Pages

Saturday, February 11, 2012

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ မဂ္ဂင်ကျောင်းသို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်...။

ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ယခုအခါ.. မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်...။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားတယ် ဆိုတဲ့သတင်းကိုတော့ သိရှိရခြင်း မရှိသေးပါ..။

ယနေ့နေ့လည်ပိုင်းက ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ချိတ်ပိတ်ခြင်း ခံထားရတဲ့ ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များမှ  ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး သာသနာ့သိပ္ပံ ကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထးဆဲ ဖြစ်ပါတယ်..။

ဂျပန်နိုင်ငံမှ စေတနာရှင်များရဲ့ အလှူ
မနေ့က လယ်တီဝိပဿနာကျောင်းမှ ယာယီသီတင်းသုံး နေထိုင်နေတဲ့ ဆရာတော် အရှင်ဂမ္ဘီရ
 ဂျပန်နိုင်ငံမှ စေတနာရှင်များမှ နဝကမ္မဝတ္ထုအလှူငွေ  ဆက်ကပ်လှူဒါန်းခဲ့ပါတယ်.
ဓာတ်ပုံ၊ သတင်း.. ဒီမိုဝေယံ..

12 comments:

  1. ဆရာတော်ဦးဂမ္ဘှီရ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာအကျိုး တိုင်းပြည်အကျိုး ဆောင်ရွက်နိုင်ပါစေ။

    ReplyDelete
  2. ဆရာတော့် သတင်းကို အခုလို အလျင်အမြန် တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဒီမိုဝေယံ။

    ReplyDelete
  3. ကျေးဇူး တင်ပါတယ်။ ဆရာတော်ဦးဂမ္ဘှီရ ကျန်းမာပါစေ။
    ဆရာတောကို ကျေးဇူးအထူး တင်ပါတယ်

    ReplyDelete
  4. ရန်ငါပြတ်တဲ့ သံဃာ..အရှင် ဂန္ဘီရ..

    ReplyDelete
  5. စစ်အစိုးရ = ကြံ့ဖွံ့အစိုးရ က
    အခုတစ်မျိုး.တော်ကြာတစ်မျိုး...ဥပဒေနှစ်မျိုးပဲသုံးတာပါ..
    ဒီအယုတ်တမာတွေ.မကြာခင်ခွေးပြေး.ပြေးရတော့မှာပါ.

    ReplyDelete
  6. ဦးဂမ္ဘီရအစား လူထုကိုအားနာမိတယ်

    ၁။ထောင်ကထွက်တဲ့နေ့ အစိုးရကချိတ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်းကို သော့တွေ ရိုက်ချိုး အတင်းဝင်ရောက် ပြီး မသင့်မတော်လုပ်တယ် ။
    ၂။သံဃမဟာနာယက ဆရာတော်ကြီးတွေက သိက္ခာရှိရှိ သီတင်းသုံးနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးဘို့ ပင့်ခေါ်တာကို ၊ ဘာအလုပ်မှမရှိပဲ အကြောင်းအမျိုးမျိုးပြပြီးမသွားဘူး ၊ ရှောင်နေတယ်။
    ၃။ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ်ဘဲ အင်တာဗျူးဖြေတဲ့အလုပ်ပဲလုပ်နေတယ် ၊ အဲဒီလိုဖြေတိုင်းလဲ ပါးစပ်တော်နဲ့ ကွမ်းတော် ပြတ်တယ်မရှိဘူး ၊ ကွမ်းတပြစ်ပြစ်နဲ့ ကြည့်ရှုနားဆင်သူ ရဟန်းရှင်လူအပေါင်းကို အဂါရ၀ ပုံစံမျိုး လုပ်နေတယ် ။
    ၄။ လူပညာလည်းမတတ် ၊ ရဟန်းပညာလည်းမတတ် တဲ့အတွက် ပြောသမျှစကား တရားမဖြစ်ဘဲ မတရားဖြစ်နေတယ် ၊ ဓမ္မမဖြစ်ပဲ အဓမ္မဖြစ်နေတယ် ။
    ၅။ တိုင်းသာသနာရေးဦးစီးမှူး ဦးဇော်ဇော်ဦးကို ထိုးမယ့်ကြိတ်မယ့်ပုံစံမျိုး နဲ့ရန်စောင်လို့ ဘေးက သံဃာ တော်တွေက ၀ိုင်းဆွဲ ၊ တိုင်းဦးစီးမှူးကို အားနာစကားတွေပြော ဖြစ်ခဲ့ရတာဟာ အတော်ရုပ်ဆိုးတဲ့ ကိစ္စဖြစ်တယ် ။
    ၆။ နောက်ဆုံးမှာ သံဃမဟာနာယက ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ဆင့်ခေါ်တာမရတဲ့အတွက် ၊ အာဏာစက်နဲ့ ဆင့်ခေါ်ပြီး ဆုံးမသြ၀ါဒပေးခဲ့ရတဲ့အထိ ပြောရခက် ဆိုရခက် ဖြစ်ခဲ့တယ် ။
    ဗုဒ္ဓဘာသာတွင် သာသနာတော် ၃-ရပ် ရှိသည်။ ယင်းတို့မှာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ ဖြစ်ကြသည်။ဤတွင် ပရိယတ္တိ ဆိုသည်မှာ ပိဋကတ်စာပေ သင်ကြားမှု ဖြစ်သည်။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရား ဖြစ်သည်။ တနည်းအားဖြင့်-သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ တို့ကိုကျင့်ကြံပွားများ အားထုတ်မှု ဖြစ်သည်။ပဋိဝေဓ ဆိုသည်မှာမူ-မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သည်။

