ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရ
ရွှေညဝါဆရာတော်အား တိုင်းသံဃနာယကမှ ကျောင်းတိုက်မှ အတင်းအကြပ်ဖယ်ရှားရန် လက်မှတ် ရေးထိုးစဉ်က
သွားရောက် အားပေးခဲ့တဲ့ အရှင်ဂမ္ဘီရအား တွေ့ရစဉ်
(ဓာတ်ပုံ ဒီမိုဝေယံ)
သွားရောက် အားပေးခဲ့တဲ့ အရှင်ဂမ္ဘီရအား တွေ့ရစဉ်
(ဓာတ်ပုံ ဒီမိုဝေယံ)
ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့ မနက်(၂)နာရီက ရဲအထူးသတင်း တပ်ဖွဲ့မှ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ လယ်တီဝိပဿနာ ကျောင်းတိုက်မှ လာရောက်ခေါ်ယူ သွားကြောင်း သိရှိရပါတယ်...။ မနေ့က အရှင်ဂမ္ဘီရအား ခေတ္တတွေ့ဆုံခွင့်ရခဲ့တဲ့ သူတစ်ဦးမှ ပြောဆိုရာမှာတော့ မဂ္ဂင်ကျောင်းတိုက်အား ပြန်လည်ဖွင့်လှစ် သီတင်းသုံးနေထိုင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက မနေ့က ခေါ်ယူထားကြောင်း ယင်းအတွက် လာရောက် ခေါ်ဆောင်မည့် သူအား စောင့်မျှော်နေသော်လည်း ၎င်းသွားရောက် တွေ့ဆုံသည့် အချိန်အထိ လာရောက် ခေါ်ဆောင်ခြင်း မရှိသည့်အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်...။ ထို့အတွက်ကြောင့် မဟနရဲ့ သြဝါဒပေးမယ့်ပွဲ ပျက်သွားတာ ဖြစ်နိုင်ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ တဦးမှဆိုပါတယ်..။
ယခုလာရောက် ခေါ်ဆောင်သွားမှုဟာ အထက်ပါ ကိစ္စနဲ့ ပတ်သက်နေခြင်း ရှိမရှိကိုတော့ သိရှိရခြင်း မရှိသေးပါဘူး...။ ပြီးခဲ့ ဇန္နဝါရီလ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး လွတ်မြောက်လာတဲ့ သံဃာတော်များဟာ ပြန်လည်လွတ်မြောက် လာချိန်မှာ သီတင်းသုံးနေထိုင်ဖို့ ကျောင်းတိုက်များ မရှိတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်..။ ထို့အတွက်ကြောင့် ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း အာဏာပိုင်များ မတရားဝင်ရောက် ဖျက်ဆီးချိတ်ပိတ်ခံထားရတဲ့ မိမိတို့ကိုယ်ပိုင် ကျောင်းများအား ပြန်လည်ဖွင့်လှစ် ဝင်ရောက်သီတင်းသုံး နေထိုင်ကြရပါတယ်...။ ထိုကဲ့သို့ ဖျက်ဆီးဝင်ရောက်စဉ်က မည်သည့် တရားဥပဒေ အကြောင်းပြချက်များ မပါရှိပဲ မတရား စီးနင်းဝင်ရောက် ချိတ်ပိတ်ခဲ့ပြီး သံဃာတော်များ ပြန်လည်ဝင်ရောက် သီတင်းသုံးချိန်မှာတော့ ဥပဒေနဲ့အညီဆိုတဲ့ စကားကို အသုံးပြုကာ ပြန်လည်ချိတ်ပိတ်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့လက ပြန်လည် လွတ်မြောက်လာတဲ့ ရွှေဝါရောင်ဦးဆောင် သံဃာဆရာတော် ဦးဂမ္ဘီရဟာ သီတင်းသုံးနေထိုင်ရန် ကျောင်းတိုက် အခက်အခဲ၊ အခြားသော အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် ဆရာတော်အရှင်ဂမ္ဘီရအား လေးစားကြည်ညိုကြတဲ့ ဂျပန်နိုင်ငံရောက် စေတနာရှင်များမှ မနေ့က နဝကမ္မ ဝတ္ထုငွေသုံးသိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ရွှေည၀ါဆရာတော် တရားဟောခွင့် ပိတ်ပင်တာ (၁)နှစ် ပြည့်ပြီဖြစ်သော်လည်း တရားဟောခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်..
