင်းမှာ မော်ကွန်းထိုးခဲ့ပါပြီ ။
အမေစု တကယ့်ကို ပင်ပန်းနေပုံပဲ။
ReplyDeleteဘာရယ်မဟုတ် လူအုပ်ထဲ မသမာသူပါပြီး လုပ်ကြံခံရမှာလဲစိုးမိတယ်။
နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.
ReplyDeleteနွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.
နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.
A very good Article,Myanmar is witnessing a historic leader in her 70 years old history after General Aung San.
ReplyDeleteAll stakeholders should think for the wellfare of nations and benefits of people.Hatred, narrow-minded thinking should be discarded. The country is very poor and needs to move forward.Pls think for the sake of country. DepaeYin Massacre is a very ugly thing in Myanmar history. Dont even think about it doing the same thing.Be Humane!
ReplyDeleteAmay Suu is so much tired. I really admire her tenacity and strength. All of her efforts for our country will be historical.
ReplyDeleteAh May Su! Please mind your security.Don't forget the sorrowful event of our National Leader General Aung San Who believed too much to everybody.
ReplyDeleteအမေစုကတော့.
ReplyDeleteတို့.ဖခင်ဗိုလ်ချုပ်အောင်ဆန်းချေရာကို.
တစ်ထပ်ထဲနှင်းရုံမကဘူး.၄.၅ ဆယ်ထပ်ကို
နှင်းတော့တာပါပဲ..
အရမ်းကြည်နူးမိလို့.မျက်ရည်တောင်ကျမိတယ်.
ကျုပ်တို့တိုင်းပြည်ကိုကယ်တင်နိုင်မဲ့သူဟာ.
အမေစုပဲ..
အမေစု ရယ် မြင်ရတဲ့ မြင်ကွင်းကရော ရေးထားတဲ့စာသားတွေရောကြောင့် ဖတ်လိုက်ရတဲ့ တခဏ မျက်ရည်ဝိုင်းယုံမကပဲ ကျမိပါတယ် အမေစု ကို သနားလိုက်တာ
ReplyDeleteအမေစု လက်ထဲက ကိုင်ထားတဲ့ ပန်းစည်းလေးကို မြင်တော့ အရမ်းပဲ စိုးရိမ်မိပါတယ် ပန်းဆိုတာ ချစ်လို့လေးစားလို့ ပေးတာမှန်ပေမယ့် လူယုတ်မာဆိုတာတွေက ဂျိုပါတာမဟုတ်တော့ ... အမေစု ဂရုစိုက်ပါနော် အမေစုကိုလဲ အနားမှာ ရှိတဲ့သူတွေက ဂရုစိုက်ပေးကြပါနော်..
စိုးရိမ်မိတယ် ... အမေစု အသက်ကိုရော သမီးတို့ပြည်သူလူထုအတွက်ရောပေါ့
အမေစုက ပြည်သူလူထုအတွက် အသက်ရှိနေအုံးမှ ဖြစ်မှာမလို့ပါ... အမေစု အသက်ရာကျော်ရှည်ပါစေ...
အမေစု အသက်ရာကျော်ရှည်ပါစေ...
ReplyDeleteဗိုလ်ချုပ် အခုချိန်ရှိမယ်ဆိုရင် စကားတစ်ခွန်းပြောပါလိမ့်မယ်..အဲဒါကတော့..
ReplyDelete"ငါ့သမီး ငါ့ထက်တော်တယ်"
အပေါ်ကငပေါလေး
ReplyDeletesafety first.
ReplyDeletekyawsay;
ReplyDeleteအမေစုသက်တော်ရာကျော်ရှည်ပါစေ။တိုင်းပြည်တာဝန်များကိုဆထက်တပိုးထမ်းဆောင်နိုင်ပါစေလို့ဆု
တောင်းပါတယ်အမေ။
ညီအစ်ကိုမောင်နှစ်မအပေါင်းတို့ခင်ဗျား...တခေတ်မှာတယောက် ပေါ်ပေါက်ခဲတဲ့ လူထုခေါင်းဆောင်မျိုးကို ကျွန်တော်တို့ ရရှိထားပါပြီ။ မဝေးသေးတဲ့သမိုင်းသင်္ခန်းစာတခုက ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခဲ့ရလို့ တိုင်းပြည်လွတ်လပ်ရေးရခဲ့သည့်တိုင်အောင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားခဲ့ရတာ၊ ရာဇပလ္လင်ခွေးတက်တာ၊တတိုင်းပြည်လုံးဓါးမနောက်ပိတ်ခွေးဖြစ်ရတာ ကြုံခဲ့ရပြီးပါပြီ။ ဒါ့ကြောင့် နိမ့်ကျနေတဲ့ ဘ၀ပေါင်းသန်းခြောက်ဆယ်အတွက်၊တိုင်းရင်းသားအားလုံးချစ်ကြည်စည်းလုံးရေးအတွက် သက်ရှိထင်ရှားလူထုခေါင်းဆောင်ကို ကာကွယ်ကြပါ။ကူညီပံ့ပိုးကြပါ။ မြန်မာ့လေကိုရှူဖူးသူတိုင်း မြန်မာ့ရေကိုသောက်ဖူးသူတိုင်း မြန်မာ့ဆန်ကိုစားဖူးသူတိုင်း အမေစု ကိုကာကွယ်စောင့်ရှောက်ကြပါ။
ReplyDeleteကိုဒီမိုရေ ထပ်တူထပ်မျှ ခံစားပြီး အားပေးသွားပါတယ်။
ReplyDelete