    ဤသာသနာတော် သုံးရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ-ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြုနေကြသည်။ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်။ မှန်ကန်သော ပဋိပတ္တိသာသနာကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာသို့ ဆိုက်ရောက်နိုင်သည်။

    ထောင်ကထွက်တော်မူလာတဲ့နေ့ထဲက လုပ်တော်မူနေတဲ့အလုပ်တော်တွေဟာ ၊ ပဋိဝေဓ ဝေးလို့ ပရိယတ္တိ ၊ ပဋိပတ္တိ ဘာမှမလုပ် သာသနာတော်အကျိုး ၊ သတ္တ၀ါတွေအကျိုး ဆောင်ရွက်တော်မူသည်လည်းမတွေ့ရပဲ ရန်တော်ကြီးပဲ ဆက်တိုက် ဖြစ်တော်မူနေသော ဦးဂမ္ဘီရကို ထောင်ကထွက်လာအောင် တောင်းဆိုခဲ့ကြတဲ့ ရဟန်း ရှင်လူအပေါင်းကို အားနာနေမိတယ် ။

    ဒေါက်တာဆိတ်ဖွား

    ReplyDelete
  7. I'm hopelessly pro-democracy. But when it comes to sacred monks meddling with dirty politics, I'm not so sure.

    ReplyDelete
  8. လူပညာလည်းမတတ် ၊ ရဟန်းပညာလည်းမတတ် တဲ့.
    ဟေ့ကောင်ငနွား..
    လူပညာလည်းတတ် ၊ ရဟန်းပညာလည်းတတ်တဲ့.မဟနကဘုန်းကြီးတွေ
    ဘာတစ်ခုများပြည်သူ့အတွက်.လုပ်ပေးတာရှိဘူးလဲ..ဘုန်းကြီးတွေအစုလိုက်
    အပြုံလိုက်.သတ်နေတာတောင်ကြောင်တောင်ကြည့်.နေတဲ့အခွင့်ထူးခံတွေ.
    အရေးကြီးရဟန်းတွေ.စစ်ဗိုလ်တွေပေးတာယူ.ကျွေးတာစားခိုင်းတာလုပ်.
    ပညာတတ်ပီး.ကိုယ့်ဖက်ပဲကိုယ်ယှက်တဲ့သူဆိုရင်.အဲ့ဒီတတ်ပညာဆိုတာလဲအလကားပဲ.
    အဲ့ဒါပညာတတ်လို့မခေါ်ဘူးကွငနွားရ..

    ReplyDelete
  9. Dr. Satephwar...

    You should think before you write. You might be the slave of ArMy...

    ReplyDelete
  10. ဆိတ်ဖွားဆိုတဲ့လူ့ငနွား...မင်းတို့လိုစောက်သုံးမကျတဲ့ အလေအလွင့်အမျိုးယုတ်တွေကြောင့် အရှင်ဂမ္ဘီရတို့လိုဆရာတော်တွေက ပရိယတ္တိ ၊ ပရိပတ္တိ မလုပ်နိုင်ဘဲ အမျိုးသားရေး ၊ နိုင်ငံရေးလုပ်နေရတာပေါ့ကွ။ သူ့အစားမင်းလုပ်မလား။ သူ့အစားမင်းထောင်ကျခံရဲလား။ အဲ့ဒါဆိုမင်းပြော။
    မင်းမလုပ်နိုင်တဲ့အလုပ်ကို သူများကလုပ်ပေးနေတာကို လူတတ်ကြီးဝင်မလုပ်နဲ့။ ကိုယ့်အကြောင်းကိုယ်သိဟေ့...