"မနေ့က တာချီလိတ်က တပည့်တစ်ယောက် ဖုန်းဆက်ပြောတယ် ဘုန်းဘုန်းတရားဟောမယ်ဆိုတာကို တာချီလိတ် သာသနာရေးဝန်ကြီးက လက်မခံဘူးတဲ့ ...တရားဟောခွင့် ပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့တဲ့ အဲဒါကြောင့် ခွင့်ပြုမိန့်လိုတယ်ဆိုပြီး လှမ်းတောင်းတယ်.. ဒါပေမဲ့ .. ဖေဖော်ဝါရီ ၁၀ရက်နေ့ ဆို တရာဟောခွင့် တစ်နှစ်ပိတ်တာ ပြည့်ပြီ ၊ ဒါပေမဲ့ ပိတ်ရက်ပြည့်ပြီဆိုရင် နောက်ရက် ဟောပြောခွင့် အတွက်ဆို ဘယ်သူ့ ဆီမှ ခွင့်ပြုချက် တောင်းစရာမလိုဘူး" ဟု ရွှေည၀ါဆရာတော် အရှင်ပညာသီဟမှ မိန့်ပါတယ်....
ဆက်လက်ပြီး ဆရာတော်က ....
" နိုင်ငံရေး အခြေအနေက ရွှေလျားနေတယ် အောက်ခြေကတော့ ဒီအတိုင်းပဲ နိုင်ငံတော် သမ္မတသစ်တက်လာတော့ အထက်ပိုင်းမှာ ပြောင်းလဲစပြုလာတာတော့ ၀မ်းသာပါတယ်.. ဒါပေမဲ့ အောက်ခြေမှာ ခေါက်ရိုးကျိုးနေတဲ့ မူဝါဒတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို အရမ်းဝမ်းနည်းတယ် သာသနာရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် မိစိတ်၊ ဖစိတ်၊ တရားစိတ်၊ ဆရာတပည့်စိတ်ထားပြီး ဆက်ဆံရေးမှာ ညီညွတ်ဖို့ လိုတယ် "ဟု ဆရာတော်မှ မိန့် ကြားခဲ့ပါတယ်...
ယခုကဲ့သို့ နိုင်ငံတော် သံဃမဟာနာယက အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ တရားဟောပြောခွင့်အား သာသနာရေး ဦးစီးဋ္ဌာနမှ ပြန်လည်ပိတ်ပင်ခြင်းဟာ ဗန်းမော်ဆရာတော်ကြီးအား မထေမဲ့မြင် ပြုလုပ်ခြင်းဖြစ်ကြောင်း အများမှ ထင်မြင်ယူဆနေကြပါတယ်..။
လက်ရှိကမ္ဘာ့ တရားဥပဒေ စိုးမိုးမှုအနည်းဆုံး နိုင်ငံ(၁၀)နိုင်ငံမှာ ထိပ်ဆုံးက ပါဝင်တဲ့မြန်မာနိုင်ငံမှာ သံဃာတော်များအား ဆက်လက်ဖိနှိပ်မှုများအား ပြုလုပ်နေသည့် နောက်ကွယ်၌ လက်ရှိဖြစ်ပေါ် တိုးတက်နေသော ပြည်တွင်းရေး အခြေအနေများအား ပျက်ပြားစေရန် .ယခင်အာဏာရှင် စံနစ်ကို ပြန်လည်တမ်းတ ယစ်မူးနေကြသော လူပုဂ္ဂိုလ် တစုမှ နောက်ကွယ်မှ လှုပ်ရှားကြိုးကိုင်မှုများ ရှိနေကြောင်း အများက ထင်မြင်သုံးသပ်နေကြပါတယ်..။
ပြီးခဲ့တဲ့လက ပြန်လည် လွတ်မြောက်လာတဲ့ ရွှေဝါရောင်ဦးဆောင် သံဃာဆရာတော် ဦးဂမ္ဘီရဟာ သီတင်းသုံးနေထိုင်ရန် ကျောင်းတိုက် အခက်အခဲ၊ အခြားသော အခက်အခဲများနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် ဆရာတော်အရှင်ဂမ္ဘီရအား လေးစားကြည်ညိုကြတဲ့ ဂျပန်နိုင်ငံရောက် စေတနာရှင်များမှ မနေ့က နဝကမ္မ ဝတ္ထုငွေသုံးသိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဗန်းမော်ဆရာတော်ကြီးနှင့် ရွှေညဝါဆရာတော် (ဓာတ်ပုံ ဒီမိုဝေယံ)
ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး...
ရွှေည၀ါဆရာတော် တရားဟောခွင့် ပိတ်ပင်တာ (၁)နှစ် ပြည့်ပြီဖြစ်သော်လည်း တရားဟောခွင့်ကို ဆက်လက် ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်..
