Pages

Wednesday, March 28, 2012

သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာတွင် မဲဆွယ်စည်းရုံးနည်း အသစ်များဖြင့် ကတုံးပေါ် ထိပ်ကွက် စည်းရုံးသွားခြင်း..

သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာတွင် မဲဆွယ်စည်းရုံးနည်း အသစ်များဖြင့် ကတုံးပေါ် ထိပ်ကွက်စည်းရုံးသွားခြင်း

၂၇.၃.၂၀၁၁ နေ့လည် ၁၁ နာရီခန့်က ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးသည့် အနေဖြင့် သာသနာရေးဝန်ကြီး သူရမြင့်မောင်ကိုယ်တိုင် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာသို့ ရောက်ရှိလာပါသည်။ ကျေးရွာမှ သက်ကြီးရွယ်အိုများအား မျက်စိစမ်းသပ်ပေးပြီး မျက်မှန်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ထပ်ဆင်ပေးကာ ကြံခိုင်ရေးအတွက် စည်းရုံးရေးဆင်းသွားကြောင်း ရွာသူရွာသားများမှ ပြောကြားကြသည်။ 

သုံးခွမြို့မှာ နေထိုင်သွားပြီး သုံးခွသား လိုလို ဘာလိုလို ခံယူထားတဲ့ သူရမြင့်မောင်သည် ရှေးယခင် ကတည်းက သုံးခွမြို့နယ် အကျိုးအတွက် ဘာတစ်ခုမှ လုပ်ပေးခြင်းမရှိခဲ့ပဲ.. ယခုကဲသို့ မဲဆွယ်စည်းရုံးရေး ကာလနှင့် အချိန်ကိုက်  အလှမ်းဝေးသော ရွာကလေးများဆီသို အကြောင်းမဲ့သက်သက်လာရောက်ပြီး အလှူအတန်းများ ပေးသွားတာ အရမ်းကို အံသြစရာပါလို့ ကျေးရွာသားများက ပြောကြပါသည်။ မျက်မှန်တွေကို လိုက်တပ်ပေးပြီး မိန့်ခွန်းများ ခြွေသွားပါသေးတယ်..။
ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးဆေးနေလို့ရမဲ့ ပါတီကိုပဲ မဲပေးမယ်ဆိုရင် ပေးသင့်ပါတယ်ဆိုပြီး မျက်မှန်ပြုလုပ်ပေးပြီး သက်ကြီးရွယ်အိုများအား အကျိုးလိုလို့ ညောင်ရေသွန်းကာ စည်းရုံးရေးဆင်းသွားပါတယ်..။ နောက် သူထမင်းစားဖို့ ထမင်းပွဲကိုလည်း သာသနာရေးဝန်ကြီးဆိုတော့ ဘုန်းကြီးပွဲလိုပဲ ပြင်ဆင်ပေးရပါတယ်.။ ဘုန်းကြီးယပ်တောင်လေးနဲ့ ယပ်ခပ်ပေးလိုက်ရကြောင်းနဲ့ မိမိကိုယ်ကိုယ် ဘုန်းကြီးထက် ဘုန်းကြီးတဲ့ သူလို့များ ထင်နေလား မသိပါဘူးဆိုပြီး ရွာခံတဦးက ပြောဆိုသွားသလို ပေးတာတော့ ယူထားလိုက်တယ် မဲထည့်တာတော့ NLD ကိုပဲ မဲထည့်မှာပါဟု ရွာခံများက ပြောဆိုသွားကြောင်း သိရှိရပါတယ်..။
 မှတ်တမ်းတင်ဖို့ MRTV ရုပ်သံအဖွဲ့ပါ ခေါ်လာပါတယ်..
သာသနာရေးဝန်ကြီး သူရမြင့်မောင် ကြံခိုင်ရေးအတွက် သုံးခွမြို့နယ် ကတုံးပေါ် အထက်ကျေးရွာမှာ ရွေးကောက်ပွဲနီးမှ အစိုးရဝန်ကြီးတဦးကိုယ်တိုင် လာရောက်မဲဆွယ် စည်းရုံးခြင်းဟာ ဥပဒေနဲ့ ညီမညီ မေးစရာဖြစ်နေသလို၊ ယခုလုပ်ရပ်ဟာ ကတုံးပေါ်ကျေးရွာမှာ ကတုံးပေါ် ထိပ်ကွက် စည်းရုံးသွားတာလား၊ ကတုံးပေါ် မျက်မှန်တပ် စည်းရုံးသွားတာလားဆိုတာ မေးစရာဖြစ်နေကြောင်း.. တင်ပြလိုက်ရပါတယ်..။

ပြည်တွင်းမှ Picasa ဓာတ်ပုံဖိုင် ကြည့်မရပါကအောက်ကလင့်ခ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်...

