Pages
Thursday, January 12, 2012
ဘားအံ့မြို့ ဇွဲကပင်ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာအစိုးရနဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား(ဓာတ်ပုံ)
မီးရထားဝန်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်မူတူးဆေးဖော၊ စက်မှု(၂)ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးခင်ရီတို့အား ဇွဲကပင်ဟိုတယ် ညစာစားပွဲမှာ တွေ့ရစဉ်.. (ဓာတ်ပုံ AP)
နှစ်ပေါင်း(၆၃)နှစ်အတွင်း အစိုးရနဲ့ KNU အကြား အပစ်အခတ် ရပ်စဲရေးအတွက် ပထမဦးဆုံး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်...။ KIAနဲ့လည်း အခုလို အမြန်ဆုံး စေ့စပ်ညှိုနှိုင်းပြီး အမြန်အဖြေရှာနိုင်ပါစေ...။
ဒီနေ့ ၁၂.၁.၂၀၁၂ကတော့ မင်္ဂလာသတင်းတွေပါပဲ..။ မနက်ဖြန် ၁၃ရက်နေ့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်တဲ့.. မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းစတွေပါပဲ...။ အမိမြန်မာပြည်ကြီး အေးချမ်းသာယာပြီး အမြန်ဖွံ့ဖြိုးတိုးတက်ဖို့ နေရာတိုင်းမှာ ဒီလိုငြိမ်းချမ်းရေး မြင်ကွင်းတွေ မြင်တွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...။
2 comments:
  1. good things to see!!!!!!
    ReplyDelete
  2. အောင်မြင်January 14, 2012 at 2:32 AM
    ReplyDelete
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။