တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလ ဆရာတော်ကြီးသို့ အိတ်ဖွင့်ပေးစာ
ဆရာတော်ဘုရား..
တိုင်းသံဃနာယက အဖွဲ့အတွင်းမှာ သာသနာတော် အကျိုးများကို သဒ္ဒါတရား ထက်ထက် သန်သန် ဆောင်ရွက်နေ၍ အထူးလေးစားပါတယ် ဘုရား။ အရှင်ဘုရား လက်မှတ်နှင့် ရွှေည၀ါဆရာတော်ဘုရား ကိစ္စကိုအဆုံးအဖြတ် ပေးလိုက်တာကိုလည်း ဘုရားတပည့်တော် တွေ့မြင်လိုက်ရပါတယ် ဘုရား။ ဘုရားတပည့်တော်မှ ဆရာတော်ဘုရား ဆုံးဖြတ် ပေးခဲ့ဖူးသော ကိစ္စတစ်ခုကိုလဲ သတိတယ တပည့်ဒကာ၊ ဒကာမများ သာဓုခေါ်နိုင်စေရန် တင်ပြပေးချင်ပါတယ် ဘုရား..။
ဆရာတော်ဘုရားရဲ့ တပည့် ဦးဝါယာမသာရ (သာသနာ့ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယ ပိဋကဥဘ တောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ) ယခု သာကေတမြို့နယ်၊ မူလကျောက်ချောင်း ကျောင်းဆရာတော်နှင့် သာကေတမြို့နယ် ဇိနမာရ်အောင် စေတီတော်ကိစ္စတွင် ဆရာတော် အဆုံးအဖြတ် ပေးခဲ့တာလေးပါဘုရား။ ဘုရားတပည့်တော်မှာ ထိုကိစ္စကို အစအဆုံးသိခဲ့သော်လည်း၊ သာသနာကိစ္စ ဖြစ်သည့်အပြင် ဆရာတော်များ ဖြစ်သည့်အတွက် သည်းခံရေငုံနှုတ်ပိတ် နေခဲ့ပါတယ်ဘုရား။
သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူနေသော ရွှေည၀ါဆရာတော်ကြီး ကိစ္စတွင် ဆရာတော်ဘုရား၏ လက်မှတ်ကို မြင်ရ၍၊ ဘုရားတပည့်တော် ယခုအခါ ဖွင့်ဟလိုက်ရပါသည် ဘုရား။ ဆရာတော် ဦးဝါယာမသာရမှာ ၂၀၀၇ခုနှစ်တွင်မှ မူလကျောက်ချောင်းကျောင်းကို ရောက်ရှိလာခဲ့ပြီး ကျောင်းဂရန် လုံဝမရှိသည်ကို သာကေတ ဇိနမာရ်အောင် ဂေါပကထံမှ ဘုရားမြေကို တောင်းယူခဲ့ပါတယ် ဘုရား။ ဂေါပကမှဘုရားမြေကို မပေးနိုင်ကြောင်း ဆိုသောအခါ ဂေါပကအဖွဲ့ကို တိုင်စာပို့ပြီး ဖြုတ်ပစ်ရန် ကြိုးစားခဲ့ပါတယ် ဘုရား။ သာကေတ ဇိနမာရ်အောင် ဘုရားမှာ ၁၉၉၃ခုနှစ်ကတည်းက အခွန်လွတ် သာသနာ့ဂရန် မြေပတ္တာစာချုပ်ကို ရရှိထားပြီး ဘုရားဝတ္တက မြေအဖြစ် စာရွက်စာတမ်း ခိုင်ခိုင်မာမာ ရှိခဲ့ပါတယ်ဘုရား။ အရှင်ဘုရားထံသို့လည်း စာရွက်စာတမ်း ပြည့်ပြည့်စုံစုံကို တင်ပြပါလိမ့်မယ် ဘုရား။
ထိုမြေကိစ္စမှာ ဘုရားနယ်နိမိတ် ဆိုသည်မှာ သေချာကြောင်း တိုင်းအိုးအိမ် ဦးစီးဋ္ဌာနမှ အတည်ပြုပြီး မြေတိုင်းအဖွဲ့မှ ဘုရားတွင် ငုတ်လာရိုက် ပေးခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်မှာ သာကေတ ဇိနမာရ်အောင် ဘုရားနားတွင် နေထိုင်သော ဒကာဖြစ်သည့်အပြင်၊ ဇိနမာရ်အောင်ဘုရားတွင် အစဉ်အမြဲ လှူဒါန်းနေသော ဒကာတစ်ဦး ဖြစ်ပါတယ် ဘုရား။ ထိုငုတ်လာရိုက်ပေးစဉ် ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရမှ မြေငုတ်ရိုက်ခြင်းကို လက်မခံပဲ (မြေငုတ်ရိုက်ရာတွင် သာကေတမြို့နယ် မြေတိုင်းဋ္ဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးဝင်းဇော် ခေါင်းဆောင်သော မြေတိုင်းအဖွဲ့၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့များ၊ မြို့နယ်အေးချမ်း သာသနာရေးမှုး၊ သာသနာရေးမှုးများ ပါဝင်ကြပါတယ်)။ ကန့်ကွက်ခဲ့တာကိုလဲ မြင်ပါတယ်ဘုရား။ ဘုရားတပည့်တော် ကိုယ်တိုင်လဲကြားခဲ့၊ မြင်ခဲ့ရပါတယ်။ ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် အတူထိုစဉ်က မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့မယ်သာသနာရေးမှုး ဦးထွန်းခင်၊ သာကေတမြို့နယ် သံဃနာယက ဥက္ကဋ္ဌနှင့် တိုင်းသာသနာရေးမှုး ဦးကြင်ခိုင်တို့လည်း ထိုမြေပြဿနာ ဖြစ်စဉ်မှာ နောင်သံသရာအတွက် အကုသိုလ် ထုပ်လေးများကို ထုပ်ယူထားကြောင်း ကြားရပါတယ်ဘုရား။
ဆရာတော်ဘုရား၏ တပည့်ကြီး ဦးဝါယာမသာရနှင့် ဂေါပကများ မြေအငြင်းပွားနေကြပုံများကို အခွေမှတ်တမ်းများအဖြစ် ဘုရားယောဂီတစ်ဦး ကောင်းမှုကြောင့် ကြည့်ရှုရ၍ ဘုရားတပည့်တော်မှာ အလွန်အမင်း အံ့သြမိပါတယ် ဘုရား။ ဆရာတော်ဘုရားရဲ့ တပည့်ဆရာတော် ဦးဝါယာမသာရမှာ (သာသနာ့ ဓဇဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစက ပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတော ၀ိဘင်္ဂဓရ)ဘွဲ့များ ပိုင်ရှင်ဖြစ်သောကြောင့် မြေကိစ္စ အငြင်းပွားခြင်းမှာ မည်မျှအပြစ် ကြီးလေးသည်ကို သိမည် ထင်ပါသည်ဘုရား။
ဆရာတော်ဘုရား (ရွှေညဝါ ဆရာတော်အား အမိန့်လက်မှတ် ထိုးပေးတဲ့ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော် ဦးကုဏ္ဍလ)နှင့် တပည့်ကြီး ဦးဝါယာမသာရ ဆရာတော်ဘုရားတို့ဟာ ဘုရားသားတော်များ ဖြစ်ကြပြီး၊ မြေကိစ္စကို ဘယ်လိုများ ဆုံးဖြတ်ခဲ့ကြလဲ ဆိုတာကတော့ ဂေါပက အဖွဲ့ဝင်များပဲ သေသေချာချာ သိနိုင်မှာပါဘုရား။ ဂေါကပအဖွဲ့ဝင်များလဲ သက်ရှိထင်ရှား ရှိကြတာမို့ ဆရာတော်ဘုရားများ အပေါ် တပည့်တော်များ စွပ်စွဲခြင်း မဟုတ်ကြောင်း အထောက် အထားများ ပြနိုင်ကြမှာပါ ဘုရား။ ဘုရားတပည့်တော်ဟာ သာကေတမြို့နယ်(၇) အနောက် ရပ်ကွက်တွင် မွေးဖွား ကြီးပြင်းခဲ့တာမို့၊ ဇိနမာရ်အောင် ဘုရားကြီး ဖြစ်တည်ပုံကအစ ယခုကိစ္စများ အထိသိခဲ့၊ မြင်ခဲ့၊ ကြားခဲ့ရသူပါဘုရား။
ယခုအခါဘုရားကြီးမြေမှ လမ်းဖောက်ယူပြီး၊ မူလကျောက်ချောင်း ကျောင်းမြေ လုပ်လိုက်သည်ကို တပည့်တော်များမှ နေ့တိုင်း မြင်တွေ့နေရပြီး၊ သာသနာတော်နှင့် ဆရာတော်ကြီးများကို နေ့တိုင်း သာဓုခေါ်ဆို နေရပါတယ်ဘုရား။ ဆရာတော်ဘုရားမှ အဖွဲ့နှင့် ဆုံးဖြတ်ခြင်းမရှိပဲ၊ အတွင်းရေးမှုးအနေနှင့် အာဏာနှင့် လုပ်ဆောင်တတ်၍ (၃၁.၁၀.၂၀၀၈)ရက်နေ့မှ ကျင်းပသော(၄၇)စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁၅/၂၀၀၈)ဖြင့် သတိပေးခံထားရသော စာလေးပါ ကံမကောင်း အကြောင်းမလှစွာ တပည့်တော် လက်ထဲရောက်ရှိ လာပါ၍ တင်ပြပေးလိုက်ပါတယ် ဘုရား။