3 comments:

  1. သူရမြင့်မောင်ဆိုတာ (၈၈)စစ်အာဏာရှင်တော်လှန်ရေးသမား ရဟန်းရှင်လူ ပြည်သူတွေကို သွေးအေးအေးနဲ့ ပစ်သတ်ခဲ့တာ န၀တ နအဖခေတ်အထိပါ။သူက စစ်ဒေသမှူးလုပ်ခဲ့တာကို။
    ထုံးစံအတိုင်း ဗိုလ်နေ၀င်းက လူသတ်ကောင် ဗိုလ်စိန်လွင်ကို သာသနာရေးဝန်ကြီး ခန့်ခဲ့သလို သူတပည့် ဗိုလ်သန်းရွှေကလဲ လူသတ်ကောင် သူရမြင့်မောင်ကို သာသနာရေးဝန်ကြီးခန့်တယ်။ ရွှေဝါရောင်မှာ မဟန ဒု ဥက္ကဌ ငွေကြာယံဆရာတော်ကြီးကို ဖမ်းပြီး ကမ္ဘာအေးမှာ ချုပ်ထားတယ်။
    သံဃာတွေကို ရက်ရက်စက်စက် နှိမ်နှင်းနိုင်ဘို့ မဟနအဖွဲ့ကို အမိန့်ထုတ်ခိုင်းပြီး ခုတုံးလုပ်တယ်။
    မဟနဆရာတော်ကြီးတွေကို မကြာခဏ ငေါက်ငန်းလေ့ရှိပြီး ဆရာတော်တွေ ဆွမ်းမစားမီ သူနဲ့ စစ်ဝတ်ချွတ်သာသနာရေးအရာရှိတွေက ဆရာတော်များဆွမ်းပွဲထက် ကောင်းမွန်တဲ့ ခဲဘွယ်ဘောဇဉ်တွေကို ထိုင်ပြီး စားလေ့ရှိတယ်။
    ထေ၇၀ါဒတက္ကသိုလ်(စွယ်တော်ဘုရားရှေ့)မှာ သူနဲ့ မကင်းရာ မကင်းကြောင်း ကောင်မလေးတစ်ယောက်ကို ဘီအေဘွဲ့ မရသေးဘဲ နည်းပြခန့်တယ်။ စာမသင်တတ်လို့ ပြည်ပကျောင်းသားတွေ စိတ်ဓါတ်ကျနေပြီ။
    သူ့လက်ထက်မှာ သာသနာရေးလက်အောက်ခံ တက္ကသိုလ်တွေမှာ ဆွမ်းကွမ်းညံ့ဖျင်းလွန်းလို့ ပြည်တွင်း ပြည်ပ ကျောင်းသားသံဃာတွေ ထွက်ပြေးကုန်ကြတယ်။
    သာသနာ့တက္ကသိုလ်ကြီးတွေကို အုပ်ချုပ်ဘို့ စစ်ဗိုလ်တွေကို တိုက်ပုံဝတ်ပေးပြီး လွှတ်တယ်။ ဗိုလ်ဟောင်းတွေဆိုတော့ သံဃိကငွေတွေနဲ့ ဂေါက်ရိုက်တယ်။ ဘီယာသောက်တယ်။ သံဃာတွေကို ကြက်လည်ချေင်းနဲ့ တောင်ပံကျွေးပြီး သူတို့က ကြက်ကြော်နဲ့ အရက်အကောင်းစား မြည်းတယ်။ မူးရင် ၀န်ထမ်းတွေကို ရိုက်တယ်။
    ထာဝရပဒေသာပင် အလှူငွေတွေကို ဂေါက်ရိုက် အရက်သောက် မိန်းမပိုးကြေးပေး ခိုးဝှက်နဲ့ ကုန်အောင်သုံးပစ်ကြတယ်။
    လူမှုရေးသာမက သာသနာရေးကိုပါ ဖျက်ဆီးနေသော ကြံ့ဖွတ်ကို မဲပေးလို့ကတော့ ဘုရားကို ရွှေပါ ခွါယူလိမ့်မယ်။

