၇ရက်နေ့ နေ့လည် ၁နာရီက ကျောက်တံတားရဲစခန်း ရောက်ရှိနေတဲ့ အရှင်ဂမ္ဘီရအား မေးမြန်းချက်ဖြစ်ပါတယ်...။ နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီး ၇ရက်နေ့ ည ၁၁နာရီအထိ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိခြင်း မရှိသေးပါဘူး... ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် အကြောင်း မေးမြန်း စုံစမ်းခြင်းဖြစ်ကြောင်း မေးမြန်းချက်မှာ ပါရှိပါတယ်...။ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား သက်ဆိုင်ရာမှ မည်သို့ ဆောင်ရွက်မည်ကို ပြည်တွင်း၊ ပြည်ပမှ စိုးရိမ်စွာဖြင့် စောင့်ကြည့်လျှက်ရှိပါတယ်...။ ပြန်လည်လွတ်မြောက်လာပြီး ပထမအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားစဉ်က တရက်အကြာမှာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်..။
အသံဖိုင်အတွက် ဦးဣသရိယနှင့် ဦးနေမိန္ဒအား ကျေးဇူးတင်ပါသည်...။

မစိုးရိမ်တိုက်က စာတတ်အကျော် ဆရာတော် ဦးရာဇကိုဖမ်းစဉ်က ဆွမ်းစားကြွပါဆိုပြီး ပင့်သွားတာ ထောင်ထဲမှာ ၃ နှစ်နေပြီး ထောင်ဆွမ်းကို ဘုဉ်းပေးခဲ့ရပါသည်။
ReplyDeleteယခု တစ်ညအိပ်ပင့်သွားတာ ထောင်ထဲမှာ ဘယ်နှနှစ်များ ကျိန်းစက်ခိုင်းဦးမည်လဲ မသိ။
သစ္စာ မရှိ၊ ကတိမတည်၊ တိုင်းပြည်ကိုလိမ်၊ မဲကို လိမ်၊ ဘုရားကို လိမ်၊ သာသနာကိုလည်း လိမ်။
ဘုန်းကြီးနိုင်ငံရေး မလုပ်ရတဲ့။ မဟနဆရာတော်ကြီးတွေကို ကုလသမဂ္ဂအထိ သူတို့အစိုးရအာဘော်တွေသွားပြီး ဖတ်ခိုင်းတာကရော သာသနာကို ခုတုံးလုပ်တာ မဟုတ်ဘူးလား။
သံဃာတွေရဲ့ဆန္ဒမပါဘဲ ညွှန်ကြားလွှာဆိုပြီး အမိန့်တွေကို မဟနဆရာတော်ကြီးများကို ဇွတ်အတင်း ကြေညာခိုင်းပြီး သံဃာတွေကို မာရှယ်လောနဲ့ အုပ်ချုပ်နေတာရော သာသနာကို စစ်ဘိနပ်အောက် သွတ်သွင်းနေတာမဟုတ်ဘူးလား။
သန့်ရှင်းသောအစိုးရလက်ထက်မှာ သံဃာတွေမှာ သဘောမတူတာကိုပြောဆိုခွင့် မဟနလာဘ်စားတာတွေကို ဝေဖန်ထောက်ပြခွင့် မရှိတော့ဘူးလား။
ပ၀ါရဏာပြုတယ်ဆိုတာ သံဃာချင်း အမှားရှိက ထောက်ပြဘို့ ဖိတ်ခေါ်တာပါ။ ခုတော့ မဟနမှားတာကို ဦးဂမ္ဘီရက စာနဲ့လျှောက်ထားတာကို ထောင်နဲ့ခြိမ်းခြောက်နေတာ ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်တို့ရဲ့လုပ်ရပ်ဖြစ်သည်။
ဗြဟ္မစိုရ်တရားလက်ကိုင်ထားသော လူ့အဖွဲ့အစည်းအနေနဲ့ ရှက်ဖွယ်ကောင်းလှပါသည် ဒကာတော် ဦးသိန်းစိန်၊ သူရမြင့်မောင်နဲ့ အဖမ်းအဆီးကြမ်းတဲ့ ဦးကိုကိုတို့။