Pages

Sunday, March 18, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လားရှိုး ခရီးစဉ်မြင်ကွင်းဓာတ်ပုံများ (၂)

ပြည်သူ့မေတ္တာ အမြဲရရှိနေတဲ့ အမေစုနဲ့ ပြည်သူလူထုရဲ့ အေးချမ်းတဲ့ မြင်ကွင်း
ပြည်သူတွေ အနာဂတ်အတွက် ဘဝတခုလုံး ပုံအပ်ထားတဲ့ အမေစု အနာဂတ် မြန်မာနိုင်ငံတော်သို့ တွေးမျှော်ကြည့် နေလေသလားပဲ..
လားရှိုးက  ကြိုဆိုကြတဲ့ လူထုပရိသတ်မြင်ကွင်း..


လာရှိုးမှာ လာရောက်ကြိုဆိုကြတဲ့ ဝ တိုင်းရင်းသားတွေ ရေးသားထားတဲ့ (အမေစုကို ''၀''များက အရမ်းချစ်ပါတယ်၊''၀''ကို မမေ့ပါနဲ့ အမေရယ်)ဆိုတဲ့ စာသားလေးက ဘာရယ်မဟုတ် ရိုးရိုးရှင်းရှင်းလေးနဲ့ သေချာဖတ်လေ ရင်ထဲထိလေပါပဲ...။

ဓာတ်ပုံများ..
News and Information Department of NLD
photo@ Aye Min Soe
photo@ Kay

1 comment:

  1. အမေစုကို ရောက်ရာအရပ်ကပြည်သူတွေက တခဲနက်ကြိုဆိုနေကြတာ ကြည်နူးစရာပါ။
    ငွေချေးပြီး စည်းရုံး၊ ခြိမ်းချောက်ပြီး စည်းရုံးတဲ့ ကြံ့ဖွတ် ပါတီခေါင်းဆောင်ကြီးတွေ လူထုစည်းဝေးပွဲ မလုပ်ရဲတော့ဘဲ တစ်အိမ်တက်ဆင်း လက်သိပ်ထိုးပြီး စည်းရုံးနေရတဲ့အဆင့်ကို ရောက်သွားပါပြီ။
    ဦးရွှေမန်းတို့၊ ဦးအောင်ခင်မြင့်တို့လို လူကြီးလူကောင်းဆန်တဲ့ ပုဂ္ဂိုလ်ကြီးတွေက ဒေါ်စုလွှတ်တော်ထဲ ရောက်လာရင် ကြိုဆိုပါတယ်လို့( စိတ်ထဲကပါချင်မှ ပါမည်ဖြစ်သော်လည်း)ပြောနိုင်သေးသော်လည်း စိတ်သဘောထား သေးသိမ် အောက်တန်းကျသော ဦးအောင်သောင်းကတော့ ပါတီထိပ်ပိုင်းလူကြီးဟူသော မိမိဂုဏ်ပုဒ်ကိုမှ အားမနာ ဒေါ်စုကို ဝေဖန်တိုက်ခိုက်သော စကားများကို ဆိတ်လစေ့မြတ်ခိုင်၏ အင်တာဗျူးမှာ ပြောသွားတာ တွေ့လိုက်ရပါတယ်။
    သူကား ဒီချုပ်ဆန့်ကျင်ရှုတ်ချရေး လူထုစည်းဝေးပွဲကြီးများကို တောင်သာမြို့နယ်မှာ အဓမ္မလူထုကို ဆင့်ခေါ်ပြီး ပထမဆုံး မသူတော်ကြီး သန်းရွှေအလိုကျ လုပ်ခဲ့သူဖြစ်သည်။
    ဆုလာဘ်အနေဖြင့် ယခုထက်တိုင် ၀င်ငွေကောင်းသော စီးပွါးရေးလုပ်ငန်းကြီးများကို သား အဖနှစ်ယောက်ပေါင်းပြီး လုပ်ကိုင်နေဆဲ။ ပြည်သူ့ဘဏ္ဍာတွေကို ခိုးနေဆဲ။ ဥပဒေအထက်က လူများထဲ တစ်ဦးအပါအ၀င် ဖြစ်သည်။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။