သံပန်းတွေ သံတံခါးတွေ ခြားနေပေမယ့်လည်း ရွှေညဝါ ဆရာတော်ကြီးအား ကြည့်မြင်တိုင် အထက(၅)မှ ဆရာ၊ ဆရာမများမှ ယခုလို လှူဒါန်းကြပါတယ်။
၁၆ရက်နေ့မနက်က ဆွမ်းခံကြွရောက်ရာမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး (GW)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)၊ သံလျင် ကရုဏာအဖွဲ့ လူငယ်များနဲ့ ဆရာတော်ကြီးကို လေးစားကြည်ညိုကြတဲ့ ဒကာ၊ ဒကာမများ ပါဝင်ခဲ့ကြပါတယ်..။
ကြာသာပတေးနေ့က ရွှေညဝါဆရာတော်ကြီးအား မှတ်တမ်း သတင်းတွေ လာရောက်ရိုက်ကူးတဲ့ ဘယ်လ်ဂျီယန် အခြေဆိုက် သတင်းဋ္ဌာနတခု...။
ပိုလျှံတဲ့ ဆွမ်း၊ ဟင်းများ၊ လှူဖွယ်ပစ္စည်းများနဲ့ ဝတ္ထုငွေများအား လှိုင်သာယာ မီးဘေးဒုက္ခသည်များအား ဆရာတော်ကြီးနဲ့ ကုသိုလ်ရှင်များ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ်..။
အမှန်တရားအတွက် ၁၉ရက်နေ့ ရွှေညဝါမှာဆုံမယ်...
(၁၉ရက်နေ့ ဖိတ်ကြားစာ)
(၁၉ရက်နေ့ ဖိတ်ကြားစာ)
ယနေ့ သောကြာနေ့မှာ ဗားဂရာ အိုးဘိုလမ်းမှ ဆန်တန်း (ဦးရွှေစိုးလမ်းအထိ) လမ်းအသီးသီးသို့ ဆွမ်းခံကြွချီခဲ့ပါသည်..ဆရာတော်ကြီးနဲ့အတူ ဆွမ်းခံရာမှာ ကိုကျော်သူနဲ့ ဆရာမဒေါ်သန်းမြင့်အောင်တို့ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်....
အမှန်တရားကို ချစ်မြတ်နိုးသူတိုင်း ရွှေညဝါဆရာတော်ကြီးအား ဝန်းရံကြမည်.
ဓာတ်ပုံ ဒီမိုဝေယံ

No comments:
Post a Comment
ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။