Pages

Tuesday, February 28, 2012

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄) Max Myanmar ဦးဇော်ဇော် (ဆောင်းပါးရှင် ရွှေဓူဝံ)

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၄)
ဖေဖေနဲ့ မေမေကို မွေးစားနိုင်သူ (သို့မဟုတ်) လှေနံနှစ်ဖက်နင်းထားတဲ့
 Max Myanmar ဦးဇော်ဇော်
(ဆောင်းပါးရှင် ရွှေဓူဝံ)

အရောင်ပြောင်းတဲ့ လူလည်ကြီးများဆောင်းပါးကို ပြည်တွင်းမှာ လူအများအပြားစိတ်ဝင်စားတယ်လို့ သိရလို့ ၀မ်းသာမိပါတယ်။ အပိုင်း(၁/၂)အပြီးနောက်ထပ် ဘယ်သူလာအုံးမလဲလို့ ပြည်တွင်းက Internet စာဖတ်ပရိ သတ်က စောင့်မျှော်နေကြသလို အချို့ကလည်း စစ်အစိုးရလက်ထက်က မဟာအခွင့်အရေးရခဲ့တဲ့ လက်တစ် ဆုပ်စာ လူတစ်စုထဲက ဘယ်သူ့ကိုရေးပါအုံး ဘယ်သူအကြောင်း ဖော်ထုတ်ပါအုံးဆိုပြီး ကိုဒီမိုကို တောင်းဆိုတယ်လို့ သိရပါတယ်။

ယခုအခါ အလှည့်ကျသူကတော့ Comment များမှ အများဆုံး တောင်းဆိုမှုကိုခံနေရတဲ့ Max Myanmar ဥက္ကဌကြီး ဦးဇော်ဇော်ဖြစ်ပါတယ်။ ဦးဇော်ဇော်အမည်ကို ကြားလိုက်တာနဲ့ အကောင်းမြင်သူများက အပေး အကန်းရက်ရောတဲ့ Myanmar National League ဘောလုံးဥက္ကဌကြီးအဖြစ် မြင်ကြသလို အကောင်း မမြင်သူများကတော့ စီးပွားရေးဂွင် အထူးအခွင့်အရေးတွေကို ရရှိထားတဲ့သူ ဦးရှစ်လုံးရဲ့မွေးစားသားအဖြစ် အသိအမှတ်ပြုထားတဲ့ သူဖြစ်ပါတယ်။

ဒါပေမဲ့ ဦးဇော်ဇော်ရဲ့ အတိတ်ရာဇ၀င်နဲ့ Max Myanmar ဥက္ကဌကြီးရဲ့ အချိန်တိုအတွင်းတိုးပွားလာ သည့် ဓနဥစ္စာများ ဘယ်ကရရှိလာသလဲဆိုသည်ကို သိရှိသူ အလွန်နည်းပါတယ်။ အတွင်းသိတွေကတော့ ဦးဇော်ဇော်ဟာ (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးရဲ့ မွေးစားသားမဟုတ်ပဲ သူကဦးရှစ်လုံးကို မွေးစား ဖေဖေလုပ်ပြီး မွေးစားခဲ့တာဖြစ်ကြောင်း ဦးဇော်ဇော်ရဲ့ငယ်ဘ၀ ကိုတင်ဆန်းရဲ့ ဘ၀အတွေ့အကြုံများနှင့် အတူ ထုတ် ဖော်ပြောကြားလာပါတယ်။ ၁၉၈၇ ခုနှစ်ကရန်ကုန်တက္က သိုလ်ကျောင်းသား ကိုတင်ဆန်းဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ အလွန်တက်ကြွစွာ လှုပ်ရှားခဲ့သူဖြစ်လို့ ၁၉၈၉ ခုနှစ်မှာ ကျောင်းသားတွေကို စစ်ထောက် လှမ်းရေးက လိုက်လံဖမ်းဆီးချိန်မှာ ကိုတင်ဆန်း တစ်ယောက် ပြည်ပကို တိမ်းရှောင်ခဲ့ပါတယ်။

ပြည်ပရောက် ကိုတင်ဆန်းဟာ နိုင်ငံရေးလောကကိုစွန့်ခွာပြီး စီးပွားရေးသမားလုပ်ဖို့ နိုင်ငံခြားသင်္ဘော လိုင်းတစ်ခုမှာ တနေ့ကိုနာရီ(၂၀)ခန့် အလုပ်လုပ်ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူ့သင်္ဘောဂျပန် ကိုရောက်ချိန် ခုန်ချနေခဲ့ပြီး သူ့ကိုသူဌေးကြီးဘ၀ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Business အစ မီးခိုးမထွက်တဲ့စက်ရုံ (Hotel) လုပ်ငန်းကို ဂျပန်ကမြို့ငယ် တစ်ခုမှာလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ယခုလို Hotel Max ပိုင်ရှင်ကြီးမဟုတ်ပဲ မီးခိုးမထွက်တဲ့ စက်ရုံလုပ်ငန်းရဲ့ အလုပ်သမား အိုက်တိုးပဂေးဆံ လုပ်ခဲ့တာပါ။

မပြည်စုံတဲ့ဘ၀မှာ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ ၈၈ ကျောင်းသားဟောင်း ကိုတင်ဆန်းဟာ အိုက်တိုးပဂေးဆံ ဘ၀နဲ့ အားလပ်ချိန်မှာ ဂျပန်က ကားသချိုင်းများကို လေ့လာပြီး ရရှိခဲ့တဲ့ အဆက်အသွယ်များနဲ့ ၉၅ ခုနှစ်မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ပါတယ်။ ဘ၀မလှပခဲ့တဲ့ ၈၈ ကျောင်းသားစာရင်း ပေါက်နေတဲ့ ကိုတင်ဆန်းအမည်ကို ပြည်ဖုံးကားချပြီး ယနေ့နာမည်ကြီး နေတဲ့ ဇော်ဇော်အမည်နဲ့ စစ်အစိုးရ လူကြီးမင်းများကို ချဉ်းကပ်ခဲ့ပါတယ်။

၉၆ ခုနှစ် ကျောင်းသားအရေးအခင်းနဲ့ ကြုံခဲ့ပေမဲ့လည်း ဂျပန်မှာနေခဲ့စဉ် အတွေ့အကြုံအရ ကုမ္မဏီပိုင်ရှင် နိုင်ငံရေးသမားကြီးများကို အားကျခဲ့လို့ ရူးရူးမိုက်မိုက် နိုင်ငံရေးသမား မလုပ်ဘူးဆိုပြီး ကြွေးကြော်ခဲ့ပါတယ်။
၈၈ ကျောင်းသားဟောင်း သူငယ်ချင်းတွေက နိုင်ငံရေးခံယူချက် အားနည်းသူလို့ ၀ိုင်းဝန်းဝေဖန်တာကို ဂရုမစိုက်ပဲ ဂျပန်တစ်ပတ်ရစ်ကားများကို ၀ယ်ရောင်းလုပ်ရာမှတဆင့် ရန်ကုန်မြို့တော် စည်ပင်ကို စက်ယန္တရား များ၊ ကားပစ္စည်းများ တင်သွင်းရင်း ကားပွဲစားကြီး တစ်ယောက်ဖြစ်ခဲ့ရပါတယ်။