မဟနဆရာတော်ကြီးများကို တပည့်တော် အံ့သြကြီးစွာ လျှောက်ထားလိုသည်မှာ ၂၀၀၈ခုနှစ်ကတည်းက (၄၇)ပါးစုံညီမှ သတိပေးခြင်း ခံထားရသော ဆရာတော်အား ယခု၂၀၁၂ ခုနှစ်အထိ တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်အဖြစ် ဆက်လက်ထား ရှိနေခြင်းကို ဘုရားတပည့်တော်မှ အထူးလေးစားစွာ သာဓုခေါ်မိပါကြောင်းနှင့် ဆရာတော် ကြီးများကိုယ်တိုင် ယခုဘုရားမြေကို (သာသနာ့ဓဇ ဓမ္မာစရိယB.A(B) မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ၀ိနယပိဋက ဥဘတောဝိဘင်္ဂဓရ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းမှုး၊ ကမ္ဘာအေးကုန်းမြေ)မှ ဆရာတော် တစ်ပါးမှ အလွဲသုံးစား လုပ်နေခြင်းကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးတော်မူ ကြပါရန်နှင့် သာသနာတော်ကို ချစ်မြတ်နိုးသောဘုရား သားတော်များမှ လည်း မြတ်စွာဘုရား သာသနာကြီး မညှိုးနွမ်းစေရန် ဆက်လက်စုံစမ်း ပေးကြပါရန် ဘုရားတပည့်တော်မှ လျှောက်ထားလိုက်ရပါတယ် ဘုရား။ ယခုရေးသော စာပါအထောက် အထားများကို အခွေမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း၊ စာရွက်စာတမ်း မှတ်တမ်းများ ပြည့်ပြည့်စုံစုံဖြင့် ဆရာတော်ကြီးများမှ တင်ပြပေးစေ လိုပါကလည်း၊ ဘုရားတပည့်တော်မှ ဆရာတော်ဘုရားများ ရန်ကိုကြောက်ရှာ၍ ထွက်သွားရသော (ဂေါပကမှ မလွှဲပေးပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု စာအပို့ခံရသော) ဂေါပကများကိုရှာဖွေ၍၊ နိုင်ငံတော်သံဃ မဟာနယကများ၏ ဆုံးဖြတ်မှုများကို ကမ္ဘာသိအောင် တင်ပြပေးရပါမယ် ဘုရား။
သာသနာမှန်ရင် ဆန်တက်မယ်။ သာသနာမမှန်ရင် စုန်မျောမယ်။
မြတ်စွာဘုရားသာသနာကို ဘုရားသားတော် သံဃာများ စောင့်ရှောက် ပေးနိုင်ကြပါစေ။
စာများကို တင်ပေးသော ဒီမိုဝေယံအား အထူးကျေးဇူးတင် ရှိပါသည်။
လေးစားစွာဖြင့်
ညောင်မြစ်တူးတော့ ပုတ်သင်ဥ ပေါ်တယ်ဆိုမလား သာကေတ ဇိနမာရ်အောင် ဘုရားဝတ္တကမြေကိစ္စ တိုင်ကြားစာ.. ပေးပို့လာတဲ့ စာပါအကြောင်းအရာအရ ရွှေညဝါဆရာတော် အသနားခံစာအား ပယ်ချခဲ့ပြီး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးကုဏ္ဍလသည်.. ၂၀၀၈ခုနှစ်မဟန(၄၇)ပါးစုံညီ အစည်းအဝေးမှ သတိပေးခြင်း ခံထားရသည့် ဆရာတော်တပါးဖြစ်ကြောင်း ၂၂.၁၀.၂၀၀၈ခုနှစ် နိုင်ငံတော် သံဃမဟာနယက အစည်းအဝေး ဆုံးဖြတ်ချက်ပါ အစီရင်ခံစာကို ဖတ်ရှုနိုင်ပါတယ်..။
ဆဋ္ဌမအကြိမ် ဗဟိုဝန်ဆောင် တတိယအစည်းအဝေးသို့ မဟာနာယကအဖွဲ့၏ အစီရင်ခံစာ...
