သို့
ကျွန်တော်ကတော့ ဘားအံမြို့နယ်၊ မြိုင်ကလေး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ ဘိလပ်မြေစက်ရုံ ၊ တန်(၉၀၀)မှ အရာရှိတစ်ယောက်ဖြစ်ပါတယ်။
ဘိလပ်မြေစက်ရုံ၊တန်(၉၀၀)မှ စက်ရုံမှူး ဒုတိဗိုလ်မှူးကြီး သန်းစိန်ထွန်း လုပ်စားနေပုံတွေကို အထက်လူကြီး များသိအောင် တင်ပြပြောပြခြင်းဖြစ်ပါတယ်။ စက်ရုံမှူးမှာ စက်ရုံအတွက်လိုအပ်တဲ့ တန်ဘိုးကြီး ပစ္စည်းများကို သုံးလို့ရနေသေးသော်လည်း ၀ယ်ယူရန်အကြောင်း အမျိုးမျိုးပြပြီး တင်ပြနေပါတယ်...။ တချို့(၁)ခုပျက်တာကို၊ (၂)ခုပျက်ဆိုပြီး အထက်ကိုတင်ပြပြီး အထက်မှ ၀ယ်ယူခွင့်ပြုလိုက်လျှင် လိုသလောက် မ၀ယ်ဘဲ၊ တစ်ဝက်လောက်ပဲဝယ်ပြီး ပိုတာတွေကို သူ့အိတ်ထဲထည့်ပါတယ်။
ဘိလပ်မြေထုတ်လုပ်ရာတွင် အရေးပါသော ထုံးကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းမှာ လုပ်ကွက်အသစ်ဖော်ရန် ဆိုပြီး အလုပ်မလုပ်ဘဲ စက်ယန္တရားများအတွက် ကုန်ကျမည့်ဆီများ (၁)လကို ဂါလံ (၁၅၀၀)မှ(၂၀၀၀)လောက်ပြပြီး ရောင်းစားနေပါတယ်။ စက်ရုံ တန်(၉၀၀) မီးသင်းဖိုဌာနမှဘိလပ်မြေထုတ်လုပ်ရာတွင် အဓိကကျတဲ့ မီးသင်းကျောက်များမှာ အမှန်တကယ် တန်(၁၀၀၀)၀န်းကျင် လောက်ထွက်ပါတယ်။ဒါပေမယ့် အထက်ကို ပြရင်တော့ တန်(၉၀၀)နှင့်အောက်ပဲပြတာ များပါတယ်။ ပိုတဲ့မီးသင်းကျောက်တွေကို ဘိလပ်မြေအဖြစ် ကြိတ်ပြီး ပိုတဲ့ဘိလပ်မြေ တွေကို ဘိလပ်မြေဖြန့်ဖြူးရေးဌာနမှ ဌာနမှူး ဦးစံသိန်းနဲ့ ညှိနှိုင်းပြီးတစ်နေ့ကိုဘိလပ်မြေ တန်(၃၀)လောက် ရောင်းစားနေပါတယ်။ ယခုလည်း စက်ရုံမှာ အထက်မှမသိတဲ့ မီးသင်းကျောက်နဲ့ ဘိလပ်မြေအပို တွေအများကြီးရှိနေပါတယ်။
ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းမှာ ယခင်က မြိုင်ကလေးဈေးထဲမှာ ငါးပိရောင်းစားနေရပြီး ယခုဆိုလျှင် မြိုင်ကလေးမှာ တိုက်(၃)လုံးပိုင်၊ ကားများပါပိုင်ပြီး အာဏာအရှိဆုံး ဖြစ်နေပါတယ်။ စက်ရုံအလယ်တန်းကျောင်းမှ ကျောင်းဆရာ၊ ဆရာမများကိုလည်း ကောင်းကောင်း စာသင်ရင်သင် မသင်ရင် ဘယ်သူမှ မသိလိုက်ဘဲ အလုပ်ပြုတ်အောင် ငါလုပ်ပစ်နိုင်တယ်လို့လည်း ချိန်းခြောက် နေတာတွေကိုလည်း အထက်မှ သိစေချင်ပါတယ်။
ဖြန့်ဖြူးရေးဌာနမှ ဦးစံသိန်းကို ၀န်ထမ်းများအားလုံးက စက်ရုံမှူးထက် ဦးစံသိန်းကို ပိုကြောက်ရပါတယ်။ ဘာလို့လဲဆိုတော့ စက်ရုံမှူးက ဦးစံသိန်းကပြောလျှင် အကုန်လိုက်လုပ်လို့ဖြစ်ပါတယ်။ စက်ရုံမှူးမှာလည်း ၀န်ထမ်းများအား မကြားဝံ့ မနာသာအောင် ဆဲတတ်တဲ့ အုပ်ချုပ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး ၀န်ထမ်းများကို အရင်းရှင်ဆန်ဆန် အုပ်ချုပ်နေကြပါတယ်။
ဒါ့ကြောင့် ၄င်းတို့နှစ်ဦး အာဏာသုံး၍ လုပ်စားနေကြတာတွေကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိ လူကြီးများသိစေရန် တင်ပြလိုက် ရပါတယ်ခင်ဗျား။
မြိုင်ကလေး ဘိလပ်မြေစက်ရုံ ဝန်ထမ်းများ....