    ReplyDelete
  2. ဥုးဝရသာမိဆရာတော်March 28, 2012 at 2:57 PM

    မောင်မြင့်မောင်ကို ဆရာတော်ပြောချင်တာက ကိုယ့်အလုပ်ကို လုပ်ပါကွယ်။ သာသနာရေးဝန်ကြီးကိုယ်တိုင် မဲဆွယ်ရတယ်ဆိုတာ ရှက်စရာကောင်းလှပါတယ်။ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ မျက်မှန်ဘိုး မတတ်နိုင်လို့ ဒီအတိုင်း မျက်စိမှုန်ပေမဲ့ စာဖတ်နေရတဲ့ ကိုယ်တော်လေးတွေကိုတော့ ဘာမှ လုပ်မပေး၊ မဲရလိုမှုနဲ့ ကျေးရွာတွေဆင်း မျက်မှန်လုပ်တော့ ကုသိုလ်ရမလားကွဲ့။ စေတနာမှန်မှ ကံက အကျိုးပေးသန်သကွဲ့။
    မောင်ကျော်သူလို ဘာမျှော်လင့်ချက်မှ မထားဘဲ ဆင်းရဲသားပြည်သူတွေကို ကူညီပါ။ မင်း တကယ်တော့ ကျော်သူ့မစင်ကို စားသင့်တယ်။
    မယောင်ရာဆီလူးပြီး မဲဆွယ်ထွက်နေတယ်။
    မင့်လက်ထက်မှ သာသနာရေးဌာန ပိုပျက်စီးနေတာကို ပြုပြင်ပါ။ သံဃာတွေ ကျောင်းကန်ဘုရားထဲ
    အေးဆေးစွာနေပါစေ။ မင်းလှုထားတာ သစ်သားတစ်ချောင်း အုတ်တစ်ချပ် သံတစ်ပွင့် မပါဘဲနဲ့ ကျောင်းတိုက်က သံဃာတွေကို နှင်မထုတ်ပါနဲ့။
    ရွှေည၀ါကိုလည်း အပြစ်မရှိ အပြစ်ရှာ နှင်ထုတ်တာ မင့်လက်ချက်ဘဲ။
    သံဃာတစ်ထောင်ကို ဓမ္မာစရိယနဲ့ အဘိဓမ္မာဆရာဖြစ်သင်တန်းတွေ ဒီနှစ်မဖွင့်နိုင်တော့ဘူး။ သာသနာရေးဝန်ကြီးဆိုပြီး သာသနာကွယ်အောင် မင်း လုပ်နေတယ်။
    မင့်ရဲ့အာဏာသက်တမ်းကလဲ ကုန်တော့မယ်။ နေရလှ ၃ နှစ်ဘဲ။ သံဃာတွေ ပတ်စ်ပို့လုပ်ဘို့ စာရွက်တွေ ထောက်ခံချက်တွေ တစ်ထပ်ကြီးတင်ခိုင်းတာလဲ မင်းဘဲ။
    လူဆိုးလူပေတွေကို လိမ္မာအောင် ဆုံးမတဲ့ ဒယ်အိုးဆရာတော် တရားဟောခွင့်ကို မင်းနဲ့ပြည်ထဲရေးက ကိုကိုဆိုတဲ့အကောင်ပေါင်းပြီး ပိတ်တယ်။
    မင်းချုပ်ကိုင်ထားတဲ့ မဟနတွေက လူဘယ်နှစ်ယောက်များ လိမ္မာအောင် ဆုံးမနိုင်လို့လဲ။ မင့်ကိုတောင် ဆုံးမနိင်လို့လား။
    ဒယ်အိုးဆရာတော် တရားမဟောရတော့ လူတွေမိုက်ကုန်မယ်။ အမှုတွေ ဖြစ်မယ်။ ဒီတော့ ပြည်ထဲရေးက ရဲတွေ စားပေါက်ချောင်မယ်။ ချဲမှုတွေများလာမယ်။ ရဲစားပေါက်ရအောင် ကိုကိုက လုပ်နေတာ။
    မင့်ကို နောက်ဆုံးမှာချင်တာက ကိုယ့်ဟာကိုယ် ကတုံးပေါ်ထိပ်ကွက်လုပ်ပြီး နောက်မိန်းမငယ်နဲ့ အိပ်စက်နေတာကမှ အကုသိုလ်နည်းဦးမယ်လို့ ဆုံးမရင်း သာသနာရေးဝန်ကြီးက သာသနာတည်အောင် အရင်လုပ်ဦးလို့ မှာခဲ့မယ်။

    ReplyDelete
  3. သုံးခွသားလိုလိုဘာလိုလိုဟုတ်လား......... ရိုင်းရိုင်းပြောလိုက်မယ်။ အဲဒီကောင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲ ကျေးရွာသားစစ်စစ်ဗျာ။ ရွာဟောင်းဆို ကမ်းပြိုတဲ့ထဲပါသွားလို့ ရွာသစ်တည်ကြတဲ့အချိန်ကတောင် သူ့အမေနဲ့အမတွေ သူ့အာဏာစက်သုံးပြီး ချယ်လှယ်ချင်သလို၊ ချယ်လှယ်ကြလို့ လူတွေအိုးမဲ့အိမ်မဲ့ဖြစ်ကုန်ကြတာ ဒေသခံတွေအသိဆုံး။ အလကားကောင်တွေ။ အောင်သောင်းနဲ့ အတူတူပဲ။ ယုတ်မာတဲ့နေရာမှာတော့ သူမသာ၊ အောင်သောင်းအသုဘ ပဲဗျို့.........။

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။