(၂၂.၁၀.၂၀၀၈)
အပိုဒ်(၄၁) ဆုံးဖြတ်ချက် တိုင်းသံဃနာယက အကျိုးတော်ဆောင် ဆရာတော်၏ ဆုံးဖြတ်ချက်အား တိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍
(က) တိုင်းသံဃနာယက အဖွဲ့သို့တင်ပြလာသော ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနဲ့အညီ အစည်းအဝေးဆုံးဖြတ်ချက် အရသာ ဆောင်ရွက်ရန်နှင့် အဖွဲ့အစည်းဂုဏ်သိက္ခာ မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေမည့် လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေးသဘောဖြင့် ဆောင်ရွက်ခြင်းများကို အထူးရှောင်ကြဉ်ရန်
(ခ) မိမိ၏ တာဝန်မဟုတ်သော အလှူရှင် ဒါယိကာ၊ ဒါယိကာမတို့၏ လုပ်ငန်းဖြစ်သော ဆွမ်းလောင်းခြင်း၊ ကထိန်ခင်းခြင်း စသည်တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်တို့၌ ပါဝင်ခြင်း၊ စွက်ဖက်ဟန့်တားခြင်း စသည်တို့ကို မပြုလုပ်ရေး တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တကုဏ္ဍအား သတိပေးရန် ဆုံးဖြတ်ခဲ့ပါသည်။
ပေးပို့လာတဲ့ တိုင်ကြားစာထဲက မဟာနာယကအဖွဲ့၏ အစီရင်ခံစာ... စာပါအကြောင်းအရာပါ...။


ကျင့်ဝတ်သီလ(spiritual value)ကို အလေးမထား၊ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို အာသာငန်းငန်း လိုက်နေကြသော သာသနာကို ချစ်မြတ်နိုးစိတ်မရှိသော ရဟန်းများက သံဃာ့အဖွဲ့အစည်း ဦးဆောင်နေရာများကို ရယူထားခြင်းမှာ သာသနာရှေ့ရေးအတွက် ရင်လေးစရာ ကောင်းလှပါပေသည်။
ReplyDeleteဘုရားသာသနာကိုကာကွယ်ရမဲ့ဘာသာရေးခေါင်းဆောင်တွေက..သာသနမြေ ၊ ဘုရားမြေကိုအတင်းအဓ္ဓမ
ReplyDeleteလုယူတယ်ဆိုတော..
အင်းးးးမြန်မာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေလဲအာဏာရှင်တွေအောက်မှာဘဝကိုဖြတ်သန်း
သန်းနေရသလို...
ဘာသာရေးမှာလဲအာဏာရှင်ဆန်တဲ့ ဘုန်းကြီးတွေကဖီနှိပ်နေကြတော့...အနာဂတ်
တိုင်းပြည်နဲ့ဘာသာရေးအတွက်ကတော့အင်မတန်ရင်လေးစရာပါဘဲနော်....
မဟန. ဆရာတော်အရှင်သူမြတ်တို့ဘုရား""""ယခုကိစ္စမှန်မမှန်သေချာစွာ
ReplyDeleteစစ်ဆေးမေးမြန်းအရေးယူဆောင်ရွက်အပြစ်ပေးသင့်သည်ဟုယူဆမိပါ
သည်ဘုရား
ဇိနမာရ်အောင်ဂေါပကလူကြီးဟောင်းတွေထဲကငါးပါးသီလလုံပါတယ်လို့
ReplyDeleteသစ္စာဆိုရဲတဲ့သူအခုကိစ္စမှာမဟနထံသို့အမှန်တရားတွေကိုတင်ပြပေးဘို့
မေတ္တာရပ်ခံတောင်းပန်အပ်ပါသည်။
ယ္ခုဦးသိန်းစိန်အစိုးရလက်ထက်မှာဘယ်ကိစ္စမဆိုအမှန်အတိုင်းရိုးသားပွင့်လင်း
ReplyDeleteစွာတင်ပြပြောဆိုကြမယ်ဆိုရင်တရားမျှတစွာစဉ်းစားဆုံးဖြတ်ပေးလိမ္မယ်လို့
ထင်ပါတယ်။
ကျုပ်ကအကုန်လုံးသိတယ်၊အရင်တုံးကဆိုရင်မတိုင်ရဲဘူး၊ကျုပ်ကိုအရင်အရေး
ReplyDeleteယူခံရမှာကြောက်လို့။အခုအမှန်အတိုင်းတင်ပြရင်ရောဖမ်းမှာလား?