"မနေ့က တာချီလိတ်က တပည့်တစ်ယောက် ဖုန်းဆက်ပြောတယ် ဘုန်းဘုန်းတရားဟောမယ်ဆိုတာကို တာချီလိတ် သာသနာရေးဝန်ကြီးက လက်မခံဘူးတဲ့ ...တရားဟောခွင့် ပိတ်ထားတဲ့ အတွက်ကြောင့်မို့လို့တဲ့ အဲဒါကြောင့် ခွင့်ပြုမိန့်လိုတယ်ဆိုပြီး လှမ်းတောင်းတယ်.. ဒါပေမဲ့ .. ဖေဖော်ဝါရီ ၁၀ရက်နေ့ ဆို တရာဟောခွင့် တစ်နှစ်ပိတ်တာ ပြည့်ပြီ ၊ ဒါပေမဲ့ ပိတ်ရက်ပြည့်ပြီဆိုရင် နောက်ရက် ဟောပြောခွင့် အတွက်ဆို ဘယ်သူ့ ဆီမှ ခွင့်ပြုချက် တောင်းစရာမလိုဘူး" ဟု ရွှေည၀ါဆရာတော် အရှင်ပညာသီဟမှ မိန့်ပါတယ်....
ဆက်လက်ပြီး ဆရာတော်က ....
" နိုင်ငံရေး အခြေအနေက ရွှေလျားနေတယ် အောက်ခြေကတော့ ဒီအတိုင်းပဲ နိုင်ငံတော် သမ္မတသစ်တက်လာတော့ အထက်ပိုင်းမှာ ပြောင်းလဲစပြုလာတာတော့ ၀မ်းသာပါတယ်.. ဒါပေမဲ့ အောက်ခြေမှာ ခေါက်ရိုးကျိုးနေတဲ့ မူဝါဒတွေ ရှိနေသေးတဲ့ အတွက်ကြောင့်မို့လို အရမ်းဝမ်းနည်းတယ် သာသနာရေးနဲ့ ပတ်သက်ပြီး အပြန်အလှန် မိစိတ်၊ ဖစိတ်၊ တရားစိတ်၊ ဆရာတပည့်စိတ်ထားပြီး ဆက်ဆံရေးမှာ ညီညွတ်ဖို့ လိုတယ် "ဟု ဆရာတော်မှ မိန့် ကြားခဲ့ပါတယ်...
ယခုကဲ့သို့ နိုင်ငံတော် သံဃမဟာနာယက အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးမှ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ တရားဟောပြောခွင့်အား သာသနာရေး ဦးစီးဋ္ဌာနမှ ပြန်လည်ပိတ်ပင်ခြင်းဟာ ဗန်းမော်ဆရာတော်ကြီးအား မထေမဲ့မြင် ပြုလုပ်ခြင်းဖြစ်ကြောင်း အများမှ ထင်မြင်ယူဆနေကြပါတယ်..။
လက်ရှိကမ္ဘာ့ တရားဥပဒေ စိုးမိုးမှုအနည်းဆုံး နိုင်ငံ(၁၀)နိုင်ငံမှာ ထိပ်ဆုံးက ပါဝင်တဲ့မြန်မာနိုင်ငံမှာ သံဃာတော်များအား ဆက်လက်ဖိနှိပ်မှုများအား ပြုလုပ်နေသည့် နောက်ကွယ်၌ လက်ရှိဖြစ်ပေါ် တိုးတက်နေသော ပြည်တွင်းရေး အခြေအနေများအား ပျက်ပြားစေရန် .ယခင်အာဏာရှင် စံနစ်ကို ပြန်လည်တမ်းတ ယစ်မူးနေကြသော လူပုဂ္ဂိုလ် တစုမှ နောက်ကွယ်မှ လှုပ်ရှားကြိုးကိုင်မှုများ ရှိနေကြောင်း အများက ထင်မြင်သုံးသပ်နေကြပါတယ်..။
သတင်း... ဒီမိုဝေယံ

ကျွန်တော် သိရတာကတော့ သံဃာ့နာယက အဖွဲ့က ဆုံးဖြတ်ထားတာကို သံဃာ့နာယက အဖွဲ့က ပြန်ပြီး ဆုံးဖြတ်ပေးမှ ရမယ်။
ReplyDeleteဒါပေမဲ့ ဗန်းမော်ဆရာတော်ထံကို ရွှေည၀ါ ဆရာတော်က ပုဂ္ဂိုလ်ရေးအရ လက်မှတ်ထိုးခိုင်းလိုက်တယ်။
ဗန်းမော်ဆရာတော်ကလည်း လက်မှတ်ထိုးပေးလိုက်တယ်။
အဲဒါဟာ စည်းမျဉ်းနဲ့ မကိုက်ညီဘူးလေ။
သံဃာ့နာယက အဖွဲက ဗန်းမော်ဆရာတော် တစ်ပါးတည်း မဟုတ်တော့ အဆင်မပြေနိုင်ဘူးပေါ့။
အားလုံးရဲ့ သဘောတူညီချက်နဲ့မှ အဆင်ပြေမှာပါ။
