Pages

Thursday, March 29, 2012

၂၇ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းရဲ့ မဲဆွယ် စည်းရုံးရေးမြင်ကွင်းများ..

၂၇ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းရဲ့ မဲဆွယ် စည်းရုံးရေးခရီးစဉ်မှာ တက်တက်ကြွကြွ ထောက်ခံအားပေးကြတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူလူထုများ..

ဓာတ်ပုံ Getty Images

5 comments:

  1. နအဖအစိုးရလက်ထက် အေအိုင်ဒီအက်စ်ရောဂါသည်တွေ များလွန်းလို့ ဆေးရုံတွေမှာ မဆန့်ပါ။ အပြင်ကို မောင်းထုတ်ပါသည်။
    အချို့ဝေဒနာရှင်တွေကို ဝေဘာဂီဆေးရုံကကားနဲ့ အမိုးအကာရှိသော ဘတ်စ်ကားမှတ်တိုင်တွေမှာ လာပစ်ထားပါသည်။
    စားစရာ၊ ရေ၊ စောင်၊ အ၀တ်အထည် စသည်တို့ကို အနီးအနားမှ စေတနာရှင်များမှ လှူကြပါသည်။
    အဲလို ခိုကိုးရာမဲ့ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်တော မဖြူဖြူသင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်သင့်ပါသည်။

    ReplyDelete
  2. သူဟာဂရုဏာရှင်ပါ။ စစ်အစိုးရရဲ့ ပြင်းထန်တဲ့ အနှောက်အယှက်များကြားမှ ဝေဒနာရှင်များအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့သူပါ။ ပြည်သူတွေကို ကြင်နာမဲ့သူပါ။ ရက်စက်တဲ့နှလုံးသားပိုင်ရှင် မောင်ကြံ့ဖွတ်တို့နဲ့တော့ နံ့သာနဲ့ အီးပါဘဲ။ မဖြူဖြူသင်းအောင်မြင်ပါစေ။

    ReplyDelete
  3. မဖြူဖြူသင်းဟာ မြန်မာပြည်ရဲ့မာသာထရီဆာလို့ ဂုဏ်ပြုတင်စားထိုက်သူပါ။
    အေအိုင်ဒီအက်စ်ရောဂါသည်ဆို ပြုစုဘို့ဝေးစွ ဘယ်သူမှ အနားမကပ်ရဲကြပါ။
    ဆွေမျိုးရင်းချာပင် ဖြစ်စေကာမူ မပြုစုချင်ကြ။
    မဖြူကတော့ ဝေဒနာသည်မြောက်များစွာကို ပြုစု ကုသ စောင့်ရှောက်ပေးနေတာဟာဖြင့် မနှီုင်းယှဉ်နိုင်လောက်သော ကရုဏာရှင်အစစ်ပါ။
    ဒီလို မွန်မြတ်တဲ့အလုပ်ကို လုပ်တဲ့ မဖြူကို ခွေးထက်မိုက်တဲ့ ဗိုလ်သန်းရွှေနဲ့ စစ်အာဏာရှင်ကြီးတွေက အမျိုးမျိုး ဖိအားပေး နှောက်ယှက် ဟန့်တားခဲ့ကြပါတယ်။
    ဒီနေ့ လ၀က၀န်ကြီး ရဲချုပ်ဟောင်းခင်ရီတို့။ စရဖတို့ ရဲသတင်းတပ်ဖွဲ့တို့ဆိုတဲ့ ဟစ်တလာရဲ့ ဂက်စတာပိုအဖွဲ့ထက် ယုတ်မာချက်ကမ်းကုန်နေတဲ့ လူစိတ်မရှိတဲ့ကောင်တွေရဲ့ နှောက်ယှက်မှုတွေကို မိန်းကလေးဖြစ်ပေမဲ့ သတ္တိနဲ့ ခိုင်မာသောစိတ်ဓါတ်နဲ့ ယုံကြည်မှုပြင်းထန်စွာဆောင်ရွက်နေသော လူမှုရေးသမား မဖြူဖြူသင်းကိုမှ မဲပေး မရွေးချယ်ရင် ဒါထက် မှားတဲ့ အမှားကား မရှိတော့ပြီ

    ReplyDelete
  4. Of course MY VOTE would GO to Hpyu Hpyu Thinn guys.
    Sad part is I am an EXILE at the moment.
    However, I will RESERVE MY VOTE for her, trust me, next time when she comes on the scene, promise!
    She did and is still doing the GOOD and RIGHT THINGS until today I know.
    If SHE LOSES THIS TIME in spite of this SHOW of SOLIDARITY then ALL PEOPLE IN BURMA (PEOPLE POWER) SHOULD GO FOR THE THROATS of the LOT at Naypyidaw lest you guys forget.
    She doesn't NEED ANY LUCK at this time and juncture as evidenced by this TURN OUT as well.
    So, LET'S ROCK and ROLL guys.
    She CAN CERTAINLY GIVE A LOT OF HEADACHES to those DICTATORS in Naypyidaw. Any bets?

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။