ရွှေညဝါဆရာတော်ဘုရားကိုအရေးယူတဲ့ကိစ္စမှာလဲ(၄၇)ပါးစုံညီဆိုပြီး(၁၀)ပါး
ReplyDeleteဘဲသိခဲ့တာလဲမရိုးသားဘူး။အသနားခံစာကိုလဲ မဟန အထိတင်ခဲ့ပါလျှက်နဲ့
ယ္ခုဘုရားမြေကိစ္စကိုမရိုးမသားဆုံးဖြတ်ပေးခဲ့ဘူးတဲ့တိုင်းဒေသကြီးသံဃနာယက
အကျိုးတော်ဆောင်ဘဒ္ဒ. န္တကုဏ်ဍလ(ဏ အောက်တွင်ဍကိုရေးမရ၍ခွင့်လွတ်
တော်မူပါရန်)ကနေပြီးတော့မဟနသဘောတူညီချက်မပါဘဲကြားဖြတ်ပြီးတော့
လက်မှတ်ထိုးပယ်လိုက်တယ်ဆိုတာလဲမဟနကိုကျော်ပြီးမလေးမစားလုပ်တာဘဲ။
တခုခုတော့မှားနေပြီထင်ပါတယ်။
မှန်မှန်ကန်ကန်ဖြေရှင်ပေးပါသာသနာရေးဦးစီးဌာန
ReplyDeleteဘုန်းဘုန်းအတုတွေဝင်မရေးကြပါနဲ့နော်
ReplyDeleteသာကေတမြို့ဇိနမာရ်အောင်ဘုရားဆိုတာ.သာကေတမြို့သူမြို့သားများချွေးနဲစာနဲ့
ReplyDeleteတည်ထားတဲ့ဘုရားပါ။
တိုင်းသံဃနာယကအတွင်းရေးမှူးကအဂတိလိုက်စားတယ်။
မဟနကမသိချင်ယောင်ဆောင်နေတယ်ဆိုတော့ဘယ်အဖွဲ့အ
စည်းကများဒီကိစ္စကိုစုံစမ်းပေးကြမလဲ။သိန်း(၃၀၀)လောက်တန်တဲ့အဆောက်အဦးတွေကို
ဖျက်ပြီးဘုန်းကြီးအလိုကျလမ်းခင်းပေးလိုက်တာကိုမဟနတွေသာဓုခေါ်ကြမှာပဲလား။
ဘုရားမြေဂရန်ကိုတောင်အိုးအိမ်နဲ့ပေါင်းပြီးပြောင်းထားတယ်ကြားတာပဲဗျ။ဘုန်းကြီးကမြေအငြင်းပွား
ရင်လူဖြစ်သွာတယ်လို့ကြားဖူးတာဟုတ်ပါသလားခင်ဗျာ။သိတဲ့လူများဖြေပေးကြပါဦး။
....မနေနိုင်သူတဦး......
သာကေတမြို့မှာအကြီးဆုံးဓမ္မာရုံကြီးကဇိနမာရ်အောင်ဘုရားမှာပဲရှိပါတယ်။ဘုရားဂေါပကအဖွဲ့များကိုဘယ်လို
ReplyDeleteမတရားဖြုတ်ပစ်လိုက်လဲဆိုတာသာကေ
မြို့သားတွေကပိုသိပါတယ်။ကျုပ်တို့ကဘုန်းကြီးကိုတွေ့ရင်ထိုင်ကန်တော့ရမှာလား၊ထွက်ပြေးရမလားတောင်မသိဘူး။
မဟနဆရာတော်တွေကမသိချင်ယောင်ဆောင်တာဆိုလဲအထောက်အထားတွေဆက်တင်ဗျာ။ဒါမှသူတို့အကြောင်း
ကမ္ဘာကပါသိမှာ။ဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးကြမလဲဆိုတာစောင့်ကြည့်နေပါတယ်။
သာကေတသား
my father was a chairperson in the board of the trustee of ZINAMAN AUNG Pagoda,he is U SOE NYUNT,he is not a quitter ,i know of him,but he said bad things can't cover,one day true will raise,now it is.Thanks a million for the concerning .`
ReplyDeleteheserved for the PAGODA for two decades ,and what he get??? sacked from the whole life work!!!not fair! pls follow up do fight for that if it is concern our family is the first person for it,if anyone wanna know i will contact through my father ,i promise that i am stand beside u,my mail is thetpaing.soehtay@gmail.com
ReplyDeleteမဟနတွေ.အဲ့ဒီဘုန်းကြီးဆီက.