အထက်ကလူ ပြောသလိုဆိုရင် မဟနက ခွင့်ပြုမိန့်ကို အချိန်မီ ထုတ်ပြန်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တရားပွဲဆိုတာ ချက်ချင်းကောက်လုပ်လို့မရဘူးလေ။ အချိန်ယူပြီး လုပ်ရတာပါ။ ဖမ်းမိန့်တို့ ကျောင်းတိုက်က နှင်ထုတ်တာတို့ကျတော့ ချက်ချင်း ရောက်လာတယ်။ ဦးဂမ္ဘီရကိစ္စနဲ့ပတ်သက်လို့လဲ ထောင်ကထွက်လာတဲ့ သံဃာတွေကို ဘယ်ကျောင်းကမှ လက်မခံရဲဘူး။ အစိုးရလက်ပါးစေတွေက ခြိမ်းချောက်နေတာလေ။အဲဒီတော့ ကိုယ့်ကျောင်းကို ဖွင့်ပြီး ၀င်မနေရင် ဘယ်သွားနေမလဲ။ ဗန်းမော်ဆရာတော်က အစိုးရရဲ့ရက်စက်ယုတ်မာမှုတွေကို လက်မခံနိုင်လို့ တရားဟောခွင့်ပြုတဲ့စာ ထုတ်လိုက်တာပါ။မဟနအဖွဲ့ကြီးကတော့ ကြံ့ဖွံ့သံဃာသတ်အစိုးရဆီက အမိန့်ကို စောင့်နေဆဲ။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်မရှိ။
ReplyDeleteဘာသာအကျိုး၊ သာသနာအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုပါတယ်
ReplyDeleteတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုအကျိုးအတွက်ရည်စူးပြီး ဆောင်ရွက်တာမျိုး မဖြစ်စေဘို့
တပည့်တော်ရှောက်ထားအပ်ပါသည်
ဝါရင့်သဘာရင့်ဆရာတော်ကြီးများအပါအ၀င် သံဃာတော်အပေါင်း၊သီလရှင်အပေါင်း
ဘေးအပေါင်းကင်းကြပါစေ၊ ကျန်မာစွာဖြင့် အဂတိတရာကင်းစွာဖြင့် ဘာသာအကျိုး၊ သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေလို့ တပည့်တော်ဆုတောင်းအပ်ပါသည်။
အပေါ်ဆုံးက. ပုဂ္ဂိုလ်ဟာ. သာသနာရေးဝန်ကြီးဌာနက. မဟနကို. ထင်တိုင်း
ReplyDeleteကြဲ. အပေါ်စီးကဆက်ဆံနေတဲ့. ဓမ္မ န္တရယ်များလား? သံဃာကိုပင့်ဖိတ်
သည်ဖြစ်စေ. မဟနကဆင့်ခေါ်သည်ဖြစ်စေ. ဝိနည်းအရ. ငွေကြေးကိုင်တွယ်လို့
မရတဲ့အတွက် လမ်းလျှောက်သွားရမဲ့ခရီးထက်ဝေးခဲ့ရင်. စီးစရာ. ယာဉ်
ရထားကိုကြိုပို့. အတွက်စီစဉ်ပေးရပါမယ်၊. ထောင်ကထွက်လာခါစ. သံဃာ
မှာအစစအရာရာ. အခက်အခဲ. အများကြီးရှိတယ်ဆိုတာနားလည်ပေးရပါမယ်။
ဒီမိုကရေစီအစိုးရဆိုပြီးတော့. ရာဇဝတ်မှုမဟုတ်ပါဘဲလျှက်. တရားရုံးရဲ့
ဖမ်းဝရမ်းမပါဘဲ. ဖမ်းတယ်ဆိုတာလဲ. စစ်အာဏာရှင်. စရိုက်မပျောက်သေး
ဘူးဆိုတာပြနေတာပါဘဲ။. ပြီးတော့ရွှေညဝါ. ဆရာတော်ဘုရားကြီး. ကိစ္စကို
ကြည့်ရင်လဲ. ဦးသန်းရွှေက. ဦးစောမောင်ကို. အာဏာသိမ်းတဲ့. ပုံစံနဲ့တထေ
ရာထဲဘဲ၊. မဟနက. ဒုဥက္ကဌ. လက်မှတ်နဲ့၄၇ပါးမစုံညီလဲဘဲ. ၄၇ပါးစုံညီ
ဆိုပြီးစာထုတ်တော့. တရားဝင်တယ်၊. ဥက္ကဌက. စာထုတ်တော့. တရား
မဝင်ဘူးလို့ဆိုတယ်။. ဦးသန်ရွှေက. ဦးခင်ညွန့်နဲ့ပေါင်းပြီး. ဦးစောမောင်ကို
