၂၂.၃.၂၀၂၂.နေ့ နေလည်(၁)နာရီတွင် အရှင်ဝီရသူမှ အကျဉ်းထောင်အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများအတွက် ၀တ်ပြုဆုတောင်းပွဲကို မန္တလေး မပာာမြတ်မုနိဘုရားကြီးအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မန္တလေးမြို့ ဗကသ.(အထက်ဗမာပြည်) ကျောင်သားများမှ ပူးပေါင်းပါဝင် ဆုတောင်းမည် ဖြစ်ကြောင်းသိရှိရပါသည်..။

အရှင်ဘုရားတို့လို စာပေတတ်ကျွမ်းပြီး ကမ္ဘာကျော်ကျောင်းတိုက်ကြီးက ပုဂ္ဂိုလ်ကျော်များ ဦးဆောင်မှသာ အောင်မြင်မည်ဖြစ်ပါသည်။
ReplyDeleteအပြစ်မရှိဘဲ ဗိုလ်သန်းရွှေအစိုးရ ထောင်ချထားခဲ့သော အကျဉ်းသားများကို ခေတ်ပြောင်းနေပြီဆိုသော ယခုအချိန်မှ တစ်ယောက်မှမကျန် ပြန်လွှတ်သင့်ပါပြီ။ အကျဉ်းထောင်ထဲ နေရတဲ့ဆင်းရဲဒုက္ခကို ထောင်ချခံရဘူးသူများသာ သိပါသည်။ အရှင်ဘုရားမှာလဲ ကုသိုလ်တရားများ မရေမတွက်နိုင်အောင် ရရှိပါသည်။
အရှင်ဂမ္ဘီရကို အပြစ်တင် ရှုတ်ချသော စကားများကို မပြောစေချင်ပါ။
ReplyDeleteရွှေဝါရောင်တော်လှန်ရေးကြီးကို အကြမ်းမဖက် သင်္ကန်းကို သေသပ်စွာ ၀တ်ရုံ မေတ္တာပို့သပြီး အင်အားကြီးမားလှသော စစ်အာဏာရှင်ကို စနစ်တကျ အံတုပြီး ဘီလူးမျက်နှာဖုံးကို ခွါချခဲ့တာ အရှင်ဂမ္ဘီရပါ။
ယနေ့ ရရှိနေသော အခွင့်အလမ်းအားလုံးဟာ ရွှေဝါရောင်က သီးပွင့်လာတာပါ။
သူလို စွမ်းဆောင်နိုင်သော သတ္တိကိုပြသသင့်ပါသည်။
ရွှေဝါရောင်ဟာ တစ်ကိုယ်ကောင်းဆန်သော စိတ်ဓါတ်ကို ဖယ်ရှားပြီး သံဃာ၊ ကျောင်းသား၊ပြည်သူအားလုံး ညီညွတ်စွာတိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘလွှမ်းသွားသော လှုပ်ရှားမှုကြီးပါ.