ReplyDeleteလဒ်စားထားတာလဲဖြစ်နိုင်တာပဲ..
ဘုန်းကြီးတွေလဲ.RK ပေးလိုက်ရင်ပီးသွာတာပဲ.
သာသနာတစ်ဖြည်းဖြည်းကွယ်ပျေက်တော့မဲ့လက္ခဏာပဲ.
ဒါတွေအားလုံးဟာ.အာဏာရှင်စံနစ်ဆိုးရဲ့.ဆိုးကျိုးတွေပဲ.
ရွှေညဝါဆရာတော်ဘုရားကို၈၈မျိုးဆက်တွေကဝိုင်းရံပေးမယ်ဆိုတဲ့သတင်း
ReplyDeleteတုံးကဘုန်းဘုန်း(အတု)ကကွန်မင့်တွေအများကြီးရေးပြီးဘာကြောင့်အရေးယူ
ရပါတယ်ဆိုတာဝေ့လည်ကြောင်ပတ်ရှင်းထားခဲ့ဘူးပါတယ်။ဒေါက်တာလွမ်းဆွေ
ဘလော့ရဲ့၂၀-၁-၂၀၁၂နေ့စွဲလောက်ကသတင်းမှာဖြစ်ပါတယ်။အမှန်တကယ်လဲ
မဟန၄၇ပါးစုံညီမဟုတ်ဘဲဥက္ကဌဖြစ်တဲ့ဗန်းမော်ဆရာတော်ဘုရားကြီးတောင်မသိ
ခဲ့တာအမှန်ပါ။အဲဒါကိုသိခဲ့တာက၁၀ပါးဘဲရှိပါတယ်။ဒါကြောင့်မသိခဲ့ရတဲ့မဟန
ဆရာတော်အရှင်သူမြတ်တို့မှပြန်လည်ပြီးအမှန်တရားအတိုင်းမှန်မှန်ကန်ကန်
စစ်ဆေးမေးမြန်းစည်းဝေးဆုံးဖြတ်သင့်ပါသည်ဘုရား။
သံဃာတော်အရှင်သူမြတ်တို့ဘုရား ဘုရားတပည့်တော်သိထားတာကတော့
ReplyDeleteညတိုင်ကျရင်ရဟန်းအချင်းချင်းအာပတ်ဖြေနေကြတဲ့အခါပေါ့ပါးတဲ့အပြစ်တွေ
ကတော့ခွင့်လွှတ်ခြင်းကိုလွယ်လွယ်ကူကူပဲခွင့်လွှတ်သလိုအပြစ်ပေးမခံရဘူး
လို့လဲယုံကြည်နေကြမယ်လို့ထင်ပါတယ်(ထေရဝါဒဆိုရင်ပေါ့လေ)။အခုရန်ကုန်
တိုင်း. တိုင်းဒေသကြီးရဲ့တိုင်းသံဃနာယကအကျိုးတော်ဆောင်က. ရွှေညဝါ
ဆရာတော်ဘုရားရဲ့အသနားခံစာကိုပယ်တယ်ဆိုတဲ့အဓိပ္ပါယ်ဟာ. အာပါတ်
ဖြေလို့မရဘူးဆိုတဲ့အဓိပ္ပါယ်လား?အာပါတ်ဖြေလို့မရအောင်ပါရာဇိက ကျူး
လွန်မိလို့လား?မဟနဆရာတော်ဘုရားတွေရဲ့အရှေ့ကိုကျော်ပြီးအာဏာအလွဲ
သုံးစားလုပ်တာလား?မိမိကိုယ်တိုင်၂၀၀၈ခုနှစ်တုံးကမဟန ၄၇ပါးစုံညီစည်းဝေး
ကသတိပေးခံထားဘူးပါလျှက်. ယ္ခုသာကေတဘုရားဝတ္တကမြေကိုမိမိတပည့်ဆီ
ရောက်အောင်အဂတိလိုက်စားဆုံးဖြတ်တာတွေ၊ဒါတွေကိုကြည့်ရင်ဆိုဆုံးမရခက်သော
ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရမှာကရွေညဝါဆရာတော်ဘုရားမဟုတ်ဘဲရန်ကုန်တိုင်း
သံဃနာယကအကျိုးတော်ဆောင်ဖြစ်နေပါလား။အမှန်တရားဟာဖုံးကွယ်လို့မရပါဘူး
အထူးသဖြင့်သာသနာရဲ့အမှန်တရားကပိုလို့တောင်ဖုံးကွယ်လို့မရပါဘူးဘုရား။
ဘာကြောင့်လဲဆိုတော့ထေရဝါဒထွန်းကားတဲ့မြန်မာပြည်မှာရဟန်းကိစ္စပြီးစီးနေတဲ့