ဖြုတ်သလိုပါဘဲ။. စစ်တပ်မှာညစ်ပတ်တာ တို့. ပစ်သတ်တာတို့ဟာ. ထ္မင်းစား
ရေသောက်. ပုံမှန်လိုဖြစ်နေပေမဲ့. ထေရဝါဒသာသနာမှာ. ထေကြီးဝါကြီး
မထေကြီးရဲ့ဆုံးဖြတ်ချက်ဟာ. တရားမဝင်ဘူးဆိုရအောင်. ဘုရားဥပဒေ
အရပြောတာလား. ? ခင်ဗျားတို့လုပ်နေကြ. ဗလောင်းဗလဲ. အမိန့်အာဏာ
အရပြောတာလား? ထောင်ကလွတ်တဲ့ရက်မှာ. အဆင်သင့်. သီတင်းသုံး
နိုင်အောင်. ချိတ်ကိုဖွင့်ထားပေးခဲ့သလား? သံဃာကလမ်းဘေးမှာ. ညအိပ်
ရမှာလား?သာသနာဖျက်တွေ. ခင်ဗျားတို့ယုတ်မာလို့သာသနာဆုတ်ယုတ်
နေပြီ၊. တရုတ်ပြည်က မဟာယနဘုန်းကြီးတွေကိုကျတော့. သရဏဂုဏ်
အကျိုးခံပြီး. လက်အုပ်ချီ ရိုကျိုး. ကြိုဆိုလိုက်ရတာ. ပြည်သူတွေကို
စွယ်တော်အစစ်နဲ့. ချွေးသိပ်လိုက်ရတာ။ဘုရားဓါတ်တော်အစစ်ကို. ကိုယ့်
ပြည်ကိုယ့်ရွာမှာဘဲ. ဖူးခွင့်ရလို့. ကျေးဇူးတင်ပါတယ်။. ဒါပေမဲ့. ထေရဝါဒကို
စော်ကား တဲ့ အကျိုးဆက်ကတော့. သာသနာအထွန်းကားဆုံး. အိန္ဒြိယတို့
သီရိလကာင်္တို့မှာ. သာသနာဆုတ်ယုတ်. သွားနေတာသာကြည့်တော့။
မြန်မာပြည်ကတော့. ရယ်ရတယ်ဗျာ ၊. မယဉ်ကျေးသေးတဲ့. ဦးကျော်ဆန်း
က. ယဉ်ကျေးမှုဝန်ကြီးတဲ့။. ရဟန်းဝတ်နဲ့. ပါရာဇိက ကံကျူးလွန်ခဲ့တဲ့
ဦးအံ့မောင်(ဘုံဘေ)က. သာသနာရေးဦးစီးအကြံပေးတဲ့၊ လက်နက်နဲ့လူကို
တရားမချီးမြှင့်ရဘူးလို့. ဘုရားကပညတ်ခဲ့ပါလျှက်စစ်ဗိုလ်က. သာသနာရေး
ဝန်ကြီးတဲ့၊. ငါပါးသီလမှာ. သုံးပါးလောက်ကိုနေ့တိုင်း. လုပ်ရိုးလုပ်စဉ်လိုကျူး
လွန်နေတဲ့. စစ်ဗိုလ်ကသံဃာတော်တွေကို. အမိန့်ပေးတဲ့ရာထူး. ယူထားတယ်
စဉ်းစားသာကြည့်တော့။. ဘယ်သူမဆို. ကျုပ်ပြောတာကို. အကျိုးအကြောင်း
နဲ့ဆွေးနွေး. ချေပလို့ရတယ်။. ကျုပ်မှာသက်သေ. အထောက်အထား. ပြည့်
ပြည့်စုံစုံရှိတယ်။ထေရဝါဒအဓွန့်ရှည်ပါစေ။သံဃာတွေစည်းလုံးပါစေ။
ဗန်းမော်ဆရာတော်က တရားဟောခွင့် လက်မှတ်ထိုးပေးတာကျတော့ တစ်ပါးတည်းမို့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးပြောတယ်
ReplyDeleteဒါဆို ၄၇ ပါး မစုံပဲနဲ့ ကျောင်းထဲက နှင်ထုတ်တဲ့ အခါတုန်းကကျတော့ အခုပြောတဲ့ Anonymous ဆိုတဲ့သူက ဘာလို့ မပြောတာလဲ ဘုန်းကြီးလား သံဃာလားမသိဘူးနော် မှန်တဲ့ဘက်ကရပ်တည်ပါ မတရားတာကို မတရားတာလို့ မြင်ပေးပါ။။။ သိပ်ပြီးသတ္တိရှိနေတယ်ဆိုရင် ကိုယ်ပိုင်အကောင့်နဲ့ ဖော်ပြပြီးမှ ရေးပါ ။။
ဘုန်းဘုန်းက ကွမ်းယာထုပ်လေးနဲ့ပါလား
ReplyDeleteမြတ်စွာဘုရားဟောခဲ့တဲ့အတိုင်း.သသနာတော့ကွယ်ပျေက်ဖို့နီးလာပီထင်တယ်..
ReplyDeleteအော်..သန်းရွှေ.သန်းရွှေ.ကြီးမိုက်ကြီးပါလား...