Rfa. , dvb, voa တို့ကိုပါပို့ပြီး တာဝန်ရှိတဲ့သူ
ReplyDeleteအားလုံးသိအောင် လုပ်ပြီး အရေးယူသင့်ပါတယ်။
စစ်တပ်က နေရာတကာမှာ ၀င်ရောက်ခြယ်လှယ်၊ လုပ်စားဂွင်မှန်သမျှ သူတို့ချည်း မောင်ပိုင်စီး။ ကိုယ့်အိတ်ထဲကိုယ် ထည့်။ စစ်ဗိုလ်တွေက ထားစရာ မရှိအောင် ချမ်းသာ၊ တိုင်းပြည်က ဘတ်ဂျက်လိုငွေတွေ ပြ၊ ပြည်ပကြွေးတွေက လည်ပင်းဆိုက်။ စစ်တပ်က တိုင်းပြည်ကို ချောက်ကမ်းပါးမကျအောင် ကယ်တင်တဲ့နည်းကိုတော့ ကြောက်လှပါပြီ ခင်ဗျာ။
ReplyDeleteနောက်တခါ တိုင်းပြည်ကို မကယ်တင်ပါနဲ့တော့။ အာဏာ မသိမ်းပါနဲ့တော့၊ လွှတ်တော်ထဲ လာပြီး ကျက်သရေမရှိ အိပ်ငိုက်နေတဲ့ တစ်မတ်သား စစ်ဗိုလ်တွေလဲ နိုင်ငံကာကွယ်ရေးအတွက်စစ်တန်းလျာုးကိုသာပြန်ကြပါတော့။
ဖာကောင်းစစ်တပ်အမြန်သာညောင်းတော့
ReplyDeleteဟုတ်ကဲ့
ReplyDeleteနိုင်ငံတ၀ှမ်း အစိုးရဌာနပေါင်းစုံမှာ အာဏာအလွဲသုံးပြီး ကိုယ်ကျိုးရှာနေကြတာတွေ အများကြီးပါ
တိုင်းပြည်ကသာအကြွေးတွေတက်နေပေမယ့် သူတို့ကတော့ ချမ်းသာပြီးရင်းချမ်းသာနေကြပါတယ်
လွတ်လပ်တဲ့ ထိမ်းချုပ်မှုကင်းတဲ့ တရားသူကြီးချုပ်ကို လွှတ်တော်မှ ရွေးချယ်ပြီး ထိထိရောက် ရောက်စစ်ဆေး အရေးယူမှ အဂတိလိုက်စားမှုတွေ ပပြောက်ပြီး တိုင်းပြည်တိုးတက်ပြီး နိုင်ငံ တကာတွင် မျက်နှာပမ်းလှမှာ ဖြစ်ပါတယ်
ဒီစာကိုဖတ်ရတော့ ကျွန်တော်တို့တိုင်း
ReplyDeleteပြည်မှာဒီလိုလူတွေ မရှိမှတိုးတက်မယ်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့်ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း၊အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခင်ဗျား၊
ReplyDeleteပြည်ထောင်စုအဆင့် ၀န်ကြီး၊ဒုဝန်ကြီးတွေ ၊တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊နီးစပ်ရာစီးပွါးရေး လုပ်ငန်းရှင်တွေကိုနေပြည်တော်မှာ ရောင်းချပေးတဲ့ တစ်ဧကတန်ဘိုး ကျပ်တစ်ရာတန် အနှစ်၆၀ ဂရန်မြေကွက်လက်ကျန်များထဲမှ ၁၀၀၀ကျပ်ဖိုး(၁၀ ဧက)ခန့်ဝယ်ယူလိုပါ၍ ရောင်းချပေးပါခင်ဗျား။ကျေးဇူးသိတတ်သိအနေဖြင့်ဝန်ဆောင်ခ မြေကွက်များတန်ဘိုး၏ ၄ဆ(၄၀၀၀ ကျပ်)တိတိ ကိုလည်း ပေးဆောင်မှာဖြစ်ဎါတယ် ခင်ဗျား။
ဒီလိုလူတွေကိုထိရောက်စွာအရေးယူပေးကြပါဗျာDVBကနေအော်ပေးရင်ပိုကောင်းပါတယ်
ReplyDeleteဟုတ်တယ်ဗျဒီလူတွေဒီလိုတွေလုပ်နေကြလိုတိုင်းပြည်က၀န်ထမ်းတွေနစ်နာတယ်ဗျာသမ္မတကြီးအရေးယူပေးပါ
ReplyDeleteဒီတိုင်စာကို တင်ပြီးတော့ အဲ့စက်ရုံမှုးမိန်းမ ကားပေါ် အထုပ်ကြီး တင်ပြီးရန်ကုန် (၃) ခေါက်သွားလိုက်တာ အားလုံးအေးဆေးသွားတယ်လို့သိရပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့်ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း တို့ခင်ဗျာ ၀န်ထမ်းတွေဘ၀ကို လက်တွေ့ကွင်းဆင်းကြည့်ကြပါအုံးဗျာ။
ReplyDelete