ရဟန္တာအရှင်သူမြတ်တို့ပေါ်ထွန်နေလို့ပါဘဲ၊ရှေ့ဘယ်နှစ်ဘဝနောက်ဘယ်နှစ်ဘဝ
မြင်နေတွေ့နေကြတဲ့ပုဂ္ဂိုလ်တွေကလဲအများကြီးရှိကြပါတယ်၊တိပိဋကဆရာတော်
ဆိုလဲသက်ရှိထင်ရှား၉ပါးတောင် ဖူးမြော်မေးမြန်းနိုင်ပါတယ်။ဘုရားတပည့်တော်
တို့အမှန်တရားကိုဘဲသိချင်ပါတယ်၊သာသနာဆုတ်ယုတ်မှာကိုအလွန်တရာမှ
စိုးရွံ့မိပါသည်ဘုရား
မှန်တယ်ဗျို့ကျုပ်လဲအမှန်တရားကိုဘဲသိချင်ပါတယ်။ဘာကြောင့်တိုင်းသံဃနာယက
ReplyDeleteအကျိုးတော်ဆောင်ကမဟနတွေဆုံးဖြတ်ရမဲ့ကိစ္စကိုအရှေ့ကနေကြိုပြီးကျော်ကျော်လုပ်သွား
ရတာလဲ?
မဟန. ဆရာတော်အရှင်သူမြတ်တို့ဘုရား. ထေရဝါဒ သာသနာတော်ရဲ့
ReplyDeleteအနာဂတ်ဟာဆရာတော်ဘုရားတို့လက်ထဲမှာသာဆုံးဖြတ်သင့်ပါတယ်ဘုရား
ဒီအတိုင်း. ရန်ကုန်တိုင်း တိုင်းသံဃနာယက အကျိုးတော်ဆောင်က. အရှင်
ဘုရားတို့ရှေ့မှ. မကြာခဏဆိုသလို. အဂတိလိုက်စားပြီးစီရင်ဆုံးဖြတ်နေပါလျှင်
သံဃာသင်းကွဲခြင်း၊ဒကာယုတ်လျော့ခြင်းနှင့်သာသနာဆုတ်ယုတ်မည့်ဘေးမဝေး
တော့ဟုထင်မြင်မိပါသည်ဘုရား။
အမှန်တရားဟာဖုံးကွယ်လို့မရဘူးဆိုတာတယ်မှန်ပါလါးဟရို့၊ဦးအံ့မေါင်(ဘုံဘေ)
ReplyDeleteရဟန်းဝတ်နဲ့ပါရာဇိကကျပြီးလူဝတ်လဲသါသနာရေးကိုဇောက်ထိုးမိုးမျှော်လုပ်လိုက်
တာကြောင့်မြန်မာပြည်ထေရဝါဒလဲတဖြည်းဖြည်းဆုတ်ယုတ်လါပါပကေါ။ယခုဘါလဲ
တိုင်းသံဃနာယကအကျိုးတော်ဆောင်ကလက်စောင်းထက်နေပါလားဟရို့။
ဒိအတိုင်းဆိုသိပ်မကြာတေါ့ဘူးနဲ့တူပါရဲ့။
ရောက်တဲ့နေရာမှာရပ်လိုက်ပါရန်. တိုင်းသံဃနာယကအကျိုးတော်ဆောင်
ReplyDeleteအားလေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား။
မဟနဆရာတော်အရှင်သူမြတ်တို့အနေဖြင့်ဘုရားသာသနာကိုသာဦးစားပေး
ReplyDeleteဆုံးဖြတ်စေချင်ပါသည်ဘုရား
အကြောင်းစုံကိုသေချာစွာမသိသေးသောမဟနဆရာတော်၃၇ပါးရှိနေပါသဖြင့်
ReplyDeleteမဟနဆရာတော်ကြီးများကိုအပြစ်တင်မစောကြပါရန်မေတ္တာရှေ့ထား၍ကြိုတင်
အသိပေးပန်ကြားအပ်ပါသည်။