မဟန ဆရာတော်များကိုလည်း ဦးတိုက် တောင်းပန်အပ်ပါသည်။ ဆရာတော်တို့သည်လည်း ပုထုဇဉ်များဖြစ်သည့်အတွက် အမှားမကင်းဘူး ဆိုတာ တပည့်တော် သဘောပေါက်ပါသည်ဘုရား။ ဒါပေမယ့် သတိတရား ကပ်ပေးပြီး အမှားအမှန် ခွဲခြားပေးတော်မူပါ ဘုရား။ ဘုရားသားတော်များများပီပီ ပြည်သူတွေရဲ့ဘ၀ ကို ကယ်တင်ပေးပါပဲ ဖြစ်သင့်ပါတယ်ဘုရား ။ ဆရာတော်တို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေကို အကုသိုလ်စိတ်ဖြစ်အောင် ၊ ငရဲ ရအောင် မပေးကြပါနဲ့ ဘုရား ။
ReplyDeleteသမ္မတ သိန်းစိန် ရေ
လူကြီးမင်းရဲ့ ရာထူးကိုပဲ အရေးမစိုက်ကြတာလား ၊ လူကြီးမင်းကိုယ်တိုင်က အပြောနဲ့အလုပ်မညီတာလား ၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါပြီဆိုပြီး ၊ နောက်ပြန်လှည့်စရာ မရှိဘူး ၊ ရှေ့သာ ဆက်သွားမယ် ဆိုပြီး အပြောတွေကတော့ မိုးထိရောက်နေတာပဲ ။ ဘယ်သူ့ဖိအားပေးမှုမှ ပဲ တကယ်ဖြစ်သင့်တယ်ထင်လို့ လုပ်နေတာဆိုပြီး ခု လူကြီးမင်းလူတစု(ကြံ့ဖွံ) များရဲ့ လုပ်ဆောင်ချက်က အရင်လမ်းကြောင်းကို ပြန်ရွေ့နေတာပါလား။ သံဃာတော် ၊ ဆရာတော်တွေရဲ့ တရားပွဲတွေ ပိတ်လိုပိတ် ၊ စာပေဟောပြောပွဲတွေ ပိတ်လိုပိတ် ၊ လွှတ်ပြီးသားသူတွေကို ပြန်ဖမ်းလိုဖမ်း ၊ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ဆင်းတော့လည်း ပြည်သူတွေကို လာလို့မရအောင် ကဖျက်ယဖျက်တွေ လုပ်လိုလုပ် အဲဒီအမူအကျင့်တွေဟာ အရင်အတိုင်း ခင်ဗျားတို့ရဲ့ အောက်တန်းကျလုပ်ရပ်တွေ ကို ပြန်သွားနေတာပဲ မဟုတ်လား။ ခင်ဗျားတို့ တွေ တကယ်စိတ်ရင်း စေတနာနဲ့သာ တိုင်းပြည်ကိုကောင်းစားစေချင်ရင် စိတ်စေတနာအမှန်နဲ့ အလုပ်နဲ့ သရုပ်ဖော်စမ်းပါ ဗျာ ။ ပါးစပ်တွေနဲ့ အော်မနေနဲ့ ။ အပြောတွေနဲ့ အချိန်ကုန်မနေနဲ့ ။ ယောကျာင်္းရင့်မာကြီးတွေဖြစ်နေပြီး အပြောနဲ့အလုပ်ညီကြစမ်းပါ ၊ အောက်တန်းကျစိတ်ဓာတ်တွေ ဖျောက်ကြစမ်းပါ ။
Anonymous u fool
ReplyDeleteဘုန်းကြီးက ဘုန်းကြီးအလုပ် မလုပ်ဘဲ နိုင်ငံရေးလုပ်ချင်ရင် လူထွက်ပြီးလုပ်
ReplyDeleteခင်ဗျားတို့ပြောဆိုရည်ညွှန်းတဲ့နိုင်ငံရေးဆိုတဲ့အဓိပ္ပါယ်. ဟာနိုင်ငံတော်
ReplyDeleteအာဏာကို. ခင်ဗျားတို့လက်ထဲမှာ. ကိုင်ထားရေးလား? ထေရဝါဒရဲ့
သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင်. မင်းဆိုးမင်းညစ်တွေ ကြောင့်ဘဲ
ဆုတ်ယုတ်လာခဲ့ရတယ်၊. အာဏာရူးတဲ့. အုပ်ချုပ်သူတွေကဘဲ. မင်းအလို
မလိုက်. မင်းအကြိုက်မဆောင်တဲ့. မှန်ကန်တဲ့သံဃာတော်. တွေကို
ဒုက္ခအမျိုးမျိုးပေးခဲ့တာ. ရာဇဝင်တွေပြန်ကြည့်လိုက်ရင်. တွေ့နိုင်ပါတယ်၊
မင်းဆိုးမင်းညစ်လက်ထဲကနေ. အချိန်မှီသာသနာကိုပြန်ကယ်ခဲ့ရတာလဲ
