ရေပွက်ပမာ သူ
(ကဗျာရှင် နေရဲနီ)
အားလုံးကို ခွင့်လွှတ်နိုင်တယ်
ဒါပေမဲ့ဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး။
(မဟတ္တမဂန္ဓီ)
လှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့အတွက်
အတိတ်ကို သင်္ခန်းစာယူရမယ်
သင်္ခန်းစာဆိုတာ အတိတ်သမိုင်းမှာဘဲရှိတယ်။
နောက်လိုက်မှားရင် သူ့ဘာသာသူ ခွဲထွက်သွားလိုက်မယ်။
သူ့အမှားသူ သိရင် သူ့ဘာသာသူ ပြန်လာလိမ့်မယ်။
ခေါင်းဆောင်မှားရင် တစ်တိုင်းတစ်ပြည်လုံး
ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မဆလ န၀တ နအဖ
ခေတ်ကို ဖြတ်သန်းလာတဲ့သူတွေ ခံစားသိကြပါတယ်။
အနာတွေက မကျတ်သေးဘူး
စိတ်ဒဏ်ရာတွေက ပြန်တွေးရင် မနေ့တနေ့ကလိုဘဲ။
ဖိတ်စင်သွားသော နို့စက်ကို ပြန်ကောက်ယူ၍မရ
ထို့အတွက် ပူဆွေးနေခြင်းသည် အချိန်ကုန်၍
လူပန်းခြင်းသာ အဖတ်တင်မည်။
သို့သော် ဖိတ်ခဲ့သည့်အဖြစ်အပျက် တို့ကိုသင်ခန်းစာယူ၍
နောင်မဖိတ်အောင် သတိထားရမည်။
ဟန်ဆောင်ကောင်းတဲ့လူ
ပြည်သူ့မေတ္တာ ခံယူဘို့အတွက်
ခလုတ်ကန်သင်း တောမှန်သမျှ ရှင်းခဲ့တယ်။
လူလူချင်းကို မစင်ကျွေးပြီး လိုချင်တဲ့အဖြေကို မရရအောင်မေးခဲ့တယ်။
သွားကျိုးအောင် ရိုက်စစ်ပြီး ထမင်းထဲမှာ ခဲသလဲ ထိုးကျွေးခဲ့တယ်။
အမှောင်ခန်းထဲမှာ ရက်ရှည်လများတိုက်ပိတ်ပြီး
အထီးကျန် အကျည်းတန်ဆန်စွာ ကမ္ဘာလောကနဲ့ အဆက်ဖြတ်ခဲ့တယ်။
လူကိုကြိုးတုပ်ပြီး မျက်နှာကိုအ၀တ်အုပ်
လူမဆန်စွာ ထိုးကြိတ်ကန်ကျောက် ရိုက်နှက်ပြီး တန်းမှာ ဇောက်ထိုးဆွဲခဲ့တယ်။
လေယာဉ်ပျံနဲ့ ဆိုင်ကယ်ဆိုတာ လူ့ခန္ဓာကိုယ်မှာ သူတို့ဘဲပုံသွင်းခဲ့တာ။
ညအချိန်မတော်အိမ် တံခါးလာခေါက်ပြီး
ညီလေးအစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ
နဲနဲပါးပါး မေးစရာရှိလို့ မစိုးရိမ်ပါနဲ့
၅(ည)နဲ့ပါ သိပ်မကြာပါဘူး
ဒီလိုနဲ့ဘဲ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ
ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သားတွေအတွက်
သောကအပူမီးနဲ့ အနိစ္စ ရောက်ခဲ့ရတဲ့ မိခင်တွေ
တွေ့ခွင့်ရတဲ့အခိုက် သားဖြစ်အင်ကိုကြည့်ပြီး
စိတ်မကောင်းခြင်းကြီးစွာနဲ့