ကားပွဲစားကြီး ဇော်ဇော်ရဲ့ ဘ၀တစ်ဆစ်ချိုးကတော့ ၁၉၉၇ ခုနှစ်ခန့်က ကျောက်တူးသမားလေးဘ၀မှာ ဖြစ်ခဲ့တာပါ။ ကျောက်အောင်လို့ ဘ၀တစ်ဆစ်ချိုးခဲ့တာ မဟုတ်ပဲ ဖားကန့်မှော်ထဲမှာ “၈၈၈” ကုမ္ပဏီနဲ့ချိတ် ဆက်မိပြီး အရင်းအနှီး ကျောထောက်နောက်ခံနဲ့ အဆက်အသွယ် လမ်းကြောင်းများ ရရှိခဲ့ပါတယ်။ “၈၈၈” ကုမ္ပဏီဆိုတာ အဲဒီအချိန်တုန်းက ဖားကန့်မှော်ထဲမှာ စိတ်ကြွဆေးပြား ထုတ် လုပ်ဖြန့်ဖြူးနေတဲ့ UWSA အဖွဲ့ရဲ့ မြေပေါ် စီးပွားရေးလုပ်ငန်းခွဲ တစ်ခုဖြစ်ပါတယ်။

ထိုစဉ်က UWSA အဖွဲ့ကလည်း မူးယစ်ဆေးဝါးငွေမဲ တွေကို ငွေဖြူဖြစ်အောင် ရန်ကုန်မြို့ပေါ်မှာ နိုက်ကလပ်ကြီးတွေ ထူထောင်ပြီး ကျောက်မျက်လုပ်ငန်း၊ လမ်းဖောက်လုပ်ငန်း၊ အိမ်ယာလုပ်ငန်းတွေမှာ ရင်းနှီး မြုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေချိန်ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အဓိကတာဝန်ယူခဲ့တဲ့ ပေါက်ယူ ချန်းသမက် အိုက်ဟော့က စစ်အစိုးရလူကြီးပိုင်းကိုချဉ်းကပ်ဖို့ လူရည်လည်တဲ့ မောင်ဇော်(ဇော်ဇော်)ကို အသုံးချခဲ့ပါတယ်။

ဦးအိုက်ဟော့ရဲ့ ငွေမဲခ၀ါချ လုပ်ငန်းအားလုံးကို ဇော်ဇော်က တာဝန်ယူခဲ့ပြီးနောက်မှာ ကျောက်တူးသမား လေးဇော်ဇော်ဟာ နေ့ခြင်းညခြင်း Hotel Max ကို ချောင်းသာလိုနေရာမှာ ဆောက်နိုင်ခဲ့တာ သိပ်တော့မဆန်းဘူးလို့ အတွင်းသိတွေက ပြောပါတယ်။ ဒီလိုဟိုတယ်ကြီး ဆောက်ခွင့်ရဖို့ကိုလည်း အဲဒီအချိန်က ပုသိမ်တိုင်းမှုး ကြီးတစ်ယောက် စိတ်တိုင်းကျစေဖို့ ရေကြည်မှာ စာသင်ကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့တာကိုလည်း မှတ်မိကြမယ် ထင်ပါတယ်။
အဲဒီနောက်မှာတော့ ဦးဇော်ဇော်ဟာ စစ်အစိုးရ လူကြီးမင်းများရဲ့ အိမ်တွေကို ၀င်/ထွက်သွားလာခွင့်ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်လောက်မှာ (သီဟသူရ တင်အောင်မြင့်ဦး) ဦးရှစ်လုံးကို မွေးစားနိုင်ခဲ့ပါတယ်။ ဦးရှစ်လုံးကလည်း သူဘုန်းတန်ခိုး တက်လာချိန်မှာ လူသစ် စီးပွားရေးသမား မွေးချင်တော့ မထင်မရှား အလယ်အလတ် သူဌေး ပေါက်စဇော်ဇော်ကို စစ်တပ်ရဲ့ယန္တရားဝယ်ယူရေးများ အားလုံး တင်သွင်းခွင့်ရအောင် လုပ်ပေးခဲ့ပါတယ်။

ဒီလိုဘ၀နာခဲ့တဲ့ အိုက်တိုးပဂေးဆန် ကိုတင်ဆန်းတစ်ယောက် အိုက်ဟော့ရဲ့ အထောက်အပံ့များအပြင် ဖေဖေတစ်ယောက်ကို မွေးစားနိုင်ခဲ့လို့ ၂၀၀၄ ခုနှစ်လောက်မှာ သူဌေးကြီးဘ၀ကို တဖြည်းဖြည်း ကူးပြောင်းနိုင်ခဲ့ ပါတော့တယ်။

အောက်ခြေကနေ ရုန်းကန်ခဲ့ရတယ်ဆိုတဲ့ သူဌေးကြီး ဦးဇော်ဇော်ရဲ့ (၇) နှစ်လောက်အတွင်း ပိုင်ဆိုင်မှု တွေကို Wikileaksသတင်းများမှာ ယခုလိုဖော်ပြခံရသည်အထိ အောင်မြင်ခဲ့ပါတယ်။

- မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar Group of Companies) အပြင်အဖျော်ယမကာ -ပုလင်းသွပ် ကုမ္ပဏီ
- ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီတစ်ခု
- Delta United ဘောလုံးအသင်း၊ ပုသိမ်၊ ဧရာဝတီတိုင်း။
(ဧရာဟင်္သာ ကုမ္ပဏီလီမိတက်ပိုင်ရှင် ဦးဇော်ဝင်းရှိန်က ပိုင်ရှင်အဖြစ်စာရင်းပေါက်သည်။
- လုံးခင်းကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။
- Max Myanmar ဘိလပ်မြေစက်ရုံ၊တောင်ဖီလာအနီး၊လယ်ဝေးမြို့နယ်၊နေပြည်တော်။
- Max Myanmar ရာဘာစိုက်ခင်း၊ ဘီးလင်းမြို့နယ်၊မွန်ပြည်နယ်။
- ပင်းယထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်။(မန်နေဂျာချုပ်- ဦးကြည်လွင် (ခ) ဦးကျန်ခင်း (U Kyan Khinn)
- Hotel Max (ချောင်းသာ)
- Royal Kumudar Hotel ၊နေပြည်တော်ဟိုတယ်ဇုန်
- ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်
(စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး ဖက်စပ်ပိုင်)
- ဧရာဝတီဘဏ်လုပ်ငန်း (ငွေကြေးခ၀ါချမှုကြောင့် ပိတ်သိမ်းခံရသည့် မေဖလားဝါးဘဏ် အမည်ပြောင်း)
- ရေကြည်၊ ငသိုင်းချောင်းအနီး ကျေးရွာများ ငွေချေးလုပ်ငန်း(ငွေကြေးခ၀ါချ)
- နေပြည်တော်ရှိ ဘောလုံးကွင်းများ တည်ဆောက်ရေး လုပ်ငန်း
- ကျောက်မီးသွေးတူး လုပ်ငန်း၊ ကလေးဝ
- ရန်ကုန်-ပဲခူးလမ်းပိုင်း ငွေကောက်ခံလုပ်ငန်း ( UWSA လုပ်ငန်းခွဲ) ရန်ကုန်အဲယားဝေး အစုရှယ်ယာပိုင်ရှင် (ဒါရိုက်တာစာရင်းတွင် အမည်မခံပါ- ပိုင်ရှင် ဦးအိုက်ဟော့)