အကြိမ်ပေါင်းများလှပြီ၊. မှန်ကန်တဲ့ဆရာတော်ကြီးတွေက. လက်ကိုင်ထားတာ
ဟာ. သီးခံခြင်း. ခန္တီပါရမီဖြစ်တဲ့အတွက်ကြောင့်. ရန်သူမျိုးငါးပါးထဲက. တပါး
ဖြစ်တဲ့မင်းတွေကို. ဘယ်လောက်ဆိုးဆိုးစော်ကားစော်ကား. ဘာမှမှတ်ချက်
မပေးဘူး။. မဆုံးမဘူး။ဆုံးမလဲနားထောင်မှာမဟုတ်ဘူး။. ၆၂ခုဦးနေဝင်း
လက်ထက်ကစလို့. အမြစ်တွယ်လာခဲ့တဲ့. လာဘ်ပေးလာဘ်ယူကိစ္စ
ကြီးဟာ. ဂိုဏ်းပေါင်းစုံသံဃာ့. အစည်းအဝေးကြီးပြီးဖွဲ့စည်းပေါ်ပေါက်လာတဲ့
မဟန. အဖွဲ့ထဲထိပါ. လှိုက်စားလာခဲ့တော့. သာသနာတော်သန့်ရှင်းရေး
ဆိုတာထက်. သာသနာရေးဝန်ကြီးဌာနရဲ့. ဈေးကွက်စီးပွားရေးကြီး
ဖြစ်လာတော့တယ်။. အပေါ်ကပုဂ္ဂိုလ်လေး. !ထေရဝါဒ. ရဲ့အဓိပ္ပါယ်ကို
ကဘုရားဟောခဲ့တဲ့. မူရင်းအတိုင်း. တလုံးတပါဒမှ. အပိုထည့်လို့မရသလို
တလုံးတပါဒမှ. လျော့လို့မရဘူးဆိုတာနားလည်လား။?ဘုရားဟာ. စစ်မဖြစ်အောင်
တားခဲ့တာတို့. ဆွေတော်မျိုးတော်တွေအသတ်မခံရ. မှီနောက်ဆုံးအချိန်အထိ
ကာကွယ်ပေးဘို့ကြိုးစား. ခဲ့တာတို့ကိုရောသိရဲ့လား? ခင်ဗျားတို့လက်ထက်
ကျမှ. နိုင်ငံရေးလုပ်ချင်ရင်. ဘုန်းကြီးကထွက်ဆိုတာ. ခင်ဗျားတို့ပါးစပ်က
စည်းမရှိ. ကမ်းမရှိပြောတာဘဲ. ဘုရားမဟောခဲ့ဘူး၊ဒါကြောင့်. လိုတိုးပိုလျော့
လုပ်လို့မရတဲ့. ထေရဝါဒနဲ့. အကျုံးမဝင်ဘူး။ခင်ဗျားတို့ပါးစပ်တွေကပြောခဲ့
တာ. သတင်းစာထဲမှာရေးခဲ့တာတွေရှိတယ်၊၉၀ခုနှစ်ရွေးကောက်ပွဲ. ပြီးရင်
တပ်မတော်ဟာ. စစ်တန်းလျားကိုပြန်ပါ့မယ်၊. အဲဒီကနေမှ. ဘယ်လိုဖြစ်သွား
တာလဲ. ဦးသန်းရွှေက. အာဏာသိမ်းလိုက်တော့. ရှေ့ကသူပေးသွားတဲ့ကတိ
ဒို့နဲ့မဆိုင်၊နာမည်အသစ်ပြောင်း. ဖြုတ်ထုတ်ရှင်းလုပ်၊. ပါတီနိုင်ငံရေးလုပ်တဲ့
သူတွေကို. အမျိုးသားသစ္စာဖေါက်၊. ပြည့်တန်ဆာလောက်နီးနီးရှုတ်ချ၊. တပ်မတော်
ကဘဲနိုင်ငံကိုတကယ်ချစ်တာပါ. ဗိုလ်ချုပ်ထွန်းကြည်. ဦးကျော်ဘ. များများ
ခိုးတဲ့သူ. မြန်မြန်ဖြုတ်. နောက်တော့ကိုယ့်ကုလားထိုင်လှုပ်မဲ့သူကိုလဲ. တဖွဲ့လုံး
ရှင်း၊. ကြံ့ဖွတ်အဖွဲ့ကိုဖွဲ့၊ရပ်ရွာအော်ကြော့လန်. လူမိုက်အဖွဲ့စွမ်းအားရှင်ကိုဖွဲ့၊
ပြီးတော့ခိုးလွန်းလို့တနိုင်ငံလုံး. ဆင်းရဲမွဲတေနေတဲ့အချိန်မှာ. စိန်တွေစီထားတဲ့
(အကြီးဆုံးသူခိုးရဲ့သ္မီး)မင်္ဂလာဆောင်ကို. သူခိုးလေး. သူခိုးလတ်တွေက
ခိုးထားတဲ့ဝေစုထဲက. ကားသော့တွေလက်ဖွဲ့လိုက်တာ. တကမ္ဘာလုံးက. မကြာခင်ဘဲ
သိသွားပါလေရော၊. ပါတီဖွဲ့တာကိုပြည့်တန်ဆာလောက်နီးနီး. ရှုတ်ချခဲ့ပြီးမှ
နိုင်ငံတော်. ဘဏ္ဋာနဲ့ဖွဲ့ထားတဲ့ကြံ့ဖွတ်အဖွဲ့ကို. ခပ်တည်တည်နဲ့. ပါတီဆိုပြီး
ပြောင်းလိုက်တယ်၊ ပြီးတော့ကိုယ်ရေး ကိုယ်ထောက်ခံ. ဖွဲ့စည်းပုံကို. လူနှစ်
သိန်းလောက်သေကြေပျက်စီးနေတဲ့. အချိန်မှာတောင်အာဏာနဲ့ရအောင်.
