Pages

Wednesday, March 21, 2012

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်၌ ကြံ့ဖွံလွှတ်တော်အမတ်မှ အဖွဲ့ချုပ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာမြင့်နိုင်အား ခြိမ်းခြောက် ပြောဆို စည်းရုံး..

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်  အမှတ်(၃)မဲဆန္ဒနယ်မှ ၀င်ရောက်မည့် အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် အား တန့်ဆည်မြို့နယ် ချောင်းဆုံကျေးရွာမှ ပန်းကုံးများဖြင့် ၀မ်သာအားရကြီုဆို..။ (တန့်ဆည် NLD)
တန့်ဆည်မြို့ ပေကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး (ဓာတ်ပုံ တန့်ဆည်NLD)

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်နယ်ဘက်တွင် ပြည်ခိုင်ဖြိုး လက်ရှိလွှတ်တော် အမတ်ဦးတင်မြမှ ရိုင်းပြစွာ ခြိမ်းခြောက်ပြောဆို စည်းရုံးခဲ့ပြီး အန်အယ်လ်ဒီပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သော ဒေါက်တာမြင့်နိုင်အား နာမည်တပ်၍ ဆဲဆိုရှုတ်ချခဲ့ကြောင်း၊ တန့်ဆည်မြို့မိမြို့ဖ အဖွဲ့ဝင်များ အားလည်း ဆူပူ ကြိမ်းမောင်းခဲ့ကြောင်း ဒေသခံပြည်သူများထံမှ တဆင့် ကြားသိရသည်။

တန့်ဆည်နယ်ဘက်တွင် ပြည်ခိုင်ဖြိုးပါတီမှ သတ္တုဝန်ကြီးဋ္ဌာနမှ ဗိုလ်မှူးဟောင်း(ငြိမ်း) ဦးတင်မောင်ဝင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းကိုယ်တိုင်မှ အန်အယ်လ်ဒီပါတီမှ ဒေါက်တာမြင့်နိုင်ပင် ရွေးကောက်ပွဲ၌ အနိုင်ရဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုခဲ့သည်ဟုလည်း နီးစပ်သူများထံမှ တဆင့်ကြားသိရသည်။

သတင်း
(Rell Rint Aung Sann)

2 comments:

  1. တန့်ဆည်ဆိုတာ (၈၈) စစ်အာဏာရှင်တော်လှန်ရေးကြီးရဲ့ အခြေခံဒေသပါ။ ဖိနှိပ်ချုပ်ချယ် ချောက်လှန့်လို့ ကြောက်မယ်မထင်ဘူး။ ကြံ့ဖွတ်အမတ်ကြီးက ဆဲချင်လဲ ဆဲပါစေဗျာ။ နှစ်(၅၀)လောက် စစ်အာဏာရှင်တွေက ဗိုလ်ကျလာခဲ့တော့ အကျင့်ပါနေတာဖြစ်မှာပါ။ ၀န်ကြီး ဦးဝင်းမြင့်ကလဲ တန့်ဆည်သားပါ၊ နေအိမ် အကျယ်ချုပ်ချခံနေရတဲ့ အမေစုကိုနအဖလက်ထက်က စင်ပေါ်တက်ပြီး ရှုတ်ချခဲ့လို့ ဗိုလ်သန်းရွှေက သူကောင်းပြုထားခဲ့တာပါ။

    ReplyDelete
  2. လက်သဲ နဲ့သွားကြီးကြီး ဘဲရှိတဲ့ သတ္တ၀ါတွေဆို တော့ သူတို့ မှာ့ရှိတာဘဲအားကိုးကြတာပေါ့၊ ဟိန်းဟောက်ညီတွားစားမန်ခုတ်ဒီလိုရိုင်းပြတဲ့ အမူအကျင့်ဘဲရှိတာကိုး၊ သတ္တ၀ါတိုင်း ယာဉ်ကျေးအောင်းသွန်သင်ဆုံးမလို့  ရတာရှိတယ် ဒီသတ္တ၀ါတွေက ယာဉ်ကျေးအောင်ဆုံးမဘို့မလွယ်ဘူး

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။