ရင့်နင့်ကြေကွဲလို့ နှလုံးသွေးရပ်ပြီး အနိစ္စရောက်ရတဲ့ မိခင်တွေ
သားပြန်လာမဲ့ အချိန်ကိုလည် တဆန့်ဆန့်မျှော်ရင်း
စိတ်သောကဖိစီးပြီး ကွယ်လွန်သွားတဲ့ မိဘတွေ
ဒီလိုနဲ့ဘဲ မိဘပေါင်းများစွာရဲ့
သားသမီးအပေါ်မှာထားတဲ့ သောက၀ိညဉ်တွေ
ကမ္ဘာမြေပြင် အထက်မှာ မမြင်ရပေမဲ့
ထာဝရရှင်သန် နေဆဲ။
ပူအိုက်တဲ့ရာသီမှာ ဘာမှမသိသူအတွက်
ရေကြည်အိုင်ဆိုတဲ့ အမည်လေးကြားရရုံနဲ့
ရင်ထဲမှာ အေးမြစေတယ်။
ခုတော့လည်း အားလုံးသိနေပါပြီ
ရေကြည်အိုင်ဆိုတာ အသံကြားရုံနဲ့
အော့နှလုံးနာပြီး အန်ချင်စရာဖြစ်နေတယ်။
ရေကြည်အိုင်စစ်ကြောရေးက ပြန်ထွက်လာတဲ့သူ
လူကောင်းကတိ ဘယ်တော့မှ မရှိခဲ့ဘူး။
လူစဉ်မမီဖြစ်ပြီး စိတ်သောကဖိစီးလို့
စိတ်ဓာတ်တွေ ကျဆင်းပြီး ရောဂါမျိုးစုံနဲ့
လူ့ဘဝကို ကျောခိုင်းသွားတဲ့ သူတွေရဲ့
ဒီမိုကရေစီ ၀ိညာဉ်တွေက
ကမ္ဘာမြေပြင် အထက်မှာ ရှင်သန်နေဆဲ။
ယုတ်မာခြင်း ပေါင်းစုံ
ရက်စက်မှု ကမ်းကုန်
နည်းမျိုးစုံနဲ့ နှိပ်စက်ပြီး
ထောင်ဆေးရုံမှာ ရောဂါပေါင်းစုံနဲ့ သေခဲ့ရတဲ့သူတွေ
သေအံ့မူးမူး ရောက်တော့မှ ပြန်လွှတ်ပေးပြီး
အပြင်ရောက်ရင် ဘာမှမပြောဘို့ တခါတည်း နှုတ်ပိတ်လိုက်တာ
သေသွားရင်တောင်ကျန်ခဲ့တဲ့သူတွေ
ရတက်မအေးဖြစ်အောင် တခါတည်း ခြိမ်းခြောက်ပြီး လွှတ်လိုက်တာ...
ဒီလူနဲ့ ပတ်သက် ဆက်နွယ်တဲ့သူတွေ
လူ့ပတ်ဝန်းကျင်များ ဘာမှလုပ်စားလို့ မရအောင်
အာဏာပိုင် အဆင့်ဆင်ကို ဖိအားပေးပြီး
လမ်းတွေ့တာတောင် ညီအစ်ကိုအချင်းချင်း
နှုတ်မဆက်ရဲလောက်အောင်
လူ့ဘ၀လူ့လောကမှာ လူအဖြစ် တပမ်းရှုးံအောင်
MI ရဲ့ညစ်နည်း သင်ခန်းစာပေါင်းစုံက
ခုချိန်မှာတော့ ခံခဲ့ရတဲ့သူတွေအတွက်
ပြောမဆုံးပေါင် တောသုံးတောင် မကတော့ဘူး။
အိမ်လာပြီး နည်းမျိုးစုံနဲ့ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့လို့
စိတ်ဓာတ်တွေ အလီလီကျပြီး မခံနိုင်တဲ့ အဆုံးမှာ
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေလဲ မနည်းတော့ဘူး။
တစ်အိမ်တစ်ယောက် မတက်မနေရ
မိုးမလင်းခင် အရောက်သွားရမယ်။
ကြိုဆိုပါ၏.. ထောက်ခံပါ၏
အဆိုတင်ပါ၏.. ရှုံ့ချပါ၏..
ဆန့်ကျင်ပါ၏.. ကန့်ကွက်ပါ၏..