လူထုကိုထောက်ခံခိုင်း၊ပြိုင်ဘက်မရှိ. အထုပ်ကြီးရွေးကောက်ပွဲနဲ့. ဘောင်းဘီ
ချွတ် ချိတ်ထမီဝတ်၊. ဘယ်မှာလဲ. ခင်ဗျားတို့ကိုလေးစားရမဲ့နေရာ? အဲဒီလို
သမိုင်းဆိုးကြီးဘဲရှိခဲ့လေတော့. ပုဂ္ဂလိကစာသင်ကျောင်းမှာ. သမိုင်းမသင်ရတဲ့၊
ဒေါက်တာသန်းထွန်းကပြောခဲ့တယ်။ မ အ. ရအောင်သမိုင်းသင်တာတဲ့။မကောင်း
တာတွေကြီးပြောမကုန်အောင်များလွန်းခဲ့ပြီး. ကောင်းတဲ့အကွက်ဟာ. အခုမှစတော့
မယ်လို့ထင်ယုံရှိသေး။. ။. ။
ဘကြီးဖြိုး(ကမ္ဘာအေး)ခင်ဗျား-
ReplyDeleteဘကြီးဖြိုး ကိုယ်တော်က ပိုက်ဆံမကိုင်အောင်ဘဲ ၀ိနည်းကို လေးစားနေသလား။ သေသေချာချာ မေးကြည့်ပါဗျာ။ ပိုက်ဆံမကိုင်ဘူး-၀ိနည်းတရားတော်နဲ့အညီ နေထိုင်ပါတယ်ဆိုရင်ဖြင့် ကျနော် ကျောင်းတစ်ဆောင်ဆောက်ပြီး ကိုးကွယ်ချင်ပါတယ်။
နောက်ပြီး ပြောလိုက်ဦးမယ်။ ဘကြီးဖြိုက ၄၇-ပါးစုညီ ဆိုတာကို တော်တော် ဘ၀င်မကျ ဖြစ်နေပုံပေါက်တယ်။ ဒါဟာ ဘကြီးဖြိုး အသင်းအဖွဲ့ ဆိုင်ရာ ဗဟုသုတ အားနည်းတာပဲ။ စုံညီအစည်းအဝေး (Plenary Session)ဆိုပေမဲ့ အကုန်လုံးတက်မှ မဟုတ်ဘူး၊ သတ်မှတ်ချက်ပြည့်မီအောင် တက်ရင် စုံညီ လို့ပဲ ပြောရတယ်။ ဆုံးဖြတ်ချက်ချတော့လဲ တက်လာသူအကုန်လုံးက သဘောတူမှ မဟုတ်ဘူး။ အများစုရဲ့ ဆန္ဒ (Majority Vote)ရရင် အတည်ပြုလို့ရတယ်ဆိုတာ ဘကြီးဖြိုး ပြင်မှတ်လိုက်ပါဦး။
နိုင်ငံရေးဆိုတာ သာသနာရေးနဲ့ဆက်စပ်နေတယ်. သံဃာတွေ နိုင်ငံရေးမလုပ်ချင်ပေမဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်နေသမျှ ဘာသာရေးလွတ်လပ်ခွင့်ရမည်မဟုတ်ပါ။ စစ်အာဏာရှင်တွေ မတ၇ားလုပ်နေသမျှ. သံဃာသတ်ကြံ့ဖွံ့တွေ ရှိနေသမျှ သံဃာတွေရဲ့တော်လှန်စစ် ခုခံစစ်က ရှောင်လွှဲရမည်မဟုတ်ပါ.
ReplyDelete