အထက်ပါလုပ်ငန်းများအနက် အမဲကနေအဖြူ အရောင်းပြောင်းတဲ့ အဓိကလုပ်ငန်းကတော့ မန်နေဂျာချုပ် ဦးကြန်ခင်း လုပ်နေတဲ့ ပင်းယထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ဦးကြန်ခင်းဆိုတာ စင်္ကာပူအခြေစိုက် တရုတ်လူမျိုးဖြစ်ပြီး မြန်မာပြည်ရဲ့ ငွေကြေးခ၀ါချတဲ့လုပ်ငန်းများကို ချုပ်ကိုင်ထားသူ တစ်ယောက်ပါ။ အိုက်ဟော့ရဲ့ ငွေမဲတွေကို ငွေဖြူပြောင်းလဲရာမှာ နောက်ကွယ်ကနေ ဇော်ဇော်က စီမံဖန်တီး ပေးနေမှုကြောင့် အမေရိကန်နိုင်ငံခြား အရင်းအနှီးများ ထိန်းချုပ်ရေးရုံး (OFAC)က ဦးဇော်ဇော်ရဲ့ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်လောက်မှာ အလယ်အလတ် အဆင့်ရှိ စီးပွားရေးသမားတစ်ဦးသာ ဖြစ်နေသူက ၂၀၀၈ ခုနှစ်မှာ ထိပ်တန်းမိုက်ခရို စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်လာခဲ့တဲ့အတွက် အမေရိကန်အစိုးရက ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) နဲ့ထပ်ဆင့် အရေးယူခဲ့ပါတယ်။ ဒါ့အပြင် အိုက်ဟော့ရဲ့ ရန်ကုန်အဲယားဝေး အစုရှယ်ယာများကို ၂၀၁၁ ခုနှစ်မှာ လွှဲပြောင်း ပိုင်ဆိုင်ထားမှုများကို ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက စောင့်ကြည့်လျက်ရှိပါတယ်။

ဒီလိုမျိုး စောင့်ကြည့်မှု ခံနေရတဲ့အတွက် စစ်အစိုးရကြောင့် ကြီးပွားချမ်းသာခဲ့ရတဲ့ ကျောက်တူးသမား လး ဦးဇော်ဇော် တစ်ယောက် စစ်အစိုးရလွန် ကာလမှာတော့ သူ့ရဲ့မူလယုံကြည်ရာ ဒီမိုကရေစီ ဘက်တော်သား တွေကို ပူးပေါင်းဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမဲမှ အဖြူပြောင်းရာမှာ ဦးကြန်ခင်းရဲ့နောက် ကွယ်ကနေ ပါးပါးနပ်နပ် လုပ်ကိုင်ခဲ့လို့ နာမည် မကျော်ကြားခဲ့သလို (စတီဗင်လောလောက် နာမည်မကြီးပါ) ဒီမိုကရေစီ အရောင်ပြောင်းရာမှာလည်း NLD ပါတီရဲ့ နောက်ကွယ်ကနေ လှုပ်ရှားနိုင်ပြီး မွေးစားခဲ့တဲ့ ဖေဖေစိတ် မဆိုးရေး ခြေလှမ်းနေပြီ ဖြစ်ပါတယ်။

သူရဲ့ပထမဆုံး ခြေလှမ်းကတော့ အမေစုကို ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အမေစုနားက NLD လူကြီးတွေရဲ့ ထောက်ခံမှုရအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိ အခြေအနေမှာ NLD လှုပ်ရှားမှုများမှာ ရှေ့တန်းပေါ်ပေါ် တင်တင်မထွက်ပဲ နောက်ကွယ်ကနေ အဓိကပံ့ပိုး ပေးပါမယ်လို့ အယုံသွင်းနေတာကို NLD ပါတီက သတိထားပြီး ကြိုဆိုနေရပါတယ်။

(၈၈)ကျောင်းသား အများစုကတော့ သူဌေးကြီးဇော်ဇော် တဖြစ်လဲ မောင်တင်ဆန်းရဲ့ စိတ်ဓာတ်ကိုသိလို့ သူ့မွေးစား ဖေဖေက လွှတ်လိုက်တဲ့ ဒီမိုကရေစီသူလျှိုဖြစ်မှာကို စိုးရိမ်နေကြပါသည်။ တကယ်လည်း စိတ်မချရတဲ့ သာကူး ဇော်ဇော် ဟာ မန္တလေးဗထူး အားကစားကွင်း NLD ကို မငှားတဲ့ကိစ္စမှာ သူအဓိက တာဝန်ရှိတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့သလို။ ဒီမိုကရေစီ အရေးလှုပ်ရှားမှုအတွက် ဦးဇော်ဇော်ဟာ စစ်အစိုးရ လက်ထက်ရရှိခဲ့တဲ့ ဓနဥစ္စာငွေကြေးတွေ စိုက်ထုတ် သုံးပေးနေတာကို အသိအမှတ်ပြု ပေးချင်ပေမဲ့ သူ့ရဲ့နိုင်ငံရေး ထောက်ပံ့ငွေများဟာ အမဲကနေ အဖြူပြောင်းတဲ့ လုပ်ငန်းမျာနဲ့ မကင်းရှင်းတာကိုလည်း ဒီမိုဘက် တော်သားတွေ သတိပြုသင့်ပါတယ်။

အထူးသဖြင့် စစ်အစိုးရ လက်ထက်က ဖေဖေတစ်ယောက်ကို မွေးပြီးစားခဲ့သလို ဒီမိုကရေစီ အစိုးရလက်ထက်မှာ မေမေတစ်ယောက်ကို ထပ်ပြီးမွေးစားဖို့ ခြေလှမ်းလှမ်းလာသူကို ယုံကြည်မှု မလွန်ကဲဖို့လိုပါတယ်။ ဖေဖေအဟောင်းနဲ့ အမေစုကြားမှာ လှေနံနှစ်ဖက်နင်းထားတဲ့ လူလည်ကြီးကတော့ “ဘယ်အစိုးရပဲ တက်တက် အစိုးရရှိသလို လုပ်ငန်းရှင် ဆိုတာလည်း ရှိနေမှာပါပဲ။ အုပ်ချုပ်မှု ယန္တရားမှာ ဘယ်သူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကိုယ့်အကျိုးရှိတဲ့ အလုပ်ကို လုပ်နေပါတယ်” လို့ ပြည်တွင်းကဂျာနယ်လစ် ဦးဇေယျာမြတ်ခိုင်မှ တစ်ဆင့် စစ်အစိုးရ လူကြီးမင်းများကို ပြောင်ပြောင်တင်းတင်း ကျေးဇူးကန်းစကား ပြောခဲ့ပါတယ်။

