Pages

Monday, March 5, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အထူးအောင်မြင်ကြောင်း သိရှိရ...

ပုံ...Getty Images
နေပြည်တော်သို့ စတင်ဝင်ရောက်လာစဉ် ဓာတ်ပုံ အဘဥက္ကာကိုကို
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ် အထူးအောင်မြင်ကြောင်း သိရှိရပါသည်...။

နေပြည်တော်၌ နှစ်နေရာ ဟောပြောခဲ့ပြီး.. ပထမဒက္ခိဏသီရိမှာ ဟောပြောပါတယ်... ဒုတိယ ဇဗ္ဗူသီရီမှာ ဆက်လက် ဟောပြောပါတယ်...။

ဒုတိယ ဇဗ္ဗူသီရီမှာ ဝန်ထမ်းတွေ ရုံးဆင်းချိန်ဖြစ်တဲ့ အတွက် ဝန်ထမ်းတွေပါ အထူးလာရောက် အားပေးကြပါတယ်...။ အားလုံး စိတ်ပူနေကြတဲ့ ဇဗ္ဗူသီရီမှာ ကျေးရွာများ၊ ပတ်ဝန်းကျင်မှ လူထုများ လူဦးရေ တသိန်းကျော် လာရောက်အားပေးကြပြီး အထူးအောင်မြင်ကြောင်း ဒီမိုဝေယံ ဝိုင်းတော်သားအား ဖုန်းအဆက်အသွယ် မေးမြန်းရာမှ သိရှိရပါတယ်...။ ဓာတ်ပုံများ ရောက်ရှိပါက ဆက်လက် တင်ပြပေးပါမယ်..။

ဇဗ္ဗူသီရီမှာ အမေစုက ဒီထဲမှာ ဝန်ထမ်းတွေပါရင် လက်ညှိုးထောင်လို့ ဆိုတော့ ရဲရဲဝံ့ဝံ့ လက်ညှိုးထောင်ကြကြောင်း လူဦးရေလည်း အင်မတန်များကြောင်း ထပ်မံဆက်သွယ်ရာမှ သိရှိရသည်...။

ဒီမိုဝေယံ 

2 comments:

  1. အထူးသဖြင့်နေပြည်တော်ကစည်းရုံးရေးပုံတွေကိုကြည့်ချင်ပါတယ်....ဝန်ထမ်းတွေတကယ်ရဲရဲဝံဝံလာရဲတယ်ဆိုရင်ကြံဖွံတွေတော့နောက်တခေါက်ရွေးကောက်ပွဲမှာလူညစ်တွေလုပ်မှာသေချာတယ်....

    ReplyDelete
  2. တို့ကတော့ ရဲရဲဝံ့ဝံ့ပေးမှာပါပယ်.....

    ReplyDelete

ကျေးဇူးအထူး တင်ပါတယ်။ မိမိတို့ရဲ့ အမြင်လေး ရေးပေးခဲ့ပါဦး။ ယဉ်ကျေးစွာ အပြန်အလှန် ဆွေးနွေးပေးကြပါ...။ ကွန်မာန့်ရေးသားသူများ စာလုံး၊ စာပိုဒ်များအား ခြားပြီး ရေးသားပေးပါရန်..။