Pages

Saturday, February 25, 2012

ကြံ့ဖွံ့အမိန့်ဖြင့် နမ္မတူမြို့ ဒေသခံများ လုပ်အားပေးသွားနေရ (တိုင်ကြားစာ)

ကြံ့ဖွံ့အမိန့်ဖြင့် ဒေသခံများ လုပ်အားပေးသွားနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင် အမိန့်ဖြင့် နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း ဥက္ကဌဦးမြမောင်နှင့် အဖွဲ့သည် နမ္မတူမြို့ရက်ကွက်(၈)ရှိ ရပ်ကွက်သူ၊ သားများအား တရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် အုတ်ခဲများသယ်ဆောင်ရန် လုပ်အားပေး စေခိုင်းခဲ့ကြောင်း သိရှိရသည်။

“တစ်မိသားစုကို တစ်ယောက် မသွားမနေရဆိုတော့ သွားရတာပေါ့ ပြီးတော့ ကိုယ့်ထမင်းဟင်းကိုယ် ယူသွားရသေးတယ် ၊တနေကုန်လုပ်ပေးရတယ်။ ယောင်္ကျားတွေဆိုရင် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ မြောင်းတွေတူးရတယ်၊ အမျိုးသမီးတွေကတော့လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့အုတ်ခဲတွေ သယ်ရတယ် တစ်အိမ်တယောက် မသွားရင် ပိုက်ဆံတစ်ယောက်စာ ပေးရတယ်၊ ကျတော်တို့ ရပ်ကွက်ကတော့ လုပ်အားပေး အကုန်သွားကြတယ်” ဟုလုပ်အားပေးမှ ပြန်လာသော ဒေသခံမှပြောပြခဲ့သည်။

၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကနေ (၁၅)ရက်နေ့ထိ နမ္မတူမြို့ရှိ ရပ်ကွက်ရွာသားများ အလှည့်ကျ လုပ်အားပေးသွားနေရသလို ပိုက်လိုင်းတစ်လျောက်ရှိကျေးရွာများလည်း မကြာခဏဆိုသလို ပိုက်လိုင်းအတွက် လုပ်အားပေးသွားနေရကြောင်း သိရှိရသည်။

ထိုနောက် လိုက်လံကြီးကြပ်ဖို့နှင့် လုံခြုံရေးတာဝန်များကို နမ္မတူရဲတပ်ဖွဲ့နှင့် တပ်ရင်း(၃၂၄)မှ စစ်သားများ ယူပေးရသည်။ လုပ်အားပေး လုပ်ဆောင်နေစဉ်အတွင်း မနားရသည့်အပြင် အုတ်ခဲနှင့် အခြားပစ္စည်းများ သယ်ဆောင်ရာတွင်လည်း မနားရပဲ သယ်ရကြောင်း ဒေသခံများမှ ပြောပြခဲ့သည်။

သတင်းမှတ်တမ်းနှင့် သုတေသနဌာန

တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး

ဆက်သွယ်ရန်- ၀၈၀ ၁၁၈ ၄၄၇၉၊ ၀၈၄ ၅၇၃ ၉၃၃၁။

2 comments:

  1. အာဏာပိုင်တွေရဲ့ ခိုင်းစေမှုကြောင့် လုပ်အားခ မရဘဲ အလုပ်သမား ဥပဒေနဲ့ မလျော်ညီဘဲ အလုပ်လုပ်ပေးရတာဟာ အဓမ္မ လုပ်အားခိုင်းစေမှုသာ ဖြစ်တယ်။ အမိန့်ပေးသူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့ကြံဖွံ့အဖွဲ့ဝင်ဦးသစ်လွင်မှာ တာဝန်ရှိတယ်၊ နမ္မတူလျှပ်စစ် ဓါတ်အားလိုင်း တည်ဆောက်ဖို့ တာဝန်ယူရတဲ့ ဥက္ကဌ ဦးမြမောင်မှာလည်း တာဝန်ရှိတယ်။

    တရုတ် ဂတ်(စ်)ပိုက်လိုင်း တည်ဆောက်ဖို့ကိစ္စဟာ စီးပွားရေးလုပ်ငန်းတခုသာ ဖြစ်ပြီး လိုအပ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ထိုက်သင့်တဲ့ လုပ်အားခ ပေးရမှာ ဖြစ်ပါတယ်။ လုပ်အားခတွေကို ကြားထဲကဖြတ်ယူပြီး ပြည်သူတွေကို အခမဲ့ အဓမ္မ ခိုင်းစေနေသလားဆိုတာ စုံစမ်း ဖော်ထုတ်ပြီး ILO မြန်မာပြည်ရုံးခွဲကို တိုင်ကြားသင့်ပါတယ်။

    ReplyDelete
  2. That Right upper comment , Namtu Myo peoples must to report Yangon ILO . U Theit lwin and U Mya Maung are lie peoples. The china gas line is not for our peoples. Namtu Myo all peoples dont to bear silence . Write letter hurry to ILO. Don`t afraid anyone , and in form LASHIO NLD.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။