၈၈ အရေးအခင်းက ဒီမိုကရေစီသမား အိုက်တိုပဂေးစံဘ၀မှ ကားပွဲစားကြီးတဖြစ်လဲ ဟိုတယ်ကြီးများ ပိုင်ရှင်သူဌေးကြီး ဦးဇော်ဇော်(ခ) ဦးတင်ဆန်းအနေဖြင့် စစ်အစိုးရလက်ထက် အမဲမှအဖြူ အရောင်ပြောင်းလဲခြင်း၊ ဒီမိုကရေစီ အစိုးရလက်ထက် ဖေဖေ မှ မေမေ သို့အရောင်ပြောင်းလဲခြင်းများကို ငြင်းဆိုမယ်ဆိုပါက အမေရိကန်အစိုးရက ဖော်ထုတ်ထားသည့် http://www.guardian.co.uk သို့ လေ့လာနိုင်ပါကြောင်း အသိ ပေးနှိုးဆော်လိုက်ပါတယ်။

ရွှေဓူဝံ 

အပိုင်း(၅)ကတော့ လူလည် ဘုရင် လို့ပြောလို့ရတဲ့ 
ဦးအောင်သောင်း(ခ) ဦးအောင်တောင်း အကြောင်း ရေးနေပါတယ် မျှော်
ဆောင်းပါးရှင် ရွှေဓူဝံရဲ့ ယခင်အပိုင်းများ ပြန်ဖတ်ချင်ရင် Click

38 comments:

  1. ကိုဒီမို ကို ကျေးဇူးတင်ပါသည်။ အခုလို ဆက်လက်ဖော်ပြပေးပါဗျာ။

    ReplyDelete
  2. Do you all think possible?
    Max (Pinya Manufacturing Co Ltd)is founded in 1998.

    ReplyDelete
  3. ဗိုလ်ချုပ်ခင်ညွှန့် ဖဲကြိုးဖြတ်ပေးခဲ့ သော ပင်းယ အချိုရည် စက်ကို ၁၉၉၈ တွင် စတင်ခဲ့ သည်။
    ဦးကြံခင်း......ဥက္ကဌ
    ဦးစိန်ဝမ်း......ဒါရိုက်တာ
    ဦးကြည်စိုး.....ဒါရိုက်တာ (စီမံ)
    ဦးအောင်ဝင်း....ဒါရိုက်တာ (မားကက်တင်း)
    ဦးအောင်မိုး.....ဒါရိုက်တာ (Admin)
    Gui Mui Rong (Malaysian)....Technical and Production

    ReplyDelete
  4. စာရေးသူ ခင်ဗျာ အမှန်ပြင်ပေး စေ လိုပါတယ်။။ စာရေးသူေ၇းထားသောအချက် များမှာ မှန်ကောင်းမှန် ပါမည်။ စာဖတ်သူ များ ပိုမှန်အောင် ပြင်ပေးပါမည်။
    ၁။ ဇော်ဇော် နံမည် အရင်း မှာ ဇော်ဇော်(ခ)ဖိုးဇော် သာဖြစ်ပါသည်။ တင်ဆန်းဆိုတာ လုံးဝမဟုတ်ပါ။ ရေကြည်တမြို့နယ် လုံး သိပါသည်။ ၈၈ အရေးအခင်း တုန်းကလည်း ဖိုးဇော်(ခ)ဇော်ဇော် ဖြစ်သာအသုံးပြုပါသည်။ အခု ၈၈ မျိုးဆက်များ မှ တချို့သိပါသည်။ နံမည်ပြောင်း လဲခြင်းမရှိပါ။
    ၂။ ဇော်ဇော်နှင့် အိုက်ဟောက် ပက်သက်မူ မရှိပါ။ စီးပွားရေး ငွေကြေး လုံးဝ မပက်သက်ပါ။ အိုက်ဟောက် ကုမ်ပဏီကို ကျောက်စိမ်းလုပ်ငန်းနှင့်လုပ် ခင် က ကျောက်စိမ်းလုပ်ငန်း နှင့်ပက်သက်ပြီး ကား စက်များသာရောင်းချပြီး မိတ်ဆွေ အဆင့်သာရှိပါသည်။ ဇော်ဇော် ကျောက်စိမ်းလောကထဲထဲ က ချမ်းသာလာသာ အိုက်ဟောက် ကြောင့်မဟုတ်ဘူး အဲဒီ အချိန်က ကျောက်စိမ်းလောကမှာ နံမည်ကြီး တဲ့ ကိုနေ၀င်းဆို တဲ့သူကို ကူညီပေးရင်း အဲဒီလူကျေးဇူးကြောင့် ကျောက်စိမ်းလောက ထဲေ ၇ာက်လာတာ။ ဒီအကြောင်းသိချင်ရင် လည်း အဒီခေတ်က ကျောက်လောက ကသူတွေ အားလုံး သိတယ်။ဇော်ဇော်နဲ့ ကိုနေ၀င်း ဆိုတာ ညီအကို သားအဖ လိုဘဲ။ ကျောက်လောကမှာ ကိုနေ၀င်း ဈေးဖြတ်မှ ကျောက်ဈေး အတည် ဖြစ်တဲ့ခေတ်။
    yangon airway ကိုဝယ် မယ်ဆို တာလည်း လုံးဝမဟုတ် ပါဘူးတဲ့။။ လောလောဆယ် လေကြောင်းလိုင်းမပြောနဲ့ သူသား အတွက် အရုပ်လေယာဉ်ပျံတောင် မ၀ယ် ပေးနိင်သေးဘူး။
    ၃။ နောက်တခုက max အချိုရည်ကုမ္ပဏီ ပင်းယနဲ့ မည်သို့မှ မပက်သက်ပါဘူးတဲ့။ ဇော်ဇော်က သူကို အချိုရည် လုပ်တာလား မေးရင် အသဲခိုက်အောင်နာတယ်။ သူကုမ်ပဏီက ၉၃ထဲက ထောင်တာ ဟိုလူတွေက အချိုရည်ကို ၉၈မှနံမည် ပေးတာတဲ့။ အဲဒီတရုတ်တွေနဲ့ လည်း ဘာမှပက်သက်မူမရှိဘူး။ ဒါပေမဲ့ တော်တော်များများက အပြင်ရော အထဲက စာနယ်ဇင်းတွေေ၇ာ အီယောင်ဝါးတွေရော သေချာမစုံစမ်းဘဲ max အချို၇ည်ဘဲ ထုတ်သလို pepsi ဦးသိန်းထွန်းသမက် ဘဲ ဖြစ်သလို လေဖမ်းဒါန်း စီး နေကြတယ်။ ၇ှင်းရှင်း ပြောရင် အဲဒီ MAX အချို၇ည်နဲ့ max20ေ၇သန့် တောင် မသောက်ဘူး။
    ကဲ စာရေးသူရေ ကိုယ်တော့ ကိုသိသလောက် ရေးပြီးတင် ပေးလိုက်တယ်။ စာဖတ်သူတွေလည်း အမှန်သိအောင်ပါ။ ကျန်တာတွေတော့ ဇော်ဇော်လည်း ငြင်းမယ် မထင် ဘူး။ ဒါပေမဲ့ ဇော်ဇော်ပြောတဲ့ ဟာလေး တခုပါ။ သူဟာ မြန်မာစစ်စစ်တယောက် ဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုး အပေါ်မှာ ဘိန်း အ၇က် သယံရာဇ ကိုရောင်း စားပြီး ချမ်းသာလာသာ မဟုတ်ဘူး။ စီးပွားရေးသမားမို့ လူပေါင်းစုံနဲ့ ပေါင်းရမှာဘဲ။ ဒီတ၇ုတ် အိုက်ဟောက်တို့ ပင်းယကုမ်ပဏီ တို့ကြောင့် တော့ သူချမ်းသာလာသာ လုံးဝ မဟုတ်ဘူးပြောတာဘဲ။ ကိုယ်တိုင် သိချင်ကြရင် ဇော်ဇော်သာ စုံစမ်းမေးကြပါခင်ဖျာ။ ကိုယ် ကတော့ ကိုယ် သိသလောက်ဘဲ အမှန်ပြင်လို့ရမှာ။။။။။။

