ယနေ့(၂၂.၃.၁၂)နေ့လည်က လှည်းကူးမြို့နယ်မှ အမေ့စုကို ချစ်မြတ်နိုးသော မိခင်တချို့ ဦးဆောင်၍ ၄င်းတို့ သားသမီးများနှင့်အတူ လှည်းကူးမြိုနယ်အတွင်း တစ်နာရီခန့် စံနစ်တကျ ချီတက်လမ်းလျှောက်ပွဲ တစ်ခုကို စည်းကမ်း ရှိစွာ ကျင်းပပြီး အမေစုကိုထောက်ခံကြောင်း ပြသခဲ့ကြသည်ဟု သတင်းရရှိပါသည်။
သတင်း၊ ဓာတ်ပုံအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။
ကိုင်း မပြောင်းဖူး အောင်သိန်းပျင်းတို့ ဦးအောင်တောင်းတို့ရေ မွေးကင်းစ ကလေးအစ အမယ်အိုအဆုံး ခင်းဗျားတို့ ကြံ့ဖွတ်ကို မထောက်ခံဘူးဆိုတာ သိလောက်ပါပြီနော်။ ခိုးထားတဲ့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ဆယ်သက်ထိုင်စားတောင် မကုန်ပါဘူးဗျာ။ အေးအေး ထိုင်စားနေပါတော့။ ခွေးကျိုးနဲ့ ယုန်လိုက်နေလို့ကတော့ အညှီကြိုက်မှန်း လူသိယုံဘဲ ရှိမယ်ဗျ။ ယုန်ကတော့ မိမှာမဟုတ်ဘူး။
ReplyDeleteလေးစားပါတယ်သားငယ်သမီးငယ်လေးတွေ။နောင်အတွက်ရင်အေးသွားပါပြီ။
ReplyDeleteမင်းတို့ အနီနဲ့အ၀ါရောင်ကြီး ကြည့်ရတာ မြောက်ကိုရီးယား ရဲ့ အာဏာရ အလုပ်သမားပါတီ နဲ့ တစ်ရောင်ထဲ ဖြစ်သလို ကွန်မြူနစ် ပါတီတွေ နဲ့ တစ်ရောင်ထဲဘဲ။ ငါတို့မြန်မာပြည် ကွန်မြူနစ် အကြီးစိုးမခံနိုင်ဘူး-ဟေ့
ReplyDeleteခလေးတွေကို မိဘတွေကိုယ်တိုင်က မဟုတ်တာလမ်းပြ၊ ဒီကလေးတွေ ဟိုမရောက် ဒီမရောက်နဲ့  ပညာမတတ်ဘဲ အလုပ်ကြမ်း သမားတွေဘဲ တိုးလာမှာ မြင်ယောင်သေး။