Pages

Saturday, February 4, 2012

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ တက်ရောက် ဂုဏ်ပြုခဲ့တဲ့ ပြန်လည်လွှတ်မြောက်လာတဲ့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား

၂.၂.၂၀၁၂ မနက်၈နာရီက ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များမှ ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ဖွဲ့စည်းပေါ်ပေါက်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုများနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ပီးခဲ့တဲ့လ ၁၃ရက်နေ့က အကျဉ်းထောင်အတွင်းမှ ပြန်လည် လွတ်မြောက်လာကြတဲ့  (The Best Manure) လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်...။

မြောက်ဥက္ကလာပမြို့နယ် ၊ ဘုမ္မာ(၅) လမ်းနေအိမ်မှာ ကျင်းပပြုလုပ်တဲ့ အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..၊ မစုစုနွေးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်..။

ယင်းအခမ်အနား၌ ကဗျာဆရာ/ စာရေးဆရာ သစ္စာနီမှလည်း ခွပ်ဒေါင်းသြဘာစာ မဟာကဗျာ လေးချိုးကြီးကို ရွတ်ဖတ် ဂုဏ်ပြုခဲ့ပါတယ်..။
 
ဓာတ်ပုံများ... ဒီမိုဝေယံ၊ ခမိခဆဲ

2 comments:

  1. ကဗျာဆရာ/ စာရေးဆရာ သစ္စာနီ ဆိုလို့ မေးပါရစေ။
    ကွန်မြူနစ် မို့ လို့  နီတာလား

    ReplyDelete
  2. ဟ ငတုံးရ နီဆိုတိုင်း ကွန်မြူနစ်ဆိုရင် လမ်းထဲက ပဲပြုတ်သည် မနီလဲ ကွန်မြုနစ်ဖြစ်ရောလားဟ။ ကိုယ့်ခေါင်းကိုလဲ နဲနဲ သုံးပါဦးကွာ။ ဦးနေ၀င်းရဲ့ ဒုတိယမယားကလဲ ဒေါ်နီနီမြင့်တဲ့.ကဲ သူရော ကွန်မြူနစ်လား။ဖြုတ်ဦးဏှောက်နဲ့ ကွန်မင့်လာပေးတော့ လူအ မှန်း ကြော်ညာစရာမလိုဘဲ သိတာပေါ့။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။