Pages

Friday, February 17, 2012

ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ

ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..
 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။

ဆရာတော်ကို ကြည်ညိုကြတဲ့ တပည့်ဒါယိကာများ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြားလူမှုရေး အဖွဲ့ဝင်များ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်..။ ရရှိတဲ့လှူဖွယ် ပစ္စည်းများနဲ့ အလှူငွေများအား လှိုင်သာယာမီးဘေး ဒုက္ခသည်များအား ဆက်လက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်..။
ဆရာတော်ကို ကြည်ညိုတဲ့ ဒကာမတဦးရဲ့ ငိုကြွေးနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းပါ...
အမှန်တရားဘက်က ထောက်ခံကြတဲ့ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူအများစုပါ။ အနည်းစုရဲ့ အဓမ္မ ဆုံးဖြတ်ချက်ကို လက်ခံရတော့မယ့် အနေအထားကို ရောက်နေရတာပါ။
 အမှန်တရားအတွက် ကျခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်ရည် သစ္စာဖြစ်ပြီး အဓမ္မဝါဒီများအပေါ် သစ္စာဖြင့် အောင်နိုင်ပါစေ..
 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၊ မမီးမီး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

8 comments:

  1. ကပ္ပိယ(တိုကျို)February 17, 2012 at 3:24 AM

    လောကဓံတရားရှစ်ပါး၌. မတုံလှုပ်သောသူတော်စဉ်ကို တဒင်္ဂဖူးမျှော်ရခြင်းသည်ပင် ကုသိုလ်မင်္ဂလာ
    အဖြာဖြာနှင့်. ပြည့်စုံသကဲ့သို့ဝမ်းမြောက်ပီတိဖြစ်ရပါ၏။သူတော်ကောင်းကို. နတ်ကောင်းစောင်မ. လတံ့။

    ReplyDelete
  2. မဟနဆရာတော်ကြီးများ ဘုရား သတိဥာဏ်ပညာဖြင့်
    စဉ်းစားချင့်ချိန်၍ဆုံးဖြတ်တောမူကျပါရန်ရှိခိုးဦးတင်
    လျှောက်ထားအပ်ပါသည်ဘုရား။

    ReplyDelete
  3. အမြင်ကပ်ပုဒ်မနဲ့လုပ်တယ်ကွာ ဘာဖြစ်လဲ.
    မဟနကွ.ဘယ်ကောင်မှဂရုမစိုက်ဘူး..

    ReplyDelete
  4. ဆရာတော်က Beer ခွက်ကြီးနဲ့ဘာလုပ်တာလဲ???? နားမလည်ဘူး..

    ReplyDelete
  5. သမိုင်းအဖျက်ခံရသူများ၏ စိန်ခေါ်သံ
    နန်းအောင်ထွေးကြည်

    ကြောက်စရာမလို ပုန်းစရာလည်းမလို
    ပြေးစရာမလို ရှောင်စရာလည်းမလို
    မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    အနှစ် ၂၀ လုံး စကားတွေ ဖောင်ဖွဲ့
    သူလျှိုမို့လို့ သတ်ရပါသည်
    စပိုင်မို့လို့ အပြစ်ပေးရပါသည်
    ရင်နဲ့မမျှ နာကျင်ခဲ့ရ
    အချိန်မတန်သေး၍ ရေငုံနှုတ်ဆိတ်နေခဲ့ရသည်။

