Pages

Wednesday, March 21, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များမှ ပိတ်ပင်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ် ရှပ်ပြေးယာဉ်များ ငှားရမ်းခြင်းမပြုရန် အာဏာပိုင်များ ပိတ်ပင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ၂၄၊ ၂၅ရက်မြိတ်ခရီးစဉ်မှာ ရှပ်ပြေးယာဉ်များအား ငှားရမ်းခြင်း မပြုရန် အာဏာပိုင်းများမှ ဖိအားပေး ပိတ်ပင်ထားကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရိုင် ရွေးကောက်ပွဲ ခရီးစဉ်အတွင်း မြိတ်ကျွန်းစု ကျေးရွာများအား သွားရောက်မှာ ဖြစ်ပြီး အဆိုပါရွာများမှာလည်း ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှပ်ပြေးယာဉ်ငှားရမ်းသုံးစွဲလျှင် အခမဲ့ သုံးစွဲခွင့်ပေးမည့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုသွားပြီးငှားရမ်းခွင့်ရရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ရန် နီးကပ်လာသည်နှင့် အမျှ အောက်ခြေ အာဏာပိုင်များမှ မသိသာတမျိုး သိသိသာသာတဖုံ အဖွဲ့ချုပ်၏ စည်းရုံးရေး ခရီးစဉ်များအား ပိတ်ပင်တားဆီးလျှက် ရှိပြီး မဲစာရင်းမှားယွင်းမှုများ၊ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်များအား ချောင်းမြောင်း ပစ်ခတ်မှုများ..၊ အဖွဲ့ချုပ်ပါတီ ဆိုင်းဘုတ်များအား ဖျက်ဆီးမှုများ ဖြစ်ပေါ်လျှက်ရှိပါတယ်..။

မဲစာရင်းမှားယွင်းမှုများအား တိုင်ကြားရာမှာ တချို့သော မြို့နယ်များ၌ ပြန်လည် ပြင်ဆင်ပေးမှုများ ပြုလုပ်ပေးသော်လည်း အချို့သောမြို့နယ်များမှာ အချိန်ကြာရှည်အောင် တမင်လုပ်ကိုင်မှုများ ရှိနေကြောင်း သိရှိရသည်။

သတင်း၊...၊ ဒီမိုဝေယံ

ဓာတ်ပုံ... အဖွဲ့ချုပ်မှ ရှပ်ပြေးယာဉ် ငှားရမ်းခွင့်အား ပိတ်ပင်ထားပေမယ့် ကျောက်ဖြူ ရေနက်စီမံကိန်းမှာ တရုတ်ကုမ္ပဏီများ ငှားရမ်းအသုံးပြုနေသည့် မလိခရှပ်ပြေးယာဉ်အား တွေ့ရစဉ်။

3 comments:

  1. မရရင်လဲ.မသွားတာကောင်းတယ်.
    ပင်လယ်ထဲမှာအန္တရာယ်များတယ်.
    ဒီကောင်တွေတစ်ခုခု.အကြံပက်စက်လိုက်ရင်.
    ရေထဲမှာ.ဘာမှလုပ်မရဘူး..
    အမေစုကို.ဘယ်အရာနဲ့မှ.မလဲနိုင်ဘူး.

    ReplyDelete
  2. ပင်လယ်ကို ဖြတ်သန်းသွားရမဲ့ ခရီးမို့ လုံခြုံဘေးကင်းဘို့ သေချာစီမံသင့်ပါသည်။
    အသက်ကယ်အင်္ကျီင်္၊ ဘောကွင်းစသည် ပြည့်စုံစွာ ယူသွားပါ။
    အသက်ကို လုပ်ကြံမှာကိုလဲ သတိရှိစေချင်တယ်။ စစ်အာဏာရှင်တွေဟာ သူတို့လုပ်ဖော်ကိုင်ဖက်အချင်းချင်းကိုပင် စားခွက်လုရင်း လုပ်ကြံခဲ့တယ်ဆိုတာ သံသယရှိစရာတွေ တွေ့ခဲ့ပြီးဖြစ်သည်။
    ဒီပဲရင်းမှာလဲ လူငယ်တွေ အသက်ပေးကာကွယ်လို့ ဒေါ်စုလွတ်လာခြင်းဖြစ်ပါသည်။

    ReplyDelete
  3. there is no such thing called "Arr Nar Paing" in Democracy.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။