    ReplyDelete
  5. ကိုဒီမိုရေ မျာျးား ဖော်ထုတ်ပေးပါ ဒင်းတို့အကြောင်း မသိတဲ့ ပြည်သူကခပ်ခပ်များများလေ ပြည်သူတွေသိမှ ဒီလိုကောင်တွေနေရာပျောက်မှာပါ ကိုဒီမိုရေ အပတ်စဉ်ဆက် ဘလော့ပိုစ် အဖြစ်တင်ဆက်ပေးပါလို့တောင်းဆိုချင်ပါတယ်

    ReplyDelete
  6. မေတ္တာပျက်ပီးရောဆိုပီး မဆင်မခြင်မပြောရင်ကောင်းမယ်လို့ထင်ပါတယ် ....max myanmar က ဘယ် အဖျော်ရည်မကာ နဲ့ ပုလင်းသွပ်တဲ့ အလုပ်မလုပ်ပါဘူ့း အဖျော်ရည်မကာ နဲ့ မွေးမြူရေး တို့လို ဟာမျိုးတွေ တခုမှမလုပ်ဘူး။သူလိုချမ်းသာပြီးလဲ လူချင်မှဖြစ်တာလေ ....မြန်မာအချို့အချို့တွေက ချမ်းသာ ပြီးနာမည်ကြီးရင်မကောင်းပြောဖို့ပဲချောင်းနေပြီ ကိုယ့်အောက်ကလူတွေကိုသာ သနားသလေး ဘာလေးနဲ့ လူကောင်းလိုလို လုပ်ပီးကိုယ့်ထက်သာ မကောင်းပြောချင်ပိုများသကိုး ဦးဇော်ဇော် သူ့ဝန်ထမ်းတွေအပေါ်မှာစေတနာထား တာ အခြားသော အလုပ်ရှင်တွေတောင်အတုယုသင့်ပါတယ် ။ ပုထုဇဉ်တွေအနေနဲ့တော့ ကောင်းတာတွေချည်းပဲတော့ရှိမနေပါဘူး.........ချမ်းသာလို့စည်းစိမ်ယစ်မူး ပြီး လူသားအကျိုးသယ်ပိုးဖို့တွေ့မေ့လျော့နေတဲ့ လူမျိုးထဲမှာလုံးဝမပါပါဘူး..ဧရာဝတီဘဏ်ဟာမေဖလ၀ါး ဘဏ် နံမယ်ပြောင်းဆိုတာကလဲ လုံးဝအလွဲကြီးပါကွယ်

    ReplyDelete
  7. Anonymous တွေကလဲ များတာဗျာ ဇော်ဇော်ကိုယ်တိုင်ပဲလာရေးနေသလားအောက်မေ့ရတယ် ..ဒါမှမဟုတ်ဇော်ဇော် ဘောမတွေပဲလားဗျာ..

    ReplyDelete
  8. ဇော်ဇော်က သူ့ဝန်ထမ်းတွေပေါ်မှာ စေတနာထားတယ်ဆိုလို့ မေး၇အုံးမယ်။ ဟိုတခါ ဘောလုံးကန်တဲ့သူ့အသင်းကဘောလုံးသမားလေး ကန်နေ၇င်း ထိသွားတာ ဆေး၇ုံပို့ဖို့ ကားတောင်မစီစဉ်ထားဘူး။ ကားကြုံနဲ့ပို့လိုက်၇တယ်။ ကြည့်လဲ အာပါဟာ။ တိုင်းသိပြည်သိကိတ်စကို

    ReplyDelete
  9. မင်းတို့က ငအ တွေကိုးကွ နှမပေးတွေရဲ့ မင်းတို့အိမ်မှာ တီဗွီတစ်လုံးတောင် ကောင်းကောင်းရှိလို့လား

    ReplyDelete
  10. ချမ်းသာတဲ့သူတွေမှာရော ဒီမိုကရေစီစိတ်မရှိဘူးထင်နေလားကွာ....နိုင်ငံခြားမှာ အလုပ်သွားလုပ်...အားရင် လိုင်းပေါ်တက်....ဘလော့ဂ်တွေမှာ ပေါက်တတ်ကရရေး....အဲဒီလိုလူမှ ဒီမိုကရေစီသမားလားကွာ...

    ReplyDelete
  11. ကျွန်တော်တို့က။ max ဇော်ဇော်နဲ့ပတ်သတ်ပြီး ဘာပဲပြောပြာ ဘာပဲရေးရေး ကျွန်တော်တို့ထက် အမေရိကန်ကြီးက ပိုသိပါတယ်လေ။

    ReplyDelete
  12. Anonymous ဆိုတဲ့ ပုဂ္ဂိုလ်ရေ အပြောအဆိုလေးတော့ ယဉ်ကျေးဦးမှပေါ့ ခုတော့ဗျာ အနာပေါ်ဒုတ်ကျသလားထင်ရတယ်

    ReplyDelete
  13. အမှန်တရားFebruary 29, 2012 at 2:10 AM

    မကြောက်ပါနဲ့...ဟဟ
    ဦးအိုက်ဟော့ ကလည်း မူးယစ်ဆေးဝါးမလုပ်ပါဘူးလို့ ငြင်းလေ့ရှိပါတယ်

    ReplyDelete
  14. အဲဒီကိုနေ၀င်း အေအိုင်ဒီအက်စ်ဖြစ်တော့ ဇော်ဇော်က စင်ကာပူခေါ်ပြီး ဆေးကုပေးသေးတယ်။ ဆုံးသွားတာ ၄-၅ နှစ်လောက်တောင်ရှိလောက်ပြီ။ ဇော်ဇော်နာမည်က တင်ဆန်းလုံးဝမဟုတ်ပါဘူး။ အိုက်ဟော့နဲ့ကတော့ လူသိရှင်ကြားမဟုတ်တဲ့ အပေးအယူ၊ တစုံတရာ ပတ်သက်မှု ရှိကောင်းရှိနေနိုင်တယ်။