ကိုရော်ဘင်ချမ်းပြောသလို အနှစ် ၂၀-လုံးလုံးဂေါပကလူကြီးလုပ်ခဲ့တာကို ရပ်ကွက်သူ ရပ်ကွက်သားမထောက်ခံတော့လို့ ဖြုတ်တယ်ဆိုရင်တော့ အဲဒါကို လက်ခံသင့်ပါတယ်။ တိုင်းသံဃာ့နာယက ကဖြုတ်တယ်ဆိုရင်တော့ နည်းနည်းရှုပ်သွားပြီ။ အလွဲသုံးစားလုပ်ပါတယ်ဆိုတဲ့ သက်သေအထောက်အထားစုံစုံလင်လင်နဲ့ တိုင်တာရှိမှ သံဃာ့နာယက ကကြားဝင်စေ့စပ်ပေးရတာရှိတယ်။ ဘာဘဲဖြစ်ဖြစ် အခုလိုကြားနေရတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနည်နဲ့ ရှက်မိပါတယ်။
ReplyDeleteတည်ဆဲဥပဒေအရတောင်အရေးယူမယ်ပြောထားတော့ ဂေါပကတွေကဘာတွေများ
ReplyDeleteလုပ်ခဲ့ကြလို့လဲ။နောက်ဂေါပကကိုလွှဲပြီးတော့ အရင်ဂေါပကတွေဘာဖြစ်သွားကြလဲ
ဆိုတာစုံစမ်းကြည့်ကြပါဦး။တိုင်းသံဃနာယကအာဏာနဲ့တင်မြှောက်ထားတဲ့ဂေါပက
အသစ်လက်ထက်မှာဘာတွေတိုးတက်လာသလဲ။သူတို့ကောအခုလက်ရှိဘုရားကြီး
ကိုတိုးတက်ကောင်းမွန်အောင်လုပ်နိုင်ကြသလား။သူတို့အကျင့်စာရိတ္တတွေကကော
ဘယ်လိုလဲ။ဖြုတ်ပစ်ချင်တာနဲ့ကိုယ့်ဘာသာတိုင်စာရေး၊ကိုယ့်ဘာသာတရားစွဲ၊ကိုယ့်
ဘာသာအမိန့်ချတာလဲဖြစ်နိုင်တာပဲ။ဂေါပကအဖွဲ့ကိုဖြုတ်ပစ်မယ်ဆိုရင်သူတို့မှာစည်း
ကမ်းနဲ့ငြိစွန်းတာတစ်ခုခုရှိမှဖြုတ်ရတာမဟုတ်ဘူးလား။တစ်ခုခုမသမာလို့ဖြုတ်ရတာပါ
ဆိုရင် အခုဂေါပကအဟောင်းတွေကအမှုတွေရင်ဆိုင်နေရသလား။မြေလုတယ်ဆိုတဲ့
ဦးဝါယာမသာရဆိုတဲ့ကိုယ်တော်ကကော ဘုရားမြေကိုဘာလို့လိုချင်နေရတာလဲ။
အခုအဆောက်အဦးတွေကို ဖျက်ပစ်လိုက်တယ်ဆိုတော့ ဘယ်သူ့အမိန့်နဲ့ဖျက်ရ
တာလဲ။ဘာကြောင့်ဘုရားပစ္စည်းတွေကို ဂေါပကအသစ်ကမထိန်းသိမ်းရတာလဲ။
တိုင်းသံဃမဟာနာယကဆရာတော်ကကော သူတင်ထားတဲ့ဂေါပကကိုဆိုဆုံးမ
မှုမပြုဘူးလား။ကျုပ်လဲစိတ်ဝင်စားလို့မေးကြည့်တာပါ။သိတဲ့လူဖြေကြပါ။
အမေးအမြန်းထူသောပခုက္ကူသား
လက်ရှိ အခြေအနေအတွက် မြန်မာတပြည်လုံးက ဆုံးဖြတ်နိုင်မယ့် ရဟန်းတော်တွေကို ကမ္ဘာအေးမှာ ပင့်ဖိတ်ပြီး သာသနာတော် သန့်ရှင်းရေးကို အရင်လုပ်သင့်တယ်လို့မြင်ပါတယ်။ ဗုဒ္ဓ ဘာသာ သန့်ရှင်းရေးအတွက်ပါ။အခုဟာက
ReplyDeleteသိပ်ကြားမကောင်းတော့ပါဘူး။ ရှက်စရာဖြစ်ရပ်တွေကြီး ဆက်နေတာ သာသနာတော်အတွက်မကောင်းပါ။ အင်တာနက်မှာ ဖတ်နေတာ ဗုဒ္ဓဘာသာဝင်တွေကြီးဘဲ မဟုတ်ပါ။ သက်ဆိုင်ရာ ဆရာတော်များ လူပုဂ္ဂိုလ်များ အာဏာပိုင်များ အမြန်ဆုံးဖြေရှင်းကြပါလို့ တောင်းပန်လိုက်ပါရစေ။