ကန့်ကွက်သည်ကို ကန့်ကွက်သူမရှိ ထောက်ခံပါ၏။
ဘာမှန်းမသိရသောအစည်းအဝေးများ
တစ်အိမ်တစ်ယောက်မတက်မနေရ
မိခင်နှင့်ကလေး အမျိုးသမီးရေးရာ
အမည်သာလှပြီး မရေရာသော အဖွဲ့အစည်းများ။
နိုင်ငံရေးဆိုသည်ကို ပါးစပ်ပင် မဟရဲအောင်
နောက်ကွယ်ကနေ နှိပ်ကွပ်ခဲ့တဲ့ အချိန်မှာ
ပြည်သူ့ရှေ့မှာတော့ သတင်းစာမျက်နှာဖုံး တီဗီမင်းသား
ပြည်သူ့ကြားကို လက်နက်ပြပြီး အတင်းတိုးဝင်
ပြည်သူ့မေတ္တာကို အတင်းအဓမ္မရယူဘို့ ကြိုးစားခဲ့သူ
ပြည်သူ့ဘဏ္ဍာနဲ့ တံတားတွေဆောက် လမ်းတွေဖေါက်ပြီး
ပြည်သူကို အတင်းအဓမ္မ ကျေးဇူးတင်ခိုင်းတဲ့သူ
သတင်းစာရှင်းလင်းပွဲမှာ ရှေ့ထွက်မင်းသား
(၉၀) ရွေးကောက်ပွဲကို အသိအမှတ်ပြု သယောင်နဲ့
အခြေခံဥပဒေဗန်းပြပြီး လိမ်ညာညစ်ဘို့ ကြိုးစားတဲ့သူ
လူရှေ့သူရှေ့ နိုင်ငံတကာ ရှေ့မှာတော့
လူမြင်ကောင်းအောင် လူထုခေါင်းဆောင်ကို
တွေ့ဆုံဆွေးနွေးရေး ဗန်းပြပြီး
နောက်ကွယ်ကနေ နည်းမျိုးစုံနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို ရက်စက်ခဲ့သူ
အာဏာဘုန်း မီးတဟုန်းဟုန်း တောက်နေချိန်မှာ
ဒေါင်းတွေကို လည်ဖြတ်ပြီး
ဒေါင်းသွေးနဲ့ ခြေဆေးဘို့ ကြိုးစားခဲ့သူ။
မြန်မာတို့ရဲ့ယဉ်ကျေးမှု အစဉ်အလာအထွဋ် အမြတ်ထားတဲ့ ရာဇ၀င်မြို့တော်
မြန်မာဘုရင်တွေ နောက်ဆုံး နန်းစိုက်ခဲ့တဲ့မြို့တော်
အောက်မှာရန်ကုန် အထက်မှာမန္တလေး
စကားအရာမှာ တမူးသာတဲ့မြို့တော်
သူ့ကောင်းမှုကြောင့် ခုချိန်မှာ လူမျိုးခြားတွေ ကြီးစိုးပြီး
ဒုတိယဟောင်ကောင်လို့တောင် ခေါ်ဝေါ်နေကြပြီ။
မြန်မာတွေ ဘေးရောက်ပြီး မြန်မာစကားတောင် ပျောက်တော့မယ့်မြို့
ဒါတွေဟာပြန်ပြင်ဘို့ မလွယ်တဲ့ သူ့လက်ရာတွေ။
ကျောက်ဖြစ်နေတဲ့ သူတပါး မျက်ချေးကိုကြည့်ပြီး
အမျိုးကိုချစ်ဘို့ မျိုးချစ်စိတ်ကို တဖွဖွပြောပေမဲ့
သားဖြစ်သူ စင်္ကာပူသူကိုယူတော့
အမွေပြတ်ကို ဟန်ပြကြော်ငြာပြီး
နောက်ဆုံးမှာ ပုဂံဆိုက်ဘာကို ကြီးစိုးခဲ့တယ်။
မင်းသားခေါင်းဆောင်းပြီး
ခုနစ်ထွေအကမှာ ဘီလူးခန်းကို အရောက်
ဆောင်းထားတဲ့ မင်းသားခေါင်းပေါင်းကွာအကျ
ကကွက်ကို မကျွမ်းကျင်တော့
ဘီလူးရုပ်က ဘွားကနဲပေါ်
သံစဉ်တွေက လမိုင်းမကပ်
ကကြိုးနဲ့ကကွက်က နရီစည်းဝါးမမှန်
ဘီလူးထက်ကြီးတဲ့ ဂုမ္ဘာန်နဲ့ တွေ့တော့
ဘီလူးလည်း ထောင်နန်းစံ ရတော့တာပေါ့။
ကျွဲကူးရင် ရေပါဆိုတဲ့ စကားရှိတယ်
ခေါင်းဆောင် ကျွဲတွေရှေ့က ကူးရင်
ရေသာခိုတဲ့ နောက်လိုက်ကျွဲတွေ
ရှေ့တစ်ကောင် တင်ပါးပေါ်မေးတင်ပြီး
ရေသာခို အချောင်လိုက်ခဲ့ကြတယ်။
ဒေါင်းတွေကိုဖမ်း
အမွေးနှုတ် အရေဆုတ် လည်လှီးဘို့ ကြိုးစားတဲ့သူ
နောက်ဆုံးမှာတော့ ဒေါင်းတွေရဲ့ အရိပ်ကိုခိုပြီး