    ငါ့လက်ထဲမှာ သေနတ်မရှိ
    ခုတ်ဖြတ်ဖို့လည်း ဓားမရှိပါ
    လက်ဖြတ်ပစ်ဖို့ မိုင်းမရှိ
    ရက်စက်ဖို့လည်း ကားစင်မရှိပါ
    ကွန်ပြူတာခလုတ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
    မင်းက ဘာလို့ကြောက်နေလဲ
    အချိန်မဆွဲနဲ့ ရှောင်မပြေးနဲ့
    ယောက်ျားဆိုတာ
    မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    ဟိုးတချိန်က မနောမြေမှာ
    ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
    ကျောင်းသားစစ်တယောက် မှားပါခဲ့ရင်
    ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်မတဲ့
    ကြောက်နေပြီလား အယောက် ၁၀၀ ဟာ ကျောင်းသားတွေပါ
    မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    ရထားတဲ့ စစ်ချက်များ တင်ပြလိုက်စမ်း
    ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
    မင်းသား မင်းသမီး တင်ကာထားသမို့
    ကြည့်လိုက်ချင်သည်
    ငါက ဒါမေး မင်းက ဒါဖြေ
    ဇာတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
    မရှိတဲ့အဆိပ် လုပ်ယူပြသ
    ဓာတ်ခဲထဲမှ အမှုန့်များနဲ့ လိမ်ညာကောက်ကျစ်
    ဒါလား ... ကျောင်းသား မင်းမပြောနဲ့
    မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
    ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုလူတစု
    အုပ်ချုပ်ခဲ့လို့
    ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
    ကမ္ဘာမကြေ မြန်မာပြည်
    ခွပ်ဒေါင်းတို့ရဲ့ စိန်ခေါ်သံတွေ
    ပျံ့နှံ့နေပြီ နားထောင်လိုက်စမ်း
    ကြောက်နေပြီလား
    မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
    အားလုံးကိုယ်စား ... ငါက မင်းကို စိန်ခေါ်တယ်။

    လူမသတ်ခဲ့သော ကျောင်းသားလက်များ
    မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
    ကျောင်းသားဆိုတာ ဖြူစင်ရတယ်
    သွေးညှီနံ့နဲ့ ကင်းဝေးရတယ်
    ရှေ့ဆက်မပြောနဲ့ ကျောင်းသားပါလို့
    မကဒတက ကျောင်းသားတပ်မတော်
    မင်းတို့တတွေက ကျောင်းသားသတ်မတော်
    မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    မင်းတို့တတွေရဲ့ သမိုင်းကြွေး
    မင်းတို့ပြန်ပေး
    AB ကို ဖြူစင်အောင်လုပ်
    ပြည်သူတွေကြား ရွံအောင်မလုပ်နဲ့
    မင်းတို့တတွေကို ကျောင်းသားသမိုင်းမှာ ကဗ္ပည်းတင်လိုက်မယ်
    စစ်အာဏာရှင် ဖက်ဆစ်များနဲ့ တဂိုဏ်းတည်းလို့
    ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
    မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    ငါတို့သမိုင်းစစ် ပေါ်ထွန်းနေပြီ
    မင်းတို့သမိုင်းညစ် အများသိပြီ
    ငါ့မိဘရင် ငါပြန်ရဲတယ်
    ငါ့ပြည်သူ့ရင် ငါခိုလှုံရဲတယ်
    ငါတို့တတွေမှာ အပြစ်မရှိပါ …
    မင်းတို့မှာသာ အပြစ်က အနှစ် ၁၀၀ …
    ငါ့လို မင်းတို့ ပြည်ပြန်ရဲလား
    ပြည်သူ့ရှေ့မှောက် လျှောက်လှမ်းရဲလား
    သံဃာမြတ်ကို ဖူးမျှော်ရဲလား
    ၈၈ မျိုးဆက်အပေါင်းနဲ့ ပြန်ပေါင်းရဲလား
    မျိုးဆက်သစ်များနဲ့ တွေ့ဆုံရဲလား
    မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
    အားလုံးကိုယ်စား … ငါက မင်းကို စိန်ခေါ်တယ်။

    (၁၉၉၁ မှ ၁၉၉၂ ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သော၊ တာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို့အား ရည်စူးပါသည်။)

    နန်းအောင်ထွေးကြည်
    (မောင်မောင်ဝမ်းဖေ့စ်ဘွတ်ခ်မှ ...)

    ReplyDelete
  6. ဒီအဖြစ်အပျက်ကြီးက..သခင်သန်းထွန်းကြနေတာပဲ..

    ReplyDelete
  7. လူကမွေးရင်လူလိုပြော/ရေး

    ReplyDelete
  8. The TRUTH WILL PREVAIL AT THE END OF THE DAY lest you guys forget.
    FEAR CANNOT STRIKE FEAR INTO the HEARTS of the FEARLESS like in Daw Suu's case.
    However, FEAR CAN DRIVE FEAR into the hearts of COWARDS like Ronald Aung Naing, his CHAIRMAN and his ilk no doubt.
    And HISTORY WILL BE THE JUDGE and JURY in their case of course.

    George Than Setkyar Heine

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။