လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြိတ်ခရီးစဉ် သောင်းသောင်းဖြဖြကြိုဆိုကြတဲ့ မြင်ကွင်းဓာတ်ပုံများ
မြိတ်မြို့သားတွေ ကမ်းလုံးညွတ်မျှ လိုက်ပါပို့ဆောင်ကြစဉ်..
မူလစီစဉ်ထားတဲ့ ရှပ်ပြေးယာဉ်ဖြင့် မြိတ်ကျွန်းစုများသို့ လှည့်လည် စည်းရုံးရေးခရီး သွားရောက်မယ့် အစီအစဉ်အား အာဏာပိုင်များနှင့် ဒေသဆိုင်ရာ ကြံ့ဖွံ့အဖွဲ့မှ ဖိအားပေး အကြပ်ကိုင်မှုကြောင့် ရှပ်ပြေး ရေယာဉ်များ ငှားရမ်းခွင့် မရရှိခဲ့ပါဘူး။ မြိတ်မြို့ရှိ ရှပ်ပြေးရေယာဉ်ပိုင်ရှင်များမှ အခမဲ့ငှားရမ်းပေးဖို့ စီစဉ်ထားပေမယ့်လည်း အာဏာပိုင်များရဲ့ ဖိအားပေးမှုကြောင့် အထက်ပါအတိုင်း ပင်လယ်ပြင်ခရီးမှာ စက်လှေဖြင့်သာ သွားရောက်နိုင်ခဲ့ပါတယ်..။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု မြိတ်မြို့မှ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာသို့ သွားရောက်ခဲ့ပြီး စက်လှေအင်ဂျင်နံ့နဲ့ လှိုင်းမူးမှုဒဏ်ကြောင့် မူးမော်မှုဝေဒနာ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်...။ အချိန်အတန် လင့်နေတဲ့ ည (၁၀)နာရီခန့်မှာ မြိတ်မြို့သို့ ပြန်ရောက် ရှိလာကြောင်း သိရှိရပါသည်.။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့လည်း လိုက်ပါသွားကြောင်း သိရှိရပါသည်.။
မနက်ဖြန် မြိတ်မြို့မှာ ပြုလုပ်မယ့် နေရာနဲ့ လိပ်စာကတော့ ဖော်ပြပါ ပုံမှာ ကြည့်ရှုနိုင်ပါတယ်..။
ဓာတ်ပုံများအတွက် Ko Aung Koe (Myeik)အား ကျေးဇူးတင်ပါသည်..။










အမေစု... အမေ့မှာ အင်အား ကြီးမားသော လက်နက်မျိုးစုံတပ်ဆင်ထားသော စစ်တပ်ကြီး မရှိပါ။
ReplyDeleteအမေစု.. အမေ့မှာ နိုင်ငံပိုင်ငွေကြေးတွေကို ထင်သလို သုံးစွဲပြီး အာဏာကို ရအောင်လ်ုပ်နိုင်တဲ့ အခွင့်အရေး မရှိပါ။
ဒါပေမဲ့ အမေ.. ပြည်သူတစ်ရပ်လဲုံးက အမေရဲ့နောက်မှာပါ။
အမေရဲ့ ရိုးသားဖြူစင်မှု။ ပြည်သူတွေရဲ့ရှေ့ မားမားမတ်မတ် ရပ်ပြီး မတရားမှု၊ အနိုင်ကျင့်မှု၊ ဗိုလ်ကျလွမ်းမိုးမှုတွေကို ဆန့်ကျင်အံတု ရင်ဆိုင်မှုတွေကို ပြည်သူတွေက တခဲနက်ထောက်ခံနေပါတ.်။ တပ်မတော်သားတွေ အပါအ၀င် ပြည်သူတို့ရဲ့ မဲပြားတွေဟာ အမေ့အတွက်ပါ။
အမေ့နဲ့ပြည်သူတွေရဲ့ စည်းလုံးမှုတွေကြောင့် နိုင်ငံတော် သမတကြီးကိုယ်တိုင် အိနြေ္ဓမဆည်နိုင်ဘဲ နိုင်ငံဘဏ္ဍာတိုက်ထဲ ငွေစက္ကူတွေ အထပ်လိုက်ဆွဲထုတ်ပြီး ကျေးရွားသားတွေကို ငွေနဲ့မျှားပြီး မဲဆွယ်နေရတဲ့ အခြေဆိုက်သွားအောင် ကြံ့ဖွတ်တစ်ဖွဲ့လုံး ပျာယာခတ်နေတာကလဲ ကြည့်လို့ပင်ကောင်းသေးတော့။
ပိန်လှီတဲ့ အမေရဲ့ မေတ္တာနဲ့ စိတ်ဓါတ်ယုံကြည်မှုခွန်အားက နှစ်(၅၀)ကျော်အခိုင်အမာတည်ဆောက်ထားခဲ့တဲ့ စစ်အာဏာရှင် ကျောက်တောင်ကြီးကို အက်ကွဲတုံလှုပ်သွားစေပါပြီ အမေ။