ဒေါင်းတွေကြောင့်ဘဲ လွတ်မြောက်လာခဲ့တယ်။
ဒီမိုဝေယံ တောင်းဆို တိုက်တွန်းမှုနဲ့ ဒီစာကိုရေးတဲ့အခါ
ရွှဲရွှဲစိုပြီးညှီနံ့ တထောင်းထောင်း ယင်တလောင်းလောင်းနဲ့
အနာကြီး ရောဂါသည်ရဲ့ ကိုယ်ပေါ်မှာ
အပ်ဖျားချ စရာပင် နေရာမရှိသလို
သူ့အပေါ်မှာ ကောင်းကွက်တွေကို ရှာကြည့်ပေမဲ့
ဘယ်နေရာမှာမှ မတွေ့ခဲ့ပါဘူး။
ဘာဘဲဖြစ်ဖြစ် အားလုံးကို ခွင့်လွှတ်ပါတယ်။
ဒါပေမဲ့ ဘယ်တော့မှ မေ့ပစ်လို့ ရမှာမဟုတ်ဘူး။
အနှစ်၂၀ဆိုတာလဲ ပြန်တွေးကြည့်ရင် မနေ့တနေ့ကလိုပါဘဲ။
ဖိတ်စင်သွားသော နို့စက်ကို ပြန်လည်၍
ပူဆွေးသောကဖြင့် တမ်းတနေခြင်း မဟုတ်...
နောင်မဖိတ်အောင်သာ ကြိုးစားကြ ရပေတော့မည်။
နေရဲနီ



(
ReplyDeleteပို့စ်အောက်က ကွန်မန့် မှာ ဖတ်ပါ။)
"ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ" ပို့စ် ရော၊ ပို့စ်အောက်က ကွန်မန့် တွေရော မြန်မာတိုင်း လေ့လာပြီး ပေါ့ပျက်ပျက် သဘောမထားဘဲ အလေးအနက် မှတ်သားထားသင့်ပါတယ်။
အဲဒီ အကြောင်းအရာတွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။
(အခုဆိုရင် မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူး ခင်ညွန့်ရဲ့ အယုတ်တမာ လုပ်ရပ်တွေကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်တဲ့ လူတွေ ရှိနေလို့ ဒါကို အလေးအနက်ထားပြီး ပြောရတာပါ။)
ပြည်သူများ သတိရှိကြပါ
အရေခြုံ စစ်အုပ်စုက ပြည်သူတွေကို အသွင်ပြောင်း စစ်ကျွန် ဆက်လုပ်သွားမလို့ အကွက်ဆင်နေတယ်။ ကြောင်သူတော် ခင်ညွန့်ကို လွှတ်ပေးလိုက်တာ သွေးရိုးသားရိုး မဟုတ်ဘူး။
ခင်ညွန့်က "ဒေါ်စုကို ထောက်ခံပါတယ်" ဆိုပြီး ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေမှာ သပ်လျှိုပြီး ပြည်သူချင်း ရန်တိုက်ပေးမလို့ပါ။
အခုဆို ခင်ညွန့်ရဲ့ ဒလံတွေက "အတိတ်ကို တူးဆွမနေကြပါနဲ့တော့၊" "ဦးခင်ညွန့်ကို ခွင့်လွှတ်လိုက်ပါ၊" "ဦးခင်ညွန့်ဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်သင့်တဲ့ လူတော်လူကောင်းပါ" ဆိုတဲ့ မှတ်ချက်တွေ ရေးပြီး ခင်ညွန့်ကို တကျော့ပြန် ပွဲထုတ်မလို့ ပြည်သူတွေကို နှပ်ကြောင်း ပေးနေတယ်။
အခုဆိုရင် ခင်ညွန့် အာဏာရှိစဉ်က ခင်ညွန့်က အာဏာကို အလွဲသုံးစား လုပ်ပြီး လုပ်ပိုင်ခွင့်တွေ၊ ပါမစ်တွေ ချပေးခဲ့လို့ အကြီးအကျယ် ချမ်းသာလာတဲ့ ခင်ရွှေက ခင်ညွန့်ကို တလ ဒေါ်လာ ၅၀ဝ၀ ပေးပြပြီး ခင်ညွန့်ကို စင်ပေါ် ပြန်တင်ဖို့ စပြီး လမ်းခင်းနေပါပြီ။
တကယ်က ခင်ညွန့်ဟာ မြန်မာနိုင်ငံကို အခုလောက် ဆိုးရွားသွားအောင် လုပ်ခဲ့တဲ့ အဓိက ပြည်ဖျက်တရားခံ နံပါတ် (၂) ဖြစ်ပါတယ်။
