YPIရဲ့ မှတ်တမ်း၊ ဓာတ်ပုံ
ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အား လာရောက် နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ်)ဘွတ်စာမျက်နှာများတွင်ပြန့်နှံနေခဲ့ပြီး ထိုရဲဘော်လေး ဖမ်းဆီးခံ ထားရသည် ဟူသည့် သတင်းများ ပြန့်နှံ့နေခဲ့သည်။
ရှမ်းပြည်နယ်ရှိ ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ် ပြောကြားရာတွင် ထိုနေ့တွင်လာရောက် နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှ တပ်မ(၅၅) လက်အောက်ခံ တပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာ သောက်စားမှု၊ တပ်စည်းကမ်း ဖေါက်ဖျက်မှု စသည့်စွဲချက်တို့ဖြင့် တပ်ချုပ်ရုံးခန်းသို့ ဆင့်ခေါ်ထားခံရသည်ဟု သိရှိရပါသည်။
သတင်း.. YPI
ဓာတ်ပုံများအရ အဆိုပါနေ့က တပ်သားကျော်ဇင်ဝင်းဟာ စင်မြင့်ရဲ့ လက်ယာဖက်ထောင့်မှာ နားထောင်နေခဲ့တာ တွေ့ရှိရမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင်ကို လေးစားကြည်ညိုလွန်းလို့ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ကြိုတင်သိရှိပြီး ဖြစ်ပေမယ့်လည်း ပျောက်ဆုံးနေတဲ့ မိခင်ရှိရာကို မရောက်ရောက်အောင် သွားတွေ့ဆုံတဲ့ သားတစ်ယောက်လို ဝမ်းသာအားရ တွေ့ဆုံခဲ့ရှာတာပါ..။ လူထုခေါင်းဆောင်မှလည်း နွေးနွေးထွေးထွေး ဝမ်းပန်းတသာ ပျောက်ဆုံးနေတဲ့ သားတစ်ယောက်ကို ပြန်တွေ့သလို နှုတ်ဆက်ရှာခဲ့တာပါ.။ ဓာတ်ပုံတွေထဲက မျက်ဝန်းတွေ အပြုံးတွေကို မြင်ရင်သိနိုင်ပါတယ်..။ လက်ရှိတိုင်းပြည် အုပ်ချုပ်နေသူတွေတောင် အရင်အမှားတွေကို သိလာခဲ့တဲ့ နောက်ပိုင်း နောက်ကြောင်း ပြန်မလှည့်လိုတဲ့ အတွက် တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ပြည်သူလူထု ခေါင်းဆောင်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်လာနေတဲ့ အခြေအနေတွေပါ။
ဒီလိုမြင်ကွင်းမျိုးတွေ နေရာအနှံမှာ မြင်ခွင့်ရရင် ဘယ်လောက် ကောင်းလေမလဲ...။ ယခုတော့ မိမိလေးစား ကြည်ညိုသူကို သွားရောက်တွေ့ဆုံ နှုတ်ဆက်မိတဲ့ အဖြစ်အပျက်အတွက် ယခင်နအဖခေတ်တွေက အတိုင်း မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်တွေနဲ့ ဖမ်းဆီး အရေးယူမယ် ဆိုရင်တော့ တပ်နဲ့ပြည်သူ ချစ်ကြည်ဖြူ ဆိုတဲ့ ဆောင်ပုဒ်ဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ..။ အထက်အပါ သတင်းအတိုင်း မတရားဆွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်း ထားမယ်ဆိုရင်တော့ ရဲဘော်လေးကျော်ဇင်ဝင်း အတွက် အားလုံး ဝိုင်းဝန်း တောင်းဆို ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်..။
