ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မြန်မာစံတော်ချိန် ည(၁၀)နာရီခွဲက ရဲအထူးတပ်ဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပါသည်...။ မနက်ဖြန် မနက် ပြန်လည်ပို့ပေးမည်ဟု ပြောဆို၍ ဖမ်းဆီးခေါ်ဆောင် သွားပါသည်...။ အရှင်ဂမ္ဘီရအား ရဲမှူးဦးစိုးနိုင်နှင့် အဖွဲ့မှဖမ်းဆီး ခေါ်ဆောင်သွားစဉ် ကားပေါ်၌ အရှင်ဂမ္ဘီရအား ဆရာတော်ဦးဣသရိယမှ ဆက်သွယ်မေးမြန်းထားတဲ့ အသံဖိုင် ဖြစ်ပါတယ်..။
၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့က ပြန်လည်လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။
၆ရက်နေ့ည ၁၀နာရီခွဲက အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးဂမ္ဘီရနဲ့ အင်တာဗျူး by demowaiyan
၂၀၀၇ခုနှစ် ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလက ၁၃ရက်နေ့က ပြန်လည်လွတ်မြောက် လာပြီးနောက် ယခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပြီး ပြီးခဲ့တဲ့လ(၁၉)ရက်နေ့ကလည်း အစိုးရပိုင် သတင်းစာများမှ အရှင်ဂမ္ဘီရအား ဓမ္မစက်အစား အာဏာစက်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်...။
၆ရက်နေ့ည ၁၀နာရီခွဲက အထူးရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးဂမ္ဘီရနဲ့ အင်တာဗျူး by demowaiyan
ဆရာတော် ဦးဣသရိယအား ကျေးဇူးတင်ပါသည်..။

ုဦးခင်ညွန့် လက်ထက်မှာ လူတွေကို ခေါ် အခုတော့ ဘုန်းဘုန်း
ReplyDeleteတွေအလှည့် ခေါ်ချင်သလိုခေါ် လေးစားမှု ဆိုတာလု မျီုးကြားမှာမ
ရှိတော့ ပြီလား။
သမတကြီးကတော့ နောက်ပြန်မလှည့်ဘူး ပြောတာဘဲ၊ ဒါပေမဲ့ သံဃာတွေကို ဖမ်းဆီးတာ၊ ကျောင်းတိုက်က နှင်ထုတ်တာတွေကတော့ ဒီသန့်ရှင်းသော အစိုးရလက်ထက်မှာ ပိုဆိုးလာပါတယ်။
ReplyDeleteရွှေဝါရောင်တော်လှန်ရေးမှာ အဓိကပါဝင်ပြီး စစ်အာဏာရှင်တို့ရဲ့ ရာသက်ပန် အာဏာထိုင်ခုံကို ကိုင်လှုပ်ခဲ့တဲ့ အရှင်ဂမ္ဘီရကို အညိုးတကြီးနဲ့လက်စားချေနေတာတွေကတော့ ထေရဗုဒ္ဓဘာသာနိုင်ငံက နိုင်ငံ ခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ မလုပ်သင့်တာတွေကို အရှက်မရှိလုပ်နေတာပါ။
အရှင်ဂမ္ဘီရကို ထောင်ထဲမှာ စိတ်ကြိုက် ခေါင်းကို အိတ်စွပ်ပြီး ရိုက်နှက်ခံထားရလို့ သတိမကောင်း၊ ခေါင်းအကြီးအကျယ်ကိုက်ခဲပြီး အိပ်မပျော်တဲ့ဝေဒနာကြောင့် ဆေးအမြဲမှဝဲနေရသူဖြစ်ပါတယ်။
လူသားမှန်ရင် လူနဲ့တူသောစိတ် မွေးမြူသင့်ပါတယ်။
သံဃာကတော့ သံဃာလိုနေရင်ကောင်းတာပေါ့
ReplyDeleteI accept this word
Deleteanonymous ဆိုတဲ့ကောင် မင်းကကောလူလိုနေလို့လား။ ခွေးသူတောင်းစား။
ReplyDeleteသံဃာကတော့ သံဃာလိုနေလို့ရေးတဲ့အကောင်.....
ReplyDeleteမင်းက ဒီလိုရေးရအောင်ဘာတွေများလေ့လာထားလို့လဲ..
သံဃာကိုဒီလိုစော်ကားရဲတယ်ဆိုတော့အမျိုးကောင်းသားတော့မဖြစ်နိုင်ဘူး....
မင်းရဲ့အမေတွေ အစ်အမတွေပေးထားတဲ့ မင်းပထွေးတွေတောင်မှ လူရှေ့သူရှေ့ကင်မရာရှေ့မှာဆိုရင်
သံဃာတော်တွေကိုဟန်လုပ် ရှိခိုးရသေးတာပဲ....
မမိုက်စမ်းပါနဲ့ကွာ...
မင်းက အရိုးလေးပဲကိုက်ရတာပါ....
ပထွေးတွေရှူးတိုက်တိုင်းမဟောင်ပါနဲ့...
ဟိုအပေါ်ကကောင်
ReplyDeleteသံဃာတော်ကိုစော်ကားတဲ့ကောင်ကိုပြောတာ
အရှင်ဂမ္ဘီရ ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နေလဲ၊ လေ့လာပြီးပြီလား...???
