Pages

Monday, March 26, 2012

မတ်လ(၂၁)ရက်နေ့က ပခုက္ကူရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မြို့ရွာများ၌ မဲဆွယ်စည်းရုံးပေးနေတဲ့ မင်းသားရဲတိုက်...

မတ်လ(၂၁)ရက်နေ့က ပခုက္ကူရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မြို့ရွာများ၌ မဲဆွယ်စည်းရုံးပေးနေတဲ့ မင်းသားရဲတိုက်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများအား လိုက်ပါလုပ်ဆောင် ပေးနေတဲ့ နာမည်ကျော် မင်းသားရဲတိုက်ဟာ မကွေးတိုင်းအတွင်းမဲဆွယ် စည်းရုံးရေးပွဲများ ပြုလုပ်ပေးခဲ့ပြီး မနေ့က ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုပွဲမှာ ပြည်သူများမှ သောင်းသောင်းဖြဖြလာရောက် အားပေးကြကြောင်း သိရှိရပါသည်...။

ရုပ်ရှင်၊ အဆိုဂီတ၊ အနုပညာရှင်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး လုပ်ငန်းများမှာ ဝိုင်းဝန်းထောက်ခံ လုပ်ဆောင် ပေးလျှက်ရှိပါတယ်..။ ပြီးခဲ့တဲ့ ရက်များကလည်း ဒါရိုက်တာဝိုင်း တည်းဖြတ်ရိုက်ကူးတဲ့ VOTE NLD ရုပ်သံဖိုင်မှာလည်း..နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း ၊ ဝေဠုကျော် ၊၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့မှ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ ရုပ်သံဖိုင်အား ရိုက်ကူးဖြန့်ချီခဲ့ရာမှာ အထူး ကြိုက်နှစ်သက်ခဲ့ကြပါတယ်..။

ထို့အတူ ဒဂုံဆိပ်ကမ်းမြို့နယ် အောင်နိုင်ရေးအတွက် ကြံ့ဖွံ့ပါတီမဲဆွယ်ရာစည်းရုံးရာမှာလည်း အဆိုတော် ဖုန်းရှန်နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့မှ သွားရောက်ဖျော်ဖြေ ပေးခဲ့ကြောင်း သိရှိရပါသည်..။

ဓာတ်ပုံများအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။

10 comments:

  1. ဝမ်းသာပါတယ်ကိုရဲတိုက်.
    လူထုကအတော်ထောက်ခံကြတာပဲ.
    အမေစုအတွက်.ခုလိုဆောင်ရွက်ပေးတဲ့အတွက်
    ကျေးဇူးအထူတင်.လေးစားပါတယ်.

    ReplyDelete
  2. NLD လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ဘို့ ပြည်သူကို တလေးတစား စည်းရုံးရတယ်နော်။ ၂၀၁၀ ကြံ့ဖွတ်အမတ်တွေများ သူတို့အရွးခံခဲ့တဲ့ ဒေသကိုတောင် မရောက်ဖူးခဲ့ကြဘူး။ ပြည်သူကို ဂရုပြုစရာမလိုဘူးလေ မဲခိုး မဲလိမ်ဘို့ ကြိုတင် စီစဉ်ထားပြီးသား။ သေချာပေါက်အမတ်ဖြစ်မှာ သိနေခဲ့ကြတယ်။ ဒါပေမဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဖွတ်ပါတီက ဦးအောင်သောင်းတို့ (၁၀၁) တပ်မမှူးဟောင်း မြို့တော်ဝန်ဟောင်း( သစ်တာဆိုလို့ ပုဆိုးစိမ်းဘဲရှိ)ဥိးအောင်သိန်းပျင်းကြီးတို့ ခြေတိုအောင် လမ်းလျှောက်၊ ရွာရိုးကိုးပေါက်လျှောက်ပြီး စည်းရုံးနေရတာ လျှာထွက်နေပြီ။ နိုင်ငံပိုင်ငွေတွေကို သုံးပြီး မဲဆွယ်ရတာလဲ လူတွေ သိကုန်ပြီ။ ဒါပေမဲ့ မရှက်နိုင်ဘူး။ ပုဆိုးစွန်တောင်ဆွဲပြီး စည်းရုံးနေရတာဘဲ။ နောက်က လိုက်မဲ့လူ မရှိ၊ ကြိုဆိုသူ နတ္ထိ။ ဘယ်သူကမှ မေတ္တာမရှိ။ လမ်းခင်းပေးမယ် မီးသွယ်ပေးမယ်ပြောလဲ ယုံကြည်သူ မရှိ။ ဘယ်ယုံမလဲ လမ်းခင်းဘို့ လူထုဆီက အာဏာကို အဓမ္မသုံးပြီး ငွေတွေကောက်။ ဆိုင်းဘုတ်တင်တော့ ကြံ့ဖွတ်လမ်းတဲ့။ ကောက်ရတဲ့ငွေထဲက ခိုးလိုက်သေး။ ဒါတွေကို လူထုက အူမချေးခါးမကျန်သိနေတော့ ဖွတ်ဆိုရင် တိရစ္ဆာန်တောင် မကြည့်ချင်လို့ တရုတ်ကို ဖမ်းပြီး ရောင်းနေကြပြီ။ အဲ သနားစရာကောင်းတာက သမတကြီး ဦးသိန်းစိန်ပါ။ သူ့ခမျာ ကြံ့ဖွတ်ပါတီဝင်တွေ အသုံးမကျတော့ ကိုယ်တိုင် အစိုးရငွေတွေကို အထုပ်လိုက်ကိုင်ပြီး ကျေးရွာသားတွေကို
    ချေးငွေပေးပြီး မဲထည့်ဘို့ ပြောရရှာတယ်။ သူ့ကိုယ်သူ နိုင်ငံဝန်ထမ်းအကြီးဆုံးကြီးဆိုတာကို မေ့နေရှာတယ်။
    မီဒီယာတွေကလဲ သမတကြီးမို့ မပြောချင်ပေမဲ့ သူတို့တာဝန်အရ ထုတ်ပြီးဖော်ထုတ်လိုက်မှ သမတကြီးလဲ ပြန်ပြီး သတိလည်လာပြီး သမတရုံးထဲ ကုတ်ကုတ်ကလေး ပြန်ဝင်သွားရှာတယ်။ NLD မဲဆန္ဒနယ်အားလုံးမှာ အောင်ပွဲခံသွားလို့ကတော့ သမတကြီး တစ်ခုခု ဖြစ်သွားမှာ စိုးရပါတယ်။ သူက နှလုံးခုန်စက်နဲ့ အသက်ရှင်နေရတာမို့ပါ။

