Pages

Friday, March 16, 2012

ပြည်သူနဲ့တွေ့တော့မီးလို ရန်သူနဲ့တွေ့တော့....

ပြည်သူနဲ့တွေ့တော့ မီးလို မြင်ကွင်းတွေက ပူလောင်လွန်းလှပါတယ်..။ ပြည်သူသာအမိ ပြည်သူသာ အဖပါ...။ လက်ရှိမြင်ကွင်းက ပြည်သူတွေရဲ့ မျက်နှာတွေ ပုံရိပ်တွေကို ခံစားကြည့်ကြပါ။ ရန်သူနဲ့တွေ့တော့  ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကိစ္စနဲ့ တရုတ် စီမံကိန်းတွေက နမူနာပါပဲ..

လက်တလော ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ပြည်သူခေါင်းဆောင်နဲ့ ပြည်သူလူထု မြင်ကွင်းတွေနဲ့ ဒီဓာတ်ပုံရဲ့ အနောက်က လူထုဘာတွေ ဘာတွေကွာနေပါသလဲ...။ မြစ်ဆုံပါရဂူ ဦးဇော်မင်းနဲ့ ဒုတပ်ချုပ်ကြီးမောင်အေးတို့ရဲ့ ၂၀၀၉မေလ ရွှေလီရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းစတင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့တာလို့ ဆိုပါတယ်..။

ခေတ်မှီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုတဲ့စာတန်းဟာ လက်ရှိ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မကျသရွေ့တော့ အလှမ်းဝေးနေဦးမှာပါပဲ...။

ဓာတ်ပုံ ဒီမိုဝေယံနှင့် ဝိုင်းတော်သားများ..

2 comments:

  1. ကြိုဆိုနေတာက နုနယ်တဲ့ မိန်းကလေး (၁၀)ယောက်ခန့်၊ စက်သေနတ်ကိုင် စစ်သားတွေက (၄၀)ခန့်။ မြင်ကွင်းက အင်အား မမျှတပါလားကွယ်တို့။ တကယ်ဆို သေနတ်ကိုင် စစ်သားတစ်ယောက်ဆို လုံလောက်ပါပြီ၊ သေနတ်ပြောင်းဝကထွက်တဲ့ မီးနဲ့ အာဏာကို တည်ဆောက်ထားတာဆိုတော့လဲ လက်နက်အားကိုးနေရတာ မဆန်းပါ။
    ဒါပေမဲ့ လက်နက်မျိုးစုံ ကိုင်ဆောင်ထားတဲ့ စစ်သား (၅)သိန်းကျော်၊ ကြံ့ဖွတ်နဲ့လက်အောက်ခံ(၂)သန်းကျော်နဲ့ ၂၃-နှစ်တိုင်တိုင် ပိန်လှီသေးကွေးတဲ့ မုဆိုးမ အမေစုကို နည်းလမ်းမျိုးစုံနဲ့ နှိမ်နင်းခဲ့ပေမဲ့ သူမရဲ့ခိုင်မာသော ယုံကြည်ချက်နဲ့ မဆုတ်မနစ် သန္နိဌာန်ချတဲ့ သံမဏိစိတ်ဓါတ်ကို မချိုးနှိမ်နိုင်ခဲ့ဘူးဆိုတာ ယနေ့ သက်သေပြနေပါပြီ။
    စစ်အာဏာရှင်ကြီးများ သိထားရမှာက ဒေါ်စုဆိုတာ နေမ၀င်အင်ပါယာကို အံတုခဲ့တဲ့ တပ်မတော်ဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးပိသုကာ သံမဏိဗိုလ်အောင်ဆန်းရဲ့ သမီးဆိုတာ မမေ့ဘို့လိုပါတယ်။

    ReplyDelete
  2. အာဏာသည်သေနတ်ပြောင်းဝမှာတည်သည်။
    အယူအဆကိုလက်ခံပြီးမလျော်အာ
    ဏာသုံးခဲ့လို့။
    အခုဘဲကြည့်လေ။
    အမေသွားလေရာပြည်သူတွေ
    သောင်းသောင်းဖြဖြကြိုဆိုနေတာ။
    ကြည်နူးလို့မဆုံးနိုင်အောင်ဘဲ.,...
    -င်းတို့သွားလေရာ
    ခိုးကြောင်ခိုးဝှက်စက်ဆုတ်ရွံ့ရှာ။
    အမဂ်လာ။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။