    ReplyDelete
  11. ဆရာတော်ဆိုတဲ့အဓိပ္ပါယ်ကိုနားလည်သည်မှာ ကျောင်းကိုဦးစီးတော့ကျာင်းထိုင်ဆရာတော်၊စာပေပို့ချတော့စာချဆရာတော်၊သိမ်ကျောင်းကိုစီမံခန့်ခွဲတော့သိမ်ကျောင်းဆရာတော် စသည်ဖြင့်ကျောင်းတကျောင်းရဲ့ ရာထူးကိုခွဲထားတဲ့အခေါ်အဝေါ်ဖြစ်ပြီး လွယ်လွယ်နင့်ရတဲ့ အဆင့်အတန်းမဟုတ်ပါ။

    ReplyDelete
  12. သံဃာ့မဟာနာယကသည် သံဃာများမှလေးစားလောက်သော သံဃာများကိုတိုင်ရွေးချယ်တင်မြှောက်သည့် ဆရာတော်ကြီးများသာလျှင်ဖြစ်သင့်ပါသည်။ သံဃာ့နာယကအဖွဲ့အစည်းအထက်တွင်လည်း မည်သည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းမှမရှိသင့်ပါ။ မြတ်စွာဘုရားရှင် ပညတ်ထားခဲ့သောအချက်များ နှင့်အညီသံဃာတော်များ သီတင်းသုံးခြင်းရှိမရှိ ၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကိုပြန်လည်ဟောကြားရာတွင် မှန်ကန်မှုရှိမရှိ ကို သံဃာတော်များသာလျှင်နားအလည်ဆုံးဖြစ်ပါလိမ့်မည်။ သာသနာရေးမှလူများနှင့် အစိုးရအရာရှိများက သံဃာ့အရေးဆုံးဖြတ်သည်ဆိုခြင်းမှာ ရယ်ဖွယ်ဖြစ်ပါသည်။ ဘုန်းကြီးစာချနေခြင်းပေ။ဝင်မစွက်ဖက်သင့်ပါ။ အမှန်တကယ်သာသနာရေးမှပုဂ္ဂိုလ်များ လုပ်သင့်သည်မှာ သံဃာတော်များ ဆွမ်းကိစ္စနှင့် အဆင်ပြေချောမွေ့စွာနေထိုင်သီတင်းသုံးနိုင်ရေး ၊ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်သည်နှင့်အညီ သာသနာတော်စည်ပင်ပြန့်ပွားရေး ကိုသာ ပံ့ပိုးစွမ်းဆောင်သင့်သည်။ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဖြစ်သင့်သည်။ ယခုပြုပြင်ပြောင်းလည်းရေးကာလတွင် အချို့လူများအတော်အတန်လွတ်လပ်ခွင့်ရသော်လည်း သံဃာများမှာပိုမို ဖိအားပေးခံနေရသည်ဟု ခံစားရပါသည်။ စိတ်မကောင်းဖြစ်ရပါသည်။ မြန်မာ့သမိုင်းတွင် နိုင်ငံရေး ၊ အမျိုးသားရေးတို့တွင် သံဃာတော်များမှဦးဆောင်ပါဝင်ခဲ့သည့်အခမ်းကဏ္ထများစွာ ရှိခဲ့ပါသည်။ ယခုကျွန်တော်တို့အနေဖြစ် သံဃာ့အရေးကိုဝိုင်းဝန်းဆောင်ရွက်ဖို့အချိန်တော်ပါပြီ။ သံဃာ့နာယကအဖွဲ့ကိုသံဃာများ စိတ်တိုင်းကျဖွဲ့စည်းရေး နှင့် သာသနာရေးဝန်ကြီးဌာနမှ သံဃာတော်များအား အဆင်ပြေချောမွေ့စွာသီတင်းသုံးနိုင်ရေးအတွက် ပံ့ပိုးပေးရန်နှင့် သံဃာ့အရေးဆုံးဖြတ်ချက်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်။ သံဃာ့နာယကအဖွဲ့မှသာ သံဃာများအားအရေးယူခြင်း ၊ ဘွဲ့တံဆိပ်ဆပ်ကပ်ခြင်း အစရှိသည့် အရေးကိစ္စများအား လုပ်ပိုင်ခွင့်များရရန် ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် သာသနာ့အာဇာနည်များကျေးဇူးတော်ကိုဆပ်ကြပါစို့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။