Pages

Wednesday, March 7, 2012

၆ရက်နေ့ မနက်ပိုင်းက ဟသာင်္တမြို့မှ ဗုံးပေါက်ကွဲမှု (သတင်း၊ မှတ်တမ်းဓာတ်ပုံ)

မတ်လ ၆ ရက်နေ့ မနက်၉နာရီ ၅၀မိနစ်ခန့်က ဟသာင်္တမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဟင်္သာတ မိုက်ကရိုဝေ့ဖ်တိုင်အောက်၌ မပေါက်ကွဲသေးတဲ့ အခြားဗုံးတလုံးအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ 

ပထမ ဗုံး အုပ်ချုပ်ရေးရုံးမှာ မပေါက်ကွဲခင်မှာ ဌာနဆိုင်ရာ အားလုံးအား ခရိုင်ရုံးအပေါ်ထပ် အစည်းအဝေးခန်းမ၌ အစည်းအဝေး ခေါ်ထားတဲ့ အတွက်ကြောင့် ဗုံးပေါက်တဲ့အချိန် (နံနက် ၉ နာရီ ၅၀ မိနစ်) တဦး၊ တယောက်မှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရှိရသည်..။ အဆိုပါဗုံးဟာ အုပ်ချုပ်ရေးဦးစီးဌာနရှေ့ ရေနုတ်မြောင်းထဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်တဲ့အတွက် ကွန်ကရစ်စများ လွှင့်ထွက်ခဲ့ပြီး အုပ်ချုပ်ရေးဦးစီးဌာန အဆောက်အဦး အစည်းအဝေးခန်းမ အမိုးစွန်းများ အနည်းငယ် ပျက်စီးခဲ့ပါတယ်..။
အုပ်ချုပ်ရေးရုံး ဗုံးပေါက်ပြီး ၁၅ မိနစ်လောက် အကြာမှာတော့။ ဒုတိယမြောက် ဗုံးအား မိုက်ခရိုဝေ့် တိုင်အောက်က စက်ခန်း အ၀င် ရေမြောင်းထဲ၌ ဆက်သွယ်ရေး ၀န်ထမ်းအမျိုးသမီး တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်..။

ဒုတိယဗုံး တွေ့ရှိချိန်မှာတော့ အနီးအနား  ကိုက် ၁၀၀ အတွင်း နေထိုင်သူများအား အပြင်သို့ ထွက်ခိုင်းပြီး ဟင်္သာတမှ ခလရ ၁၈ တွင် ကျွမ်းကျင်သူများ မရှိသည့်အတွက် ကွင်းကောက် လေ့ကျင့်ရေးတပ်နှင့် ပုသိမ်တပ်များမှ လာရောက်သည့်အဖွဲ့များအား ခေါ်ဆိုခဲ့ရတယ်လို့ ဆိုပါတယ်..။  ကွင်းကောက် လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူးကြီးနှင့် စစ်သည်လေးဦး၊ ပုသိမ်မှလည်း လာရောက်မည့် အဖွဲ့များအား စောင့်ဆိုင်းခဲ့ရပါသည်။

 ဗုံးစတင်ပေါက်ကွဲသည့် မနက် ၉နာရီ ၅၀ခန့်မှ ဒုတိယဗုံးအား ညနေ ၂ နာရီခွဲလောက်မှ ပုသိမ်အဖွဲ့ မရောက်မှီ ကွင်းကောက်အဖွဲမှ ရောက်ရှိလာပြီး သဲအိတ်များ ကာရန်ကာ ဗုံးကို စနက်တံကို ဖြုတ်နိုင်ခဲ့ကြောင်း သိရှိရသည်...။