    ReplyDelete
  15. ကိုရွှေဓူဝံရေ .....
    ..
    စက်မှု(၁)ကိုဖျက်ဆီးသွားတဲ့  ငအောင်သောင်းအကြောင်းရေးတဲ့အခါ
    ဇာတ်သိမ်းမှာ လည်ပင်းကြိုးကွင်းစွပ်ပြီးမသေမချင်း
    သေဒဏ်ပေးခံရတဲ့အကြောင်းလည်းထည့်ရေးပေးနော်....
    .
    ......................................ကြွေထည်မောင်

    ReplyDelete
  16. ရွှေသွေးFebruary 29, 2012 at 4:16 AM

    ရေကြည်က ဖိုးဇော်(ခေါ်) ဇော်ဇော်လို့ လူတိုင်းသိပေမယ့် တင့်ဆန်းဆိုတာကိုတော့ ဂျပန်ကိုရောက်နေတဲ့မြန်မာတိုင်းသိပါတယ်

    ReplyDelete
  17. အမှန်တရားFebruary 29, 2012 at 4:17 AM

    ရေးထားတာ သိပ်ကောင်းတယ်ဗျာ
    မှားတဲ့အချက်တွေပါပေမယ့်......လှေနံနှစ်ဘက်နင်းတာတော့ မှန်နေပြီထင်တယ်

    ReplyDelete
  18. ဇော်ဇော်February 29, 2012 at 4:19 AM

    ဘုရား..ဘုရား
    ဒီဆောင်းပါးကိုမွေးစားဖေဖေ မဖတ်မိပါစေနဲ့.....

    ReplyDelete
  19. - Hotel Max (ချောင်းသာ)
    - Royal Kumudar Hotel ၊နေပြည်တော်ဟိုတယ်ဇုန်
    - ဟိုတယ် ဧရာဝတီ၊ နေပြည်တော် အမျိုးသား အထိမ်းအမှတ်ဥယျာဉ်
    (စစ်တပ်မှ ဗိုလ်ချုပ်တစ်ဦး ဖက်စပ်ပိုင်)
    ...............................ဗိုလ်ချုပ်နာမည်..သိသူပြောပြပါ

    ReplyDelete
  20. အမဲကနေ အဖြုပြောင်းတာကိုငြင်းပေမယ်.
    ကျန်တာတွေတော့ဟုတ်သလိုလိုပဲ
    ----------------------------

    ReplyDelete
  21. မသိပဲပြောမနေနဲ့
    ဧရာဝတီဘဏ်ရဲ့ နေရာတွေဟာ မေဖလားဝါးဘဏ်နေရာတွေနဲ့ အတူတူပဲ
    ဘဏ်ရဲ့ ဖွဲ့စည်းမှု..ငွေကြေးလည်ပတ်တာတွေအားလုံး မေဖလားဝါးဘဏ်ကို အတုခိုးထားတာ

    ReplyDelete
  22. ဂျပန်မှာတော့တင်ဆန်းမှတင်ဆန်းပဲတပြားမှမလျော့ဘူးဘာပြောချင်သေးလည်းေ၇ကြည်မှာငဇော်ဂျပန်ကဝလုံးဖမ်းတော့တင်ဆန်းတခုတော့မေးမယ်ဒါဆိုမက်က်စ်ဇော်ဇော်လို့ဘာလို့န်ာမည်၇လာတာလည်းအကြောင်းတော့ရှိမယ်လေခုတော့ငဇော်ကိုယ်တိုင်လာငြင်းနေသလားလို့ထင်၇တယ်မဟုတ်မှမလွဲေ၇ာ

    ReplyDelete
  23. ရေကြည်မှာ ဇော်ဇော်.ငဇော်.
    ဂျပန်မှာ.တင်ဆန်း.တဲ့.ချေရာဖျောက်တာပဲဖြစ်မယ်..
    ဂျပန်မှာပန်းကန်းဆေးကြမ်းတိုက်ခဲ့တာ.ဖျောက်ဖို့အတွက်
    နံမည်တွေအမျိုးမျိုးသုံးထားတာပဲနေမှာပေါ့.
    သူဌေးကြီးဇော်ဇော်ပဲအခေါ်ခံချင်နေတယ်လေ.ဘဝမေ့ရင်တော့
    ခဏပဲရမယ် ငဇော်ရေ.

    ReplyDelete
  24. ကျောက်တောင်ကြီးFebruary 29, 2012 at 3:51 PM

    ကိုဒီမိုရေဒီလိုအကြောင်းလေးတွေကို ဖတ်ခွင့်ရလို့အများကြီကျေးဇူးတင်ပါတယ် နောက်လဲဖေါ်ပြပေးစေချင် ကိုမသိတဲ့အကြောင်းလေးကိုသိခွင့်ရလို့ ကိုဒီမိုးကျမမာသုခနဲ့ပြည်စုံပါစေ

    ReplyDelete
  25. ဇော်ဇော်လား တင့်ဆန်းလားတော့မသိပါ။
    max အချိုရည် နဲ့ max မြန်မာနဲ့ကလုံးဝမပတ်သက်ပါ။
    အမှားပြင်ပေးခြင်းပါ။

    ReplyDelete
  26. အရမ်းကောင်းတယ်။ ကျေးဇူးလည်းတင်တယ်။ မြန်မာပြည်မှာ ဒီလောက်ထိတောင် အမှန်တရားဖော်ထုတ်ပေးနိုင်တာ ကျေးဇူးပါ။ မှားတယ် မှန်တယ်ထားဦး ကျွန်တော်တို့ သာမာန်ပြည်သူတွေသိသင့်တာတွေပါ။ နောက်လည်း ဆက်ေ၇းနိုင်ပါစေ။။

    ReplyDelete
  27. ဇော်ဇော် ဟာ ဇော်ဇော် ဘဲ ဖြစ်ပါသည်။ ဂျပန်မှာ ပန်းကန် မဆေးပါ။ မြန်မာပြည်ကို တစ်ခါပို့ ရင် အစီး ၂၀၀ လောက် ကားပို့ တဲ့ အလုပ်ကိုသာ လုပ်ပါသည်။ ဒီလုပ်ငန်းကို အုပ်ချုပ်နိုင်ဖို့  အိုင်တီကို အသုံးချမှ ရမယ်ဆိုတာ သိလို့  အိုင်တီ နဲ့ လုပ်ငန်းအုပ်ချုပ်မူ ပညာကို ရတဲ့ အချိန်မှာ လေ့လာသွားသူ ဖြစ်ပါသည်။ ဂျပန်ဘာသာ ကျွမ်းကျင်သည်။ ဆက်ဆံရေးကောင်း သည်။ အပေါင်းအသင်းကို ကြည့်သည်။ အကွက်မြင်သည်။ ဆရာသမားကို သိတတ်သည်။ သူများတွေ ဂျပန်မှာ ကားပွဲစား လုပ်နေချိန်မှာ ဒါ့ထက် အကွက်မြင် လို့  စောပြန်သွားသူ ဖြစ်သည်။ သာမာန်ဘ၀မှ သူ့ အရည်အချင်း ကို အသုံးချပြီး တက်သွားသူသာ ဖြစ်သည်။ Max Myanmar ဖြစ်လာခြင်းမှာ သူအလုပ်လုပ်ခဲ့တဲ့ Max Japan အမည်ကို ပြောင်းယူထားမှန်း အဲဒီအချိန်က ဂျပန်မှာ ကားအရောင်းအ၀ယ် လုပ်ငန်းလုပ်သူတိုင်း သိသည်။