ဒီလိုမြင်ကွင်းမျိုးတွေ နေရာအနှံမှာ မြင်ခွင့်ရရင် ဘယ်လောက် ကောင်းလေမလဲ...။ ယခုတော့ မိမိလေးစား ကြည်ညိုသူကို သွားရောက်တွေ့ဆုံ နှုတ်ဆက်မိတဲ့ အဖြစ်အပျက်အတွက် ယခင်နအဖခေတ်တွေက အတိုင်း မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်တွေနဲ့ ဖမ်းဆီး အရေးယူမယ် ဆိုရင်တော့ တပ်နဲ့ပြည်သူ ချစ်ကြည်ဖြူ ဆိုတဲ့ ဆောင်ပုဒ်ဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ..။ အထက်အပါ သတင်းအတိုင်း မတရားဆွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်း ထားမယ်ဆိုရင်တော့ ရဲဘော်လေးကျော်ဇင်ဝင်း အတွက် အားလုံး ဝိုင်းဝန်း တောင်းဆို ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်..။
ဒီမိုဝေယံ


ရဲဘော်ကျော်ဇင်ဝင်းအားချွင်းချက်မရှိအခုချက်ချင်းလွှတ်ပေးရန်တောင်းဆိုသည်။
ReplyDeleteလူကြီးလူကောင်းမဆန်ပဲတပ်မတော်သားအချင်းချင်းထိုသို့ယုတ်မာကောက်ကျစ်မှုအား
အပြင်းထန်ဆုံးရှုတ်ချသည်။
ဒီမိုကရေစီဘက်တော်သားများကိုယ်စား
ရဲဘော်ကျော်ဇင်ဝင်းဆိုတာ တပ်ထဲမှာ မရှိ။ အဲဒီ ရဲဘော်လေးဟာ အောက်က ဂျင်းဘောင်းဘီဝတ်ထားတဲ့ အရပ်သားပါ။ တပ်ကို သိက္ခာချတာလို့ စစ်တပ်အသိုင်းအ၀ိုင်းက ကုန်းပြီးအော်နေတယ်။ ခု ဓါတ်ပုံထဲမှာ ထင်ထင်ရှားရှားမြင်နေရတာကတော့ ယူနီဖောင်းအပြည့်အစုံနဲ့ပါ။ ကုန်းအော်နေတဲ့ စစ်ဖက်ကလူ သေချာကြည့်ပါဦး။
ReplyDeleteတပ်သားကျော်ဇင်ဝင်းကို ချက်ချင်းလွတ်။
ReplyDeleteတပ်သားကျော်ဇင်ဝင်းကို ချက်ချင်းလွတ်။
ReplyDeleteအပြင်းထန်ဆုံးရှုတ်ချသည်။
မဲသူခိုးသိန်းစိန်ရေ ခင်ဗျားကြီးက အရှေ့ကလိမ် နောက်ကအလိမ်တွေကပေါ်နေပြီဗျ
ReplyDeleteတိုင်းရင်းသူတွေကိုမုဒိန်းစစ်ခွေးတွေကိုကြတော့ဘာမှအရေးမယူ
အမေစုကို ချစ်ခင်လို့ နှုတ်ဆက်တဲ့တပ်မတော်သားကိုတော့ မတရားအမှု့ဆင်ကါ စစ်ခွေးကြံနဲ့နှိပ်ဆက်အောက်တန်းကျလုပ်ရပ်ကို လုံးဝရှုတ်ချတယ် သာမန်တပ်သာလေးပေမဲ့ ရဲဘော်ကိုထွေးလိုဘဲ မြင့်မြတ်သောသူရဲကေါင်းတပ်သားကျော်ဇင်ဝင်းကိုချက်ချင်းလွတ်။
There is no Kyaw Zin Win in Army. Yes Of course. Child soldiers were changed their names once they were recruited by Army. Burmese children have not only nick name but also Army name.