မပေါက်ကွဲပဲ တွေ့ရှိတဲ့ဗုံးနှင့်အတူ ဆက်သွယ်ရေး စကားပြောစက် တစ်လုံး၊ ဓါတ်ခဲ အေသုံးလုံး ၁၄လုံး၊ တီအမ်တီ ယမ်းတစ်ထုတ်၊ တရုတ်လက်ပစ်ဗုံးတစ်လုံး အားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါသည်..။ စကားပြောစက်မှာ အဝေးမှ နောက်တစ်လုံးအား လှမ်းဖောက်ခွဲရန်ဟု ယူဆရပြီး နှစ်ဆင့်ကွဲစေရန် ယမ်းနှင့် လက်ပစ်ဗုံးပူးထားကြောင်း ဒီမိုဝေယံမှ စုံစမ်းသိရှိရပါသည်..။
ယခင် နဝတ၊ နအဖ စစ်အစိုးရ လက်ထက်များ၌လည်း နိုင်ငံရေး အရှိန်မြင့်တက်လာချိန်များနဲ့ စစ်အစိုးရအား တစုံတခုသော အကြောင်းကြောင်းကြောင့် လူထုမှ အာရုံစူးစိုက် လာချိန်များမှာ အချိန်ကိုက်ညီစွာပဲ ဗုံးများ မကြာခဏ ပေါက်ကွဲလေ့ရှိပါသည်...။ မကြာခဏဆိုသလို မိမိတို့အား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများ လက်နက်ကိုင် အင်အားစုများအား ဗုံးပေါက်ကွဲပြီး မကြာမှီ နာရီပိုင်းအတွင်းမှာပင် စွပ်စွဲပြောဆိုခဲ့ပါတယ်...။

လက်သည်တရားခံ အစစ်အား ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပြင် မကြာခဏဆိုသလို အချက်အလက်များ မှားယွင်းစွာ စွပ်စွဲပြောဆိုခဲ့ပြီး မိမိနှင့် အမြင်မတူသူများ၊ နိုင်ငံရေးတက်ကြွသူများနဲ့ အပြစ်မဲ့ ပြည်သူများအား အတင်းအဓမ္မ ဝန်ခံထွက်ဆို ခိုင်းကာ ထောင်သွင်း အကျဉ်းချထားခြင်း ခံနေကြရပါတယ်..။ ဥပဒေ၏ အကာအကွယ်ကို ရရှိခံစားရခြင်းမရှိပဲ ဗုံးဖောက်ခွဲသည်ဟူသော စွဲချက်ဖြင့် ဥပဒေမဲ့စွာ မတရား ဖမ်းဆီးခေါ်ဆောင် ခံထားရသူများကတော့ ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့် လက်ထက် ၁၉၈၉ခုနှစ်ကတည်းက ယနေ့တိုင် သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုးသန်းဇော်(ခ) ကိုသန့်ဇော်၊  ၂၀၀၈ ခုနှစ်အတွင်းက ဗုံးဖောက်ခွဲမှုပုဒ်မနဲ့ မတရား ဖမ်းဆီး အရေးယူခံနေရတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် HRDPမှဦးမြင့်အေး၊ ၂၀၁၀ ခုနှစ်က X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ခွဲမှုနဲ့ မတရားဖမ်းဆီးခံနေရတဲ့ ကိုဖြိုးဝေအောင် အစရှိသူတို့ဟာ သာဓကဖြစ်ရပ်တွေ ဖြစ်ပြီး ယနေ့ထက်တိုင် မတရားဖမ်းဆီး အကျဉ်းချထားခြင်း ခံနေရပါတယ်...။ ထိုအတူ ဗုံးဖောက်ခွဲမှုစွဲချက်နဲ့ မတရားဖမ်းဆီး ခံခဲ့ရကာ စစ်ကြောရေးနဲ့ အကျဉ်းထောင်မှာ ညှင်းပန်းနှိပ်စက်မှု ဒဏ်တွေကြောင့် ပြန်လည် လွတ်မြောက်လာပြီး ကိုးရက်အကြာမှာ သေဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ အဖြစ်အပျက် တွေဟာလည်း ရင်နင့်ဖွယ် ဥပဒေမဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်...။

သတင်း.... ဒီမိုဝေယံ

7 comments:

  1. တို့မယုံဘူး
    လံကျုပ်တွေနေမှာဘဲ
    သတိထားနေကြဟေ့....

