တိုင်းရင်းသား လူငယ်များကွန်ယက် EYNGမှ ဂုဏ်ပြုလွှတ်တင်သော မီးပုံးပျံသည် ပွဲတည်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဗိန်းကျေးရွာမှ လွင့်တက်သွားပြီး ပြန်ကျရာနေရာသည် ကော့ဗလိုင်ကျေးရွာ (ကျိုက်မရောမြို့နယ်) တွင်ကျရောက်ခဲ့ပါသည်။
ယင်း မီးပုံးပျံ ကျရောက်သော နေရာသည် ကရင်နှင့် မွန်နယ်စပ် ချောင်းရိုးအစပ် နယ်နမိတ် မျဉ်းရဲ့ မွန်ပြည်နယ်ဘက်ခြမ်း ပေ ၁၅၀ အတွင်း ကျရောက်သောကြောင့် မွန်ဒေသ ကော့ဗလိုင်အပိုင်ဟု ဆိုနိုင်ပါသည်။ မီးပုံးတွင် ကံစမ်းမဲ လက်မှတ်များ၊ ငွေသားဆုများ ပါရှိရာ လူထုအချို့လိုက်လံ ကြည့်ကြသည်။
ရွှေဟသာင်္သည် မွန်ပြည်နယ် ဟံသာဝတီပိုင် နယ်မြေအတွင်း ကျရောက်ခဲ့သောကြောင့် မွန်အများက ရွှေဟသာင်္မွန်ပြည်ပြန်ဟု ခေါ်ပြောဆိုနေကြသည်။ ကျရောက်ခဲ့သော နေရာမှာလည်း နယ်စပ်မျဉ်းရဲ့ ပေ ၁၅၀ အကွာတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။
ရွှေဟသာင်္မီးပုံးသည် ပျံတက်ကတည်းက ယိမ်းယိုင် ရုန်းကန်ရင်း တက်သွားပါသည်။ လေတိုက်နှုန်းလည်း ရှိနေသောကြောင့် ဒယိမ်းဒယိုင်ဖြင့် ခက်ခဲစွာ လူးလွန့်တက်သွားရသည်။ လူထု ပရိတ်သတ်များ အံ့သြမှင်သက် နေကြရသည်။ စင်မြင့်ပေါ်မှ မွန်သံဃာတော်များ ဆုတောင်းပေးကြသည်။ မွန်အဖိုး အဖွားအိုများ မမြင်ဘူးသောကြောင့် ပွဲခင်းထိ လာရောက်အားပေးကြသည်။ မွန်တို့ရဲ့ အဓိကအမှတ်အသား ရွေဟသာင်္သည် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသည်။
မီးပုံးကို ဆင်နွှဲ တင်ဆက်ပေးသော (ရှမ်း ကရင် ကယန်း ရခိုင် ကချင် ဇိုမီး) တိုင်းရင်းသား လူငယ်ကွန်ယက်အဖွဲ့အား ဗဟိုထားပြီး လူကြီး လူငယ် အားလုံး ၀ိုင်းဝန်းအားပေး ဖက်ရမ်းနှုတ်ဆက်ကြပါသည်။ ကျနော်တို့နှင့် မွန်လူထုကြီးရဲ့ မြင်ကွင်းဟာ မွန်သမိုင်းတွင် တင်ကျန်ရစ်ခဲ့လေပြီလား။
(စိုင်းမင်းလွင်)
ပေးပို့ပေးတဲ့ ကိုဂါမဏိအား ကျေးဇူးတင်ပါသည်...။












မြင်ရတာ မင်္ဂလာပါဗျာ။ ဒါပေမယ့် ဟင်္သာကြီးတက်သွားတဲ့အချိန် ပရိတ်သတ်ကြီး ကို အပေါ်စီး/ ခပ်စောင်းစောင်း က ရိုက်လိုက်မိရင် သိပ်ကောင်းမှာပဲဗျာ။
ReplyDeleteနောက်နှစ်ကျရင်ကရိန်းနဲ့ကင်မရာကိုသေသေချာချာစီစဉ်ပြီးမှလွှတ်မယ်ဗျာ
ReplyDeleteဒီနှစ်တော့ခွင့်လွှတ်ပါ။
မွန်ပြည်နယ်နေ့ မဟုတ်ပါ
ReplyDeleteမွန်အမျိးသားနေ့ပါ
စာလုံးက နံရံလောက်ရှိုတဲ့ဟာမမြင်ဘူးလားဟင်
ကော့ဗိန်း ကော့ဘောက် မှာနေခဲ့ဘူးတယ် ။။ပျော်ဖို့ကောင်းမှကောင်း။
ReplyDeleteခေါင်းစဉ်စာသား မှားယွင်းရေးသားချက်အား ပြန်လည်ထောက်ပြပေးတဲ့ အတွက် ကျေးဇူးတင်ပါသည်..။
ReplyDeleteဒီမိုဝေယံ
ကျွန်တော်လည်း 1998 အထိ ကော့ဘိန်း ကော့ပေါက် ထိစပ်တဲ့ မုတ်ဦး နား ဘိုဝ လက်ဘက်ရည်ဆိုင် နဲ့ ကပ်ရက်မှာ နေခဲ့ ဖူးတယ်...မင်းရွာမှာတော့ 3 နှစ်လောက် နေဖူးတယ်...အခုလို မွန်အမျိုးသားနေ့ ရောက်တိုင်း အရမ်းပျော်တယ်..
ReplyDelete