ReplyDeleteချက်ချင်းလွှတ်ကွာ ပြည်သူ့စစ်သားကောင်းလေးကို
ReplyDeleteဒေါ်အောင်ဆန်းစုကြည်သည် ယခုအစိုးရအသိအမှတ်ပြုထားသော NLD ပါတီရဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ တပ်မတော် အကြီးအကဲများက အသိအမှတ်မပြုဘူးလား
ReplyDeleteဒေါ်အောင်ဆန်းစုကြည် ကိုသွားပြီးနှုတ်ဆက်တာဟာ အပြစ်လားဗျာ
ဒေါ်အောင်ဆန်းစုကြည် ဟာခင်ဗျားတို့တပ်မတော်ကိုထူထောင်ပေးသွားတဲ့ အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးအရင်းကြီးပါဗျာ
နောက်ပြန်ဆွဲဝါဒတွေကို စွန့်လွှတ်ကြပါတော့
တိုင်းပြည်တိုးတက်အောင်လုပ်ကြပါတော့
နွားခြေရာကွက်ကလေးကိုဘဲ ပင်လယ်ကြီးထင်မနေကြပါနဲ့
စစ်သားဆိုတာ ပြည်သူအတွက် အသက်ပေးထားတယ်ဆိုတာ ယုံရမှာလား
ယုံချင်ပါတယ်
ရဲဘော်လေးရေ မင်းတို့နောက်မှာ ပြည်သူတွေရှိတယ်
ReplyDeleteလူ့ဘ၀တိုတာခဏလေးပါ ကောင်းတာလုပ်ဖို့ မကြောက်နဲ့
မကောင်းတာလုပ်ဖို့သာကြောက်ရမှာနော်
ရဲဘော်လေးရေ သူရဲဘောေူကာင်တဲ့ တပ်ချုပ်ကြီးတွေရဲ့ စေခိုင်းအမိန့်တွေကြောင့် မင်းဟာ အလိုလို သူရဲကောင်းဖြစ်သွားပြီ....။
ReplyDeleteKYAW ZIN WIN'S COURAGE (MORAL) TO SHOW HIS KNOWLEDGE OF THE TRUTH and the REALITY ON THE GROUND PROVED WHAT Daw Suu said "FEAR IS NOT THE NATURAL STATE OF MEN".
ReplyDeleteOf course Kyaw Zin Win has JOINED the RANK OF HEROES in the same LEAGUE as the country's MARTYRS LYING IN STATE in Burma today.
And there are many of his ILK in General Aung San founded BURMA ARMY today lest you guys forget.
Daw Suu and Min Ko Naing only NEEDED to "SHOW THEIR STUFF" and BURMA ARMY WILL JOIN THE RANKS and FILES of the PEOPLE OF BURMA. Any bets?
စစ်သားပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် အန်တီစုနဲ့ တွေ့တာ ဘာဖြစ်လဲ၊ nld က တရားမ၀င် လက်နက်ကိုင် အဖွဲ့အစည်းမှ မဟုတ်တာ။ ဒါ လူတစ်ယောက်ရဲ့ အခွင့်အရေးပဲ၊ NLD ထောက်ခံတဲ့သူလဲ ကြံ့ဖွတ်အမတ်နဲ့ သွားတွေ့လို့ရတာပဲ၊ သူများနိုင်ငံတွေမှာ ပြိုင်ဖက်ပါတီတွေ ဘယ်လို အလုပ်လုပ်ကြလဲ ကြည့်ပါလား။ ကျဉ်းမြောင်းလိုက်တာ၊ အဲဒါ အခု ပြောင်းလဲ နေတာတွေ တကယ် ပေးချင်တာ မဟုတ်ဘူးဆိုတာ ထပ်ပြီး သက်သေပြလိုက်တာပဲ။
ReplyDeleteကြားရဖတ်ရတဲ့သတင်းကဝမ်းသာပြီးဝမ်းနည်းရတဲ့သတင်းလေးဖြစ်နေပါတယ်။
ReplyDeleteတပ်သားကျော်ဇင်ဝင်းရဲ့စိတ်ဓါတ်ကိုတော့လေးစားပါတယ်။
အမြန်ဆုံးပြန်လည်လွှတ်မြောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
တပ်ကိုသိပ်ခါချတယ်လို့ပြောရအောင် တပ်သားကျော်ဇင်ဝင်းက ပြည်သူ့ဘဏ္ဍာခိုးပြီး ဟော်တယ်ဆောက်နေ
ReplyDeleteလို့လား တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေကို အဓမ္မသိမ်းနေလို့လား ၊၊၊။။။။။
တပ်ကဗိုလ်ချုပ် ခွေးသတောင်းစားတွေက အော်တိုလွှတ်တော်တက်လို့ရနေတော့ ဘယ်တရားပွဲမှ သွားပြီးနားထောင်စရာမလိုဘူးလေ...
ReplyDeleteFree Kyaw Zin Win.
ReplyDeletePls let Kyaw Zin Win go...A May Su please help him to get freedom..
ReplyDelete