Pages

Tuesday, February 14, 2012

ဝက်ဘ်ဆိုဒ် အင်တာနက်ကောင်းမှု..

ဝက်ဘ်ဆိုဒ် အင်တာနက်ကောင်းမှု
 
Mandalay GaZette (ရတနာပုံနေပြည်တော် သတင်းစာ) ဝက်ဘ်ဆိုဒ် အင်တာနက်စာမျက်နှာရှိ သတင်း၊ ဆောင်းပါးများအား ဖတ်ရှုလေ့လာနေကြသည့် စာဖတ်ပရိသတ် ညီအစ်ကိုမောင်နှမများနှင့် ရွာသူ/ သားများတို့မှ ပထမဆုံးအကြိမ် စုပေါင်းအလှူဒါနအဖြစ် ၁၂.၂.၂၀၁၂ (ပြည်ထောင်စုနေ့) နံနက်ပိုင်းအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စာဖတ်သူများနှင့် ရွာသူ/သားများစုစုပေါင်း (၂၄) ဦးတို့ အတူတကွ လာရောက်၍ အလှူငွေကျပ် စုစုပေါင်း ၁၃၈၀၀၀၀ိ/- (တစ်ဆယ့်သုံးသိန်းရှစ်သောင်း)ကျပ် တိတိအား ပေးအပ်လှူဒါန်းရာ နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် Mandalay Gazette စာဖတ်သူများနှင့် ရွာသူ /သားများတို့အား တာဝန်ကျ လုပ်အားပေးအသင်းသား/သူများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်းနှင့် စာကြည့်တိုက်တို့အား လိုက်လံ၍ လုပ်ဆောင်ချက်များအား ရှင်းလင်းပြသခဲ့သည်။
ဝက်ဘ်ဆိုဒ် အင်တာနက် ပညာရှင်များအနေဖြင့် မိမိတို့ ဝက်ဘ်ဆိုဒ်များမှ ထိုကဲ့သို့ ဝက်ဘ်ဆိုဒ် သတင်းဆောင်းပါးများအား လေ့လာဖတ်ရှုကြသည့် စာဖတ်ပရိသတ်များအား လူသားချင်း စာနာစိတ်ဓါတ်များ ပေါ်ပေါက်လာကာ ကောင်းမှု ကုသိုလ်လုပ်ငန်းများအား အထောက်အကူ ပြုလိုသော လူမှုရေးစိတ်ဓါတ်များ ရှင်သန် ထက်မြက်လာအောင် ပြုလုပ်ပေးခြင်းသည် ဝက်ဘ်ဆိုဒ် အင်တာနက် ကောင်းမှုတစ်ခုပင် ဖြစ်တော့သည်။ ယခုကဲ့သို့ အလှူငွေများ လာရောက် လှူဒါန်းပေးအပ်ခဲ့ကြသည့် Mandalay Gazette ဝက်ဘ်ဆိုဒ်ရှိ စာဖတ်သူများနှင့် ရွာသူ/သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အထူးကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။