ဘာပဲဖြစ်ဖြစ် သံဃာတော်ကိုတော့လေးစားရပါမယ်။
သံဃာတော်တွေဘာဲ့လုပ်နေနေ မပြစ်မှားသင့်ဘူးကွ။
မင်းကအမှန်အကန် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်မယ်ဆိုရင်ပေါ့။
ဒယ်အိုးဇောက်ထိုးမဆင်ချင်စမ်းပါနဲ့ကွာ။
kokomg ပြောတာထောက်ခံပါတယ်။ဆက်ရေးပါအုံး။
၁း စိမ်းလဲ့ကန်သာ ငါးလောင်ပြိုင်သတ်တဲ့ လူသတ်တရားခံ၊
ReplyDelete၂း ရန်ကုန်မြို့လယ်မှာ ဒါရိုက်တာကို ရမ်းကားစွာသတ်ဖြတ်တဲ့ တရားခံ၊
၃း လူအုပ်စုနဲ့ ဓားရှည်တွေနဲ့ ၀ိုင်းပြီး ခုတ်သတ်တဲ့ မြောက်ဥက္ကလာက လူသတ်တရားခံတွေကိုတော့ ခုထိ ဘာမှ အရေးမယူဘဲ၊
မေတ္တသုတ်ရွတ်တဲ့ ဦးဂမ္ဘီရကို အမျိုးမျိး နေစရာမရှိအောင် ဒုက္ခပေးနေတာတွေကတော့ ကောင်းမွန်သောအစိုးရလို့ သတ်မှတ်ဘို့ ခက်ခဲနေဆဲပါ။
တရားနဲ့အညီ မအုပ်ချုပ် ပြည်သူကို ညှင်းပန်းနှိပ်စက်တဲ့ အစိုးရကို ဘယ်သံဃာကိုမဆို တရားပြပြီး အမှန်ပြောနိုင်ခွင့်ရှိပါတယ်။ ဒါကို နိုင်ငံရေးလို့ သတ်မှတ်မယ်ဆိုရင်လဲ အဲဒီနိင်ငံရေးမျိုးကို ဘုရားရှင်က မတားမြစ်ပါ။
ဗုဒ္ဓဘာသာဝင်တို့ လိုက်နာရမဲ့ငါးပါးသီလထဲက ပြည်သူ့မဲကို ခိုးပြီး အဒိန္နာဒါကို ချိုးဖောက်တဲ့ ကြံ့ဖွံ့အစိုးရကို ဆုံးမတာကို နိုင်ငံရေးလို့ ပြောရင် အဲဒါလဲ လုပ်ကောင်းတဲ့ လုပ်သင့်တဲ့ အလုပ်ပါဘဲ။
ဗိုလ်နေ၀င်း ၆၂-ခုနှစ် စစ်အာဏာသိမ်းပြီးကထဲက စစ်အာဏာရှင်အဆက်ဆက်က သံဃာတွေကို ဖမ်းပြီဆိုရင် ဒီလိုဘဲပြောလေ့ရှိပါတယ်။ အရပ်ဝတ်နဲ့လာပြီး ဆွမ်းစားခဏကြွပါဆိုပြီး ထောင်ထဲမှာ နှစ်ပေါင်းများစွာ ဖမ်းထားပြီး သေလောက်အောင်နှိပ်စက်ပြီးမှ ပြန်လွှတ်ပါတယ်။
ReplyDeleteမနက်ဖန်ပြန်ပို့ပါမယ် ခဏလောက်မေးစရာ ရှိလို့ပါဆိုပြီး နှစ်နဲ့ချီ ဖမ်းထည့်၊ ခေါင်းကို အ၀တ်နဲ့အုပ် ရိုက်နှက်၊ တစ်သက်လုံး လူစဉ်မမီအောင် နှိပ်စက်တာလဲ ရိုးနေပါပြီ။
မင်းမှာ သစ္စာ၊ လူမှာ ကတိဆိုပေမဲ့ ဘယ်စစ်အစိုးရမှ မှန်တာကို ပြောလေ့ လုပ်လေ့မရှိပါ။
၁၉၉၀ ရွေးကောက်ပွဲမတိုင်မီက ကတိကိုလဲ ချိုးဖောက်၊ ၂၀၁၀ မှာလဲ မဲခိုး မဲလိမ်နဲ့ ဂုဏ်သိက္ခာ တစ်ပြားသားမှ မရှိတဲ့ အစိုးရက ဦးဂမ္ဘီရကို မနက်ပြန်လွှတ်ပါမယ်ဆိုတာကြီးကို ခက်ခဲစွာ ယုံကြည်ဘို့ အဖိနှိပ်ခံ သံဃာတော်များမှ စောင့်ကြည့်နေပါကြောင်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံက ကောင်းမွန်သောအစိုးရမင်းတို့။
အေးဗျ ကျုပ်နိုင်ငံခြားရောက်တော့ ဟိုကလူတွေကမေးတယ် ခင်ဗျားတို့နိုင်ငံ မှာ ကိုယ်ရှိခိုးတဲ့ ဘုရားရဲ့ခေါင်းကိုတောင်ပြန်ရိုက်ခွဲတယ်လားတဲ့ ဘယ်လောက်ရှက်ဘို့ကောင်းလဲ စဉ်းစားကြည့်
ReplyDelete