Pages

Thursday, March 1, 2012

မေခမြစ်ပေါ်က ချီဖွေရေအားလျှပ်စစ်စီမံကိန်း နောက်ဆက်တွဲပုံများ...

မေခမြစ်ပေါ်က ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း နောက်ဆက်တွဲပုံတွေပါ... (ဒု)သမ္မတနဲ့ လျှပ်စစ်ဝန်ကြီးတို့ရဲ့ လုပ်ငန်းခွင် လှည့်လည်စဉ်က..
မြစ်ဆုံစီမံကိန်းကတော့ ရပ်တန့်လိုက်ပါပြီ..။ ဆိုလိုတာက မေခမြစ်ညှာက ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လက်သင့်ခံသင့် မခံသင့်ဆိုတာပါပဲ...။ ဆက်လုပ်နေ မလုပ်နေဆိုတာ ငြင်းချက်ထုတ်နေမယ့် အစား သတင်း၊ မီဒီယာတွေ ကျွန်တော်တို့ လုပ်နေတာထက် ပိုစွမ်းဆောင် နိုင်ပါတယ်..။ စီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာ မြစ်ဆုံဒေသတခုတည်းကို ဆိုလိုတဲ့ သဘော သက်ရောက်နေလား အထက်ပိုင်း မြစ်ညှာက စီမံကိန်းတွေ ပါမပါဆိုတဲ့ အချက်ပါပဲ..။
ပြီးခဲ့တဲ့ သြဂုတ်လက သွားရောက်ခဲ့တဲ့ ခရီးစဉ်..
ပြီးခဲ့တဲ့နှစ် ၅လပိုင်းအထိ ပြီးစီးနေပြီ ဖြစ်တဲ့ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း
၂၀၁၁ခုနှစ် နိုဝင်ဘာလက မြင်ကွင်း... အများသိရှိနိုင်စေဖို့ ရရှိသိရှိထားတွေကို တင်ပြလိုက်ရပါတယ်...။
သတင်း၊ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်..
ဒီမိုဝေယံ

3 comments:

  1. ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းအား သူတို့ ဆက်လက်အကောင်အထည်ဖော်နေပါသည်။ ဒါ့ အပြင် မြစ်ဆုံ စီမံကိန်းမှလွဲ ၍ ကျန်ဧရာဝတီမြစ်ညှာ စီမံကိန်းများအားလုံးကို ပြန်လည်စတင်ဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။ အဆိုပါ အကြံအစည်အား ကျွန်တော်တို့ အားလုံးက မီဒီယာအား လူထုအားဖြင့် ဆက်လက်ဆန့် ကျင်သွားကြနိုင်ဖို့ အထူးအရေးကြီးနေပြီ ဖြစ်ပါသည်။

    ReplyDelete
  2. နားလှည့် ပါးရိုက်ဆိုတာ ဒါမျိုးတွေပေါ့ဗျာ။ သိန်းစိန်က ရှေ့ကပြော တင်အောင်မြင့်ဦးက နောက်က လုပ်ချင်ရာလုပ်။
    ရွှေမန်းက လစာတိုးဘို့ပြော။ ဘဏ္ဍာရေးဝန်ကြီးက မပေးနိုင်ဘူးပြော။
    အားလုံးက စစ်ဗိုလ်လူထွက်နဲ့ သူတို့ သြဇာခံတွေဆိုတော့ ဇာတ်တိုက်ပြီး ပြည်သူနဲ့ ကမ္ဘာကို ညာနေကြတာထင်ပါတယ်။

    ReplyDelete
  3. ဒီသတင်းရဲ့ခေါင်းစဉ်ကို
    `သိန်းစိန်၏မင်းသားမျက်နှာဖုံးကို တင်အောင်မြင့်ဦးမှဆွဲခွာချသဖြင့်
    ဘီလူးရုပ်ပေါ်သွားခြင်း`` လို့ပေးရင်ပိုမှန်လိမ့်မယ်

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။