လူယုတ်မာ ခင်ညွန့်ဟာ သူတော်ကောင်းယောင် ဆောင်နေသူပါ။ အတွင်းစိတ် ကောက်တဲ့ အင်မတန် ကောက်ကျစ် ယုတ်မာ ရက်စက်တဲ့ လူယုတ်မာစစ်စစ် ဖြစ်ပါတယ်။ ကြောင်သူတော် ကြက်သူခိုး ဖြစ်ပါတယ်။
မိုက်ခဲ သန်းရွှေ ရက်စက် ယုတ်မာတာ လူသိများတယ်။ ကြောင်သူတော် ခင်ညွန့် ရက်စက် ယုတ်မာတာ လူ သိပ်မသိဘူး။
လူယုတ်မာ ခင်ညွန့် ရဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်စွာ စနစ်တကျ နှိပ်စက်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေသွားတာ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာ၊ ရူးသွားတာတွေ အများကြီးပါ။
ဒါကြောင့် သမိုင်းတရားခံ ခင်ညွန့် ဟာ "ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်" ဆိုတဲ့ စကားတခွန်းထဲနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာ ဝင်ပြီး ခြေထိုးမယ့် ဘေးရန်ကို ပြတ်ပြတ်သားသား ကာကွယ်ဖို့ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။
ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်ပါ။
ReplyDeleteပို့စ် အောက်က ကွန်မန့်မှာ ဖတ်ပါ။
ခင်ရွှေ က အရင်က တပ်ကြပ်ကြီး ...
ခင်ညွန့်နဲ့ ဆက်မိပြီး ခေတ်ပျက်သူဌေး ဖြစ်လာတာ...
ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅၀ဝ၀ ပေးတယ်လို့ လူသိရှင်ကြား ပြောလိုက်တဲ့အတွက် --
ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုး ရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီ မစခဲ့သလဲ ဆိုတာ ပေါ်လွင်တယ်။
ခင်ညွှန့် လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦး အပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်။
ဟေ့ အခုဆိုရင်MDCကမူဝါဒရေးရာမူးငပေါလေးကောင်းမြတ်သူတောင်
ReplyDeleteဗိုလ်ခင်ညွန့်ထက်တစ်ဒေါ်လာပိုတဲ့(၅၀၀၁)ဒေါ်လာ. လစာနှူံးနဲ့
မြောက်ကိုးရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်းကပြုံယမ်းမှာစပါယ်ရှယ်
ခွေးသားဟင်းကျွေးရင်းအလုပ်ခန့်ထားလိုက်ပြီဆိုဘဲ။
ဒုက္ခပေါင်းစုံတို့ရဲ့လက်သည်တရားခံ ခင်ညွန့်။ အစွယ်လိုသူ သန်းရွှေ။ ခိုင်းစေသူက ရွှေမန်း။ ကြံဖော် ကြံဖက် သုံးယောက်းသားအနက် ငမိုက်သား ခင်ညွန့်။
ReplyDeleteခွေးမသားခင်ညွန့်.လူ့ပြာည်မှာမထားနဲ့.
ReplyDeleteသတ်ပြစ်ကြ..
ကိုဒီမိုရေ..
ReplyDeleteစာကြောင်းတွေအရမ်းစိတ်နေတယ်.ဖတ်လို့သိတ်အဆင်မပြေဘူး..
ဦးခင်ညွန့် ခင်ဗျာ ဖေ့ဘုတ်အကောင့်လေး ဖွင့်ပြီး ပြည်သူတွေ့ရဲ့ အသံကိုနားထောင်ကြည့် စမ်းပါဗျာ....ပြည်သူတွေ ဆန္ဒ ဘယ်လိုဆိုတာ သိရအောင်..............................................
ReplyDelete