    ReplyDelete
  2. ဒါဘယ်သူထောင်တဲ့ဗုံးလဲ
    ကိုယ်အီးပေါက်ပြီး သူများလက်ညှိုးမထိုးနဲ့နော်
    ဒီဇာတ်လမ်းဟောင်းတွေကရိုးနေပြီ
    နေအုံး...........ရှိသေးတယ်
    ဘာတဲ့
    တောထဲကခက်ခက်ခဲခဲနဲ့ ရန်ကုန်လာပြီးတော့
    အိမ်သာလေးဗုံးခွဲတယ်၊ အမှိုက်ပုံးလေးဗုံးခွဲတယ်
    စဉ်းစဉ်းစားစားလေးလုပ်ကြ
    ဘယ်သူယုံမှာလဲ
    ယုံတဲ့လူ....အဲမှားလို့ .. ယုံတဲ့ကောင် ငနွားပဲ

    ReplyDelete
  3. ကျွန်တော်သေသေချာချာတွေးမိပါတယ်။ ဒါဟာ အုပ်စိုးသူတို့ရဲ့ အလုပ်ဘဲလို့မြင်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟင်္သာတလိုနေရာမျိုးမှာ ဘယ်သူက ဘယ်တောထဲက ဘယ်ဖေါက်ခွဲသူ (အတိုက်အခံဘက်က)ဘယ်လိုနည်းဘယ်လိုပုံစံနဲ့ ဖေါက်ခွဲနိုင်မှာလဲ။ ပြည်သူတွေကို လိမ့်ချင်လို့။ အချိန်ဆွဲချင်လို့။ တပ်မတော်မရှိရင် အားကိုးရာမဲ့ပြီး တိုင်းပြည်ဟာ မလုံခြုံတဲ့အဖြစ်ရောက်နေတယ်ဆိုတဲ့ ကိုယ့်ဘက်ကိုယ်ယက်တဲ့ ပုံစံပါ။ တကယ်တော့ ဒီဖေါက်ခွဲမှုတွေဟာ သိန်းစိန်အစိုးရထဲက အဆင့်မြင့် အမိန့်ရ ဖေါက်ခွဲရေးသမားတွေရဲ့လက်ချက်ပါလို့ ရိုးရိုးဘဲ မြင်မိပါတယ်ဗျာ။

    ReplyDelete
  4. I absolutely agree with above comment.

    ReplyDelete
  5. သတိထားနေကြပေတော့ ဒီမိုသမားတို့ရေ့။ စစ်ဗိုလ်တစ်မတ်သားအစိုးရကတော့ ဒေါ်စုရဲ့စည်းရုံးခရီးအောင်မြင်နေတာတွေကို အထိတ်တလန့် ပြည်သူတွေ မလာရဲအောင်၊ ဒီမိုသမား တက်ကြွသူတွေကို ဗုံးထောင်မှုနဲ့ ဖမ်းပြီး ထောင်နှစ်ရှည်ချနိုင်အောင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်နည်းကို သုံးလိမ့်မယ်ဗျ။

    ReplyDelete
  6. သတိထားနေကြပေတော့ ဒီမိုသမားတို့ရေ့။ စစ်ဗိုလ်တစ်မတ်သားအစိုးရကတော့ ဒေါ်စုရဲ့စည်းရုံးခရီးအောင်မြင်နေတာတွေကို အထိတ်တလန့် ပြည်သူတွေ မလာရဲအောင်၊ ဒီမိုသမား တက်ကြွသူတွေကို ဗုံးထောင်မှုနဲ့ ဖမ်းပြီး ထောင်နှစ်ရှည်ချနိုင်အောင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်နည်းကို သုံးလိမ့်မယ်ဗျ။

    သွေးထွက်အောင်မှန်တယ်ဟေ့..ဘယ်တုန်းကမှသောက်ကျင့်ကောင်းခဲ့တဲ့စစ်တပ်မဟုတ်ဘူး.

    ReplyDelete
  7. dont tell myanmar army ,this is wrong missing thinking man ,,,,,,,,,

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။