    ReplyDelete
  3. Nyi Lay Ye Tike
    we really appreicted you as you are doing well
    we proud for me
    pls keep in support our mother suu party NLD.

    ReplyDelete
  4. Nyi Lay Ye Tike
    we really appreicted you as you are doing well
    we proud for me
    pls keep in support our mother suu party NLD.

    ReplyDelete
  5. ညီလေးရဲတိုက်ရေ- ကိုယ့်ထက်ငယ်တဲ့ညီလေးကို မှန်ကန်ရဲရင့်တဲ့ ပြည်သူကောင်းကျိုးအလုပ်တွေကို လုပ်နေတာတွေကိုဖတ်ရ တွေ့ရတော့ညီလေးကို ဦးညွတ်မိပါတယ်၊
    သာဓုလည်းခေါ်ပါတယ်၊ ကိုယ်ယုံကည်တဲ့ အလုပ်ကို ဆက်လုပ်ပါညီလေး။ နတ်လူသာဓုခေါ်တဲ့အပြင် ကိုယ့်သမိုင်းကိုလည်းရေးပြီးသားဖြစ်တာပေါ့၊

    ReplyDelete
  6. ညီလေးရဲတိုက်ရေ- ကိုယ့်ထက်ငယ်တဲ့ညီလေးကို မှန်ကန်ရဲရင့်တဲ့ ပြည်သူကောင်းကျိုးအလုပ်တွေကို လုပ်နေတာတွေကိုဖတ်ရ တွေ့ရတော့ညီလေးကို ဦးညွတ်မိပါတယ်၊
    သာဓုလည်းခေါ်ပါတယ်၊ ကိုယ်ယုံကည်တဲ့ အလုပ်ကို ဆက်လုပ်ပါညီလေး။ နတ်လူသာဓုခေါ်တဲ့အပြင် ကိုယ့်သမိုင်းကိုလည်းရေးပြီးသားဖြစ်တာပေါ့၊

    ReplyDelete
  7. အများအကျိုးအခုလိုဆောင်ရွက်ပေးသောညီလေးရဲတိုက်ဒီထက်ပိုအောင်မြင်ပါစေ၊အေးအေးဆေးဆေးထိုင်စားနေရင်ရရဲ့သားနဲ့အခုလိုအများအကြိုးဆောင်ရွက်ပေးလာတာဟာတကယ်သီလ၊သိက္ခာ၊သမာဓီ၊ပညာနဲ့ပြည်စုံပါပေတယ်။

    ReplyDelete
  8. မောင်လေး ရဲတိုက်ရေ ဒါမှ ပြည်သူကိုချစ်တဲ့အနုပညာရှင်အစစ်ပါ။မောင်လေး အောင်မြင်မှု့တွေရမှာ သေချာပါတယ်။ အမတို့မိသားစုလည်း အဝေးကနေ ဆုတောင်းပေးနေပါတယ်။

    Congratulation ! Ye Thike

    Be happy! Be peaceful!

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။