Pages

Thursday, February 23, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်းဓာတ်ပုံများ

နမ္မတီးမှာ လာရောက်ကြတဲ့ ပရိသတ်မြင်ကွင်း တမျှော်တခေါ်ပေါ့ လူတသိန်းခန့်တဲ့
မြစ်ကြီးနား လေဆိပ်အထွက်မှာ ကြိုဆိုကြတဲ့ တိုင်းရင်းသား ပြည်သူများ..
နမ္မတီးမြို့မှ အဖွားစုကို ကြိုဆိုနေတဲ့ ကချင်တိုင်းရင်းသား ဒေါင်းရဲ့သမီးငယ်လေး
တိုင်းရင်းသား ရိုးရာဝတ်စုံတွေနဲ့ ကြိုဆိုနေကြတဲ့ မြင်ကွင်း..
မြစ်ကြီးနားနဲ့ မိုင်လေးဆယ် အကွာ မိုးကောင်းမှ ကြိုဆိုကြသူများ
 နမ္မတီးမှာ ဒီလို ကြိုဆိုကြတာ..
မြို့တွေ ရွာတွေသာ ပြောင်းသွားတယ် ကြိုဆိုတဲ့ မြင်ကွင်းကတော့ အပြောင်းအလဲမရှိပါဘူး
လာရောက်ကြိုဆိုကြတဲ့ လူငယ်များ မိုင်လေးဆယ် မြစ်ကြီးနား မိုးကောင်းခရီး တောက်လျှောက်လိုက် အားပေးကြတာ..
ချစ်စရာမနောမြေက ပြည်သူလူထုတွေပါ..

လူမစွမ်း နတ်မဆိုတဲ့ စကားပုံရှိပါတယ်..။ ဒီလောက်များတဲ့ လူတွေ ဘယ်နတ်မ လာတာပါလိမ့်..။
... ဒီလို လူစုလူဝေးမျိုး နမ္မတီးမြို့မှာ ရှိခဲ့ဘူးပါလား..။ ဘယ်သူက မလာမနေရ စည်းရုံးထားပါလိမ့်..။
အာဏာစက်နဲ့ ဆင့်ခေါ်စရာမလိုလေ..။ ယုံကြည်ချက်နဲ့ လေးစားချစ်ခင်မှုဟာ လူထုရဲ့ နှလုံးသားထဲမှာ
ကိန်းဝပ်နေတော့ လူစွမ်းနေတော့ နတ်မစရာမလိုလေ...။
အာဏာစက်ထက် လူထုစက် လက်စောင်းထက်၏..

Photos Reuters, Getty Images

6 comments:

  1. မြစ်ကြီးနားမှာ အမေစု ရှိနေတုန်း အင်တာနက်တွေ ပြတ်နေတယ်တဲ့  အားလုံးဝိုင်းပြီး အမေစု ရဲ့ လုံခြုံေ၇းကို ဂရုစိုက်ကျပါဗျာ မသင်ကာစရာတွေရင်လဲ့  သက်ဆိုင်တဲ့  NLD အဖွဲ့ ဝင်တွေနဲ့ လုံခြုံရေးတာဝန်ယူတဲ့သူတွေဆီ အမြန်သတင်းပို့ ပေးကြပါဗျာ ..တိုင်းပြည်တိုးတက်ရေးနဲ့  အမေစု လုံခြုံရေး က လူတို်င်းရဲ့ မှာတာဝန်ရှိပါတယ်

    ReplyDelete
  2. ဒေါ်စု စည်းရုံးရေးဆင်းနေစဉ်ကာလအတွင်းမှာ ထုံးစံအတိုင်း နအဖအမွေခံ ဖွတ်အစိုးရက အင်တာနက်နှေးမယ်လို့ကြေညာတယ်။ အင်တာနက်ကနေ ဓါတ်ပုံတွေ၊ရုပ်သံတွေ အချန်မီမတင်နိုင်အောင် ညစ်ပတ်တဲ့လုပ်နေကျ လုပ်ရပ်ပါ။ ဘယ်လိုဘဲ လုပ်လုပ် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုင်းရင်းသားအားလုံးက ဒေါ်စုကို တညီတညွတ် ထောက်ခံနေကြတာကိုတော့ တားဆီးလို့ ရမည်မဟုတ်ပါ။

    ReplyDelete
  3. I'm way too much happy to see those thrilled scenes and photos of DASSK and NLD!
    However, at the same time, I'm extremely concerned about her safety!!!
    Please take extra-mile about her security and safety everyone!
    Never under-estimate the wicked people!!!
    She's one and only hope of all of our ordinary Burmese people!
    May God Bless Her Completely, Always and Forever!

    Kyaw Hein Aung

    ReplyDelete
  4. တစ်တိုင်းတစ်ပြည်လုံးချစ်တာ.အမေစုပါ.
    စစ်တပ်ကမတရားလုပ်လေ.ကမ္ဘာနဲ့.လူထုကအမေ့ကိုပိုပီးမေတ္တာကြီးလေပဲ.
    အင်တာနက်တွေမရတော့.စစ်တပ်အပေါ်လူထုကချစ်မလာပဲ.ပိုမုန်းတီးလာဖို့ပဲရှိတယ်.
    ထမိန်ဝတ်ထားတဲ့.မိန်းမတစ်ယောက်အပေါ်မှာ.ဘောင်းဘီဝတ်ထားတဲ့.စစ်ဗိုလ်ချုပ်ကြီးတွေက
    အဲ့ဒီလောက်အောက်တန်းကျနေတာ.အရှက်မရှိ.ကျွှန်စုတ်တဲ့သရက်စိလိုဖြစ်နေပီ.
    ကြံ့လပြွတ်တွေရဲ့..

    ReplyDelete
  5. အမေစုကိုချစ်လိုက်ကြတာ.
    အရမ်းကို.ကြည်နူးမိရပါတယ်..

    ReplyDelete
  6. ကိုဒီမိုခင်များ
    တစ်တိုင်းပြည်လုံးအမေစုကိုဒီလောက်ချစ်ကြတာကြည်နူးစရာပါ။
    ဒါပင်မဲ့မနာလို၊မကောင်းမြင်တဲ့လူတစ်ယောက်အကြာင်းပြောချင်လို့ပါ။
    နံမည်ကျော်ထားဝယ်ရေနက်ဆိပ်ကမ်းရဲ့မင်းကြီးဦးတင်မောင်ဆွေ (ထွေအုပ်၊ညွှန်ကြားရေးမှုး၊ဗိုလ်မှုး ငြိမ်း) က အမေစုပုံကိုအမှတ်တရတလေးတစားဝတ်ဆင်တဲ့ ထိုင်းအလုပ်သမားလေးဦးကို work permit သိမ်းပြီးပြန်ခိုင်းရမယ်ဆိုပြီး company ကိုဖိအားပေးနေပါတယ်။
    နိုင်ငံခြားသားကကိုယ့်ခေါင်းဆောင်ကို ချစ်တာကိုဂုဏ်ယူရမဲ့အစားဒီလိုလုပ်တာတော်တော်ရှက်ဖို့ကောင်းပါတယ်။ကိုဒီမိုစုံစမ်းပြီးသတင်းတင်ဆက်ပေးပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။