Pages

Sunday, February 12, 2012

အမေ (ကဗျာရှင် မင်းသုည)

အမေစု ကော့မှူး ပါတီစည်းရုံးရေးခရီးစဉ်
အမေ
(ကဗျာရှင် မင်းသုည)

အမေ့ရဲ့မေတ္တာ အမေ့ရဲ့သစ္စာ
အမေ့ရဲ့ကရုဏာ အကြင်နာတွေအောက်မှာ
ကျနော်တို့ ပြည်သူတွေဟာ
အမေ့ရင်ခွင်မှာ ခိုလှုံချင်ပေမဲ့
ခိုလုံခွင်မရခဲ့တာ ကာလတွေကြာခဲ့ပြီမို့
အခုလိုခိုလှုံခွင့် ရချိန်လေး
အမေ့မေတ္တာတွေ ပြည်သူကို ပေးဝေနေလိုက်တာ
ကြည့်ရသူအပေါင်း ဂုဏ်ပေါင်းခလို့
ပီတီဝေဖြာ ကြည်နူးလိုက်တာ အမေရာ။

အမေ့ကိုတမ်းတမက်ခဲ့ရတဲ့ အိမ်မက်တွေ
အခုတော့ ဆန္ဒပြည့်ပြီအမေ
အမေနဲ့ ပြည်သူလက်တွဲကူ ရှေ့ကိုဆက်
ကြားဖြတ် ရွေးကောက်ပွဲမှသည် အထွေထွေရွေးကောက်ပွဲ
အမေ့တို့ပါတီဝင်ကာ ဆင်နွှဲရင်
အမေ့ဘက်မှာ ပြည်သူအတူရှိနေပြီမို့
အမေ့ရဲ့မေတ္တာကရုဏာ သစ္စာကိုတိုင်တည်ပြု
အဓိဌာန်ပြုလိုက်မယ် 
အမေ့ရဲ့ပါတီ သေချာပြီအမေရေ
နိုင်ကို နိုင်ရမယ်လေ။ ။

မင်းသုည

1 comment:

  1. တို့အမေကဒီလိုကျတော့လဲ.နုပျိုနေပါလား..
    အမေ.သက်ကျော်ရာကျော်ရှည်ပါစေ.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။