    ဂျပန်က လူတွေ ပန်းကန်ဆေးတာ ခိုးစားတာ လိမ်စားတာ မဟုတ်လို့  ဂုဏ်မငယ်ပါ။ ရှက်စရာမဟုတ်ပါ။ ရိုးရိုးသားသား ရှာဖွေစားသောက်နေသူ များကို အထင်သေး အမြင်သေး ပြောဆိုသူများသာ ရှက်တတ်ကြပါ။

    ReplyDelete
  28. မြန်မာပြည်ကို တစ်ခါပို့ ရင် အစီး ၂၀၀ လောက် ကားပို့တယ်တဲ့.
    ဘယ်အချိန်ကလကပို့တာလဲကွ.ကားပါမစ်တွေပိတ်ထားတဲ့ကြားထဲကတစ်ခါ ပို့ရင်အစီး၂၀၀
    ပို့တယ်ဆိုတော့.အာလာမား..ခွေးသခိုးစစ်တပ်နဲ့.ဘယ်လောက်တောင်
    ပေါင်းစားခဲ့တယ်ဆိုတာပေါ်ပီ..

    ReplyDelete
  29. ငတုံး ခင်ညွန့် စောက်တုံးကိုမကျ ဘူး။ ဂျပန်မှာနေတုန်းက ကားပို့ပါတယ် ဆိုမှ သူပြန်မလာခင်က ပေါ့ကွ။
    ဒါနဲ့များ comment ၀င်ရေးချင်သေး တယ်

    ReplyDelete
  30. ဦးဇော်ဇော် ရယ် ကြည့်နေတဲ့ အကြည့် လေး နည်းနည်း လျှော့ပေး ပါလား ရင်

    ReplyDelete
  31. ၁၉၉၃-၁၉၉၆ ပတ်ဝန်းကျင်က ဂျပန်မှာ ဆောက်လုပ်ရေး အလုပ်ရှင်တွေဆီမှာ အလုပ်လုပ်ရင် တစ်နေ့  ယန်း ၁၂၀၀၀ ရှိတယ် နေဖို့ အိမ်နဲ့ မနက်စာ ပါသေးတယ်နော် စားကောင်ဆိုင်မှာ လုပ်ရင် စားစရိတ်လွတ် တစ်နေ့  ယန်း ၁၀၀၀၀ မှာ ရှိတယ် မြန်မာပြည်အကြိုက် နာမည်ကြီး Toyota Super Roof အဟောင်းတစ်စီး ယန်းသုံးသောင်းဘဲရှိတယ် သံရုံးမှာအခွန်ဆောင်ပြီးရင် ကားပါမစ် လွယ်လွယ်ကူကူ ကျတယ်။ ဆောက်လုပ်ရေး အလုပ်လုပ်တဲ့ လူတစ်ယောက်ဆို တစ်လ (၂)စီး မှန်မှန်ပို့ တယ် သူ့လိုဘဲ ဂျပန်မှာအလုပ်လုပ်တဲ့ လူတော်တော်များများ ကားပို့ ကျတယ်။ တရုတ်ပြည်ကို အဲဒီကားတော်တော်များများ ရောက်သွားတယ်။ အဲဒီအချိန်က ဂျပန်မှာ ကားရောင်းတယ် မြန်မာပြည်ကို ကားပို့ပေးတဲ့ အလုပ်လုပ်တဲ့သူ တော်တော်များတယ်။ မြန်မာကြိုက် ကားတွေဝယ်ထားပြီး ပြန်ရောင်းကြတယ် ကားတွေပို့ ပေးတယ် ကားဝယ်လိုသူတွေက သူတို့ ကြိုက်တဲ့ကား ရောင်းပေးနိုင်တဲ့သူ ကားကိုကြည့်ချင်လို့  ကားထားတဲ့နေရာကို အလွယ်တစ်ကူ သွားကြည့်နိုင်တဲ့ သူဆီမှာ ၀ယ်ကြတယ်။ ပြီးရင်အဲဒီလူကိုဘဲ မြန်မာပြည်ပို့ ခိုင်း တတ်ကြတယ်။ အဲဒီမှာ အိုင်တီ၊ ကွန်ပျူတာနဲ့ စီးပွားရေးလုပ်ငန်း အုပ်ချုပ်မူကို လေ့လာထားတဲ့ ဇော်ဇော်တို့  အုပ်စုကက သူများထက် သာသွားတာပဲ။ ဘာစစ်တပ်မှ မပါဘူး။ သူတို့ ပြန်သွားတဲ့ အချိန်က တရုပ်ပြည်ကို ကားသွင်းလို့  မရတဲ့အချိန်ဘဲ။

    ReplyDelete
  32. လက်ဝဲသမားအများစု နဲ့ ဖွဲ့ စည်းထားတဲ့ ဒီမိုအမည်ခံ များကသာ ဒီမိုကရေစီသူလျှိုဖြစ်ပါတယ်။
    စစ်အစိုးရကို ဖြုတ်ချချင်တဲ့ အမေရိကန်တွေက ဒီလူတွေကိုသုံးတယ် ပြီးရင်ကွန်မြူနစ်ဆိုပြီး ကန်ထုတ်မှာ စောင့်ကြည့်နေ။ ဒီမိုဟန်ဆောင်ထားတဲ့သူများက ဘယ်သူဆိုတာ လူထုကသိနေတယ်။

