Pages

Sunday, March 25, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေအရ မနက်ဖြန် မကွေးခရီးစဉ်အား ဖျက်သိမ်းကြောင်းသိရှိရ

ယနေ့ မြိတ်မြို့လူထုဟောပြောပွဲ.. (ဓာတ်ပုံ KO AUNG KOEအားကျေးဇူးတင်ပါသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေအရ မနက်ဖြန် မကွေးခရီးစဉ်အား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ မာန်နေဂျာ ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်..

ယနေ့မနက်ပိုင်း၌ မြိတ်မြို့၌ အားဆေးသွင်းယူခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏  မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းမှ မနက်ဖြန်မှာ သွားရောက်မယ့် မကွေးခရီးစဉ်အား ကျန်းမာရေး အခြေအနေ ရပ်နားထားရန် အကြံပြုခဲ့ပါတယ်..။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှလည်း လက်ခံသည့်အတွက် မနက်ဖြန် မကွေးခရီးစဉ်အား ရပ်ဆိုင်းလိုက်ကြောင်း သိရသည်...။ မကွေးလူထုအား တောင်းပန်သည့် အဆိုပါကြေငြာချက်အား ရွေးကောက်ပွဲ မာန်နေဂျာ ဦးဥာဏ်ဝင်းမှ ယနေ့ထုတ်ပြန်လိုက်ကြောင်း ပြောဆိုပါတယ်..။ ယခုလေယာဉ်ခရီးဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာလာပြီ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။

မနေ့က သွားရောက်ခဲ့တဲ့ မြိတ်ကျွန်းစု ခရီးစဉ်များအတွင်း စက်လှေ သောင်တင်သည့်ဒဏ်၊ ရေလှိုင်းမူးသည့်ဒဏ်နှင့် စက်လှေ အင်ဂျင်နံဒဏ်ကြောင့် မူးမော်သည့် ဝေဒနာခံစားခဲ့ရပြီး.. ယနေ့မနက်ပိုင်း အားဆေး သွင်းယူခဲ့ရပါတယ်...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ကျွန်းစု စည်းရုံးရေးခရီးစဉ်အတွင်း အချိန်နှင့် သက်တောင့် သက်သာ သွားလာနိုင်ရန် မူလပထမ ရှပ်ပြေးယာဉ်များ စီစဉ်ထားခဲ့ပါတယ်..။ ပိုင်ရှင်များမှလည်း စိတ်အားထက်သန်စွာ အခမဲ့ငှားရမ်းဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ နောက်ပိုင်းမှာတော့ ဒေသဆိုင်ရာကြံ့ဖွံနှင့် အာဏာပိုင်များမှ စက်လှေပိုင်ရှင်များအား ငှားရမ်းခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း သိရသည်။ မြိတ်မြို့ခံများရဲ့ ပြောဆိုချက်အရ ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင်ရှင် ဦးလှသန်း၊ KKP ကုမ္ပဏီပိုင်ရှင် ကြံ့ဖွံ့အမတ်မင်း ဦးကျားမောင်တို့မှ အဓိကပိတ်ပင် တားမြစ်သူများထဲတွင် ပါဝင်ပြီး ရှပ်ပြေးယာဉ် ငှားရမ်းခွင့်ပြုပါက တနှစ်အထိ လိုင်စင် ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်..။

ဒီမိုဝေယံ

3 comments:

  1. ဖွတ်တွေကလဲ ခုထိညစ်ပတ်အောက်တန်းကျတဲ့ အလုပ်တွေကို လုပ်နေတုန်းပါလား။ ဘောလုံးပွဲမှာ ဘောလုံးသမားတွေထဲ
    မှာ ညစ်ပတ်တဲ့သူ၊ လူချကစားတဲ့သူတွေပါတာကတော့ ထုံးစံပါ။ ဒါပေမဲ့ ဒိုင်လူကြီးတွေက ညစ်ပတ်သူ၊ လူချသူတွေကို အ၀ါကတ်၊ အနီကတ်ပြပြီး အရေးယူတာ၊ သတိပေးတာ လုပ်ရပါတယ်။
    ခုတော့ ဒိုင်လူကြီးတွေက ခရာလဲ မမှုတ်၊ အလံလဲ မပြ၊ အ၀ါ၊ အနီကတ်လဲ မပြဆိုတော့ ဘောလုံးသမားတွေက ညစ်ပြီပေါ့။ ခုတလော ကွင်းလယ်ဒိုင် ဦးတင်အေးကြီး ငြိမ်ချက်သား ကောင်းလှပါလား။ တမင်တကာ မသိယောင်ဆောင် မြှောက်ပေးနေသလားလို့ ပွဲကြည့်ပရိသတ်က ထင်မြင်နေကြောင်ပါဗျာ။

    ReplyDelete
  2. မြေပျော့လျင်ခြေရာထင်သည်-
    အမှတ် သညာကြိံးသူသည် စိတ်ထားယုတ်ညံ့၏ တဲ့--
    ဒိံလောက် စိတ်ထားယုတ်ညံ့သူများ အတ္တကြိံးသူများ အရှက်တရားမရှိသူများအား ပြည်သူတွေကဘယ်လိုဒဏ်ခတ်ကြမလဲ
    ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ရမဲ့ အချိန်တန်နေပြိံ တစ်ခုခုလုပ်ရမယ်--
    လက်တွေ့ အကောင်အထည်ဖော်ရမည့် ဖော်ဆောင်နိုင်မည့်အဖြေကဘာလဲ ဆဲဆိုနေမှူတွေမလုပ်ပါနှင့်တော့အချိန်ကုန်ပါသည် ဆွေးနွေးကြပါရန်
    (မနက်ဖြန် ဒိံအချိန်မှာ ကျွန်တော့ဆွေးနွေးချက်တင်ပါမည်)

    ReplyDelete
  3. get well soon Amay Suu.
    Whatever or whichever it is, we know that you can Amay Suu.

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။