    ReplyDelete
  33. ကျနော်တစ်ခုမေးချင်တယ်ဗျာ...
    ဒါဆိုရင်...ယခုလက်ရှိစစ်တပ်လက်ထက်မှာချမ်းသာလာတဲ့..သူတွေကဘာလုပ်ရမှာလဲ..
    အကယ်ရွေ့များဗျာ..သူတို့က..အဲ..ဒီမိုကရေစီဘက်ကိုပြောင်းချင်ပါတယ်ဆို၇င်ကော..
    သူတို့ဘာလုပ်သင့်တယ်ထင်ပါသလဲ..ဒီမိုကရေစီဘက်တောသားဆိုတဲ့ခင်ဗျာ.
    တို့ကကော...လက်မခံဘူး..မင်းနဲ့..ငါမပေါင်းနိုင်ဘူး..မတူ..ဘူး..မတန်ဘူး..
    ပြောမှာလာ..မင်းစစ်တပ်နဲ့..ပဲဆက်ပေါင်းလို့...ငါတို့မလာနဲ့..လို့ပြောနေမှာလား..
    ခင်ဗျာတို့ဟာက..လာပေါင်းတော့လဲ..လာပေါင်ူးလို့..လာမပေါင်းပြန်တော့..တိုင်းပြည်..
    သစ္စာဖောက်တယ်..လောက်ကောင်တွေနံမယ်အမျိုးမျိုးတပ်တယ်...ပြန်ပြီတော.လေ့လာကြပါဦး..
    ယခုဒီမိုကရေစီကျင့်သုံးနေပါတယ်ဆိုတဲ့..ကိုးရီးယား..ဂျပန်..လိုစီပွားရေးဟုန်ဟုန်တောက်ခဲ့တယ်
    ဆိုတဲ့..နိုင်ငံတွေမှာတောင်ဒီလိုလူမျိုးတွေမကင်းပါဘူး...အဓိက..ကတော့..ကိုယ့်ဘက်ပါအောင်ဘယ်လိုလုပ်မလဲဆိုတာပဲ..ခင်ဗျာတို့က..သူ့ကိုစည်းရုံးနိုင်မလား..သူကခင်ဗျာတို့ကိုစည်းရုံးနိုင်မလား..ဒါပဲ
    ခင်ဗျာတို့က..သူကို..ဘယ်လောက်အသုံးချနိုင်မလဲ..သူကကောခင်ဗျာတို့..ဘယ်လိုအသုံးချမလဲ..ယှဉ်ရုံပဲ..ဘာမှပြောနေစရာမလိုဘူး..လောကမှာညံ့ရင်ခံရတယ်.ဒါ ဘယ်လောကမှာဖြစ်ဖြစ်..ဒီအတိုင်ပဲ

    ReplyDelete
  34. စာယူစာပေးMarch 11, 2012 at 7:16 PM

    ကျုပ်တို့ လို ဆင်းရဲသား တွေ ချည့်ဘဲ ရှိနေရမှာ မဟုတ်ပါဘူး ..
    သူလို ချမ်းသာသူ လည်း ရှိဦးမှပေါ့ ...
    IT . Computer, Economy တွေ လေ့လာထား တဲ့ ကိုဇော်ဇော် ပညာအရည်အချင်း က ဘယ်လောက်ရှိ ပါလဲ ... ဆယ်တန်းကို အောင်အောင် လုပ်ပြီး သူဌေး ဖြစ်ပြီးမှ စာပေးစာယူ ကို တစ်ယောက်တည်း တခန်တည်း ဖြေပြီး ဘွဲ့တစ်ခု ရအောင် လုပ်ထားတာ ကို စာပေးစာယူဌာန က သိသူတွေ ပြောပါတယ် .. မဟုတ်ဘူးငြင်း ရင် သက်သေ တခုပြပါမယ် ... ဦးခင်ရွှေ ထက်တော့ နည်းနည်းသာတာပေါ့လေ

    စာယူစာပေးမောင်

    ReplyDelete
  35. ဇော်ဇော်လား တင့်ဆန်းလားတော့မသိပါ။
    max အချိုရည် နဲ့ max မြန်မာနဲ့ကလုံးဝမပတ်သက်ပါ။
    အမှားပြင်ပေးခြင်းပါ။
    ဦးကြံခင်းနဲ.ဦးကြည်လွင်တယောက်ဆီပါ
    ဦးကြံခင်းလဲမြန်မာစစ်၂ပါ....

    ReplyDelete
  36. အလကားဇော်ဇော်။
    ငဖားဇော်ဇော်။
    ရုပ်ကိုက အောက်တန်းစားရုပ်နဲ့။
    သူထက်စာရင် ချီးကျုံးကုလားကမှကျက်သရေရှိတယ်။
    တေဇကိုလဲဖားခဲ့တာပဲ
    တေဇကတဆင့်မှ ဖိုးလမင်းဆိုတဲ့ကောင်စုတ်ဆီကိုဝင်လုံးတာ.
    နောက်တော့၈လုံး
    ၉လုံး
    အကုန်ဖားတာ
    အရှက်မရှိကျက်သရေတုံးငဇော်
    နှာဘူးငဇော်မင်းသမီးတွေ မော်ဒယ်တွေတွေ့ရင် သွားအဖြဲသားနဲ့သရေတွေတမြှားမြှားကျနေတာငဇော်

    ReplyDelete
  37. ဧရာဝတီဘဏ်နဲ. မေဖလားဝါး မဆိုင်ပါ၊ အချိုရည်နှင်. အမည်တူသာဖြစ်ပါတယ်၊ အိုက်ဟော.နဲ. ဇော်ဇော်ပါတ်သက် မသက်မသိပေမယ်. ပါတ်သက်ဘူးတဲ. ခင်မောင်အေး ကတော. သူ.ဘဏ်မှာ ငွေတွေ ထုတ်ထာခံရဘူးတယ်၊ ဒါကို ရန်ကုန်ကလူတိုင်းသိမယ်ထင်ပါတယ်၊ တချို.တွေက အမှားတွေပါ၊
    စစ်အစိုးရလက်ထက်မှာ ဘာမှ အလကားမရလို.ထင်ပါတယ်၊ သူကိုယ်တိုင်လည်း အရည်အချင်းရှိလို.ပဲဖြစ်မှာပါ၊

    ReplyDelete
  38. ကိုဒီမိုရေ
    ကိုရွှေဓူဝံရဲ့ အရောင်ပြောင်းသောလူလည်
    ကြီးများအပိုင်း၎-max ဦးဇော်ဇော်မှာအကြောင်း
    အရာအသစ်လေးတွေထပ်ထည့်ပေးချင်ပါတယ်။
    အခုတစ်နိုင်ငံလုံးရှိmax ပုဂ္ဂလိကဆီဆိုင်များကို
    အုပ်ချုပ်နေသူ ကိုကျော်ဇေမြင့်ဟာ မည်သူ့ရဲ့ 
    သားဖြစ်တယ်လို့ထင်ပါသလဲ။လူအနည်းငယ်မှလွဲ
    ပြီးမသိနိုင်တဲ့အတွက်သတင်းပေးရခြင်းပါ။သူကတော့
    အရင်ဂျပန်စစ်သံမှူး ဗိုလ်မှူးချုပ် လှမြင့်-ယခု ရန်ကုန်မြို့ တော်ဝန်ဦးလှမြင့်ရဲ့ သားပါ။ဘူမိဗေဓ အဒီကဘာသာရပ်နဲ့  ၂၀၀၃ ခုနှစ်ကဘွဲ့ ရရှိထားတာဖြစ်ပါတယ်။max ဇော်ဇော်ရဲ့ အရောင်ပြောင်းအရည်အချင်းကိုကိုရွှေဓူဝံနဲ့ တကွ မြန်မာပြည်သူအပေါင်းသိရှိနိုင်အောင်မျှဝေပေးခြင်းပါ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။